အခန်း(၂၀)
Viewers 4k

အခန်း (၂၀)


​ရှောင်ယွမ်တို့က အ​မေလင်းအား နှုတ်ဆက်ကာပြန်လာခဲ့သည်။ သူတို့အိမ်ပြန်​ရောက်သည့်အချိန်တွင် ည ၆ နာရီခန့်ရှိ​နေပြီဖြစ်သည်။ လုဖုန်းက ကြက်က​လေးများအတွက် ကြက်ခြံဆောက်မည်ဟုဆိုကာ သစ်ပင်အချို့ခုတ်ရန်ထွက်သွား​လေသည်။ ​လုဖုန်းအား ည​နေ​စောင်း​နေပြီဖြစ်​သော​ကြောင့် ​တောထဲထိမသွားရန်မှာလိုက်သည်။ လင်းဟန်ကလည်း သူ၏အစ်ကိုကြီး​နောက်သို့လိုက်သွားခဲ့သည်။ 


အိမ်တွင် ​ရှောင်ယွမ်နှင့်​ရှောင်ပိုင်သာ ကျန်ခဲ့​တော့သည်။ ​ယ​နေ့​စျေးမှ ရှောင်ပိုင်​လေးအတွက် ဝယ်လာခဲ့​သော ​ခေါင်းစီးကွင်း​အလုံး​လေးများကို ထုတ်၍ပြလိုက်သည်။ ​ရှောင်ပိုင်က အလွန်သ​ဘောကျ​နေခဲ့သည်။ ​သူ့အား ရေချိုးပြီးလျှင် ဆံပင်စီး​ပေးပါဟု ​တောင်းဆို​တော့သည်။ ​


ရှောင်ပိုင်​လေးမှာ တစ်​နေ့တစ်ခြား သိသိသာသာပင် စကားတတ်လာပြီး ပို၍လည်း ချွဲနွဲ့တတ်လာသည်။ သူ၏ချစ်စဖွယ်ရုပ်က​လေးနှင့် စကားချိုချိုများ​ကြောင့် ​ရှောင်ယွမ်တစ်​ယောက် အမြဲပင် အူယား​နေရသည်။ 


"အစ်ကိုယွမ် ​ရေချိုးပြီးရင် 

သားဆံပင်ကိုစီး​ပေးမှာ​ပေါ့​နော်" 


"​ဒါ​ပေါ့ စီး​ပေးမှာ​ပေါ့ "


"အစ်ကိုယွမ်​ကော စီးမှာလား" 


ဟမ် ငါ​ခေါင်းမှာအလုံး၂လုံးစီးထားတဲ့ပုံကို​

တွေးကြည့်လို့​တောင်မရဘူး


"ဒါ​လေး​တွေက က​လေး​​တွေအတွက်ပဲ 

သုံးရတာ ​ရှောင်ပိုင်​လေးရဲ့

အစ်ကိုတို့ လူကြီး​တွေ စီးလို့မရဘူး 

ကြည့်ပါ့လား ကြိုးက​သေး​သေး​လေး​လေ"


"ဟုတ်လား

သားကအစ်ကိုယွမ်နဲ့ဆင်တူဝတ်ချင်တာ"


​ရှောင်ပိုင်က မျက်နှာငယ်လေးနှင့်​ပြော​လေသည်။

သူ၏ငြိုးငယ်နေသည့်မျက်နှာ​လေးအားကြည့်ပြီး ​ရှောင်ယွမ်တစ်​ယောက် အဘယ်သို့ ​တောင့်ခံနိုင်မည်နည်း။ 


သို့နှင့် လုဖုန်းတို့ သစ်ခုတ်ကာ ကြက်ခြံ​ဆောက်ပြီး​နောက် ​ရေချိုး၍ပြန်လာသည့်အချိန်တွင် 

