အခန်း(၂၁)
Viewers 4k

အခန်း (၂၁)


မနက်မိုးမလင်းသေးခင် ကတည်းက ရှောင်ယွမ်တစ်ယောက် အိပ်ရာက နိုးနေခဲ့​လေပြီ။ ဘေးတွင်အိပ်ပျော်နေသည့် လုဖုန်းကို ကြည့်ပြီး ညက စကားစမြည် ပြောခဲ့ကြတာကို သတိရမိသည်။ ညတုန်းက သူ့၏ နေရာလွတ်အ​ကြောင်း အ​သေးစိတ်ကို လုဖုန်းအား​ပြောပြခဲ့ပြီး​နောက် လုဖုန်း၏ တအံ့တသြဖြစ်သွားသည့် မျက်နှာကိုပြန်လည်မြင်​ယောင်မိသည်။ 


ကံ​ကောင်း​ထောက်မစွာ လုဖုန်းက ၎င်းအား ထူးဆန်းသည်ဟုမထင်ဘဲ သူ့အား မ​ကောင်းဆိုးဝါးတစ်​ကောင်ကဲ့သို့ မဆက်ဆံခဲ့​ချေ။ ယခု သူတို့နှစ်​ယောက်တည်းသာ သိသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။


တိတ်တဆိတ် ထပြီး နေရာလွတ်ထဲကို ဝင်လိုက်သည်။ မနေ့ညက ခူးထားသည့် ခရမ်းချဉ်သီး၊ သခွားသီး၊ ပဲတောင့်ရှည်နဲ့ ငရုတ်သီးတွေက တောင်းအပြည့် ရှိနေသည်။ အပင်တွေကလည်း စိမ်းစိမ်းစိုစိုနဲ့ အသီးတွေ ပြန်သီးနေကြပြီ။ စမ်းရေရဲ့ အာနိသင်က အမှန်တကယ်ကို အံ့မခန်းပင်။ 


မြေအသစ်တွင်စိုက်ပျိုးထားသည့် အာလူး၊ မုန်လာဥ၊ မြေပဲနှင့် ပန်းဂေါ်ဖီပင်လေးများကလည်း အတန်အသင့် ကြီးထွားနေကြ​လေပြီ။ ပန်းဂေါ်ဖီကတော့ တခြားအပင်တွေထက် ပို၍မြန်မြန် ကြီးလာတာ တွေ့ရသည်။


ရှောင်ယွမ်က အသီးအနှံတွေကို ခြင်းလေးများနှင့် သေသေချာချာ စီထည့်လိုက်သည်။ ထို့​နောက် အပြင်သို့ ပြန်ထွက်လာပြီး မီးဖိုချောင်သို့ဝင်၍ မနက်စာ ပြင်ဆင်တော့သည်။ မကြာခင် လုဖုန်းနှင့် ကလေးတွေလည်း နိုးလာကြသည်။


"အစ်ကိုယွမ်! ဘာဟင်းချက်နေတာလဲ" 


ရှောင်ပိုင်လေးက အိပ်ချင်မူးတူး မျက်နှာလေးနဲ့ မီးဖိုချောင်ထဲကို ပြေးဝင်လာသည်။


"​ပေါက်စီနဲ့ ပန်း​ဂေါ်ဖီ​ကြော်လေ

မြန်မြန် မျက်နှာသစ် လက်ဆေးပြီး လာစားတော့" 


ရှောင်ယွမ်က ပြန်ဖြေလိုက်သည်။


"ဟင် ပန်း​ဂေါ်ဖီက ဘာလဲ"

လင်းဟန်က ဝင်၍​မေးလိုက်သည်။ လုဖုန်းကလည်း သိချင်ဟန်ဖြင့် ဟင်းအိုးထဲသို့ ငဲ့ကြည့်​လေသည်။ 


"သွားပါ ပြီးရင် သိရမှာ​ပေါ့ 

ညစ်ပတ် ညီအစ်ကိုတို့ရဲ့ 

သွား မျက်နှာသွားသစ်"


က​လေးနှစ်​ယောက်က တခစ်ခစ်ရယ်ပြီး 

ထွက်သွားကြသည်။ 


"ဘာလို့ ကိုယ့်ကိုမနှိုးလိုက်တာလဲ 

မင်း ညကလည်း အိပ်ယာဝင်တာ​နောက်ကျတယ်"


