အခန်း(၁၉)
Viewers 4k

အခန်း (၁၉)


ရွာသူရွာသားအများစုမှာ ​​ဖော်​ရွေကြသည်။ ​ရွာတွင်လက်မထပ်ရ​သေး​သော ကော​လေးများက အပြင်သို့ ထွက်​လေ့မရှိကြ​ချေ။ ထို့​ကြောင့် ​ချင်းယွမ်၏အမည်ကိုသာကြားဖူးကြပြီး ယခုမှ လူကိုယ်တိုင်မြင်ဖူးကြခြင်းဖြစ်သည်။ အချို့က လုဖုန်းအား လူ​ချော​​​လေးကိုရလိုက်၍ ကံ​ကောင်းသည်ဟု စ​နောက်သွားကြသည်။ 


ချင်းယွမ်၏အ​ခြေအ​နေအရ ဆိုလျှင် လုဖုန်းထက်သာ​သောသူအား ​ရွေးချယ်နိုင်သည်။ သို့​သော် အ​မေလင်းတို့က လုဖုန်း၏စိတ်​နေသ​ဘောထားကို သ​ဘောကျ​လေရာ လုဖုန်းနှင့် အ​ကြောင်းပါသွား​လေသည်။ သို့နှင့် အ​မေလင်း၏ အိမ်နား​ရောက်​သောအခါ အိမ်​ရှေ့တွင် ထိုင်​နေသည့် လင်းဟန်က ဦးစွာမြင်သွားခဲ့သည်။


"​ဟေး အစ်ကိုကြီးနဲ့အစ်ကိုယွမ် ပြန်လာကြပြီ"


လင်းဟန်က ​ရှောင်ယွမ်တို့ထံ​ပြေးကာ လာကြိုသည်။ လင်းဟန်၏အသံကြားပြီး ရှောင်ပိုင်​လေးကလည်း အိမ်ထဲမှ ​ပြေးထွက်လာခဲ့သည်။


"အစ်ကိုယွမ် အစ်ကိုယွမ်"


​ရှောင်ပိုင်က သူ၏အစ်ကိုကြီးထံ မသွားဘဲ ​ရှောင်ယွမ့်ထံသာ ဦးတည်၍ ​ပြေးလာခဲ့သည်။ ​ရှောင်ယွမ်က ​ခြင်းများကိုချကာ ​အသည်းအသန်ပြေးလာ​သော ဒုံးကျည်​လေးအား မချီလိုက်သည်။ 


"ဟား ​ဟား သန်လိုက်တာကွာ

​ရှောင်ပိုင်​လေးကို တစ်​နေကုန်သတိရ​နေတာ 

အစ်ကိုယွမ်ကို​ရော သတိရလား"


"ရတယ်"


​ရှောင်ပိုင်က ​​ခွေး​ပေါက်​လေးနှယ် ချင်းယွမ်၏လည်ပင်းထံ တိုး​ဝှေ့​လေ​တော့သည်။


"အစ်ကိုကြီး ကြက်​ပေါက်​လေး​တွေဝယ်လာတာလားကျွန်​တော် ဘာသယ်​ပေးရမလဲ"


"...." (အထီးကျန်ညီအစ်ကို၂​ယောက်)


"​ရော့ ဒါကိုသယ် အန်တီလင်းအတွက်"


"ဟုတ်" 


လုဖုန်းက သူ၏ခြင်းထဲမှ ဂျုံ၃ကျင်းအား ​ပေးလိုက်သည်။ ထို့​နောက် ​ရှောင်ယွမ် ပစ်ချထားသည့် ခြင်းထဲမှ အ​မေလင်းအတွက် ကိတ်မုန့်နှင့် အထည်စအားထုတ်လိုက်သည်။ ​ရှောင်ယွမ်သယ်သည့် ခြင်းမှာ အ​မေလင်း၏ခြင်းရာ ပြန်​​ပေးရမည်။ ယ​နေ့ ​​စျေးမှ ရှောင်ယွမ်အတွက် ခြင်းအ​သေး၂လုံးဝယ်ယူခဲ့ပြီး ​နေရာလွတ်ထဲတွင် သိမ်းထား​လေသည်။ မကြာမီ အ​မေလင်းက သစ်သားဇွန်းတစ်​ချောင်းကိုင်ကာ ထွက်လာခဲ့သည်။ 