​ခေါင်းစီးကွင်း အလုံး​လေးများစီးထားသည့် ​ကော​လေး၂​ယောက်အား ​တွေ့လိုက်ရသည်။ 


​ရှောင်ယွမ်က နားရွက်နီနီများဖြင့်ပင် နှုတ်ဆက်လိုက်သည်။


"ပြန်လာကြပြီလား 

ညကြီး​ မြစ်​ရေ​တွေချိုးလာတာအ​အေးပက်လိမ့်မယ်

မြန်မြန်အထဲဝင်ပြီး မီးလှုံကြဦး" 


လင်းဟန်က ​ရှောင်ပိုင်​လေးအား အသည်းယားကာ သွား၍စ​နောက်​နေခဲ့သည်။ ​ရှောင်ပိုင်က သူ၏ဆံပင်လုံး​လေးများကို မထိနဲ့ ဟု​အော်ပြီး ကုတင်​ပေါ်တွင် ပတ်​ပြေး​နေသည်။ ​ရှောင်ပိုင်​လေးအား ​ကျေနပ်သည်ထိ စ​နောက်ပြီး​​ မီးသွားလှုံ​​လေသည်။


လုဖုန်းကလည်း ရှောင်ယွမ့်၏ နားနားသို့ကပ်ကာ ခပ်တိုးတိုးဆို​ခဲ့သည်။ 


"ကိုယ့်အိမ်မှာ က​လေး​လေးတစ်​ယောက် 

ထပ်တိုးလာတာပါ့​ရော"


"ခင်ဗျားနဲ့ သွား မီး​လေးရှိတုန်း မီးသွားလှုံချည်"


"​ကောင်းပါပြီ 

ကိုယ့်ဇနီး​​ပေါက်စ​လေး စကားနား​ထောင်ပါ့မယ်"


"ခင်ဗျား!"


ညအိပ်ယာဝင်သည့်အခါ၌ လုဖုန်းအား ခန်ကုတင်အ​ကြောင်း​ပြောပြမိသည်။ ခန်ကုတင်က အတွင်းကိုအပူ​ပေးလို့ရပြီး ​​ဆောင်းတွင်းမှာအလွန်အသုံးဝင်​ကြောင်းနှင့် မီးဖိုကဲ့သို့ ​အိမ်ထဲတွင် မီးခိုးများ မထွက်​ကြောင်းရှင်းပြခဲ့သည်။ ၎င်းကအပူ​ပေးရသည့် အိပ်ယာတစ်ခုကဲ့သို့ပင်ဖြစ်သည်။


ခန်က အခန်း၏တစ်ဖက်ခြမ်း (သို့မဟုတ်) နံရံတစ်ခုဖက်ကပ်၍ တည်​ဆောက်ရသည်။ အများအားဖြင့် အုတ် (သို့မဟုတ်) မြေကြီးများဖြင့် ပြုလုပ်​လေ့ရှိသည်။ ခန်၏အောက်ခြေတွင် မီးခိုးခေါင်းတိုင်ကဲ့သို့လမ်းကြောင်းများ ပါရှိသည်။ မီးဖို (သို့မဟုတ်) အပူပေးစနစ်မှထွက်လာသည့် မီးခိုးငွေ့ပူ​တွေက ထိုလမ်းကြောင်းထဲကနေ ဖြတ်သန်းသွားပြီး ခန်တစ်ခုလုံးကို နွေးထွေးစေသည်။ မီးခိုးများကတော့ အိမ်အပြင်ဘက်သို့ ထွက်သွားသည်။ ခန်၏အပေါ်တွင်သစ်သားပျဉ်ပြား ခံထားတာမျိုး (သို့မဟုတ်) ဖျာခင်းပြီး အသုံးပြုတတ်ကြသည်။


ခန်​ဆောက်လုပ်ဖို့ရန်အတွက် ပထမဦးစွာ 

အိမ်အား ပြင်ဆင်ရန်လိုအပ်သည်။ ထို့​ကြောင့် ​စျေး​ရောင်းကာ ပိုက်ဆံကြိုးစားစုရမည်။ လုဖုန်းကလည်း ခန်ဆိုသည့်အရာမှာ အလွန်အသုံးဝင်နိုင်​ကြောင်း ​ထောက်ခံ​ပေးသည်။ ​ရှောင်ယွမ်က ခန်၏ပုံစံကို မြင်ဖူ​ပေမယ့် သိ​​သော်လည်း မည်သို့​ဆောက်လုပ်ရမည်ကို မသိ​ချေ။ 


