အပိုင်း ၄
Viewers 12k

Chapter 4


"မင်း ဖုန်းနံပါတ်ကိုမပေးချင်ရင်လည်း ပေးစရာ မလိုပါဘူး...မင်း ငါ့ရဲ့ကိုယ်ရေးကိုယ်တာကို တိုက်ခိုက်စရာလိုလို့လား..."


 **

လျှို့၀ှက်နက်ရှိုင်းသော' ရဲ့လူရွေးပွဲအခန်းအပြင်ဘက်တွင်။


စုယိက သူမလက်ထဲက ဇာတ်ညွှန်းကို ကြည့်ရင်း အသက်ရှုသံတွေ ထွက်လာသည်။ အနီးကပ်နားထောင်ကြည့်ပါက စာကြောင်းများရွတ်ဆိုနေသံကို ကြားနိုင်ပေသည်။


သူမ၏ အသံထွက်သည် ကြည်လင်ပြတ်သားပြီး လိုင်းများကို စည်းချက်ညီညီဖြင့် ရွတ်ဖတ်နေသည်။ သူမဘေးမှာထိုင်နေတဲ့ ၀ူရွှယ်က ကောင်းကင်ဘုံကတောင် သူမကို မင်းသမီးဖြစ်စေချင်တယ်ဆိုသည့် ခံစားချက်ပြင်းပြင်းဖြင့် သက်ပြင်းမချဘဲမနေနိုင်ချေ။


စုယိက ဒီကိစ္စနဲ့ ပတ်သက်လို့ ပရော်ဖက်ရှင်နယ်ကျကျ မည်သည့်လေ့ကျင့်မှုမျှ မရှိခဲ့ပေမယ့် သူမရဲ့ ဇာတ်ညွှန်းတွေကို ဖတ်ရှုနိုင်စွမ်းက တခြားသောအမျိုးသမီးသရုပ်ဆောင် အများစုကို ဖြိုခွဲပစ်နိုင်သည်။ သူမအတွက် အမှောင်ထဲမှ လက်မည်းအကွက်များ မလိုအပ်ပေ။


ဇာတ်ညွှန်းကို တစ်ကြိမ်ထပ်မံဖတ်ပြီးနောက် စုယိသည် သူမ၏ ဖုန်းကို တစ်ဖန်ထုတ်ယူလိုက်ပြန်သည်။


သေချာပေါက်ပင်၊ Replyဘာညာရှိမနေပေမယ့် သူမရဲ့မျက်နှာထက်တွင် စိတ်ပျက်နေသည့်ပုံတစ်ကွပ်မျှပင်ရှိမနေချေ။ ထိုအစား သူမ နှုတ်ခမ်းကို အနည်းငယ် ကွေးညွှတ်လိုက်ပြီး ချူယင်း ထံသို့ နောက်ထပ် မက်ဆေ့ချ်တစ်ခု ပေးပို့လိုက်သည်။


ထိုကိစ္စတွေလုပ်ပြီးသွားတဲ့အခါမှာတော့ Weibo ကိုဖွင့်ပြီး ခေတ်စားနေတဲ့အကြောင်းအရာတွေကို ကြည့်ရှုနေလိုက်သည်။ ထို့နောက်တွင် ကြက်ဥဖြင့် ပစ်ပေါက်ခံရသည့်သတင်း ပျောက်ကွယ်နေကြောင်း သူမ သတိထားမိသွားသည်။


ဒီသတင်းက သူမကို ကြက်ဥနဲ့ ပစ်သည့်ကြောင်းက အဓိကအကြောင်းအရင်း မဟုတ်ဘဲ အတော်လေးကို ရယ်စရာ အကြောင်းအရာတစ်ခုသာဖြစ်ပျက်သွားခဲ့သည်။ ထိုဟာက ချူယင်းကို လူများက ပိုမိုစိတ်ဝင်စားလာကြခြင်းပင်။ ဆောင်းပါးအများစုတွင် သူကြက်ဥကို ဖမ်းလိုက်သည့်ဓာတ်ပုံကိုအဓိကထားခဲ့ကြပြီး မီဒီယာတွေရဲ့ မျက်လုံးကိုအတော်လေးဆွဲဆောင်သွားနိုင်ခဲ့သည်။


