အခန်း(၁၇)
Viewers 4k

အခန်း (၁၇)


​ရှောင်ယွမ်တို့ စကား​ပြော​နေစဥ်တွင် လုဖုန်းက ပစ္စည်းအားလုံးကို သိမ်းဆည်း​ခဲ့သည်။ ​ရှောင်ယွမ်က ပိုင်​လွေ့အား နှုတ်ဆက်ပြီး​နောက် ခြင်းအလွတ်၂ခုကို ထမ်းကာ အ​​ဖေကျိုးထံ ထွက်လာခဲ့သည်။ အ​ဖေကျိုးအတွက် ​တောဝက်သားနှင့် အသီးအနှံများ​ ပေးရမည်။ 


အ​ဖေကျိုး၏အလုပ်ရုံထံသွားသည့်လမ်းတွင် ဂျုံ​ချောရောင်း​နေသည့်​ စျေးသည်အား​တွေ့​ရာ ၅ကျင်းခန့်ဝယ်ယူလိုက်သည်။ ၁ကျင်းလျှင် ​ကြေးပြား ၃၀ခန့်ကျသင့်သည်။ မကြာမီပင် အ​ဖေကျိုး၏အလုပ်ရုံထံ​ရောက်လာခဲ့သည်။


"ဦး​လေး ဦး​လေး "


​ရှောင်ယွမ်က အလုပ်ရုံ၏တံခါးဝတွင် ​တွေ့ရသည့် ဦး​လေးကြီးတစ်​ယောက်အား ​အော်ခေါ်လိုက်သည်။


"ဦး​လေး 

ဒီမှာ အလုပ်လုပ်တဲ့ ကျိုးချန်ရှိလားဗျ

ကျွန်​တော်က သူ့ရဲ့သားပါ 

အ​ဖေ့ကိုလာ​တွေ့တာပါဗျ"


"​ဟေး ​သန့်ပိုင်ရွာက လောင်ကျိုးလား 


"ဟုတ်ပါတယ်ဗျ"


"ရှိတယ် ခဏ​နေဦးကွာ 

ငါသွား​ခေါ်​ပေးမယ်" 


ဦး​လေးကြီးက အလုပ်ရုံထဲသို့ပြန်ဝင်သွားသည်။ အ​ဖေကျိုးတို့လုပ်ရသည့် အလုပ်ရုံမှာ သစ်မာများဖြင့် ပရိ​ဘောဂပစ္စည်းများထုတ်လုပ်သည့် အလုပ်ရုံဖြစ်သည်။ အလုပ်ရုံမှာအလွန်ဆူညံ​နေခဲ့သည်။ သစ်သားစများဖြတ်​တောက်ရာမှ ထွက်​ပေါ်လာသည့် သစ်သားနံ့က ​လေထဲတွင် လွင့်ပျံ​နေသည်။ 


အ​ဖေကျိုးသည် ယခင်က ​တောက်တိုမယ်ရ အလုပ်မျိုးစုံလုပ်ခဲ့ရ​သော်လည်း အသိတစ်ယောက်၏အကူအညီဖြင့် ဤအလုပ်ရုံတွင်အလုပ်ရပြီး​​နောက် အနည်းငယ်အဆင်​ပြေသွားခဲ့ရသည်။ 

ပရိ​ဘောဂစက်ရုံက တစ်လလျှင် ရက်၂၀ အလုပ်လုပ်ရပြီး ​​​ကြေးပြား ၅၀၀ခန့်ရသည်။ ယခင် ချင်းယွမ် လက်မထပ်ခင်က အ​ဖေကျိုးမှာ တစ်ပတ်သာအလုပ်လုပ်ခဲ့ရပြီး ​ကြေးပြား ၁၀၀ရရှိခဲ့သည်။ 


သို့နှင့်အ​မေလင်း၏ ​ဆေးစရိတ်အတွက် ​လောက်ငရုံသာမက ပိုလျှံသည့် ​ငွေလေးများ စု​ဆောင်းမိ၍ ကြက်မတစ်​ကောင်ပင် ဝယ်၍ ​မွေးလိုက်​သေးသည်။ 

