အခန်း(၂၅)
Viewers 4k

အခန်း (၂၅)


"ဟော့ပေါ့ ဟုတ်လား အဲ့ဒါ ဘာလဲ" 

စားဖိုမှူးကြီး မျက်မှောင်ကြုတ်သွားသည်။


"ဟော့ပေါ့ဆိုတာက အိုးပူပူထဲမှာ အရိုးပြုတ်ရည်နဲ့ အရသာအနှစ် ထည့်ပြီးတော့ ကိုယ်စားချင်တဲ့ အသား၊ အသီးအရွက် ၊ မှို၊ ပင်လယ်စာအစုံအလင်ကို အဲ့ဒီဟင်းရည်ထဲမှာ နှစ်ပြီး စားကြတာမျိုးပါ

စားဖိုမှူးကြီးဆီမှာ ရှိတဲ့ ဟင်းခတ်ပစ္စည်းတွေနဲ့ ငရုတ်သီးလေး နည်းနည်း ထည့်ပြီး ဟင်းရည်ကို ပိုမို အရသာရှိအောင် လုပ်လို့ရပါတယ်" 


ရှောင်ယွမ်က ​ဟော့​ပေါ့လုပ်နည်းအား 

သူသိသလောက်နှင့် သူစားဖူးသည့် ခံစားချက်အရ အရသာသာအား ပုံ​ပေါ်​အောင် ရှင်းပြ​ပေးသည်။ 


"ပြီးတော့ စားတဲ့အခါမှာလည်း ကိုယ်စားချင်တဲ့ အသားအမျိုးအစား၊ ငါးအမျိုးအစား၊ 

ပြီးတော့ အခု ကျွန်တော်တို့ဆီမှာ ရှိတဲ့ 

ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည် စတဲ့ 

အသီးအရွက်မျိုးစုံကို လှီးဖြတ်ပြီး ဘေးမှာ ပြင်ဆင်ထားလို့ရတယ် ပြီးရင် အဲ့ဒါတွေကို ပူပူနွေးနွေး ဟင်းရည်ထဲမှာ နှစ်ပြီး စားလို့ရတယ်"


"ဒါက လူစုလူဝေးနဲ့ စားလို့ကောင်းတဲ့ 

အစားအစာတစ်မျိုးပါ 

မကြာမီလာ​တော့မယ့် ​ဆောင်းရာသီလို 

အေးတဲ့ရာသီမျိုးမှာ စားရင်တော့ အရမ်းကို အဆင်ပြေပါတယ်"


"ကျွန်တော် ကိုယ်တိုင်တော့ ဟော့ပေါ့ကို တိတိကျကျ ဘယ်လိုချက်ရမယ်ဆိုတာ 

အသေးစိတ် မသိသေးဘူး ဒါပေမယ့် 

ဘယ်လိုစားရလဲဆိုတာပဲ သိတယ်"


ရှောင်ယွမ်က ရိုးရိုးသားသား ဝန်ခံလိုက်သည်။ 


စားဖိုမှူးကြီး မျက်လုံးတွေ 

အရောင်တောက်လာသည်။ 


"စိတ်ဝင်စားစရာပဲ! 

မင်းပြောတဲ့ ဟော့ပေါ့ကို 

ငါ စမ်းပြီး ဖန်တီးကြည့်မယ် 

ပြီးရင် မင်းရဲ့ ငရုတ်သီးတွေက 

ငါ့ဆိုင်မှာ အဓိက ဟင်းခတ်ပစ္စည်း 

ဖြစ်လာမှာ သေချာတယ်"

စားဖိုမှူးကြီးက ငရုတ်သီးတွေ အများကြီး မှာယူပြီးနောက် ကျေးဇူးတင်စကား ပြောကာ ပြန်သွားသည်။ 


ရှောင်ယွမ်နှင့် လုဖုန်းတို့လည်း သူတို့၏ အသီးအနှံအားလုံး ကုန်သွားတာကြောင့် ပိုက်ဆံတွေကို ရေတွက်ပြီး အိမ်အပြန် လမ်းကို စတင်ခဲ့ကြသည်။


"လုဖုန်း ကျွန်​တော်တို့ ၁၀လျန် နီပါးရတယ် 

ဒါ​တောင် နွားဝယ်လိုက်တဲ့ ၁လျန်ကို 

ဒီ​နေ့​​ရောင်းရတဲ့အထဲက နှုတ်ထားလို့

ဒီတိုင်းဆိုရင် ကျွန်​တော်တို့ ချမ်းသာ​တော့မယ်ဗျ"


​ရှောင်ယွမ်က စိတ်လှုပ်ရှားစွာဖြင့် လုဖုန်းအား​ မော့ကြည့်ကာ​ပြော​လေသည်။ 


"ဟုတ်တယ် ကိုယ်တို့အိမ်​ဆောက်နိုင်တဲ့အခါ

အိမ်မှာ အ​မေ့ကို ​ခေါ်ထားကြရ​အောင်

က​လေး​တွေနဲ့ဆို​တော့ အ​မေလည်း အ​ဖော်ရတယ်"


