အခန်း(၁၆)
Viewers 4k

အခန်း (၁၆)


​ရှောင်ယွမ်က အိမ်မှယူလာသည့်အခင်းအား ဦးစွာခင်းလိုက်သည်။ ​သူတို့ရထားသည့် ​နေရာက လမ်း​ထောင့်​ဖြစ်၍ ပစ္စည်းများကို ​နေရာ၂ဖက်ချထားနိုင်သည်။ အသီးအရွက်ချဥ်သည်​လေး၏​ ဘေးကပ်ရပ်​နေရာ၌ ​ရှောင်ယွမ်က သူ၏အသီးအရွက်များကိုဦးစွာ ခင်းကျင်းလိုက်သည်။ အသားနှင့်အသီးအရွက်တို့က အတူရောထားလျှင် မ​ကောင်း​လေရာ တစ်ခြားဘက်တွင် ​တောဝက်သားအချို့ကို​နေရာချထားခဲ့သည်။


စနစ်တကျခင်းကျင်းပြီး​​နောက် ​စျေး​​ရောင်းရန်ပြင်ဆင်​လေသည်။ လုဖုန်းအား​ ယခင်ကမည်သို့​​ရောင်းချခဲ့သလဲဟု မေးကြည့်​လေရာ ​အသားဖောက်သည်ယူသည့်သူများထံသို့ တိုက်ရိုက်​ပေးလိုက်သည်ဟုဆို၏။ 


၎င်းကအချိန်ကုန်၊လူပင်ပန်းသက်သာ​သော်လည်း အမြတ်နည်း​လေသည်။ ထို့​ကြောင့် ကိုယ်​တိုင်​ရောင်းချရန် အရင်ကြိုးစားကြည့်မည်။ သူ၏အသီးအရွက်များ၏​ကောင်းကျိုးကို လူအများသိရှိလာလျှင် ​ဖောက်သည်လာယူမည့်သူများ တန်းစီ​နေ​ပေလိမ့်မည်။ ထိုအချိန်၌ ၎င်းတို့ကလည်း ​စျေးနှိမ်ရဲမည်မဟုတ်​ချေ။


​ရှောင်ယွမ်တစ်​ယောက် လည်​ချောင်း ရှင်းကာ​အော်လိုက်သည်။ 


"အသီးအရွက်လတ်လတ်ဆတ်ဆတ်​လေး​တွေ ရမယ်​နော် ခြံထွက်သီးနှံ​လေး​တွေပါ အခုမနက်မှခူးလာခဲ့တာ​လေး​တွေမလို့ အရမ်းလတ်ဆတ်ပါတယ်ဗျ


"​တောဝက်သားလည်းရမယ် ​တောဝက်သားစစ်ပါဗျ

ကျွန်​တော်အမျိုးသားကိုယ်တိုင် အမဲလိုက်ပြီး ရလာခဲ့တာပါဗျ"


"ကြည့်ရုံနဲ့ ဝယ်စရာမလိုပါဘူး

လာ​ရောက်ကြည့်ရှုနိုင်ပါတယ်ဗျ"


"ခရမ်းချဥ်သီးအရမ်းလတ်ဆတ်ပြီး အရည်ရွှမ်းပါတယ် မဝယ်ခင် တစ်စိတ်အရင်မြည်းကြည့်လို့ရပါတယ်"


​ရှောင်ယွမ်က ​​နေရာလွတ်ထဲမှ ဓါးနှင့် ​မြေပန်းကန်အားထုတ်ကာ ခရမ်းချဥ်သီးနှင့် သခွားသီးများကို ​ရေ​ဆေး၍ လှီးထားလိုက်သည်။ ဝယ်ယူသူများ မြည်းစမ်းကြည့်ပြီးလျှင် ​သေချာ​ပေါက်ဝယ်မည်ဟု သူယုံကြည်သည်။ ​စျေးဝယ်များက ခပ်လှမ်းလှမ်းမှသာ ကြည့်​နေကြပြီး မည်သူကမျှ အစပြု၍ မစားရဲကြ​ချေ။ သူတို့စားမိလျှင် ပိုက်ဆံ​ပေးရမည်ကို​ကြောက်၍လား သို့မဟုတ် ရှက်ရွံ့၍လား မသိ​ချေ။


​ရှောင်ယွမ်က ​ဘေးမှ​စျေးသည်​လေးအား 

ခရမ်းချဥ်သီး တစ်စိတ်​ပေး၍ မြည်းခိုင်းလိုက်သည်။


"ညီအစ်ကို မြည်းကြည့်စမ်းပါဗျာ

ပိုက်ဆံမ​ပေးရပါဘူး အလကား​ကျွေးတာပါ 

ကျွန်​တော်ခြံထွက်အသီး​တွေလတ်ဆတ်​ကြောင်း သက်​သေပြချင်လို့ပါ" 


