အခန်း(၁၅)
Viewers 4k

လုဖုန်းတို့ ပြန်​ရောက်လာသည့်အခါ ​နံနက်စာမှာ အဆင်သင့်ဖြစ်​နေ​လေပြီ။ ​ရှောင်ပိုင်​လေးက ထိုင်ခုံ​ပေါ်တွင်ထိုင်၍ ​စောင့်​နေခဲ့သည်။ သူ၏​ရှေ့မှ ​ပေါက်စီများကိုကြည့်ပြီး သွားရည်ယို​နေခဲ့သည်။ ထိုမျှ​မွှေးကြိုင်လွန်းသည့် ​မုန့်များအား မ​တွေ့ဖူးခဲ့​ချေ။ သူ၏ဗိုက်က​လေးမှာ တဂွီဂွီ မြည်​နေ​တော့သည်။


ခပ်လှမ်းလှမ်းမှ သူ၏အစ်ကိုကြီးတို့အား မြင်​သောအခါ ​​အော်၍​ခေါ်​လေ​​တော့သည်။


"အစ်ကိုကြီး အစ်ကိုငယ် မြန်မြန်

သား ဗိုက်ဆာ​နေပြီ"


"ဟားဟား ဟုတ်ပါ့ 

​ရှောင်ပိုင်​လေးဗိုက်ဆာ​နေပြီ မြန်မြန်လာကြ"


​ရှောင်ယွမ် သ​ဘောတကျနှင့်ရယ်​လိုက်မိသည်။


"ဟာ အစ်ကိုယွမ် ​ပေါက်စီ​တွေ 

မိုက်လိုက်တာ

ဘယ်တုန်းကလုပ်လိုက်တာလဲ"


"အုံဖွ ဆိုပြီး ဖန်တီးလိုက်တာ ဟားဟား

မ​မေးနဲ့ လာစား"


​ရှောင်ပိုင်အတွက် ​ပေါက်စီ ၁လုံး၊ ​လင်းဟန်အတွက် ၂လုံး၊ လုဖုန်းအတွက်မူ ​​ပေါက်စီ ၃လုံးနှင့် သူကိုယ်တိုင်အတွက် ၂လုံး ​ပေါက်စီ၈လုံးကွက်တိပင်။

​ဤပေါက်စီများက နာမည်ကြီးသည့် ရိုးရာဆိုင်မှဝယ်လာခဲ့ခြင်းဖြစ်သည်။ ထို့​ကြောင့် အသားများစွာပါဝင်ပြီး အရသာလည်းအလွန်​ကောင်းမွန်​လေသည်။ တစ်ကိုက်ကိုက်လိုက်လျှင်ပင် အသားနှင့်ကြက်သွန်ဖြူ၊ကြက်သွန်နီအရသာတို့အား စုံစုံလင်လင် ခံစားရသည်။ ၎င်းအား ပဲနို့နှင့် တွဲဖက်စားသည့်အခါ အလွန်စားမြိန်​လေသည်။


လုဖုန်းနှင့် က​​လေး၂​ယောက်မှာ ​ပေါက်စီအား အလွန်နှစ်သက်သည့်ပုံ​ပေါ်သည်။ လုဖုန်းက ​ပေါက်စီ၁လုံးအား ၃ခါသာ ကိုက်​လေသည်။ ​ပေါက်စီ၃လုံးကသူ့အား အဆာ​ပြေရုံသာ ရှိ​ပေလိမ့်မည်။ ထို့​ကြောင့် မြို့သို့သွားသည့်အခါ ထပ်​ကျွေးမည်ဟု ​တွေးထားလိုက်သည်။ 


နံနက်စာ စားသုံးပြီး​နောက် က​လေး၂​ယောက်အား​ခေါ်ကာ အ​မေလင်းထံသို့သွားလိုက်သည်။ လက်ရှိအိမ်သည် ​တောနှင့်နီးသည့်အတွက် တစ်ခါတစ်ရံ ​ဝံပု​လွေများ ဆင်းလာတတ်သည်။ သို့ဖြစ်၍ က​လေး၂​ယောက်တည်း ထားခဲ့ရန်မှ မသင့်​တော​ချေ။ 


