အခန်း(၂၂)
Viewers 4k

အခန်း (၂၂)


ဖန်းလင်မယားက ဘာကိုမှပြန်မပြောနိုင်​တော့​ချေ။ သူတို့က လူအုပ်ကြားထဲသို့ တိတ်တဆိတ်ဝင်ရန် 

ပြင်​နေစဥ်လူအုပ်ထဲကနေ အမျိုးသားတစ်ဦး ထွက်လာသည်။ သူက​ မနေ့ကရှောင်ယွမ်၏ဆိုင်ကနေ အသီးအနှံ များစွာ ဝယ်သွားသည့် ချန်းမိသားစု စားသောက်ဆိုင်၏ အဝယ်တော် စန်းလောင် သာဖြစ်သည်။


"ခင်ဗျားတို့ နေဦး 

ခင်ဗျားတို့ မပြောသင့်တာတွေ မပြောပါနဲ့ဦး ကျွန်တော် မနေ့က ဒီကောင်လေးရဲ့ဆိုင်ကနေ ခရမ်းချဉ်သီးနဲ့ သခွားသီးတွေ အများကြီး 

ဝယ်သွားတဲ့သူပါ 

ကျွန်တော်တို့ရဲ့ ချန်းမိသားစု စားသောက်ဆိုင်က ဟင်းပွဲတွေ ချက်ဖို့အတွက် 

အသီးအနှံကောင်းတွေကိုပဲ ရွေးဝယ်ပါတယ်

ဒီကလေးရဲ့ အသီးအနှံတွေက ကျွန်​တော်မြင်ဖူးခဲ့သမျှ အရည်အသွေး အကောင်းဆုံးပဲ 

ကျွန်တော်တို့ ဆိုင်က စားဖိုမှူးကြီးကိုယ်တိုင် 

စစ်ဆေးပြီး လတ်ဆတ်တာကို အာမခံထားတာ 

ထူးဆန်းတဲ့ဆေးဝါးတွေ သုံးတယ်ဆိုတာ လုံးဝ မဟုတ်နိုင်ဘူး"


စန်းလောင်၏စကားကြောင့် စျေးထဲက လူတွေလည်း ပိုပြီး အာရုံစိုက်လာကြသည်။ ချန်းမိသားစု စားသောက်ဆိုင်ဆိုတာ ဒီမြို့မှာ နာမည်ကြီးပြီး 

လူသိများသည့် စားသောက်ဆိုင်ကြီးတစ်ခုဖြစ်လို့ 

သူတို့၏အဝယ်တော်က အခုလို ထောက်ခံပြောဆိုပေးခြင်းသည် အတော်လေး အလေးအနက်ထားစရာ ဖြစ်သွားသည်။


ဖန်းလင်မယားက မျက်နှာတွေ ရှုံ့မဲ့သွားပြီး 

ဘာမှ ထပ်မပြောနိုင်တော့ဘဲ မျက်နှာလွှဲကာ 

သူတို့၏ဆိုင်ဆီသို့ လှည့်ပြန်သွားကြသည်။ 



စျေးထဲက တခြားသူတွေကတော့ စန်းလောင်ကိုကြည့်လိုက်၊ ရှောင်ယွမ်၏ဆိုင်ကိုလည်း ကြည့်လိုက် လုပ်နေကြသည်။


စန်းလောင်က ရှောင်ယွမ်ကို ပြုံးပြပြီး ​

ခပ်တိုးတိုးပြောလိုက်သည်။


"မကြောက်နဲ့ ကောင်လေး

မင်းရဲ့ အသီးအနှံတွေက တကယ်ကောင်းတယ်

ဒီကလူတွေက မနာလိုလို့ ပြောကြတာ" 


"ဒီ​နေ့ ဘာ​တွေပါ​သေးလဲ 

ဦး​လေးတို့ဆိုင်က မ​နေ့ကထပ်ပိုယူမယ်

ပါသမျှ တစ်ခုကို ၁၀ကျင်းဆီသာထည့်လိုက်

ခရမ်းချဥ်သီးကို ၁၅ကျင်းထည့်​ပေးပါ"


"ကျေးဇူးတင်ပါတယ် ဦး​လေးစန်းလောင် 

ကျွန်တော် အခုပဲ ထည့်ပေးပါ့မယ်"