"သားတို့ပြန်​​ရောက်ပြီလား စောသားပဲ 

​အ​မေ အခုပဲဟင်းချက်​နေတာ 

သားတို့ပြန်တာ​နောက်ကျရင် 

စားဖို့မရှိမှာစိုးလို့​လေ"


"အ​မေရယ် အပင်ပန်းခံလို့ 

ဘာလို့ချက်တာလဲ သားပြန်လာမှချက်မှ​ပေါ့"


​ရှောင်ယွမ်က ​ရှောင်ပိုင်​လေးအားချီလျက် အိမ်ထဲသို့ဝင်လာသည်။ ​ရှောင်ပိုင်၏လက်တစ်ဖက်တွင် ထန်ဟူလူ​လေးအား ကိုင်ထားသည်။ ​ရှောင်ပိုင်က သူ၏လက်​လေးအား အ​မေလင်းထံ ဆန့်တန်း၍ ကျွေး​ခဲ့သည်။


"အဘွား စား" 


"အ​မ​လေး ငါ့မြေး​လေးက​ တော်လိုက်တာ 

ဘွား မစား​ဘူး သားပဲစားပါ"


လင်းဟန်ကလည်း ထန်ဟူလူ စားရသည့်အတွက် အလွန်​ပျော်ရွှင်​နေပုံရသည်။ ယခုမှသာ သူ၏က​လေးဆန်သည့် ဘက်ခြမ်းအား မြင်ရ​လေ​​တော့သည်။ ပုံမှန်ဆိုလျှင် လင်းဟန်မှာ လူကြီး​လေးတစ်​ယောက်ဟန်ပန်ဖြင့် ရင့်ကျက်ဟန်​ဆောင်​နေတတ်သည်။


"အန်တီလင်း သားဆီကစား" 


"မစားနိုင်ပါဘူး 

ငါ့သွား​တွေကမ​ကောင်း​ဘူး

မာတာ​တွေမကိုက်နိုင်​တော့ဘူး"


အ​မေလင်းက လင်းဟန်၏​ခေါင်း​လေးအားပုတ်ကာ ငြင်းလိုက်သည်။ 


"အ​မေ ဒီ​နေ့​​စျေးရောင်း​ကောင်းတယ်

သားတို့ ယူသွားသမျှ အကုန်ကုန်ခဲ့တယ်

ဒါ​ကြောင့် အဝတ်အစား နည်းနည်းပါးပါးဝယ်လာခဲ့တာ ဒါက အ​မေနဲ့အ​ဖေဖို့"


"အ​မေတို့ဖို့ ဘာလို့ဝယ်လာတာလဲ 

အသက်ကြီး​နေပါပြီ ဘယ်မှလည်းသွားစရာမရှိဘူး

သားဝတ်ဖို့သာ ပြန်ယူသွား

​ရှောင်ပိုင်တို့​ရှောင်ဟန်​လေးတို့ကို ချုပ်​ပေးလိုက်"


"က​လေး​တွေအတွက်ကပါတယ် အ​မေရဲ့

ဒါကအ​မေနဲ့အ​ဖေဖို့ ဆင်တူဗျ 

ကျွန်​တော် မဝတ်ရဲပါဘူ ဟိဟိ "


"တယ် ဒီက​လေးက​တော့"


အ​မေလင်းက အရှက်သည်းစွာ ဆူပူလိုက်သည်။ ​ရှောင်ဟန်တို့ အားလုံးအတွက် အထည်များပါ​ကြောင်း ​သေချာမှသာလျှင် လက်ခံယူ​လေသည်။ ထို့​နောက် ပိုက်ဆံအား မစုဘဲဖြုန်းတီးပစ်သည့်အတွက် ဆူပူ​လေ​တော့သည်။ လုဖုန်းကလည်း ​ရှောင်ယွမ်အား မတားဘဲ ဝယ်​ပေးသည့်အတွက် ​ရော၍ ဆူ​ခံရသည်။ 


"အ​မေ အကူအညီ​တောင်းချင်လို့ 

သားတို့က ​နောက်​နေ့​တွေလည်း ​စျေး​ရောင်းသွားကြမှာ အဲဒီ​တော့ အ​မေက​လေး​တွေကို ကြည့်ထား​ပေးပါဦး​နော် ဒါ​က က​လေး​တွေနဲ့ အ​မေစားဖို့ ဂျုံ​​ချော ၃ကျင်း၊အ​မေတို့သုံးဖို့ ​ငွေ ၃လျန်"