ဟီးရိုးတစ်ယောက်က အလှလေးကိုကယ်တင်တဲ့သီတင်းက အပြေးအလွှားရောက်လာတဲ့ ဖရဲသီးစားသူတွေအတွက်တော့ အတော်လေးစိတ်၀င်စားစရာကောင်းပြီး အထူးသဖြင့် ဟီးရိုးက အရမ်းကြီးမိမိုက်ချောမောနေရင် လုံး၀ကိုသတင်းကြီးဖြစ်သွားတော့တာပင်။ 


အောက်မှာရှိတဲ့ commentအများစုသည် ထိုယောက်ျားလေး၏ အမည်နှင့်အချက်အလတ်များကို မေးမြန်းထားကြတာတွေပင်။ 


သူမသည် search barကိုဖွင့်ကာ 'စုယိ ကြက်ဥဖြင့်အပစ်ခံရခြင်း'ဟုရိုက်ကာရှာဖွေလိုက်သည်။


ဆက်စပ်နေသောသီတင်းများ "0"


 ???


 သူမသည် ၀ူရွှယ်ကိုအံ့ဩမှုအပြည့်ဖြင့်ကြည့်လိုက်ပြီး-"နင့်ရဲ့ PR Teamက ချက်ချင်းကြီး လုပ်နိုင်စွမ်းတွေက မိုက်သွားပါလား ရွှယ်ရွှယ်လေး"


၀ူရွှယ်သည် သူမ​ရဲ့ ခေါင်း မဟုတ် အမြီးမဟုတ် စကားကိုဆိုလိုရင်းမထုတ်နိုင်ခဲ့ပေ။


“PR Team ဟုတ်လား နင်ဘာတွေလုပ်ထားပြန်ပြီလဲ”


 "...မလုပ်ပါဘူး ငါက ကြက်ဥမတော်တဆကိစ္စနဲ့ ပတ်သက်ပြီး ပြောနေတာ"


၀ူရွှယ်က 'အိုး' ဟု ပြန်ပြောလိုက်ပြီး- "ငါလည်း သတိထားမိတယ်...ဒါပေမယ့် အဲ့ဒါက ငါ လုပ်တာမဟုတ်ဘူး"


 စုယိက မျက်ခုံးပင့်လိုက်သည်။  


"ဒါဆို ဘယ်သူလဲ"


“ဓာတ်ပုံထဲပါနေတဲ့သူတစ်ယောက်ယောက်ကလွဲလို့ ဘယ်သူဖြစ်နိုင်လို့လဲ...ကျစ်...ဒါပေမယ့် အတော်လေးကို အထင်ကြီးစရာကောင်းတယ်ရယ် ဒီထဲမှာဆက်စပ်နေတဲ့Topicလေးတစ်ခုတောင် မကျန်ခဲ့ဘူး သူဘယ်PR Team ကိုများတွေ့ထားလဲလို့ ငါတကယ်ကို မေးချင်မိတယ်” 


၀ူရွှယ်ကပြောပြီးသွားသည်နှင့် သူမကို ကြည့်လိုက်သည်။


"ဒါနဲ့ နင်ကြက်ဥနဲ့ပစ်ပေါက်ခံရတယ်ဆိုတဲ့ သတင်းကို လိုက်ရှာရလောက်အောင်အထိ အတော်လေးကို ပျင်းနေတာလား"


စုယိပြုံးလိုက်သည်။ "အိုး အရင်တစ်ခေါက်တုန်းက ငါ သူ့အနားမှာရပ်နေတဲ့ပုံက ငါကသူ့ကိုပိုင်ဆိုင်တယ်ဆိုတဲ့ခံစားချက်ရတယ်လို့ ပြောတဲ့ comment တချို့ကို ငါတွေ့ခဲ့တယ်လေ"


 “…” ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊ ၀ူရွှယ်က “သူက နင်နဲ့သူ့အကြောင်းကို အမြန်ရေးချပစ်ပြီး နင်က အဲဒီပရမ်းပတာ commentတွေကို စိတ်ကူးယဥ်နေတယ်ဆိုရင်ရော”