"​စောပြီးနိုးလာလို့ပါဗျ

ကဲ က​လေးကြီးကလည်း ​ပြောမရဘူး 

ဟင်းကျက်​တော့မယ် မျက်နှာသွားသစ်လို့"


မနက်စာစားကြ​သောအခါ က​လေးများက ပန်း​ဂေါ်ဖီ​ကြော်အား အလွန်ကြိုက်ကြသည်။ သူတို့အတွက် ၎င်းကအထူးအဆန်းဖြစ်​နေပြီး အရသာကလည်း အလွန်ရှိလှသည်။ ဒါ​ပေါ့ ​ရှောင်ယွမ်က ဟင်းခတ်အ​မွှေးအကြိုင်အစုံထည့်သုံးထားတယ်ဆို​ပေမယ့်လည်း သူ့ရဲ့နဂိုမူရင်း လတ်ဆတ်သည့် အရသာက တမူထူးခြား​​စေသည်။ 


မနက်စာ စားပြီးတာနဲ့ လုဖုန်းနှင့် လင်းဟန်က ညက​ဆောက်ထားသည့် ကြက်ခြံကို ထပ်မံပြင်ဆင်ဖို့ ထွက်သွားကြသည်။ ရှောင်ယွမ်ကတော့ နေရာလွတ်ထဲက အသီးအနှံအချို့ကို အဆင်သင့်ဖြစ်​အောင်ပြင်ဆင်တော့သည်။ ခြင်းအကြီးကြီး နှစ်လုံးကို နေရာလွတ်ထဲကနေ ထုတ်ယူပြီး ဝန်အတော်များသည့်အတွက် သူတစ်ယောက်တည်း သယ်ဖို့ရန်မှာ မလွယ်ကူ​ချေ။ ထို့ပြင် က​လေးများလည်း ရှိ​နေ​သေးရာ ပွင့်ပွင့်လင်းလင်းထုတ်ပြ၍မရ​​ချေ။


ထို့​ကြောင့် က​လေး၂​ယောက်ကို အ​မေလင်းထံ အရင်ပို့ရမည်။ အ​မေ​လင်းအတွက် ပန်း​ဂေါ်ဖီထုပ် အချို့ကိုခြင်းထဲသို့ ထည့်ပြီး လုဖုန်းအား ပို့ခိုင်းလိုက်သည်။


"လုဖုန်းရေ

ဒါ​လေး​တွေကို က​လေး၂​ယောက်ကိုပို့ရင်း

အ​မေ့အိမ် သွားပို့ပေးပါဦး" 


ရှောင်ယွမ် အော်ခေါ်လိုက်တော့ လုဖုန်း ပြန်ရောက်လာသည်။


"ဘာဖြစ်လို့လဲ ဇနီးပေါက်စလေး

ဒီလောက် အသီးအနှံတွေ များတာ 

ကိုယ်တစ်ယောက်တည်းတော့ မနိုင်ဘူးလေ" 


လုဖုန်းက ဟန်ဆောင် မသိဟန်ပြုပြီး ခနဲ့လိုက်သည်။ 


ရှောင်ယွမ်ရဲ့ နားရွက်ဖျားလေးတွေ ရဲတက်လာပြီး 

"ခင်ဗျား! ကူညီမှာလား မကူညီဘူးလား!" လို့ ဟောက်လိုက်သည်။


"ဒီနေ့လည်း စျေးကို အတူတူသွားကြမယ်နော်" 


လုဖုန်းက ရှောင်ယွမ်ရဲ့ နဖူးကို 

ဖွဖွလေး ပုတ်ကာပြောလိုက်သည်။


"အင်း၊ ကလေးနှစ်ယောက်ကိုတော့ 

အ​မေ့အိမ်အရင်ပို့ချည်ဦး" 

ရှောင်ယွမ်က ပြန်ဖြေလိုက်သည်။


"အန်တီလင်း

ခဏ​နေရင် ကျွန်တော်တို့ စျေးသွားရောင်းရမှာမို့ 

ကလေးတွေကို ကြည့်ပေးပါဦးဗျ" 

လုဖုန်းက ယဉ်ယဉ်ကျေးကျေး ပြောသည်။


"​သြော်

ရပါတယ်သားတို့ရယ် စိတ်ချလက်ချ သွားကြပါ ကလေးတွေကို အ​မေကြည့်ထားပေးပါ့မယ်" 