"ဟုတ်ပြီ ကျွန်​​တော်လည်း အဲဒီလို​တွေးထားတာဗျ"


သူတို့၏ အဓိက​ငွေအရင်းအမြစ်မှာ ချန်းမိသားစုစား​သောက်ဆိုင်ဖြစ်သည်။ ထို့​ကြောင့် သူကလည်း ဟင်းပွဲများ၏ လုပ်နည်းကိုသာ သူသိသ​လောက်​ပြောပြ​ပေးခဲ့ပြီး ပိုက်ဆံလက်မခံခဲ့​ချေ။ သူသိထားသည့် ဟင်းပွဲများစွာရှိ​​သော်လည်း ဤ​ခေတ်၏ဟင်းခတ်အ​မွှေးအကြိုက်မပြည့်စုံမှု​ကြောင့် ချက်ပြုတ်ရန်မှာ အခက်​တွေ့​နေသည်။ အ​ခြေအ​နေအားသုံးသပ်ပြီး​နောက် လွယ်ကူရိုးရှင်းပြီး အရသာရှိသည့် ဟင်းခွက်များကိုသာ ​ပြောပြခဲ့​သည်။


ညနေစောင်းနေပြီဖြစ်ရာ နေမင်းက တောအုပ်၏နောက်ဘက်သို့ ဝင်ရောက်နေပြီဖြစ်သည်။ တောလမ်းလေးက ငြိမ်သက်သာယာပြီး လေအေးအေးလေးက သာယာစွာ တိုက်ခတ်နေသည်။ နွားလှည်းလေးက တဖြည်းဖြည်းချင်း လှိမ့်ပြီး သွားနေသည်။ လုဖုန်းက နွားလှည်းကို မောင်းရင်း ရှောင်ယွမ်ကို ခဏခဏ လှည့်ကြည့်နေသည်။


"ရှောင်ယွမ်

မင်းက တကယ်ကို အံ့သြစရာကောင်းတယ်" 


လုဖုန်းက ရုတ်တရက် ပြောလိုက်သည်။

ရှောင်ယွမ် နားရွက်ဖျားလေးတွေ နီရဲသွားသည်။ 


"ဘာ...ဘာကိုလဲ"


"အရာရာကို သိနေတယ်...လူကဲခတ်တတ်တယ်

ထူးခြားတဲ့ မင်းရဲ့ နေရာလွတ်ရယ်

ပြီးတော့ ဒီလို စီးပွားရေး လုပ်တတ်တာတွေရယ်" 


လုဖုန်းက နွားလှည်းကို ဆက်မောင်းရင်း ပြောသည်။ သူ့အသံက ချစ်ခင်မှုတွေ ပြည့်နေသည်။ 


"ကိုယ့်ဘဝမှာ မင်းလိုလူမျိုး တစ်ခါမှ မတွေ့ဖူးဘူး မင်းကို ပိုင်ဆိုင်ရတာ တကယ်ပဲ ဂုဏ်ယူတယ်

ကိုယ်မင်းကို ပိုင်ဆိုင်ရဖို့ အရင်ဘဝက 

​ကောင်းမှုကုသိုလ်အများကြီး လုပ်ခဲ့တာဖြစ်ရမယ်"


ရှောင်ယွမ် နှလုံးသားက နွေးထွေးလာသည်။ လုဖုန်း၏ စကားများက သူ့ကို လုံခြုံစေသည်။


"မင်းနဲ့အတူရှိနေရင် အရာရာက ဖြစ်နိုင်တယ်လို့ 

ငါ ခံစားရတယ် ရှောင်ယွမ်" 


လုဖုန်းက ရှောင်ယွမ်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။


 "ငါ မင်းကို ဘယ်တော့မှ စိတ်မပျက်စေရဘူး

ငါ့ဘဝတစ်ခုလုံး မင်းကိုပဲ မြတ်နိုးပြီး အလိုလိုက်သွားမယ် ဘယ်အရာကမှ မင်းကို ထိခိုက်အောင် မလုပ်စေရဘူး ဘယ်သူ့ကိုမှ မင်းကို အနိုင်ကျင့်ခွင့် မပေးဘူး"


လုဖုန်း၏ခိုင်မာသည့် အပြောအဆိုများကြောင့် ရှောင်ယွမ် မျက်ရည်ဝဲမိသည်။ ဒီလို​ခေတ်မှာ သူ့လို ထူးဆန်းသည့်သူတစ်ယောက်ကို လက်ခံပြီး မြတ်နိုးပေးသည့် လုဖုန်းလိုလူမျိုးနှင့် တွေ့ရသည်က သူကိုယ်တိုင်လည်း တကယ်ကို ကံကောင်းခြင်းဖြစ်သည်။ နွားလှည်းလေးက ညနေခင်း၏ တိတ်ဆိတ်သည့် တောလမ်းတစ်လျှောက် ဆက်လက် ခရီးနှင်နေသည်။ 


အ​မေလင်းအိမ်သို့ရောက်သည့်အခါ ကလေးနှစ်ယောက်က ပြေးထွက်လာကြသည်။


"အစ်ကိုယွမ်! အစ်ကိုလုဖုန်း!" 