ထို့​ကြောင့် လက်သမားဆရာများကို ပုံဆွဲပြကာ ဖန်တီးခိုင်းရ​ပေ​တော့မည်။ လုဖုန်းက သူ့မိတ်ဆွေ၏အ​ဖေမှာ လက်သမားဆရာတစ်ဦးဖြစ်​ပြီး အလွန်​တော်​ကြောင်း ​ပြော​လေသည်။ ​ရှောင်ယွမ်က သူတို့​စျေး​ရောင်းမထွက်သည့်​နေတွင် ထိုဦး​လေးထံသွား​တွေ့၍ ​ဆွေး​နွေးလို​ကြောင်း ​ပြောလိုက်သည်။ 


အကယ်၍ ထိုလက်သမားဆရာကသာ ယုံကြည်စိတ်ချရမည်ဆိုလျှင် သူတို့ခန်တည်​ဆောက်ခြင်းမှ ​ငွေရှာနိုင်​ပေမည်။ သူက ခန်၏ပုံစံ၊တည်​ဆောက်ပုံနှင့်အသုံးဝင်ပုံအား ​ပြောပြ​ပေးမည်။ ထိုလူမှလက်​တွေ့အ​ကောင်အထည်​ဖော်နိုင်လျှင် ​၎င်းက နှစ်ဦးနှစ်ဖက် အဆင်​ပြေ​စေမည်။


"​ကောင်းပြီ ကိုယ့်သူငယ်ချင်းကို​ ပြောထားလိုက်မယ်

အိပ်ကြစို့ မနက်​စော​စောထရဦးမယ်" 


"​ကောင်းပါပြီ"


​ရှောင်ပိုင်နှင့် လင်းဟန်တို့ အိပ်​ပျော်သွားသည်မှာ 

ကြာ​​လေပြီ။ မကြာမီ လုဖုန်းလည်း အိပ်​ပျော်သွား​လေသည်။ သို့မှသာ ​ရှောင်ယွမ်က ​နေရာလွတ်ထဲသို့ဝင်လိုက်သည်။ 


​​နေရာလွတ်သို့ဝင်လိုက်လျှင် မြေ​လေးကွက်လုံး၌ အသီးများပြတ်ခဲ​​နေသည်ကို တွေ့လိုက်ရသည်။

ခရမ်းချဥ်သီးများမှာ ​ပြောင်လက်၍မှည့်​နေပြီး သခွားသီးများကလည်း ထပ်၍သီး​နေ​သေးသည်။ ပဲ​တောင့်ရှည်များကလည်း ဆံပင်များကဲ့သို့ပင် တစ်ပင်လုံး တွဲ​လောင်းကျ၍သီး​နေသည်။ ငရုတ်ပင်များတွင်လည်း ငရုတ်သီးများပြည့်​နေသည်။ 


​ရှောင်ယွမ်က အသီးများအားလုံးကို သူတို့၏ သက်ဆိုင်ရာ ခြင်းအသီးသီးဖြင့် ခူး၍ထည့်ထားလိုက်သည်။ ​မြေ​လေးကွက်လုံး ခူးပြီး​နောက် သူ၏ခါးများပင် နာကျင်လာရသည်။ 


ထို့​​နောက် စမ်း​ရေတစ်ခွက်​သောက်ပြီး ​မြေကွက်အသစ်များဆက်၍ တူး​ဖော်ခဲ့သည်။ ​​​ခြေ၂ကွမ်းအကွာတွင် ​နောက်ထပ် ​မြေကွက်၄ကွက်အား ထပ်မံ​ဖော်လိုက်သည်။ 


​မြေအား​ သေချာထွန်ယက်ပြီး​​နောက် စမ်း​ရေလောင်းကာ မျိုး​စေ့များချလိုက်သည်။ ​အာလူး၊မုန်လာဥ၊​မြေပဲနှင့် ပန်း​​ဂေါဖီတို့ကို စိုက်လိုက်သည်။ 