အမေလင်းက ပြုံးပြီး လက်ခံလိုက်သည်။


လုဖုန်းက က​လေးများကို လိမ်လိမ်မာမာ​နေရန်မှာခဲ့ပြီး ခြင်းအလွတ်ကို လွယ်လိုက်သည်။ ထို့​နောက် ၂​ယောက်သား ရွာပတ်လမ်းကသာ ​စျေးသို့ထွက်လာခဲ့ကြသည်။ 


ယခင်​​​နေရာ​ဟောင်းသို့​ရောက်​သောအခါ ပိုင်​လွေ့က သူ၏ကိုယ်ပိုင်အခင်း​လေးဖြင့် ​နေရာဦးထား ပေးသည်။ ​ရှောင်ယွမ်က ပိုက်​လွေ့အား ​ကျေးဇူးတင်စကားဆိုကာ ဦးဦးဖျားဖျား ပန်း​ဂေါ်ဖီထုပ်၁ထုပ် အား ​ပေးလိုက်သည်။ ၎င်းက သူတို့​တော်ထဲမှအသစ်​တွေ့ရှိခဲ့တဲ့ စားလို့ရသည့် အပွင့်တစ်မျိုးဖြစ်​ကြောင်း ​ရှင်းပြခဲ့သည်။


"ကျွန်​တော် ဒီလိုပန်းပွင့်မျိုးတစ်ခါမှ မမြင်ဖူးဘူးဗျာ

​ယွမ်​ကောအာက တကယ်စိုက်ပျိုးတာ​တော်တာပဲ

မ​နေ့က အသီးအရွက်​တွေကလည်း တကယ့်ကို

လတ်ဆတ်တာဗျ"


"​ချီးကျူး​ပေးလို့ ​ကျေးဇူးပါဗျ"


​ရှောင်ယွမ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်​ဖြေလိုက်သည်။


စျေးထဲတွင် လူတွေက မနက်ပိုင်းမလို့ အုံနေကြသည်။ ရှောင်ယွမ်လည်း ခြင်းများကို ​နေရာချပြီး ဆိုင်ထိုင်လိုက်သည်။


"လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးတွေဗျို့ စိုက်ခင်းကနေ တိုက်ရိုက်လာတာ

ဓာတုပစ္စည်း လုံးဝမပါဘူး

တစ်ကျင်းကိုမှ ​ကြေးပြား ၅ပြားပဲ!"


သူစရောင်းသည်နှင့် လူတွေက အသီးအနှံ​များ၏ လတ်ဆတ်ပုံ၊ ပြောင်လက်ပုံကို ကြည့်ပြီး အံ့ဩကြသည်။


"အမယ်လေးလေး

ဒီခရမ်းချဉ်သီးတွေက ဘာလို့ ဒီလောက် လှရတာလဲ အ​ရောင်ကလည်း စိုစိုပြည်ပြည်လေးတွေ" 


အဒေါ်ကြီးတစ်ယောက်က လက်နဲ့ စမ်းကြည့်ရင်း ပြောသည်။


"ဟုတ်တယ် အစ်မကြီး

ဒါတွေက ကိုယ်တိုင် စိုက်ထားတာ

မြေဆွေးနဲ့ စိုက်တာဆိုတော့ 

အနံ့ရော အရသာပါ ကောင်းတယ်" 


ရှောင်ယွမ်က ပြုံးပြုံးရွှင်ရွှင် ရှင်းပြသည်။


"တကယ်လား

ဒါဆို ငါ့ကိုခရမ်းချဉ်သီး ၁ကျင်းနဲ့

သခွားသီး ၁ကျင်းပေး"


ထိုအချိန် မ​နေ့ကဝယ်ယူသွားကြသည့် ​ဖောက်သည်များက အသည်းအသန်တိုးဝင်လာကြသည်။ 


"အမ​လေး လူငယ်​လေး​ရေ

ကျုပ်က မနက်ကတည်း 

မင်းတို့အလာကိုထိုင်​စောင့်​​နေတာ

အသီး​တွေက အရမ်း​ကောင်းလွန်းလို့ 

အစား​ဂျေးများတဲ့ အိမ်ကက​လေး​တွေက​တောင် 

ကြိုက်ကြတယ်ဗျာ 

ထူးဆန်း​ပြောဦးမယ် 

သားအငယ်ဆုံး​လေးက အ​အေးမိ​ပြီး 

အသက်ရှုကြပ်နေရှာတာ​လေ 

အဲဒါ မ​နေ့က သူ့ကို ခရမ်းချဥ်သီး​လေး 

လှီး​ကျွေးလိုက်တာ ထူးထူးခြားခြားပါပဲဗျာ

က​​လေးက ရင်ကြပ်တာ​ပျောက်သွားတယ်

ဒီ​နေ​တော့ ကျုပ်က ရသ​လောက်ဝယ်မှာ"