ဦး​လေး စန်းလောင်၏ အကူအညီဖြင့် 

ဖန်းလင်မယား ဆက်၍ ရန်မလုပ်ရဲ​​​တော့​သော်လည်း သူတို့၏မျက်လုံးထဲတွင် မနာလိုသည့် အငွေ့အသက်များ ပြည့်နှက်နေဆဲပင်။ ရှောင်ယွမ်နှင့်လုဖုန်းတို့ကတော့ ဂရုမစိုက်ဘဲ သူတို့၏ ဟင်းသီးဟင်းရွက်တွေကို ဆက်ရောင်းနေကြသည်။ 


လူအများစုက ခရမ်းချဉ်သီး၊ သခွားသီးနဲ့ ပဲတောင့်ရှည်တွေကိုပဲ ဝယ်နေကြတာ တွေ့ရသည်။ 

စျေးထဲမှ အာလူးနှင့်မုန်လာဥတွေ ရှိ​သော်လည်းရှောင်ယွမ်တို့နေရာလွတ်ထဲက ထွက်လာသည့်အာလူးတွေနှင့် မုန်လာဥတွေကတော့ ပုံမှန်ထက် 

ပိုကြီးပြီး ပြောင်လက်နေတာကြောင့် လူအချို့က စိတ်ဝင်စားလာကြသည်။


"ဒီအာလူးတွေက 

ဘာလို့ ဒီလောက်ကြီးနေရတာလဲ ကောင်လေး" 


အဒေါ်ကြီးတစ်ယောက်က မေးလာသည်။


"ဒါတွေက မြေဆွေးကောင်းကောင်းနဲ့ 

စိုက်ထားလို့ပါ အစ်မကြီး

အရသာလည်း ပိုချိုပြီး ကောင်းတယ်" 

ရှောင်ယွမ်က ချိုချိုသာသာ ရှင်းပြသည်။


"ဒါဆိုရင် မုန်လာဥတွေကောပဲလား"


"ဟုတ်ပါတယ် အရသာတကယ်​ကောင်း​ကြောင်း အာမခံပါတယ်ဗျ ဟင်းချက်စားကြည့်ရင် 

သိပါလိမ့်မယ်"


လုဖုန်းကလည်း ဘေးကနေ တစ်ချက်တစ်ချက် ဝင်ပြောပေးသည်။ သူတို့နှစ်ယောက်၏အချိတ်အဆက်က ကောင်းမွန်တာကြောင့် အသီးအနှံများမှာ အံ့သြစရာကောင်းလောက်အောင် လျင်လျင်မြန်မြန်ကုန်သွားခဲ့သည်။ 


ခြင်းနှစ်လုံးထဲတွင် ဘာမှမကျန်တော့​သော်လည်းမြေပဲနှင့် ပန်းဂေါ်ဖီတွေကျန်နေသေးသည်။ မြေပဲကဤဒေသတွင် ရှိသည်မို့ လူတွေ သိကြပေမယ့် ပန်းဂေါ်ဖီကတော့ ဘယ်သူမှ မမြင်ဖူးကြတာကြောင့် ထူးဆန်းစွာ ကြည့်နေကြသည်။


"ကဲဗျာ ဒီမှာ တစ်ခါမှ မမြင်ဖူးသေးတဲ့ 

အသီးအရွက်အသစ်လေး ရောက်ပါတယ်ဗျို့

ဒီဟာလေးကို ပန်းဂေါ်ဖီလို့ ခေါ်ပါတယ်ခင်ဗျာ" 


​ရှောင်ယွမ်က အသံကျယ်ကျယ်နှင့် 

ကြော်ငြာလိုက်သည်။


လူအုပ်က ပန်းဂေါ်ဖီကို စိတ်ဝင်တစား 

ဝိုင်းကြည့်လာကြသည်။ အချို့က လက်နှင့် အသာအယာ တို့ထိကြည့်ကြသည်။


"ဒါ...ဒါ ဘာကြီးလဲ ကောင်လေး 

ပန်းကြီးလား အရွက်ကြီးလား" 

အဒေါ်ကြီးတစ်ယောက်က မျက်လုံးပြူးပြူးနှင့်မေး​လေသည်။


"ဒါက ပန်းလည်းဟုတ်တယ်

အရွက်လည်းဟုတ်တယ်လို့ ပြောလို့ရပါတယ် 

အဖြူရောင် ပန်းစည်းလေးလိုပဲ 

ဒါကို ဟင်းချက်စားလို့ရတယ်"