လင်းဟန်သည် လူကြီး​တစ်​ယောက်ကဲ့သို့ ရင့်ကျက်​သော်ငြား သူကလည်း ၁၁နှစ်သာရှိ​သေးသည့် က​လေးတစ်​ယောက်ဖြစ်သည်။ ထို့​ကြောင့် အ​မေလင်း၏ အိမ်တွင် က​လေး၂​​ယောက်ကိုထားခဲ့မည်။ တမြန်​နေ့ညက ​​ကြော်ထား​​သော ဝက်သား​ကြော်ကို အတူယူသွားခဲ့သည်။ ​ပေါက်စီများကမူ အ​မေလင်း​မေးလာခဲ့လျှင် ​ဖြေရခက်မည် စိုးရိမ်​သော​ကြောင့် မယူခဲ့​ချေ။


"အ​မေ အိမ်မှာရှိလား 

သား ချင်းယွမ်ပါဗျ" 


တံခါးအား ခပ်ဖွဖွ​ခေါက်၍ ​​အော်လိုက်သည်။


"ဟင် သားတို့အ​စောကြီး 

ဘယ်လိုဖြစ်ပြီး ​ရောက်လာတာလဲ"


"မ​နေ့က လုဖုန်း​လေ 

​တောဝက်ကြီးတစ်​ကောင်ရခဲ့လို့ 

​မြို့စျေးကိုသွား​ရောင်းမလို့ အ​မေရဲ့

က​လေး၂​ယောက်ကို စိတ်မချတာနဲ့

အ​မေ့အိမ်ထားခဲ့ချင်လို့"


"​အေး ထားခဲ့​လေ 

က​လေး​တွေလိမ္မာတယ်

အ​မေလည်း အိမ်မှာပျင်း​နေတာ

သားအ​ဖေဆီ ဝင်ကြဦးမှာလား"


"အ​ဖေ့ဆီလည်းဝင်မှာ အ​မေ

ဒါက ​တောဝက်သား မစားဖြစ်​သေးရင်

အ​ခြောက်လှမ်းထား​လို့ရတယ်

ဒါက မ​နေ့ညက​​ကြော်ထားတဲ့ ဝက်သား​ကြော်

အ​မေနဲ့က​လေး​တွေစားဖို့ 

ဒါက အသီးအနှံတစ်ချို့ပါ"


"ဘာလို့ အများကြီးယူလာတာလဲ

အ​မေ့တစ်​ယောက်ထဲရှိတာ ဘယ်လိုကုန်မှလဲ"


"မကုန်လည်း သိမ်းထားလို့ရပါတယ် အ​မေရယ် 

ခြံထဲကအပင်​တွေက အခုရက်ပိုင်း အရမ်းသီး​နေလို့ ယူလာခဲ့တာ ​နောက်ရက်​တွေ့လည်း ယူခဲ့ဦးမှာ

ပြီး​တော့ ခြင်း​တောင်း ၁ခု​လောက်ငှားချင်လို့" 


"ယူသွား ခြင်းက၂ခါရှိတယ် 

ဝါးတုတ်ပါတစ်ခါတည်းယူသွားလိုက်​လေ

သယ်ရလွယ်တာ​ပေါ့"


"ဟုတ် အ​မေ 

ဒါဆိုရင် ကျွန်​တော်တို့သွား​တော့မယ်

​​စျေးကိုစော​စော​ရောက်မှ ​နေရာရမှာမလို့

ဘာမှာဦးမလဲ "


"​အေး​အေး ဂရုစိုက်သွား 

ဘာမှ မှာစရာမရှိဘူး

သားအ​ဖေကိုသာ ကျန်းမာ​ရေးဂရုစိုက်ဖို့​ပြော​ပေး"


သို့နှင့် လုဖုန်းက ခြင်း​အလွတ်၂ခုအားထမ်းကာ အိမ်သို့ပြန်လာခဲ့ကြသည်။ အိမ်သို့​ရောက်​သောအခါ

လုဖုန်းအား ​နေရာလွတ်ထဲမှ ပစ္စည်းထုတ်ပုံနှင့် သိမ်းပုံအား လက်​တွေ့ပြလိုက်သည်။ ​သူတို့ရောင်းချမည့်ပစ္စည်းများကို ​နေရာလွတ်ထဲတွင် သယ်သွားနိုင်​ကြောင်းနှင့် ခြင်းအလွတ်များကိုအုပ်၍သာ သယ်နိုင်​ကြောင်း ​ရှင်းပြခဲ့သည်။ 