သူမသည် ရုတ်တရက် လက်ကိုဆန့်ကာ စုယိ၏နဖူးကိုထိလိုက်သည်။ 


 "အဲဒီကောင်က နင့်ကို ပြုစားသွားတာလား"


 “မဟုတ်ဘူး” စုယိက သူမလက်ကို တွန်းဖယ်လိုက်ပြီး လေးလေးနက်နက်ပြန်ဖြေလိုက်သည်။


 “သူက ငါ့ကို အဆိပ်ခတ်လိုက်တာ” 


စုယိသည် ချူယင်း၏ momentsကို တစ်ဖန်ပြန်ဖွင့်ပြီး ခွေးနှင့်ပုံကို အချိန်အတော်ကြာကြာ ကျေနပ်သည်အထိကြည့်ပြီးမှ ပြန်ပိတ်လိုက်သည်။


၀ူရွှယ်သည် သူမလုပ်သမျှအရာအားလုံးကိုကြည့်နေရင်းမှသက်ပြင်းချကာ နောက်ဆုံးတွင် မထိန်းနိုင်ဘဲ သတိပေးတိုက်တွန်းမိပြန်သည်။


 “နိုးထလိုက်တော့ အဲ့ဒီလူရဲ့ အသက်အရွယ်နဲ့ ကိုယ်ရည်ကိုယ်သွေးကိုတောင် နင်သေချာသိတာမဟုတ်ဘူးလေ နင် သူ့ကို ဘယ်လိုလုပ်ပြီး သဘောကျနိုင်ရတာလဲ အဲဒါက စွဲလန်းမှုတစ်ခုထပ်မပိုဘူး ပြီးတော့ အဲဒါက မျက်နှာလေးတစ်ခုပဲဟာကို..."


စုယိက ပြန်မဖြေဘူး။


၀ူရွှယ် "အဲ့ဒါအမှန်ပဲ နင်အရင်က တစ်ခါမှလည်းချိန်းတွေ့ဖူးတာ မဟုတ်တော့ နင်ကောင်းကောင်းနားမလည်ဘူး နင်လူတစ်ယောက်ကိုကြိုက်တဲ့အခါ ဒီလိုမလုပ်သင့်ဘူး..."


 “ငါလုပ်မယ်” လို့ စုယိက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။


နှစ်ကြိမ်တိတိ နှုတ်ဆိတ်သွားပြီးရနောက်၊ ၀ူရွှယ်တွင် ဘာမှ ထပ်ပြောစရာ မရှိတော့သဖြင့်အရှုံးပေးလိုက်ရသည်။


 “ကောင်းပြီလေ ငါဒါလေးပဲပြောတော့မယ် နင် သူ့အကြောင်း ဘယ်လောက်အထိသိလဲ တခြားအကြောင်းပြချက်တွေ အများကြီး မပြောတော့ရင်တောင် သူ့မှာ ရည်းစားရှိလား ဇနီးရှိလား ဒါမှမဟုတ် ကလေးအဖေလားဆိုတာကို နင်တစ်ခါမှ မတွေးဖူးဘူးလား နင်ချိန်းတွေ့ချင်တာကို ငါလည်းမကန့်ကွက်ပါဘူး ဒါပေမယ့် နင်တို့ကတစ်ခါပဲတွေ့ဖူးပြီး တစ်ယောက်နဲ့တစ်ယောက် လုံးဝမသိဘူးလို့ ခံစားနေရတယ်ဟ..."


