အပိုင်း ၃
Viewers 12k

Chapter 3


တိုက်ရိုက်လှူဒါန်းသည့်နည်းကိုသာသုံးဖို့ ဆုံးဖြတ်လိုက်ပြီး မှတ်ပုံတင်သည့်နေရာသို့ထသွားလိုက်သည်။

ချူယင်း၏ နောက်​ကျောကို ချက်ချင်းပင် သူမ သတိပြုမိသွားသည်။


သူက မှတ်ပုံတင်သည့်ကောင်တာတွင် တစ်ခုခုအတွက် လက်မှတ်ထိုးနေပုံရသည်။


ကောင်းကင်ဘုံကတောင် သူမကို ကူညီပေးနေတာပဲ။


အချိန်အကြာကြီး ထိုင်နေရတာကြောင့် ခြေဖနောင့်က သိပ်မနာတော့ချေ။ သူမသည် ထိုလူနောက်သို့ အလျင်အမြန်သွားကာ နှစ်ခါပင်မစဥ်းစားဘဲ ထိုလူဖြည့်နေသည့်ဖောင်ကို ချောင်းကြည့်လိုက်သည်။


ချူယင်း (ချူလင်းယုန်)


[ T/N- ဒီနေရာမှာ ချူယင်းရဲ့ ' 鹰 - ယင်း 'က လင်းယုန်လို့အဓိပ္ပါယ်ရပါတယ် ]


'ကောင်းပြီ၊ ဒီလူရဲ့သူ့နာမည်ကတောင် အတော်လေးကို ခွန်အားကြီးတာပဲ။'


ကျေနပ်မှုအပြည့်ဖြင့် သူမ မော့ကြည့်လိုက်တော့ ချူယင်း၏ အကြည့်တွေနှင့်စုံလိုက်ရသည် ။


သူမ ပြုံးလိုက်သည့်အခါ သူမ၏မျက်လုံးလေးများသည် လခြမ်းကွေးသဏ္ဍာန်ဖြင့်တူပြီး၊ သူမရဲ့ နှုတ်ခမ်းနီရဲရဲနောက်တွင် သွားလေးများသည်လည်း ဖြူဖွေးနေသည်။


"ဟိုင်း ကျွန်မတို့ပြန်တွေ့ကြပြီနော်"


ချူယင်းက ဘောပင်ကိုချလိုက်ပြီး ဘေးကပ်ရပ်လိုက်သည်။


 “ဟုတ်လား။”


 ထို့နောက် လှည့်၍ ထွက်ခွာရန် ပြင်လိုက်သည်။


စုယိသည် လက်တစ်ဖက်ကို ထပ်မံ၍ ဆန့်ထုတ်လိုက်ပြန်သည် - ဒီတစ်ကြိမ်တွင်တော့ ထိုလူ၏ လက်မောင်းကို ချက်ခြင်းပင် ဖမ်းကိုင်ပစ်လိုက်သည်။


'ဒီလူရဲ့လက်က ဘာလို့ဒီလောက်တောင် မာနေရတာလဲ။'


သူမက ပြုံးပြီး “စောစောက ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်”


ချူယင်း၏ အကြည့်က သူ့လက်ပေါ်တွင် ငြိမ်ကျသွားပြီး "မင်း ကျုပ်ကို စောနက ကျေးဇူးတင်ပြီးသားပါ"


 “ရှင့်ကို ကျေးဇူးတင်လိုက်တာက သိပ်မလုံလောက်လိုက်ဘူး” စုယိက ဆက်ပြီးပြုံးပြနေဆဲပင်။


 "အဲ့ဒါက သိပ်ထွေထူးမနေဘူး..ရှင့်ကို ညစာလိုက်ကျွေးပါရစေ"


ချူယင်းသည် နောက်ဆုံးတွင်တော့ သူမ မျက်လုံးကို တည့်တည့်စိုက်ကြည့်လာသည်။


 "မလိုဘူး"


စုယိ "မရပါဘူး ရှင်က ကျွန်မကိုကူညီဖို့လက်ကမ်းပေးတယ် ဒီ့အတွက် ကျွန်မက ရှင့်ကိုထမင်းစားဖို့ဖိတ်တယ်"


ချူယင်းတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ် စကားမပြောနိုင်ဖြစ်သွားသည်။


 "ကျုပ်လုပ်ခဲ့တာဆိုလို့ ကြက်ဥလေးဖမ်းလိုက်တာပါပဲ"