လုဖုန်းက သူ၏မျက်စိ​ရှေ့မှ ဝက်သားများ​ပျောက်သွား​သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ သူက မည်မျှပင် လက်ခံနိုင်သည်ဟုဆို​စေကာမူ စိတ်​တောင်မကူးဖူးသည့်အရာအတွက် အံ့သြရစမြဲပင်။ 


"​​နေရာလွတ်က ​တော်​တော်အသုံးဝင်တာပဲ

ဒါဆို ကိုယ်တို့က ခြင်းအလွတ်​တွေကို အ​ပေါ်ကအဝတ်အုပ်ပြီး သယ်သွားရုံ​ပဲ"


"ဟုတ်တယ် 

ရွာသား​တွေနဲ့​တွေ့ခဲ့ရင် ပြလို့ရ​အောင် 

ဟန်ပြ​လောက်​တော့ထည့်ထားရမယ်"


လုဖုန်းက ​​ခေါင်းညိတ်၍ ​ထောက်ခံ​ပေးသည်။

"​ကောင်းပြီ သွားကြစို့"


လုဖုန်းနှင့်​ရှောင်ယွမ်တို့ ခပ်သွက်သွက်​လျှောက်ကာ ထွက်လာခဲ့ကြသည်။ သူတို့က ရွာထဲသို့မဝင်​တော့ဘဲ ​​တောလမ်းကသာဖြတ်၍ သွားခဲ့ကြသည်။ ​ရှောင်ယွမ်တစ်​ယောက် ခြင်းအလွတ် ၂ခြင်းသာထမ်း၍ သွားရ​သော်လည်း အလွန် ​မောပန်း​နေသည်။


မ​နေ့က​ပြောခဲ့တဲ့ စကားအတွက် 

မျက်နှာဖြတ်ရိုက်ခံရတာပဲ 

အမ​လေး ​မောလို့​သေ​တော့မယ်

နားချင်လိုက်တာ 


​ရှေ့၌​​လျှောက်​နေသည့် လုဖုန်းက ​ရှောင်ယွမ်အား လှည့်ကြည့်ကာ မေး​လေသည်။ 


"ကိုယ်တို့ ခဏနားကြမလား"


"ရတယ် ကျွန်​​တော်​လျှောက်နိုင်ပါ​သေးတယ်"


"အင်း ခ​ဏလေးပဲ အားတင်းထား​နော်

​ရှေ့က​တောင်အ​ကွေ့မှာ နားလို့ရတဲ့ဇရပ်က​လေးရှိတယ် အဲဒီ​ရောက်ရင် နားကြစို့"


လုဖုန်းက ​ရှောင်ယွမ်အား​စောင့်ရင်း ခပ်​ဖြေး​ဖြေးသာ​လျှောက်​လေသည်။ ​မကြာမီ တောင်အ​ကွေ့သို့​ရောက်​​သောအခါ ခဏအနားယူခဲ့ကြသည်။ ​တောလမ်း​လေးမှာ လူသူကင်းမဲ့​နေပြီး ​ကျေးငှက်သံများဖြင့် အလွန်သာယာလှသည်။ ​ရှောင်ယွမ်က ​နေရာလွတ်ထဲမှ ​ရေ၁ဗူး​​ဖောက်၍ ​သောက်​လေသည်။ 


လုဖုန်းက ​ရေဗူးအား အထူးအဆန်းနှင့် ကိုင်ကြည့်​လေသည်။ 


"ဒါကို ဘယ်လို​ခေါ်လဲ"


"​ရေဗူး​လေ အထဲက​ရေ 

​ရေကအခုကျွန်​တော်တို့ရွာမှာ​သောက်​နေတဲ့ ​ရေမျိုးမဟုတ်ဘူး သန့်စင်ထားတဲ့ ​ရေ

အပြင်က ခင်ဗျားရဲ့ ဗူးသီး​ခြောက်လို​ပေါ့ 

​ရေထည့်တဲ့ဗူး ပလတ်စတစ်လို့​ခေါ်တဲ့အရာနဲ့ လုပ်ထားတာ ကြာရှည်ခံတယ်"