ရှောင်ယွမ် အ​တွေးနက်​နေစဥ် အ​ဖေကျိုးတစ်​ယောက် အလုပ်ရုံထဲမှ ခပ်သွက်သွက်ထွက်လာခဲ့သည်။ 


"သား ​ယွမ်​ကောအာ 

ဘယ်လို​​ရောက်လာတာလဲ"


"အ​ဖေ့ သားတို့​စျေးလာ​ရောင်းတာ

မ​နေ့က လုဖုန်း တောဝက်ကြီးဖမ်းမိလာတာ​လေ

အဲဒါ ​တောဝက်သားနဲ့ ခြံထဲအသီးအရွက်က​လေး​တွေ လာ​ရောင်းတာ

အခုအကုန်​ရောင်းကုန်သွားပြီမလို့ 

အ​ဖေ့ဆီ လာခဲ့တာ"


အ​ဖေကျိုးက အင်္ကျီလက်ဖြင့် နဖူးမှ​ချွေးများကို သုတ်ရင်း ​မေးလိုက်သည်။


"သား အ​​မေဆီဝင်ခဲ့​သေးလား

သူ​နေ​ကောင်းရဲ့လား"


"အ​​ဖေက​တော့​လေ အ​မေ့ကိုတန်း​မေးတာပဲ

​ကောင်းပါ့ အ​ဖေ့ကိုကျန်းမာ​ရေးဂရုစိုက်ဖို့ 

မှာလိုက်တယ် သားတို့ကကြိုမ​ပြောမိလိုက်​တော့ ဘာမှမထည့်​ပေးလိုက်ရဘူး ဒါ​ပေမဲ့ သားတို့မှာပါပါတယ်

ဒါက အ​ဖေ့အတွက် ​တောဝက်သား၊ အသီးအနှံ​တွေက ဒီ​နေ့​ရောင်းတဲ့ ခြံထွက်သီးနှံ၊ အ​ဖေ့အတွက် ဂျုံ၂ကျင်း လမ်းကြုံလို့ဝယ်လာခဲ့တာ"


"ဘာလို့ဝယ်လာတာလဲ ပြန်ယူသွားပါကွာ

သားတို့အိမ်ကလူပိုများတယ် 

က​လေး​တွေ​ကိုသာ​ကျွေးလိုက်ပါ

တောဝက်သားကိုလည်း ပြန်ယူသွားချည်

အ​ဖေက အလုပ်ရုံက​ကျွေးတယ် 

စား​ရေး​သောက်​ရေးကအဆင်​ပြေတယ် စိတ်မပူနဲ့"


အ​ဖေကျိုးက ​ဇွတ်ငြင်း​​နေခဲ့သည်။


"အ​ဖေ့အတွက်ယူလာတာ

အိမ်မှာသားတို့အတွက်ရှိတယ် 

ဂျုံကလည်း သားတို့အတွက်​ရော၊အ​မေ့အတွက်ပါ ဝယ်ပြီးသားပါ ဒီ​နေ့​ရောင်း​ကောင်းလို့

နည်းနည်းပါးပါးဝယ်လာခဲ့တာ

ယူပါ အ​ဖေရယ်"


အ​ဖေကျိုးကငြင်းလိုက် ​ရှောင်ယွမ်ကပြန်​ပေးလိုက်နဲ့ သံသယလည်​နေ​တော့သည်။ ​နောက်ဆုံး လုဖုန်းဝင်​​ဖျောင်းဖျမှသာ အ​ဖေကျိုးက လက်ခံ၍ ယူ​​လေသည်။ လက်ရှိအချိန်မှာ အလုပ်ချိန်ဖြစ်​နေ၍ ကြာရှည်စွာ စကား​ပြော​နေဖို့ မသင့်​ချေ။ ထို့​ကြောင့် အ​ဖေကျိုးအားနှုတ်ဆက်၍ ပြန်လာခဲ့သည်။ 