 “အဲ့ဒီဥက ကျွန်မကို ထိသွားရင် ဥနှစ်တွေဖုံးထားတဲ့ ကျွန်မဓာတ်ပုံက မနက်ဖြန် သတင်းမှာ ပေါ်လာလိမ့်မယ် ကျွန်မပရိသတ်တွေက ကျွန်မကို ရုပ်ဆိုးတယ်လို့မြင်ကုန်ကြရင် သူတို့က ကျွန်မနောက်လိုက်နေတာကို ရပ်လိုက်ကြလိမ့်မယ် ဒါရိုက်တာတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက ကျွန်မက မအောင်မြင်မကျော်ကြားနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြရင် ဇာတ်ညွှန်းရတာတွေနည်းပြီး ဝင်ငွေလည်းနည်းသွားနိုင်သေးတယ်”


စုယိသည် တစ်စက်ကလေးမှအဓိပ္ပါယ်မရှိသည့် တော်ကီတစ်စုကို ရှယ်ပလန်ဖြင့် ပစ်ထုတ်လိုက်ပြီးနောက် သိပ်ကိုသနားစရာကောင်းနေသည့် အလင်းရောင်ငယ်လေးအဖြစ် တတ်နိုင်သမျှ အစွမ်းကုန် သရုပ်ဆောင်လိုက်တော့သည်။ 


သူမသာ ဆက်လုပ်နေမယ်ဆိုရင် သူမရဲ့အရည်အချင်းတွေကို လမ်းမတွေပေါ်တတ်ရောင်းလို့ရနေပြီ။


"...ဒါကြောင့် ကျွန်မ ရှင့်ကို ထမင်းလိုက်ကျွေးမှရမယ်"


သူမကလည်း ချူယင်းကို တည့်တည့်ပြန်စိုက်ကြည့်ပေးလိုက်သည်။ မိတ်ကပ်ပညာရှင်က ဒီနေ့မှာ သူမအတွက် ပန်းရောင် eyeshadow ကို သုံးပေးခဲ့သဖြင့် မျက်လုံးရဲ့ နူးညံ့မှုကို ပိုပြီးပေါ်လွင်နေစေသည်။


ချူယင်း"ကျုပ်မှာ အချိန်မရှိဘူး"


သူမ အရှေ့ရှိလူက သစ်သားတုံးလိုလူဖြစ်နေတာ စိတ်မကောင်းစရာပဲ။ သူမကို ငြင်းပယ်လိုက်သည့်ပုံစံကိုက စည်းစနစ်ကျလွန်းသည်။ စာအုပ်ကြီးအတိုင်းပဲ။


စုယိသည် ထိုလူ၏အလျှော့မပေးမည့်ပုံကို မြင်လိုက်ပြီးနောက် သူမလက်ကို လှုပ်ခါပြီး ထွက်သွားမည်ကို ကြောက်တာကြောင့် ထိုသူရဲ့ လက်ကို သူမ ပိုပြီးတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။


 "ဒါဆို ကျွန်မကို ရှင့်ရဲ့ဖုန်းနံပါတ်ပေးလိုက်လေ...ကျွန်မတို့ ရှင့်ရဲ့အားလပ်ချိန်ကို အချိန်ပေးပြီး ရှာလို့ရတယ်"


ချူယင်းသည် စစ်တပ်ထဲတွင် နှစ်အတော်ကြာနေခဲ့ပြီး အချိုးမပြေသည့်ယောက်ျားလေးအများအပြားဖြင့် ပြောဆိုဆက်ဆံခဲ့ဖူးပြီး ထိုသူတို့အားထိန်းသိမ်းနိုင်ခဲ့သည်။ 


ထိုကဲ့သို့သော အပြုအမူပုံစံမျိုးနဲ့ သူ့ကိုအတင်းဖိအားပေးနိုင်တဲ့လူကို သူပထမဆုံးတွေ့ဖူးတာပင်။ ခဏအကြာတွင်တော့၊ သူ့မျက်ခုံးနှစ်ဖက်ကို စုကြုံ့၍ နံပါတ်တစ်ချို့ကို ရွတ်လိုက်သည်။


စုယိက သူ့ကို အလွယ်တကူလွှတ်မပေးဘူး။ သူမဖုန်းကို လော့ခ်ဖွင့်ပြီး သူပြောခဲ့သည့် နံပါတ်ကို ရိုက်ထည့်လိုက်သည်။


"မင်္ဂလာပါရှင် လူကြီးမင်းခေါ်ဆိုတဲ့ ဖုန်းနံပါတ်မှာ တပ်ဆင်ထားခြင်းမရှိသေးပါ..."