 "သူ့မှာ ရည်းစား ဒါမှမဟုတ် ဇနီးရှိနေရင် ငါ သူ့ကို နှောက်ယှက်တော့မှာ မဟုတ်ဘူး" 


စုယိက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် နှုတ်ခမ်းတွေကိုဖိကိုက်လိုက်သည်။


"ဒါ​ပေမယ့်​ မရှိဘူးဆိုရင်​တော့ ငါ သူ့ကို မရ ရအောင်လိုက်​မယ်​"


သူမစကားပြောပြီးတာနဲ့ ဝန်ထမ်းတွေက သူမကို ပြင်ဆင်ပြီးလျှင် လူရွေးပွဲ၀င်ဖြေလို့ရပြီဖြစ်ကြောင်း လာအ​သိပေးသည်။ စုယိက အသိအမှတ်ပြုဟန် ခေါင်းတစ်ချက်ညိတ်ပြကာ မတ်တပ်ထရပ်လိုက်သည်။ သူမသည် ဇာတ်ညွှန်းကို ၀ူရွှယ်၏ ဒူးပေါ်တင်လိုက်ပြီး ဝန်ထမ်းများနှင့် လူရွေးသည့်အခန်းထဲသို့ လိုက်၀င်သွားသည်။


 **


စုယိသည် လူရွေးပွဲအခန်းထဲသို့ ၀င်သည့်အချိန်တွင် တစ်ပြိုင်နက်တည်းဆိုသလို ထူကျင့်လန်သည်လည်း ပြန်ထွက်လာသည် ။


နှစ်ယောက်သား မျက်နှာချင်းဆိုင် လိုက်ရပြီး ထူကျင့်လန်က ပြုံးပြီး “ယိကျဲရေ ရယ်စရာကောင်းလိုက်တာနော် ညီမတို့ တစ်ယောက်နဲ့ တစ်ယောက် ထပ်ပြန်တွေ့ရတဲ့ပုံကလေ ကျဲရဲ့ လူရွေးပွဲမှာ ကံကောင်းပါစေနော်"


စုယိက တည်ငြိမ်စွာဖြင့်ပြန်ပြောလိုက်သည်။


 "ကျေးဇူးတင်ပါတယ်" 


စုယိဝင်သွားပြီးနောက် ထူကျင့်လန်၏အပြုံးကပျက်ယွင်းသွားသည်။ လက်ထောက်၏လက်ထဲမှ နေကာမျက်မှန်တစ်လက်ကို ယူလိုက်ပြီး မပျော်မရွှင်ဖြစ်နေဟန်ဖြင့်ပြောလိုက်သည်။


 “သူ့ပုံစံက ဘယ်လိုပုံဖြစ်နေလဲ” 


လက်ထောက်သည် ထူကျင့်လန် နံဘေးတွင်အချိန်အတော်ကြာနေခဲ့ရသဖြင့် သူမ၏ စိတ်နေစိတ်ထားကို ကောင်းကောင်းကြီးနားလည်နေခဲ့ပြီး "ဟုတ်တယ် သူမက အရင်တုန်းကလည်း တစ်ခါမှ အဓိကဇာတ်ဆောင်နေရာက သရုပ်ဆောင်ဖူးတာ မဟုတ်ဘူး သူမကိုယ်သူမ ဆရာ့ဆရာကြီးလို့သွေးနားထင်ရောက်နေတဲ့ပုံပဲ"


ထူကျင့်လန် လန့်သွားသည်။ ဤတစ်ကြိမ်တွင် 'လျို့ဝှက်နက်ရှိုင်းသော'၏ဒါရိုက်တာနှင့်ရိုက်ကူးရေးအဖွဲ့နှစ်ဖွဲ့စလုံးသည်နာမည်ကြီးများဖြစ်ကြပြီး၊ ရင်းနှီးမြှုပ်နှံသူများသည်လည်း ဘက်ဂျက်အကြီးစားသုံးမည့်သူများပင်။ သေချာတာကတော့ သူမ ရခဲ့သမျှ ရိုက်ကူးရေးတွေထဲတွင် ဒီတစ်ခုကအကြီးဆုံးရိုက်ကူးရေးဖြစ်သည်။ သူမသည် ဒီဇာတ်ဆောင်နေရာကိုရရန်လိုအပ်သည်။


သူမဒီအကြောင်းကို ခဏလောက်စဉ်းစားပြီးသည်နှင့် သူမရဲ့အေးဂျင့်ကို ချက်ချင်းဖုန်းလှမ်းဆက်လိုက်သည်။  


" 'လျို့ဝှက်နက်ရှိုင်းသော'မှာ ဘယ်သူက ရင်းနှီးမြုပ်နှံသူလဲ"