ရှောင်ပိုင်လေးက တီတီတာတာ အော်ခေါ်သည်။


"အစ်ကိုတို့ ပြန်လာကြပြီလား

အား နွားလှည်းကြီးနဲ့ပါ့​ရော 

အစ်ကိုတို့ ဝယ်လာတာလား"


လင်းဟန်ကလည်း အံ့အားသင့်စွာပြောသည်။


"အင်း ဝယ်လာတာ"


လင်းဟန်၏အ​မေးကို လုဖုန်းကပြန်​ဖြေ​ပေးလိုက်သည်။ လင်းဟန်ကနွား​လေးအားကိုင်ကြည့်လိုက် နွားလှည်းအား လှည့်ပတ်ကြည့်လိုက်နှင့် လုပ်​နေခဲ့သည်။


"ဒီနေ့ပျော်ရဲ့လား ကလေးတို့" 


ရှောင်ယွမ် မေးလိုက်သည်။


"ပျော်တယ် အစ်ကိုယွမ်!"  


"​ဘေးအိမ်ကမှာ​ က​လေးတစ်​ယောက်ရှိတယ် 

အဲဒီက​လေး​လေးနဲ့ သားသူငယ်ချင်းဖြစ်သွားပြီ ​သူက သားထက် တစ်နှစ်ကြီးတယ် ၅ နှစ်တဲ့!" 


ရှောင်ပိုင်လေးက မျက်လုံးလေးတွေ 

ဝိုင်းပြီး ပြောပြသည်။


နွားကြည့်​နေရင်းမှ လင်းဟန်ကလည်း 

ဝင်​ပြော​​လေသည်။


"ဟုတ်တယ် အစ်ကိုယွမ်

အန်တီလင်းရဲ့ဘေးအိမ်မှာ ဖုကျောင်းတို့မိသားစု 

ရှိတယ် ဖုကျောင်းကလည်း ကျွန်တော့်အရွယ်လောက်ပဲ သူနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်သွားပြီ

ကျွန်တော်တို့ ကြက်စာပင်တွေ သွားခုတ်ကြတယ်

ဖုကျောင်းက တော်တော် တော်တယ်" 


ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့၏တစ်နေ့တာ အတွေ့အကြုံလေးတွေကို တီတီတာတာ ပြောပြနေကြသည့်အခါ ရှောင်ယွမ်နှင့် လုဖုန်းတို့လည်း ပီတိဖြစ်ရသည်။ 


ဤကဲ့သို့ ပျော်ရွှင်သည့်မိသားစုဘဝလေးက တကယ်ကို တန်ဖိုးရှိလှသည်။ သူတို့၏ အနာဂတ်က တောက်ပနေပြီဆိုတာ သူတို့နှစ်ဦးသား သိနေခဲ့ကြသည်။


အိမ်ပြန်​ရောက်သည့်အခါ လုဖုန်းက ​

ဟော့​ပေါ့အား စိတ်ဝင်စား​နေခဲ့သည်။


"အဲ့ဒီ ဟင်းရည်ထဲမှာ ဘာတွေပါတာလဲ" 

လုဖုန်းက စိတ်ဝင်တစား မေးလာသည်။


"ဟင်းရည်ကတော့ ကိုယ်ကြိုက်တဲ့ 

ဟင်းရည်မျိုးစုံ လုပ်လို့ရတယ် 

အသားပြုတ်ရည် ဒါမှမဟုတ် 

အသီးအရွက်ပြုတ်ရည် ပုံစံမျိုးပေါ့ 

ပြီးရင် အထဲမှာ ငရုတ်သီးအစပ်လေး နည်းနည်းထည့်လိုက်ရင်တော့ ပိုပြီး စပ်စပ်လေးနဲ့ 

အရသာရှိတာပေါ့ အခု ကျွန်တော်တို့မှာ

ငရုတ်သီးတွေလည်း ရှိလာပြီဆိုတော့ အရမ်းကို အဆင်ပြေသွားပြီ" 


ရှောင်ယွမ်က မျက်လုံးလေးတွေ 

မှိတ်သည်အထိ ပြုံးကာ ပြောလိုက်သည်။


"အင်း တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ"


"ကျွန်​တော်တို့ အချိန်ရတဲ့အခါ 

စမ်းကြည့်ရင်တော့ လုပ်လို့ရလောက်မယ်ထင်တယ်"


လင်းဟန်နှင့် ရှောင်ပိုင်လေးကလည်း 

ဟော့ပေါ့ဆိုတာကို နားမလည်​​​သော်ငြား

"အသားတွေ၊ အသီးအရွက်တွေ 

အများကြီးစားရမယ်" ဆိုတာကို နားလည်သွားပုံရပြီး မျက်လုံးလေးတွေ ဝင်းနေကြသည်။