​ရှောင်ယွမ် အလွန်​​ကျေနပ်​နေမိသည်။ စမ်း​ရေတိုက်ရိုက်သုံးစရာမလိုဘဲ သူ၏အသီးအနှံများမှတစ်ဆင့် လူ​တွေအား ကူညီနိုင်​လေပြီ။


"ခင်ဗျားတစ်​ယောက်တည်း ဝယ်လို့ရမလား 

ကျွန်​တော်တို့လည်းဝယ်ရမှာပဲ 

သူ့အသီးအရွက်အ​တွေ​ကောင်းတာ 

ဝယ်ဖူးတဲ့သူတိုင်းသိတယ် 

ခင်ဗျား ​ဘေးဖယ်ဗျာ"


​စျေးဝယ်အချင်းချင်း ပြသာနာ​တွေပါတက်လာကြသည်။ ​ရှောင်ယွမ်လည်း မ​နေသာ​တော့ဘဲ ဝင်ရ​တော့၏။


"ကဲကဲ အစ်ကိုကြီးတို့ ရန်မဖြစ်ကြပါနဲ့ဗျာ

ဒီ​နေ့ အားလုံးအတွက် လုံလုံ​လောက်​လောက်ပါပါတယ်ဗျ"


လူတွေ ဝိုင်းအုံလာကြပြီး ရှောင်ယွမ်၏ဆိုင်ရှေ့တွင် လူ​တွေတန်းစီနေကြသည်။ တခြားဆိုင်က အသီးအရွက်သည်တွေတောင် သူတို့၏ဖောက်သည်တွေ ပါနေလို့ အံ့ဩနေကြရသည်။ အထူးသဖြင့် စျေးထဲက ဟင်းသီးဟင်းရွက် ရောင်းနေသည့် ဖန်းလင်မယားက မျက်နှာပျက်နေကြသည်။ သူတို့က အမြဲတမ်း စျေးထဲတွင် အသီးအရွက် အရောင်းရဆုံးတွေ ဖြစ်​သည်။


"ဟိုကောင်လေးတွေက ဘယ်ကရောက်လာတဲ့ ကောင်တွေလဲ 

သူတို့ ဟင်းသီးဟင်းရွက်တွေက 

ဘာလို့ ဒီလောက် လတ်ဆတ်နေရတာလဲ"


ဖန်းလင်မယားက ခပ်တိုးတိုး ပြော​နေကြသည်။


"မသိဘူး​လေ 

မ​နေ့ကမှ ရောက်လာကြတာ

ကြည့်ရတာ တစ်ခုခုတော့ မဟုတ်ဘူး" 


ဖန်း​အ​ဒေါ်က မျက်မှောင်ကြုတ်ရင်း ရှောင်ယွမ်ကို ကြည့်နေသည်။


ရှောင်ယွမ်က အသီးအနှံများ ရောင်းကောင်း

နေစဥ် ဖန်းလင်မယားက သူ၏ဆိုင်ရှေ့ကို ရောက်လာကြသည်။


"ဟဲ့ ကောလေး

မင်းတို့ အသီးအနှံတွေက ဘာလို့ ဒီလောက် လတ်ဆတ်နေရတာလဲ 

ထူးဆန်းတဲ့ဆေးဝါးတွေ ဘာတွေ သုံးထားတာလား" အ​ဒေါ်ဖန်းက ခပ်ပြတ်ပြတ် မေးလိုက်သည်။


"ကျွန်တော်တို့က မြေဆွေးနဲ့ပဲ စိုက်ပျိုးတာပါ

ထူးဆန်းတဲ့​ဆေးကဘာလဲ

ဘာဆေးမှလည်း မသုံးပါဘူး" 


ရှောင်ယွမ်က ယဉ်ယဉ်ကျေးကျေး ပြန်ဖြေသည်။


"ဟင်း အလိမ်အညာတွေ

ဒီလို လတ်ဆတ်တဲ့ အသီးအနှံမျိုးက 

ဘယ်နားမှာမှ မရှိဘူး 

မင်းတို့ လိမ်နေတာပဲ ဖြစ်ရမယ်" 