"ဘာလို့ ပိုက်ဆံ​တွေလာ​ပေး​နေတာလဲ 

မလိုလျင်ဘူး သွား 

က​လေး​တွေကြည့်​ပေးရတာ ဘာခက်လို့လဲ

ငါ​တောင် အ​ဖော်ရ​သေးတယ် 

ဂျုံပဲယူမယ် က​လေး​တွေကိုလည်း​ ကောင်း​ကောင်းချက်​​ကျွေးလို့ရတယ် ပိုက်ဆံပြန်ယူသွား"


"အ​မေ့ သားတို့​စျေး​ရောင်းသွားတုန်း 

မ​ပြော​ကောင်းမဆို​ကောင်း က​လေး​တွေ ဒါမှမဟုတ်

အ​မေတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ

​ငွေလက်ထဲရှိမှ အဆင်​ပြေမှ​ပေါ့ 

ဒါမှလည်း သားတို့အလုပ်လုပ်ရတာ စိတ်​ဖြောင့်နိုင်မှာ​လေ ဒီကိစ္စကို လုဖုန်းနဲ့တိုင်ပင်ပြီး​တော့မှ ​ပေးတာပါ အ​မေရယ် မယုံရင် လုဖုန်း​မေးကြည့်"


အ​မေလင်းက လုဖုန်းအားကြည့်လိုက်ရာ 

လုဖုန်းက ချက်ချင်း ​ပြန်​ဖြေခဲ့သည်။


"ဟုတ်တယ် ကျွန်​တော့်ညီ​လေး​တွေကို 

အန်တီလင်း​စောင့်​​ရှောက်​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ပိုက်ဆံကိုယူထားလိုက်ပါ"


ဟင်း...


အ​​မေလင်းက သက်ပြင်းချပြီး​​နောက် ​

ငွေအားလက်ခံလိုက်သည်။


"​ကောင်းပြီ ပိုက်ဆံကိုယူထားလိုက်မယ်

ဒီပိုက်ဆံကို က​လေး​တွေအတွက်မဟုတ်ရင် မထိဘူး"


​ရှောင်ယွမ်လည်း သ​ဘောတူလိုက်ရသည်။ ​သူတို့နောက်ရက်များတွင်လည်း ဤအချိန်​ပြန်​ရောက်မည်ဖြစ်၍ ညစာမချက်ရန် မှာထားလိုက်သည်။ အ​မေလင်းက ကျန်းမာ​ရေးမ​ကောင်း​လေရာ သူ့အား မည်သို့ ခိုင်းရက်ပါမည်နည်း။ က​လေးများကြည့်ခိုင်းရသည့်မှာ က​လေးများကအလွန်လိမ္မာပြီး အ​မေလင်းလည်း အ​ဖော်ရ​အောင်နှင့်က​လေးများလည်းအန္တရာယ်ကင်း​အောင်ထားခဲ့ရခြင်းဖြစ်သည်။ 


ယခုညစာအား ချက်ထားသည့်အတွက် အ​မေလင်းတို့ အိမ်၌သာစားလိုက်​ကြသည်။ ဘန်းမုန့်နှင့် ကြက်ဥသခွားသီး​ကြော်ဖြစ်သည်။ အိမ်မှကြက်ဥများနှင့် ​ရှောင်ယွမ်​ပေးထားသည့် သခွားသီးအား​ကြော်ထား​လေသည်။ ဝက်သား​ကြော်များလည်း ကျန်​သေးရာ ယခုညစာမှာ ဟင်း​ကောင်းသည်ဟု ဆို၍ ရ​လေသည်။ ညစာစားပြီး​နောက် လုဖုန်းနှင့် လင်းဟန်က ပန်းကန်ကူ​ဆေး​လေရာ အ​မေလင်ကသူ၏သမက်​လေးအား အလွန်သ​ဘော​တွေ့​နေ​တော့သည်။ လုဖုန်းလစ်သည်နှင့် ​ရှောင်ယွမ်ထံသို့ကပ်ကာ ​မေး​လေ​​တော့သည်။ 


"သား လုဖုန်းကဘယ်လို​နေလဲ

သားအ​ပေါ်​ကောင်းလား 

သူက သားကို အနိုင်ကျင့်ရင် 

အ​မေတို့ကိုချက်ချင်း​ပြောရမယ်​နော်"


"အ​မေရယ် လုဖုန်းကဒီ​လောက်လိမ္မာတာကို 

သူလာပြီး အနိုင်ကျင့်ရဲရင် 

သားက ဒီလိုထိုးချပစ်လိုက်မှာ" 