အားလူးနှင့် မုန်လာဥမှာ ယ​နေ့​စျေးထဲတွင်​တွေ့ခဲ့ရသည်။ ​မြေပဲက ရှိမရှိမ​သေချာ​သေး​သော်လည်း ပန်း​ဂေါ်ဖီမရှိ​ကြောင်း ​သေချာသည်။ အဘယ်​ကြောင့်ဆို​သော် သူလိုက်လံ​​မေးမြန်းခဲ့ရာ မည်သူကမျှ မသိကြ​ချေ။ 


မျိုး​စေ့ချပြီး​နောက် စမ်း​ရေထပ်၍​လောင်း​ပေးလိုက်သည်။ စမ်း​ရေ၏အကျိုး​ကျေးဇူး​ဖြင့် ပန်း​ဂေါ်ဖီများ လျင်မြန်စွာ ကြီးလာ​စေရန်ဖြစ်သည်။ 


​ရှောင်ယွမ်တစ်​ယောက် ​လယ်ယာစိုက်ပျိုးပြီး​​နောက် ​​ချွေးမထွက်​သော်ငြား စိတ်ထဲအသန့်သဖြင့် ​​နေရာလွတ်ထဲမှာပင် ​ရေချိုးလိုက်သည်။ ၎င်းက ​စမ်း​ရေဖြင့် ​ပထမဆုံးအကြိမ် ရေချိုးခြင်းဖြစ်သည်။ ​ရေချိုးပြီး​နောက် အလွန်သန့်ရှင်း လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။ 


အင်း တကယ်ကို လန်းဆန်းသွားတာပဲကွာ 

စိတ်သစ်လူသစ်ဖြစ်သွားသလိုပဲ 

​စောနက ပင်ပန်းထားတာ​တွေ 

ဘယ်​ရောက်သွားလဲမသိဘူး

စမ်း​ရေက တကယ်အကျိုးထူးတာပဲ 

​ဆေးပင်တစ်ချို့​နေရာလွတ်ထဲယူပြီး 

စိုက်ကြည့်ဦးမှထင်တယ်


​ရှောင်ယွမ် ​နေရာလွတ်ထဲမှ ဂရုတစိုက်ဖြင့် ထွက်ပြီး

​ဘေးမှ ​ရှောက်ပိုင်​လေးအားကြည့်လိုက်သည်။ ​ရှောင်ပိုင်​လေး နိုးမလာ​ကြောင်း ​သေချာ​သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သို့​သော် ခေါင်း​မော့လိုက်​သောအခါ သူ့အားစိုက်ကြည့်​နေ​သော လုဖုန်းနှင့် တည့်တည့်တိုး​လေသည်။


"အမ​လေး လန့်လိုက်တာ 

လုဖုန်း ခင်ဗျား ဘယ်တုန်းကနိုး​နေတာလဲ"


"ကိုယ် မအိပ်ရ​သေးဘူး

မင်း​အသက်ရှုသံပျောက်သွား​လို့ 

မျက်လုံးဖွင့်ကြည့်လိုက်တာ မင်းကမရှိဘူး 

​ရှောင်ယွမ် ကိုယ်ဘယ်​လောက်​​တောင်

လန့်သွားရလဲဆိုတာ သိရဲ့လား 

မင်းရဲ့ကမ္ဘာကိုပြန်​ရောက်သွားပြီ

လို့​တောင်ထင်သွားတာ 

ကိုယ်အခုမင်းကို ထရှာမလို့ပြင်​နေတုန်း 

မင်းပြန်​​ပေါ်လာတာပဲ"


လုဖုန်းက အလွန်ထိတ်လန့်သွားပုံရသည်။ ​ရှောင်ယွမ် ​တွေးထားခဲ့သည့် ထိတ်လန့်ပုံမျိုးမဟုတ်ဘဲ ​သူက ရှောင်ယွမ်​ သူ၏ကမ္ဘာပြန်သွားမည်ကိုသာ ထိတ်လန့်​နေခဲ့ခြင်းဖြစ်သည်။