 “……”


မစ္စတာချူသည် အနှစ်တစ်ရာမှာ ပထမဆုံးအကြိမ် လိမ်ညာဖူးခြင်းသာဖြစ်ပြီး တစ်မိနစ်အတွင်းမှာပဲ ချက်ချင်းပေါ်သွားတော့သည်။


စုယိ နှုတ်ခမ်းကို တွန့်ကွေးလိုက်မိသည်။ 


"ချူယင်း ရှင့်ကို တစ်ယောက်ယောက်က ပြောဖူးသလား...ရှင်က ဘယ်လိုလိမ်ရမှန်းမသိဘူးဆိုတာ..."


နောက်ထပ်ရောက်လာသည့်လူများက သူတို့နှစ်ယောက်ကိုလှမ်းကြည့်နေကြတာကိုမြင်လိုက်ရတော့ ချူယင်းသည် သက်ပြင်းအသာချကာ နောက်ထပ် နံပါတ်စဥ်အတန်းလိုက်ကြီးကို ရေရွတ်လိုက်ရသည်။


ဒီတစ်ခါတော့ စုယိက သူ့ကို လွယ်လင့်တကူ လွှတ်ပေးလိုက်ပြီး ကျေနပ်စွာဖြင့် သူမဖုန်းထဲကို ထိုနံပါတ်အားရိုက်ထည့်လိုက်သည်။ 


 "အဆက်အသွယ်မပြတ်စေနဲ့နော်..."


ချူယင်းသည် မျက်ခုံးပင့်ကာ သူမကို တစ်ချက်ကြည့်လိုက်ပြီး နောက် ပြန်မလှည့်ဘဲ ထွက်သွားတော့သည်။


 **


 "ဒီမယ် မိန်းမကြီး ရှင့်ရဲ့ပွဲတော်က မပြီးသေးဘူး ဒါပေမယ့် ရှင့်ရဲ့ Trending ကတော့ထိပ်ရောက်နေပြီ"  


Weibo မှာNFတွေကိုပိုဆွဲကြည့်လေလေ ၀ူရွှယ်ရဲ့ အပြုံးတုကြီးကပိုထင်ရှားလာလေပင်။ 


စုယိသည် မျက်လုံးတွေကို မှိတ်ထားပြီး အန်းရွှမ်က သူမရဲ့ မိတ်ကပ်တွေကိုဖျက်ဖို့ ကူညီပေးနေသည်။ "တစ်ယောက်ယောက်က ငါ့ကို ကြက်ဥနဲ့ပေါက်ချင်နေတာကို ငါက သွားပြီးထိန်းထားပေးလို့ရတာလဲ မဟုတ်"


၀ူရွှယ်သည် စုယိ Weibo post အောက်ရှိ Commentများကို ဒေါသတကြီး ဖျက်ပစ်လိုက်သည်။ 


"ဘာလို့များ ဒီလိုဦးနှောက်ပျက်စီးနေတဲ့ အရူးတွေနဲ့ လာတွေ့နေရတာလဲ"


 "ငါလည်း ဘယ်သိမတုန်း" 


 စုယိက တစ်ခုခုကို တွေးမိသွားသည်။ 


 "ဒါနဲ့...ထူကျင်းလန်က Weibo မှာ post တင်ထားသေးလား"


၀ူရွှယ်က ရှာကြည့်လိုက်သည်။ 


 "မတင်ထားပါဘူး ဘာဖြစ်လို့လဲ"


 စုယိက အသာရယ်မောလိုက်ပြီး-“ဘာမှမဟုတ်ပါဘူး”


၀ူရွှယ် နှင့် အန်းရွှမ် ထွက်သွားပြီးနောက် စုယိသည် ဆိုဖာပေါ်တွင်ခြေပစ်လက်ပစ် လှဲချလိုက်သည်။


သူမသည် WeChat ကိုဖွင့်ပြီး ထိုနာမည်ကိုတွေ့သည်အထိ စခရင်ကို ဆွဲနေလိုက်သည်။


Contact- ချူယင်း (ချူလင်းယုန်)