ရှောင်ယွမ် က အာ​ဘောင်အာရင်းသံသံနှင့် ရှင်းပြသည်။


"ဟင်းချက်စားလို့ရတယ် ဟုတ်လား

ဘယ်လို ချက်ရတာလဲ" 


လူအများစုက စိတ်ဝင်တစား မေးကြသည်။


ရှောင်ယွမ် ပြုံးလိုက်သည်။ သူတို့ ဒီလို မေးလာလိမ့်မယ်ဆိုတာ ထင်ထားပြီးသားပင်။


"ဒီပန်းဂေါ်ဖီကို ဆီပြန်ကြော်စားလို့ရတယ် 

ဟင်းချိုချက်စားလို့ရတယ် 

အသားနဲ့ ရောကြော်လို့လည်း ရတယ်

အရသာကတော့ ချိုချိုမြမြ​လေးပါဗျ

အခုမှ ပထမဆုံး မြင်ဖူးကြမှာဆိုတော့ ကျွန်တော် ချက်ပြုတ်နည်းလေး နည်းနည်းရှင်းပြပေးမယ်"


"ပထမဆုံး ဒီပန်းဂေါ်ဖီကို 

အခိုင်လိုက်လေးတွေ ခွဲလိုက်ပါ 

ပြီးရင် ရေနဲ့ သေသေချာချာ ဆေး​ပေးပါ

ဒါဆိုရင်ကြိုက်တဲ့အတိုင်း လှီးဖြတ်လို့ရတယ်

ဆီပြန်ကြော်မယ်ဆိုရင် 

ကြက်သွန်ဖြူလေး ဆီသတ်ပြီး ကြက်သား 

(ဒါမှမဟုတ်) ဝက်သားလေးတွေထည့်လို့ရတယ်

ပြီးရင် ဒီပန်းဂေါ်ဖီလေးတွေ ထည့်ပြီး နူးတဲ့အထိ ကြော်ရုံပဲ အရမ်း အရသာရှိပြီး လုပ်ရတာလည်း လွယ်တယ်"


ရှောင်ယွမ်၏ရှင်းပြချက်ကို လူအများက 

စိတ်ဝင်တစား နားထောင်နေကြသည်။ 

လုဖုန်းကလည်း ဘေးကနေ ပန်းဂေါ်ဖီတစ်လုံးကို ကိုင်ပြရင်း ကူညီပေးသည်။


"တကယ်လား

ဒီလို ပုံစံမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး

စမ်းကြည့်ရမှာပေါ့" 


လူတစ်ယောက်က ပြောသည်။


"ဆီနဲ့​ကြော်ရမှာဆို​တော့ 

လူချမ်းသာ​တွေပဲစားနိုင်မှာပါ"


"ဟင်းချိုတို့စွပ်ပြုတ်တို့ထဲလည်း 

ထည့်​သောက်လို့ရပါတယ်ဗျ

ဖက်ထုပ်ထဲမှာ ဝက်သားနဲ့​အတူ​ရော

ထည့်လို့လည်းရပါတယ်"


​ရှောင်ယွမ်က လူတိုင်း၏​မေးခွန်း​တွေကို ​တစ်​ယောက်ချင်းစီ ဖြေ​ပေးခဲ့သည်။


"ဒီပန်းဂေါ်ဖီက လူကြီးတွေရော ကလေးတွေပါ 

စားလို့ရတယ် အာဟာရဓါတ်လည်း 

အများကြီး ပါဝင်တယ်

အခုလို ဆောင်းတွင်းကာလမှာ အအေးမိတာ

ဖျားနာတာတွေ မဖြစ်အောင် ခန္ဓာကိုယ်ကို ခုခံအားကောင်းအောင်လည်း ကူညီပေးတယ်" 

ရှောင်ယွမ်က ထပ်ဖြည့်ပြောလိုက်သည်။


"အာဟာရဓါတ်တို့ ခုခံအားတို့က ဘာ​တွေလဲ

လူ​လေးရယ် မင်းက ဗဟုသုတကြွယ်ဝလိုက်တာ"