"ပလတ်စတစ်လား" 


"ဟုတ်တယ် ​ရေ​သောက်ကြည့်

ဘယ်လို​နေလဲ"


လုဖုန်းက ​ရေဗူးထဲမှ​ရေအား ကို့ယို့ကားယားနှင့် ယူ​သောက်​လေသည်။ ထို့​နောက် မျက်နှာ ရှုံ့ကာ ပြန်​ပေး​၏။


"ခါးတယ် ဘယ်လိုကြီးလဲ"


"ဟားဟား ​ရေသန့်စ​သောက်ဖူးတဲ့ လူတိုင်း

အခုလို​ပြောကြတယ်ဗျ ခါးတာမဟုတ်ပါဘူး 

​သောက်​နေကျရိုးရိုး​ရေလို ထူးခြားတဲ့အရသာမရှိတာပါ ​​​ပေါက်စီစားဦး ခင်ဗျားစားနိုင်​သေးတာ ကျွန်​တော်သိတယ် ​​ရော့"


"​ကျေးဇူးပါ"


လုဖုန်းက မငြင်း​တော့ဘဲ ​ပေါက်စီအား ယူကာစား​လေ၏။ လမ်း​လျှောက်လိုက်ရ၍ အနည်းငယ် ဗိုက်​ချောင်သွားပုံ​ပေါ်သည်။ ​ခေတ္တမျှ အနားယူပြီး​နောက် ဆက်၍ လမ်း​လျှောက်ရပြန်သည်။


​နာရီဝက်ခန့်ကြာ​သောအခါ မြို့အဝင်နားသို့ ​ရောက်လာသည်။ မြို့ထဲသို့မဝင်မှီ ခြင်းထဲသို့ ပစ္စည်းများကြို၍ ထည့်ထားရမည်။ လုဖုန်း၏ခြင်း၁ခြင်းထဲသို့ ​တောဝက်သားများထည့်လိုက်သည်။ အခြား ခြင်းထဲသို့ ခရမ်းချဥ်သီးနှင့် သခွားသီးများထည့်သည်။ ​ရှောင်ယွမ်အတွက် ပိုမို​ပေါ့ပါး​​​သော မုန့်ညှင်းနှင့် ပဲ​တောင့်ရှည်ကိုသာ သယ်ခိုင်း​လေသည်။ 


ခြင်း၏အ​​ပေါ်မှ အဝတ်များအုပ်ကာ ​စျေးသို့သွားခဲ့ကြသည်။ ​သူတို့နှစ်​ယောက် စျေးသို့​​ရောက်​သောအခါ မိုးအနည်းငယ်ပင် လင်း​နေ​ချေပြီ။ 

အတန်ကြာ ပတ်ကြည့်ပြီး​နောက် ​နေရာ​​ကောင်းတစ်ခုအား​တွေ့လိုက်ရသည်။ ထို​နေရာ၏​ဘေးတွင် အချဥ်တည်ထားသည့် အသီးအရွက်များ​ကိုရောင်း​​သောစျေးသည်​လေးရှိသည်။ သူ၏ခန္တာကိုယ်အရွယ်အစားအရ ​ကော​လေးဖြစ်ဟန်တူသည်။ ရှောင်ယွမ်က စကားစလိုက်သည်။


"ညီအစ်ကို​ရေ ဒီ​​နေရာလူရှိလားဗျ"


"ဟင် လူသစ်​တွေလား 

ရတယ် ​​နေရာယူလို့ရတယ် 

​ကျွန်​တော်တို့လို ​​အပြင်မှာရောင်းတဲ့သူ​တွေက

​နေရာအတည်တကျမရှိဘူးဗျ"


"​ကျေးဇူးပါ ညီအစ်ကို"


"ဘာ​တွေ​ရောင်းမလို့လဲ

မ​နေ့က အမဲလိုက်တာရတဲ့ ​တောဝက်သားနဲ့

ခြံထဲက အသီးအနှံတစ်ချို့ပါ"


"​အိုး ကောင်းတာ​ပေါ့ဗျာ"