 ပရိုဖိုင်ပုံက... ကြက်ကလေးတစ်ကောင်ပုံပင်။


ထိုကြက်က ကာတွန်းပုံကြက်မဟုတ်၊ အသက်ရှင်ပြေးလွှားနေသည့် ကြက်တစ်ကောင်ပုံဖြစ်သည်။


 ……


သူမသည် 'add' ကို နှိပ်ပြီးနောက် ဆံပင်ကို စည်းပြီး ရေချိုးရန် ထသွားလိုက်သည်။


ရေးချိုးပြီးပြန်ထွက်လာချိန်တွင် ဖုန်းစခရင်ကိုကြည့်လိုက်တော့ ဘာမက်ဆေ့ချ်မှ မရှိချေ။


ဘာကြောင့်မှန်းတော့ သူမသေချာမသိသော်လည်း အခြားတစ်ဖက်မှာသူသည် မက်ဆေ့ချ်ကို မြင်ပါလျက်နှင့် သူငယ်ချင်းဖြစ်ရန် တောင်းဆိုမှုကို လုံးဝလက်မခံကြောင်း သူမသေချာနေသည်။


သူမ စိတ်ထဲတွင် ချူယင်းရဲ့ အေးစက်စူးရှနေသည့်အကြည့်ကို ဖုန်းထဲမှပင်လှမ်းမြင်နေရသည်ဟု ခံစားနေရသည်။


သူမသည် ကုတင်ပေါ်တွင် ပက်လက်လှန်ပြီး ဖုန်းကိုကိုင်ကာ သူငယ်ချင်းဖြစ်ရန် တောင်းဆိုမှုတစ်ခုကို ထပ်မံပေးပို့လိုက်သည်။


ထပ်ထည့်ရမည့် အကြောင်းအရာနေရာမှာ... သူမသည် အကြောင်းအရာတချို့ကို ခဏကြာစဉ်းစားပြီးနောက် သနားစရာကောင်းအောင် ငိုယိုနေသည့် အီမိုဂျီတစ်ခုကို ထည့်လိုက်သည်။


မိနစ်အနည်းငယ်ကြာပြီးနောက်၊ 'တင်' ဟူသည့် noti သံတစ်ခုဖြင့် Chatအသစ်တစ်ခုသည် သူမ၏ WeChat အင်တာဖေ့စ်၏ထိပ်ဆုံးလိုင်းတွင် ပေါ်လာသည်။


[ချူလင်းယုန်: We’re friends. Send a message to him/her now!]


 [နတ်ဘုရားမစုယိ: \(^o^)/~ ချူယင်း...]


 [ချူလင်းယုန်: 。]


 [နတ်ဘုရားမစုယိ- ရှင်ဘာလုပ်နေတာလဲ]


 [ ချူလင်းယုန်: အလုပ်များနေတယ်]


စုယိသည် ချူယင်းရဲ့ Momentsကိုနှိပ်ပြီး လိုက်ကြည့်နေသဖြင့် စာမပြန်နိုင်သေးပေ။


သူ့ Momentsက သူမကို တားမြစ်ထားလို့ပဲလား၊ ဒါမှမဟုတ် သူ့ Moments မှာ တကယ်မတင်တာပဲလား မသိနိုင်ပေမယ့်လည်း သူ့ထဲတွင် အပ်ဒိတ်တစ်ခုနှင့် ဓာတ်ပုံနှစ်ပုံသာရှိပေသည်။ 


ထိုပုံတွေထဲက တစ်ခုက ဟက်စကီး တစ်ကောင် ကင်မရာရှေ့မှာ ရွှဲရွှဲစိုနေသည့်လျှာကိုထုတ်ပြနေသည့်ပုံပင်။ ထိုပုံထဲတွင် ဟက်စကီးရဲ့မျက်နှာပေါ်တွင် လက်ဖ၀ါးကြီးတစ်ဖက်ပါနေသေးသည်၊ လက်က ကြီးမား တောင့်တင်းပြီး လူတွေကို ကြည့်ရုံလေးနဲ့တင် လုံခြုံမှုအပြည့် ပေးစွမ်းနိုင်သည်။


စုယိသည် သူမ၏ခေါင်းကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ထိုဓာတ်ပုံကို သူမဖုန်းထဲသို့ saveကာ ချူယင်းနှင့် Chat ခန်း၏ နောက်ခံပုံအဖြစ် အသုံးပြုလိုက်သည်။