​ရှောင်ယွမ်က လက်သီးလက်​မောင်းတန်း၍ ဟန်ပန်လုပ်ပြ​လေသည်။ အ​မေလင်းက သ​ဘောတကျနှင့်ရယ်​လေ၏။


"အ​ဖေက ​တွေ့​တွေ့ချင်း အ​မေ့ကိုအရင်​မေးတယ်​လေ

​တော်​တော် သတိရ​နေပုံရတယ် အ​ဖေ အလုပ်ပြန်သွားရတာ ၁၀ရက်​လောက်ပဲရှိ​သေးတာကို အ​မေ့ကိုလွမ်း​နေပြီတဲ့ဗျ ဟီးဟီး" 


"ဒီက​လေး ငါ့ကိုပဲလိုက်စ​နေတယ်

​ယောကျာ်းရပြီဆိုပြီး အားကိုးရှိ​တော့ 

မ​ကြောက်​တော့ဘူး​လေ ဟမ်"


"အား ​ကြောက်ပါတယ် အ​မေရဲ့

လုဖုန်း လုဖုန်း​ရေ ကယ်ပါဦး"


အ​မေလင်းက ရိုက်မည့်ပုံ ဟန်​ဆောင်​ရာ 

​ရှောင်ယွမ်က ​ပန်းကန်​ဆေးပြီးပြန်လာ​သော လုဖုန်း၏​​နောက်သို့ ပြေး၍ ပုန်း​လေသည်။ တစ်မိသားစုလုံး ​စိတ်ချမ်းသာ​ ​ပျော်ရွှင်နေကြသည်။ ​​ရှောင်ယွမ်က ပြန်ခါနီးတွင် ခြင်းထဲမှထုတ်လိုက်သည့် ဟန်​ဆောင်ကာ ​နေရာလွတ်ထဲမှ အသီးအနှံများကိုထုတ်လိုက်သည်။ အ​မေလင်းအား ​နောက်ရက်တွင် ချက်ရန်အတွက် ​ပေးထားခဲ့သည်။


"အသီးအရွက်​တွေက 

အ​မေတို့ခြံထဲမှာလည်းရှိပါတယ် 

​​​ပိုက်ဆံရ​အောင် ​ရောင်းခဲ့တာမဟုတ်ဘူး 

တကူးတက ပြန်သယ်လာ​သေးတယ်"


"ကျွန်​​တော်တို့အိမ်က 

အသီးအရွက်​တွေက မတူဘူးဗျ 

စားရင်အားရှိတယ် ကျန်းမာ​ရေး​အတွက်

အ​ထောက်အကူပိုဖြစ်တယ်"


"ယွမ်​ကောအာ တစ်​ယောက်က​တော့​လေ

​ယောကျာ်းရသွားမှ သူ့​ယောကျာ်းအိမ်က 

အသီးအရွက်ကပို​​ကောင်းသတဲ့"


အ​မေလင်းကပြန်၍ စ​နောက်ခဲ့သည်။


"တကယ်​ပြောတာပါ အ​မေရာ"


ထမင်းစားပြီးကတည်းက က​လေးနှစ်​ယောက်မှာ

ကြက်​ပေါက်၃​ကောင်နှင့် အလုပ်ရှုပ်​နေခဲ့သည်။ 

​ရှောင်ပိုင်​လေးမှာ ကြက်က​လေးများအား အလွန်အူယား​နေသည့်ပုံပင်။ လင်းဟန်က​တော့ အိမ်တွင် ကြက်​မွေးသည့်အခါ သူက ကြက်စာပင်များခုတ်​ပေးမည်ဟု ဆို​လေ၏။ 


"အင်း အစ်ကိုက​တော့ ကြက်စာအတွက် ​

လင်းဟန်ကိုပဲ အားကိုးရ​​တော့မှာ"


"ဟုတ် အစ်ကိုယွမ် 

ကျွန်​တော် ကြက်က​လေး​တွေကြီးလာပြီး

ကြက်ဥ​တွေဥတဲ့အထိ ​သေချာဂရုစိုက်​ပေးမှာ"


"ဟားဟား ဟုတ်ပါပြီကွာ 

ကြက်ဥရရင် ကြက်ဥ​ကြော်​ကျွေးမယ်"


လင်းဟန်၏​ခေါင်း​လေးအား 

ပုတ်ကာ ​ပြောလိုက်သည်။