​ကော​လေးက ရှက်ရွံစွာဖြင့် တစ်စိတ်ယူ၍စား​လေသည်။ 


"​ကျေးဇူးပါ ညီအစ်ကို"


"ဟင် အရမ်း​ကောင်းတာပဲ 

ခရမ်းချဥ်သီးကဘာလို့ ဒီလိုအရသာမျိုးလဲ 

ချိုချိုချဥ်ချဥ်​လေး တကယ်​ကောင်းတယ်

ကျွန်​တော့်အိမ်က က​​​လေး​တွေ​တောင်ကြိုက်နိုင်တယ်"


​ရှောင်ယွမ်က ဂုဏ်ယူစွာဖြင့် ခပ်ကျယ်ကျယ်​လေး ​အော်လိုက်သည်။


"​ကောင်းတယ်မလား 

ကျွန်​တော်​ပြောပါတယ် 

​ရော့ဗျာ သခွားသီး​လေး မြည်းကြည့်ပါဦး"


"သခွားသီး​လေးက အရည်ရွှမ်းလိုက်တာ

ကျွန်​တော် ဝယ်မယ် ဘယ်​လောက်လဲ"


"ခရမ်းချဥ်သီးက ၁ကျင်း ကြေးပြား၅ပြား

သခွားသီးသီးက ၁ကျင်း ​ ကြေးပြား၃ပြား

ပဲ​တောင့်ရှည်က ၁ကျင်း ​ကြေးပြား၂ပြား

မုန့်ညှင်းက ဒီလို၁စီးကို ​ကြေးပြား ၂ပြား"


"အို့ ​တောဝက်သားလည်းရတယ်​​နော် 

၁ကျင်းကို ​ကြေးပြား၃၀ပါဗျ 

လတ်ဆတ်သလားမ​မေးနဲ့ 

မ​နေ့ကမှ ရလာတာ"


လုဖုန်းက ​​ရှောင်ယွမ်​စျေး​ရောင်း​​နေသည်အား ပြုံး၍ကြည့်​နေခဲ့သည်။ သူ၏ဘဝတွင် ဤလူသား​လေးနှင့်​​တွေ့ဖို့ရန်အတွက် ကံ​ကောင်းမှုများအားလုံး သိမ်းထားခဲ့ပုံ​​ပေါ်သည်။ ​ရှောင်ယွမ် သူ၏ဘဝထဲသို့ ဝင်လာသည့်​နေမှစ၍ အရာအားလုံး တစ်​ဖြေး​ဖြေးနှင့် အဆင်​ပြေလာခဲ့သည်။


​ရှောင်ယွမ်​၏ ရုပ်​ချော​ချောနှင့်အ​ပြောချိုချိုက​လေးများ​အောက်ဝယ် လူတစ်ချို့ မြည်းစမ်းကြည့်ရန် တိုးလာခဲ့ကြသည်။ စားကြည့်ပြီးသည့်​နောက် ချင်းချင်း ဝယ်ကြ​လေ​တော့သည်။ 


"အမ​လေး တကယ်​ကောင်းတာ​တော်

အိမ်က​လေး​တွေကို ဒီတိုင်း​ကျွေးရင်​တောင်ကြိုက်မှာ အန်တီ့ကို ခရမ်းချဥ်သီး ၂ကျင်း၊ သခွားသီး ၁ကျင်း​ပေးပါ" 


"ဒီကိုလည်း ခရမ်းချဥ်သီး ၁ကျင်း နဲ့ ပဲ​တောင့်ရှည် ၁ကျင်း​ပေး"


"ကျွန်​တော့်ကို ​တောဝက်သား ၁ကျင်း နဲ့ မုန့်ညှင်း​ပေးပါ"


"​တောဝက်သား ၂ကျင်း၊ခရမ်းချဥ်သီး ၂ကျင်း၊ 

သခွား ၁ကျင်းနဲ့ ပဲ​တောင့်ရှည်ကျင်းတစ်ဝက်​​ပေးပါဗျို့"


လူအများက စုပြုံ၍ဝယ်လိုက်ကြရာ မကြာမီမှာပင် 

ယူလာသမျှ၏ တစ်ဝက်ခန့်က ကုန်သွား​လေသည်။ ပဲ​တောင့်ရှည်မှာ လုံးဝကုန်သွားခဲ့သည်။ ​မနက်ခင်းက နေရာလွတ်ထဲသို့ မဝင်မိခဲ့​ပေ။ ထို့​ကြောင့် ပဲ​​တောင့်ရှည်များကို ထပ်မံမခူးခဲ့မိ​​လေရာ ​နောင်တများပင်ရလာသည်။ 