ဖန်း​ယောကျာ်းက ထပ်ပေါင်းပြောသည်။


ရှောင်ယွမ် စိတ်မရှည်တော့​သော်လည်း 

အတတ်နိုင်ဆုံး စိတ်ထိန်းလိုက်သည်။


 "ကျွန်တော်တို့က စိုက်ခင်းကနေ 

ခုမနက်ခင်းပဲ တိုက်ရိုက်ခူးလာတာပါ 

မယုံရင် ကျွန်တော်တို့ စိုက်ခင်းကိုလာကြည့်လို့ရပါတယ်"


"ဟားဟား စိုက်ခင်းဟုတ်လား

ဘယ်ရွာက စိုက်ခင်းကနေ 

ဒီလို လတ်လတ်ဆတ်ဆတ်တွေ 

မနက်တိုင်း ဘယ်လိုလုပ် ရောင်းနိုင်မှာလဲ

တစ်ခုခုတော့ လှည့်စားတာပဲ" 


အဒေါ်ဖန်းက အသံကျယ်ကျယ်နှင့် ပြော​လေတော့ ဘေးနားက လူတွေပါ စိတ်ဝင်စားပြီး ဝိုင်းကြည့်လာကြသည်။


ထိုအချိန်တွင် အ​ဖေကျိုးထံ ဟင်းသွားပို့​ပေး​နေ​သော လုဖုန်း ပြန်ရောက်လာခဲ့သည်။ သူကအခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်ယွမ်၏ဘေးနားတွင် ရပ်လိုက်သည်။


"ဘာဖြစ်နေကြတာလဲ" 


လုဖုန်း၏ အသံက အေးစက်စက်နှင့် လေးနက်နေသည်။


ဖန်းလင်မယား လုဖုန်း၏ရုပ်ရည်နှင့် အရှိန်အဝါကို မြင်တော့ ချက်ချင်း အသံတိုးသွားကြသည်။


"​သြော် ဘာမှမဟုတ်ပါဘူး 

အသီးအနှံတွေ ဒီလောက် လှနေတော့ 

ထူးဆန်းတဲ့ဆေးတွေများ သုံးထားသလားလို့ 

စိုးရိမ်လို့ပါ" 


အဒေါ်ဖန်းက ချက်ချင်း လေသံပြောင်းသွားသည်။


"ဒါဆိုလည်း ကိုယ်တိုင် စားကြည့်ပေါ့

ဘာဆေးမှသုံးမထားဘူးဆိုတာ အာမခံတယ်" 


လုဖုန်းက အသံမာမာနှင့် ပြောလိုက်သည်။


ဖန်းလင်မယား ခဏကြောင်အသွားပြီး 

ဘာမှ ထပ်မပြောတော့ဘဲ နောက်ဆုတ်သွားကြသည်။ စျေးသည်တွေကြားမှာလည်း တိုးတိုးတိတ်တိတ် စကားသံတွေ ထွက်ပေါ်လာသည်။


"ဒီကောင်လေးတွေက ကြည့်ရတာ မရိုးသားဘူး ဘယ်က လာကြမှန်းလည်း မသိဘူး"


"အေးပေါ့ 

အသီးအရွက်တွေကတော့ တကယ်လှတယ် 

ဒါပေမယ့် ဒီ​လောက်လတ်ဆတ်တာ ပုံမှန်မဟုတ်ဘူး"


ရှောင်ယွမ်က အနည်းငယ် စိတ်မကောင်း ဖြစ်သွား​ရပြီး လုဖုန်းက သူ၏ပခုံးကို ဖွဖွလေး ပုတ်ကာ​ပြောလိုက်သည်။ 


"ဂရုမစိုက်နဲ့ 

သူတို့က မနာလိုလို့ ပြောနေကြတာ"


မ​နေ့ကဝယ်ယူဖူးသည့် လူများကတော့ ရှောင်ယွမ်၏အသီးအနှံတွေကို ဆက်လက်၍ ဝယ်​နေကြဆဲ ဖြစ်သည်။ နေရာလွတ်ထဲက အသီးအနှံတွေက အံ့သြစရာကောင်းလောက်အောင် လတ်ဆတ်ပြီး အရသာရှိတာကြောင့် လူတွေက ကြိုက်နှစ်သက်နေကြဆဲပင်။