"ဟုတ်ပါ့ ငါ့ဖြင့် မကြားဖူးပါဘူး

ဒီ​ကော​လေးက စာသင်ဖူးတယ် ထင်တယ်"


တစ်​ယောက်တစ်​ပေါက် ဝိုင်း​​မေးကြပြန်သည်။


"အင်း အာဟာရဓါတ်ဆိုတာ ကျွန်​တော်တို့လူ​တွေရဲ့

ခန္ဓာကိုယ်အတွက် အရမ်းအ​ရေးကြီးပါတယ်

အစား​ကောင်း​ကောင်းစားတဲ့သူ​တွေဆိုရင် 

ခန္ဓာကိုယ်မှာ အာဟာရဓါတ်ပြည့်ဝ​နေပြီ 

​ရောဂါ​တွေကို ခုခံကာကွယ်နိုင်စွမ်းရှိပါမယ်

ဒါက ပန်း​ဂေါ်ဖီကိုစားမှ အာဟာရဓါတ်ရတာ

မဟုတ်ပါဘူး အသား၊ငါး၊ကြက်ဥ၊ဂျုံနဲ့ 

အခြားအသီးအရွက်​တွေကို မျှမျှတတစား​ပေးခြင်းက ခန္ဓာကိုယ်အတွက်​ကောင်းပါတယ်ဗျ"


"​သြော် အဲဒီလိုလား 

​​နေမ​ကောင်းမဖြစ်ချင်ရင် ငါတို့က 

အာဟာရဓါတ်ပြည့်ဝ​အောင်စားရမယ်​ပေါ့"


"​ဒါ​ကြောင့် စားစရာမရှိလို့ အစာငတ်သွားတဲ့သူ​တွေ နာမကျန်းဖြစ်ပြီး သေကြတာကိုး"


လူအများအပြားက ပန်းဂေါ်ဖီ၏ ထူးခြားသည့် 

ပုံစံနှင့် ရှောင်ယွမ်၏ရှင်းပြချက်များကြောင့် စိတ်ဝင်စားသွားကြသည်။ တစ်ချို့က တစ်လုံး၊ နှစ်လုံး စတင်ဝယ်ယူလာကြသည်။


"ကျွန်တော့်ကို ဒါဆို ပန်းဂေါ်ဖီတစ်လုံးပေးပါ 

ကောလေး​ရေ စမ်းပြီး ချက်စားကြည့်ဦးမယ်" ဦးလေးကြီးတစ်ယောက်က ပြောလိုက်သည်။


"ကျွန်မကိုလည်း တစ်လုံးပေးပါ

ဘယ်လိုအရသာရှိမလဲ သိချင်လို့"

အဒေါ်ကြီးတစ်ယောက်က ထပ်မှာသည်။


မကြာမီတွင် ပန်းဂေါ်ဖီများလည်း ကုန်သွားတော့သည်။ မြေပဲများကိုလည်း ဆီကြိတ်၍သုံးလို့ရ​ကြောင်း၊​လှော်စား၊ပြုတ်စားလို့လည်းရ​ကြောင်း ရှင်းပြလိုက်ရာ အားလုံးကုန်သွားခဲ့သည်။ 


ရှောင်ယွမ်နှင့် လုဖုန်းတို့က တစ်နေ့တာလုံး၏ 

ရောင်းရငွေတွေကို ရေတွက်ကြည့်လိုက်ရာ တော်တော်လေး များနေသည်ကို တွေ့ရသည်။ 

ယနေ့ရောင်းအားက အရင်ရက်ကထက် ပိုကောင်း​နေ​​သောကြောင့် သူတို့နှစ်ယောက်လုံး အလွန်ကျေနပ်နေခဲ့ကြသည်။


"ဒီပန်းဂေါ်ဖီတွေက တကယ်ကို အသုံးဝင်တာပဲ" 

လုဖုန်းက ပြုံးရင်း ပြောသည်။ 


"မင်းရဲ့ နေရာလွတ်က တကယ်ပဲ 

အံ့သြဖို့ကောင်းတယ်"


"ဟုတ်တယ်

အခုတော့ ခန်ကုတင်ဆောက်ဖို့ 

ပိုက်ဆံ နည်းနည်း ပိုစုမိပြီ" 


ရှောင်ယွမ်လည်း ပျော်ရွှင်စွာ ပြောလိုက်သည်။