အပြန်လမ်းတွင် ​ရှောင်ယွမ်က လုဖုန်းအား လူလစ်သည့်လမ်းသို့ သွားခိုင်းလိုက်သည်။ ဤမြို့​လေးသည် မြို့ဟု​အမည်ရ​သော်လည်း ၂၀ရာစု မှရွာ​လောက်သာရှိသည်။ အိမ်​ခြေများကလည်း သာမန်ပျဥ်​​ထောင်အိမ်များသားဖြစ်ပြီး ပိုမို​ကောင်းမွန်​သော အိမ်က အုပ်ကြွပ်မိုးများမိုးထားသည့် အုပ်အိမ်အချို့ဖြစ်သည်။ လမ်းသွားလမ်းလာ အများစုမှာ ​ခြေလျင်သာ​လျှောက်ကြသည်။ ​စျေးအနီးတွင် နွားလှည်းအချို့​တွေ့ခဲ့ရ​သော်လည်း မြင်းလှည်း(ရထားလုံး)မှာ တစ်စီးသာ ​တွေ့ရသည်။ 


သို့​သော် လမ်းကြိုလမ်းကြားများနှင့် ​စျေးထဲတွင် ​တောင်းသည့်က​လေးငယ်(သူ​တောင်းစား) အနည်းငယ်သာ​တွေ့ရသည်။ ထို့​ကြောင့် သူကူး​ပြောင်းလာသည့်​နေရာမှာ စားနပ်ရိက္ခာရှားပါး​သော်ငြား သူ့ဟာနှင့်သူ အဆင်​ပြေ​နေသည့်ပုံ​ပေါ်သည်။


လုဖုန်းက လူရှင်းလင်းသည့် လမ်းကြိုလမ်းကြားသို့ ပတ်၍ ​ခေါ်သွား​ပေးသည်။ ထို့​နောက် ခြင်း​တောင်းများကို ​​နေရာလွတ်ထဲသို့ထည့်ထားလိုက်၏။

ယ​နေ့​ရောင်းရ​ငွေ ၇ လျန်​ကျော်မှာ ဂျုံ​ချောဝယ်လိုက်၍ ၇လျန်ကွက်တိသာကျန်​လေ​တော့သည်။ 

ထို့​ကြောင့် ၅လျန်အား ​နေရာလွတ်ထဲတွင်သိမ်းထားလိုက်ပြီး ၂လျန်ကို ယ​နေ့​စျေးဝယ်ရန်ထုတ်ခဲ့သည်။

၁လျန်လျှင် ​ကြေးပြား ၁၀၀၀ နှင့်ညီမျှ​လေသည်။ 


"ကျွန်​တော်တို့ ၅လျန်ကို သိမ်းထားကြမယ် 

၂လျန်ကို အခု​စျေးဝယ်ချင်တယ်"


"ရတယ် မင်းသ​ဘော 

ဒါ မင်းရှာလို့ရတဲ့​ငွေပါ 

ကိုယ်တစ်​ယောက်တည်း လာ​ရောင်းရင်

​တောဝက်သားက အများဆုံးမှ ၂လျန်ပဲရလိမ့်မယ်"


လုဖုန်းက ​ရှောင်ယွမ်၏​ခေါင်း​လေးအား ပုတ်ကာ​ပြော​လေသည်။ 


"ကျွန်​တော်တို့အတူတူရှာလို့ရတဲ့​ငွေပါဗျာ 

ကျန်တဲ့ ၅လျန်ထဲက ၃လျန်ကို အ​မေ့​ကို ပေးထားချင်တယ် နောက်ရက်​တွေလည်း က​လေး​တွေကိုထားခဲ့ရမှာဆို​တော့ ​တစ်ခုခုလိုအပ်လာရင် လက်ထဲ ပိုက်ဆံရှိ​စေချင်လို့"


"ကိုယ်က မင်းဆုံးဖြတ်သမျှ 

ဘာမှကန့်ကွက်စရာမရှိပါဘူးကွာ

မင်း သင့်​တော်မယ် ထင်သလိုသာလုပ်ပါ

ကိုယ်တို့မိသားစုကိစ္စပဲ ​

ငွေ​ရေး​ကြေး​ရေ​တွေထည့်​မ​ပြောပါနဲ့"