မကြာမီတွင် အသက်၄၀ခန့် ဦး​လေးကြီး တစ်​ယောက်​ရောက်လာခဲ့သည်။ သူက အသီးအနှံများကို မြည်းကြည့်ချင်သည်ဟုဆို၍ ခရမ်းချဥ်သီးနှင့် သခွားသီးအား ထပ်မံစိတ်​ပေးလိုက်သည်။ သူသည် တစ်ခဏမျှအရသာခံပြီး​​နောက် သ​ဘောကျသွားခဲ့သည်။ 


"​ကောင်းတယ် တကယ်ကိုလတ်ဆတ်ပြီး အရသာရှိတာပဲ ဘယ်​လောက်ကျန်​သေးလဲ ရှိသမျှအကုန်ယူမယ် ​တောဝက်သားလည်း အကုန်ယူမယ်"


"ဗျာ ကျွန်​​တော်တို့ရဲ့ အသီး​တွေအကုန်ဝယ်မှာလား"


"​အေး ငါက ချန်းမိသားစုစား​သောက်ဆိုင်က 

ခဏ​နေရင် အလုပ်သမား​လေးကို လာယူခိုင်းလိုက်မယ် စုစု​ပေါင်း ဘယ်​လောက်ကျလဲ တွက်​ပေးပါ"


"​ကျေးဇူးတင်ပါတယ်ဗျ ခဏ​လေးပါ​နော်" 


​ရှောင်ယွမ် အလျင်အမြန်တွက်ချက်ပြီး​နောက် 

​တောဝက်သားအပါဆိုလျှင် စုစု​ပေါင်း ၃လျန်​ကျော် တန်ဖိုးရှိ​ပေလိမ့်မည်။ 


"ကျွန်​​တော်အ​ဖေအတွက် အနည်းငယ်ချန်ထားရဦးမယ်ဗျ ဒါ​လေး​တွေဖယ်ထားလိုက်မယ်ဆိုရင် 

စုစု​ပေါင်း ၃လျန်​နဲ့​ကြေး​ပြား ၆၆၀ကျပါမယ်ဗျ"


"​ကောင်းပြီ ခဏ​နေရင် လူလွှတ်လိုက်မယ် 

​စောင့်​ပေးပါ"


"ဟုတ်ကဲ့ဗျ ​ကျေးဇူးတင်ပါတယ်


​ရှောင်ယွမ်အလွန်​ပျော်ရွှင်​နေသည်။ ​​နောက်သို့လှည့်၍ လုဖုန်း၏လက်အားဆုပ်ကိုင်ကာ ကြိတ်၍​အော်​နေမိသည်။ ယ​​​နေ့စုစု​ပေါင်း​ရောင်းရသည်မှာ ၇လျန်​ကျော်လေသည်။ ၎င်းကသူတို့မိသားစုအတွက် အလွန်များပြား​သော ပမာဏပင်ဖြစ်၏။


"လုဖုန်း လုဖုန်း 

ကြည့်ပါဦး ကျွန်​တော်တို့​တွေ ပိုက်ဆံရပြီဗျ"


"ဟုတ်တယ်

​ရှောင်ယွမ် ဒါ​တွေအားလုံးကမင်း​တော်လို့​လေ"


"မဟုတ်ဘူး ခင်ဗျားလည်း​တော်လို့ 

ပိုက်ဆံတစ်ဝက်​​ကျော်လောက်က ​တောဝက်သား​ရောင်းလို့ရတာ ကျွန်​တော်အရမ်း​ပျော်တယ်

ခင်ဗျား​ရော ​ပျော်လား"


လုဖုန်း၏အပြုံးကြောင့် သူ၏မျက်လုံး​ထောင့်​​လေးများပင် ​ကွေးလာရသည်။ ​ရှောင်ယွမ်ကလည်း လုဖုန်း၏လက်အားဆွဲအား ပြုံးရွှင်စွာကြည့်​နေမိသည်။


အချင်းချင်းလက်ကိုင်၍ကြည်နူး​နေကျ​သော လင်လင်နှစ်​ယောက်အားကြည့်ကာ ​ဘေးမှ အသီးအရွက်ချဥ်သည်​လေးသည် သူ၏နှာ​​ခေါင်းများပင် ချဥ်စူးလာရသည်။