ထိုအရာတွေကို ဆက်တိုက်လုပ်ပြီးနောက် သူမသည် ချူယင်းရဲ့ chat conversationကို ကျေနပ်စွာ ပိတ်လိုက်သည်။


 [ နတ်ဘုရားမစုယိ- ငါ ဒီနေ့ကစပြီး Dateတော့မယ်လို့ တစ်ဖက်သတ် အတိအလင်းကြေငြာလိုက်တယ် ]


 [ ၀ူရွှယ်: တစ်ဖက်သတ်က ဘာကိုဆိုလိုတာလဲ]


 [ နတ်ဘုရားမစုယိ- ငါလိုက်ဖမ်းဖို့ ရည်ရွယ်ထားတဲ့လူက လွယ်လွယ်နဲ့ ဖမ်းမိမယ့်ပုံမပေါ်ဘူး ]


 [ ၀ူရွှယ်: အိုး...ဓာတ်ပုံတစ်ပုံလောက် မျှဝေလိုက်စမ်း...]


စုယိသည် ဟက်စကီးခေါင်းပေါ် လက်တင်ထားသည့်ပုံကိုပို့ပေးလိုက်သည်။


 [ ၀ူရွှယ်: ……… နင် ခွေးတောင် မချန်တော့ဘူးလား ]


 [ နတ်ဘုရားမစုယိ- ငါ့သံလက်သီးကိုစားလိုက်...jpg ]


He's Mine Chapter-3

Zack Z.U.February 06, 2023

He’s Mine, No Objections Allowed!


Chapter 3


အခန်း-၃။ လူရွေးပွဲ...။


ဒီနေ့ကအတော်လေးကိုပူပြင်းတဲ့ နွေရာသီ နေ့တစ်နေ့ ဖြစ်သည်။ လေအေးပေးစက်မရှိ၊ အစားအသောက်ဆိုင်များ၏ မျက်နှာကျက်မှ ပန်ကာအနည်းငယ်ကသာ တတ်နိုင်သလောက်အားဖြင့်လည်ပတ်နေကြသည်။


အပြင်ဘက်ရှိသစ်သားစားပွဲ၀ိုင်းတွင် လူနှစ်ယောက်ထိုင်နေကြသည်။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က ကျယ်လောင်ပြီး အထိန်းအကွပ်မရှိသော အသံရှိသဖြင့် အထဲမှာ ထိုင်နေသူများသည် သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားနေကြရသည်။


လျှိုရှီးသည် ချူယင်း၏ ပခုံးကို သူ့လက်မောင်းဖြင့် သိုင်းဖတ်ကာ ရယ်မောလိုက်သည်။


"မင်းရဲ့ဒီဝတ်စုံက- တကယ်ကြီး မင်းကို မယုံနိုင်လောက်အောင် ချောမောတဲ့ပုံပေါက်သွားစေတာပဲ..."


ချူယင်းက ရယ်မောကာ ကြိမ်းမောင်းလိုက်သည်။  


"လစ်လိုက်စမ်း..."


လျှိုရှီးသည် သူ့ဖန်ခွက်ထဲသို့ အရက်ထပ်ဖြည့်လိုက်သည်။


"ဟင်း...အချိန်တောင်အတော်ကြာသွားခဲ့ပြီပဲ...မင်းတပ်ထဲကထွက်သွားခဲ့ပြီမှန်း စောစောကသိခဲ့ရင် မင်းနဲ့သောက်ဖို့အတွက် ငါမြန်မြန်ပြန်လာခဲ့ပါတယ်ကွာ"


ချူယင်းသည် အသက်တစ်ချက်သာရှိုက်လိုက်ပြီး ဘာမှမပြောပေ။


သူတို့နှစ်ယောက်က အတူတူကြီးပြင်းလာကြသူတွေပင်။ ချူယင်းက စစ်တပ်ထဲ၀င်သွားခဲ့ပြီး လျှိုရှီးက စီးပွားရေးလောကထဲတွင်လုပ်ငန်းစတင်ပြီးနောက် သူတို့ရဲ့ ပြောဆိုဆက်ဆံမှုတွေ နည်းပါးသွားခဲ့သော်လည်း သူတို့၏ ခင်မင်ရင်းနှီးမှုမှာတော့ အရင်လိုထင်ကျန်နေဆဲဖြစ်သည်။


 “တင်-”