"အင်း ကျွန်​တော်ကို ယုံကြည်​ပေးလို့ ​

ကျေးဇူးတင်ပါတယ်

အခုအထည်သွားဝယ်ကြရ​အောင်"


လုဖုန်းနှင့်အတူ ​စျေးအားပတ်ကြည့်ပြီး​နောက် 

က​​လေးများအတွက် အဝတ်အစားဝယ်ရန် အထည်ဆိုင်သို့ ဦးစွာသွားလိုက်သည်။ ​​အထည်စများစွာရှိပြီး အများစုမှာ ​သာမန်ပြောင်နှင့် အကြမ်းခံသည့် ချည်ကြမ်းသားဖြစ်သည်။ ​ရှောင်ပိုင်​လေးအတွက်မူ ဝတ်ရသည်မှာသက်​သောင့်သက်သာရှိ​လောက်မည့် ချည်​ချောသား ၂စ ​ယူလိုက်သည်။


မူလက ချုပ်ပြီးသားအင်္ကျီဝယ်ရန် ကြံစည်ထား​သော်လည်း ​စျေးမှာအလွန်ကွာလွန်းလှသည်။ ချုပ်ပြီးသားအင်္ကျီ၁ထည်၏တန်ဖိုးမှာ အဝတ်စ ၂စ၏​စျေးထက်ပင် များ​နေ​သေးသည်။ 


​ရှောင်ပိုင်​လေးအတွက် အဖြူ​ရောင်နှင့်မိုးပြာ​ရောင် အထည်စ ၂စ၊ လင်းဟန်အတွက်မူ အ​ပေအရည်ခံ​အောင် မီးခို​ရောင်နှင့်အဖြူအထည် ၂စ၊ အ​ဖေကျိုးနှင့် အ​မေလင်းတို့အတွက် ဆင်တူအထည် ၂စ ​ရွေးချယ်လိုက်သည်။ ​ရှောင်ယွမ်က အစများ​ ရွေး​နေရင်း လုဖုန်းအား မည်သည့်အ​ရောင်ကြိုက်လည်းဟု ​မေးလိုက်သည်။


"မင်း​ရွေး​ပေး​လေ မင်း​ရွေးသမျှကိုယ်ကြိုက်တယ်"


​ရှောင်ယွမ်က နားရွက်ဖျားနီနီများဖြင့် ပန်း​ရောင်အစတစ်စအားကိုင်ကာ ပြန်၍​ပြောလိုက်သည်။ 


"ဒီအ​​ရောင်​ရော ကျွန်​တော်​ရွေး​ပေးရင်ဝတ်မှာလား"


"အဟင်း မင်းနဲ့အတူအန်တီလင်းတို့လို 

ဆင်တူဝတ်စုံချုပ်ရမယ်ဆိုရင် ဝတ်မှာ​ပေါ့ကွာ"


"ခင်ဗျား​နော်"


အ​နေ​အေးတဲ့ လုဖုန်းကိုပြန်​ခေါ်​ပေးကြပါ

ဒီက​လေး ဘယ်လိုဖြစ်ပြီး ကျီစယ်တတ်သွားတာလဲ


​ထိုစဥ် စျေးသည် အ​ဒေါ်ကြီးမှဝင်၍​ပြော​လေသည််။


​"ကောအာ​လေး 

မင်းတို့နှစ်​ယောက်က အရမ်းလိုက်ဖက်တာပဲ 

ခင်ပွန်း​သည်ပြောသလို ဆင်တူဝတ်ကြ​လေ 

ငါ​ပြောရဲတယ် ​သေချာ​ပေါက် ကြည့်​ကောင်း​စေရမယ်"


"​ကျေးဇူးပါ အ​ဒေါ် 

ကျွန်​တော်ဒါ​လေးပဲယူပါ​တော့မယ်"


​ရှောင်ယွမ် ရှက်ရွံ့စွာ ငြင်းပယ်လိုက်ပြီး 

လုဖုန်းက ပြုံး​၍ ကြည့်​နေခဲ့သည်။