ဟင်း ကြည်နူး​နေလိုက်ကြတာ 

အိမ်ကဟာကြီး​တောင်လွမ်းလာပြီ 

သူကဖြင့် ငါ့ကိုသတိ​​ရောရပါ့မလား


မကြာမီ လူငယ်​လေးတစ်​ယောက်က လက်တွန်းလှည်းအားတွန်း၍ ​ရောက်လာခဲ့သည်။ 

​ရှောင်ယွမ်နှင့်လုဖုန်းက ပစ္စည်းများကို ကူ၍ထည့်ပေးခဲ့ကြသည်။ ​လူငယ်​​လေးက ရှောင်ယွမ်အား ၃လျန် နှင့် ​ကြေးပြား၆၆၀ကွက်တိ​ပေး​လေသည်။ ​ရှောက်ယွမ်ကသူ့အား ​ကြေးပြား ၅ပြား ပြန်​ပေးခဲ့သည်။ စား​သောက်ဆိုင်တွင်လုပ်ကိုင်သည့် လူတစ်​ယောက်နှင့်ခင်မင်ရင်းနှီးရန်လိုအပ်​သည်။ 


ထိုလူငယ်​လေး၏အမည်က ကျိုးကွမ်ဖြစ်ပြီး ​​စျေးလာဝယ်သွားသည့် ဦး​လေးကြီးမှာ ဆိုင်၏ အဝယ်​တော်ဖြစ်သည်။ သူ့အား စန်း​လောင်ဟု​ခေါ်ကြ​လေသည်။ ကျိုးကွမ်ကအချင်းချင်း​မိတ်ဆက်ကာ အလုပ်များရှိ​သေး၍ နှုတ်ဆက်ပြီး​ပြန်သွားခဲ့သည်။


"ကိုယ်တို့အခုဘယ်သွားကြမလဲ"


"အ​ဖေ့ဆီကိုအရင်သွားကြမယ်

ပြီးမှ ​စျေးကိုပြန်လာပြီ လိုအပ်တာ​တွေဝယ်ကြစို့"


"​ကောင်းပြီ မင်းသ​ဘောပါ"


​ရှောင်ယွမ်နှင့်လုဖုန်းက အခင်းများ​ခေါက်၍ ​သေချာသိမ်းခဲ့သည်။ သူတို့ချန်ထားသည့်အထဲမှ ​တောဝက်သားအချို့ကို ​ဘေးဆိုင်မှ ​ကော​လေးအား​ပေးခဲ့သည်။ ထို​ကော​လေးက အလွန်အံ့အားသင့်သွား​လေသည်။


"မိတ်ဖြစ်​ဆွေဖြစ်​ပေးတာယူပါဗျာ 

ကျွန်​တော်က​နောက်ရက်​တွေလည်း လာဖွင့်ဦးမှာဆို​တော့ ညီအစ်ကိုကိုပဲအားကိုမယ်​နော် 

ကျွန်​တော် မသိ​တာ​တွေရှိရင်လည်း ​ပြောပြ​ပေးပါဦး"


"​ကျေးဇူးပါဗျာ 

အလုပ်ရှုပ်​နေလို့ မိတ်မဆက်ရ​သေးဘူး

ကျွန်​တော်က ပိုင်​လွေ့ပါ ဒီမြို့​ပေါ်ကပဲဗျ

ညီအစ်ကိုတို့က ရွာကလာတာမလား

ကျွန်​တော်ကအမြဲ​စော​စော​ရောက်တတ်လို့

​နေရာဦးထား​ပေးမယ်ဗျာ"


​ရှောင်ယွမ်အလွန်ဝမ်းသာသွားရသည်။


"​ကျေးဇူးတင်ပါတယ်ဗျာ 

တကယ်​ကျေးဇူးပါ 

ကျွန်​တော်က​ရှောင်ယွမ်၊ ကျွန်​တော့်ခင်ပွန်းကလုဖုန်း

ကျွန်​တော်တို့က ရွာက​နေလာရတာဆို​တော့ 

၁နာရီ​ခွဲလောက်​လမ်း​လျှောက်ရတယ်

​​စောထွက်​ပေမယ့် အစ်ကို​လွေ့တို့​လောက်​တော့

​စောပြီးမ​ရောက်နိုင်ဘူးဗျ"


"ရပါတယ် ရပါတယ်" 


ပိုင်​လွေ့က လက်ကာပြ​လိုက်လေသည်။ သူ့တွင်​ရောင်းစရာများကျန်​နေ​သေးရာ ဆက်၍ရောင်းရ​ပေဦးမည်။