ပြတ်သားကြည်လင်သည့် ဖုန်းnotiသံတစ်ခု ထွက်ပေါ်လာသည်။


လျှိုရှီးကအံ့အားသင့်နေဟန်ဖြင့်"ယင်းဇီ...မင်းရဲ့ဖုန်းက ဘာလို့အခုထိမြည်နေသေးတာလဲ...အဲ့ဒါက တစ်ညလုံးနီးပါးရှိနေပြီနော်" 


ချူယင်းသည် သူ့ဖုန်းကိုထုတ်ကာ တစ်ချက်ကြည့်လိုက်သည်။ သေချာပေါက်ကို ထိုဟာက စုယိဆီက အရေးမကြီးတဲ့ မက်ဆေ့ချ်တစ်ချို့ပင်။ သူ့ဖုန်းကိုအမြန်ပြန်မသိမ်းနိုင်လိုက်သည့်အတွက် လျှိုရှီးထံမှ အာမေဋိတ်သံတစ်ခု(!) ထုတ်လွှတ်လာသည်ကိုလက်ခံလိုက်ရသည်။


 "နတ်ဘုရားမစုယိ"  


လျှိုရှီးသည် ထိတ်လန့်မှုကြောင့် ခေတ္တ ရပ်တန့်မိသွားသည်။  


"အဲဒီနာမည်ကြီးအမျိုးသမီးသရုပ်ဆောင်လား"


ချူယင်းက ဘာမှ ပြန်မဖြေဘဲ သူ့ဘာသာသူပဲ သောက်နေလိုက်သည်။


 "ဟုတ်တယ်မလား"


လျှိုရှီးသည် သူ၏ သိပ်မထူးခြားသည့်သဘောထားကို ကြည့်ပြီးအပြုံးကြီးကြီးပြုံးလိုက်သည်။


"ဟေး...သူမရဲ့ ဖုန်းနံပါတ်ရှိရင် ငါ့ကိုပေးပါလား ငါ သူ့ကို ကြိုက်နေတာအတော်ကြာပြီ"


သူကစကားပြောနေရင်း သူ့ဖုန်းကိုဖွင့်ကာ သူ့အယ်လ်ဘမ်မှ ဓာတ်ပုံတစ်ပုံကိုနှိပ်လိုက်သည်။ ထိုပုံက စုယိရဲ့ Weibo ပရိုဖိုင်ပုံပင်။ သူမသည် သူမနှင့်အရမ်းကိုလိုက်ဖက်သည့် ဝတ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ နှုတ်ခမ်းနီနီလေးကို အနည်းငယ် ဟထားကာ သူမ၏ မျက်လုံးအကြည့်လေးသည်လည်း တစ်ချိန်တည်းတွင် လှပပြီး ဆွဲဆောင်မှုရှိနေသည်။ 


"သေလိုက်စမ်းပါကွာ...လေလံပွဲတုန်းက သူနဲ့စကားသွားပြောဖို့ စိတ်ကူးထားပေမယ့် အဖေက ငါ့ကိုအတင်းချုပ်ထားခဲ့တယ်လေ"


ချူယင်းသည် ခေါင်းငုံ့ကာ လျှိုရှီး၏ လက်ကိုင်ဖုန်းပေါ်ရှိ ဓာတ်ပုံကို တစ်ခဏမျှ လှမ်းကြည့်လိုက်ပြီးနောက် အကြည့်ပြန်လွှဲလိုက်သည်။


သူသည် ခေါင်းပြန်ထောင်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ ခွေးကို ပုတ်နေသကဲ့သို့ လျှိုရှီး၏ခေါင်းကို လက်ဖြင့် ပုတ်လိုက်သည်။


"ကောင်မလေးရဖို့အတွက် မင်းအဖေရဲ့အကူအညီကိုလိုနေတဲ့ အရွယ်ကို ကျော်သွားခဲ့ပြီနော်"


ချူယင်း အတော်ဝေးဝေးလောက်ကိုရောက်သည့်အချိန်မှသာ လျှိုရှီးသည် ပြန်လည်အသိစိတ်၀င်လာပြီး ဒေါသတကြီးဖြင့် အော်ဟစ်တော့သည်။ 


"မင်း ဖုန်းနံပါတ်ကိုမပေးချင်ရင်လည်း ပေးစရာ မလိုပါဘူး...မင်း ငါ့ရဲ့ကိုယ်ရေးကိုယ်တာကို တိုက်ခိုက်စရာလိုလို့လား..."


 **


 ' ___________________________________________


___________________________________________