တစ်ဖက်မှာ အေးဂျင့်က ထိုကိစ္စကို သတိထားမိနေတာကြာပြီဖြစ်သည်။


“ဒါက Chu Corporation ကပါ စိတ်မပူနဲ့ အဲဒီကုမ္ပဏီက အကြီးတန်းအမှုဆောင်တွေနဲ့ ထမင်းစားဖို့ အခွင့်အရေးရထားပြီးသား"


 "အဲဒါကောင်းတယ်" 


ထူကျင့်လန်က မထိန်းနိုင်ဘဲကွန်ပလိန်းတတ်တော့သည်။


"ကျွန်မ စုယိကို ထပ်​တွေ့လိုက်သေးတယ် သူမက အရင်တုန်းက ပုံစံအတိုင်းပဲ တစ်ယောက်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေလောက်အောင်ပဲ"


ထူကျင့်လန်တစ်ယောက် စုယိကို မကြိုက်သည်မှာ ပါးလွှာသော လေထုလောက်တင် မဟုတ်ပေ။ ဤနှစ်အနည်းငယ်အတွင်း စုယိသည် လူတွေ့ကျင်းပသည့်နေရာတွင် ပေါ်လာသရွေ့၊ ထိုဇာတ်ကောင်သည် အမြဲတမ်းလိုလို စုယိအတွက်သာဖြစ်သည်။


ကံကောင်းချင်တော့ ထူကျင့်လန်သည် ဤနှစ်နှစ်ထဲတွင် ဒီလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး စုယိဖြင့်သာ တည့်တည့်၀င်တိုးနေခဲ့မိသည်။ စုယိထံတွင် ဆုံးရှုံးလိုက်ရတဲ့ ဇာတ်ဆောင်နေရာတွေတိုးလာတာနဲ့အမျှ စုယိကို မကြိုက်နှစ်သက်တာတွေကလည်း ပိုတိုးလာခဲ့ပြီး သူမကို ပို၍မုန်းတီးလာမိသည်။


"စုယိအကြောင်း ဘာစဉ်းစားနေစရာလိုလို့လဲ တခြားသူတွေထက် သူ့ကိုယ်သူမြင့်မြတ်တယ်လို့ထင်နေတဲ့ ကြာဖြူကြီးက တစ်နေ့နေ့ကျရင် ပုပ်သိုးသွားမှာပဲဟာ”


သူမ၏အေးဂျင့်က ထပ်ပြောသည်-"စိတ်မပူပါနဲ့ အဲ့ဒီထိပ်ပိုင်းကလူတွေပျော်တဲ့အခါ ဒီဇာတ်ကောင်က မင်းအတွက်ပဲဖြစ်လိမ့်မယ်"


အသံသည် ကျယ်လောင်ပြီး အေးဂျင့်၏ အသံသည် ကြည်လင်ပြတ်သားနေသည်။ သူတို့သည် စပီကာဖွင့်ပြီးပြောနေကြတာ မဟုတ်ပေမယ့် ထူကျင့်လန်ရဲ့ ဘေးတွင်ရပ်နေသောလက်ထောက်သည် တစ်ဘက်မှလူပြောသည်ကို ရှင်းရှင်းလင်းလင်းကြားနိုင်သေးသည်။


ဖုန်းချပြီးနောက်၊ လက်ထောက်က မထိန်းနိုင်ဘဲမေးလိုက်မိသည်။


"ကျင့်ကျဲ... လင်းကျဲက စုယိကို ကောင်းကောင်းသိနေပုံရတယ် ဘာလို့လဲဟင်"


လင်းကျဲသည် ထူကျင့်လန်၏ အေးဂျင့်ဖြစ်သည်။


 “စုယိက လင်းကျဲရဲ့ အနုပညာရှင် ဖြစ်ခဲ့ဖူးတယ်” ဟု ထူကျင့်လန်က ဆိုသည်။  


“နောက်တော့ လင်းကျဲက သူမကနာမည်ကြီးမဖြစ်လာနိုင်ဘူးလို့တွေးမိတာကြောင့် သူမနဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တယ်လေ ဟူး...လင်းကျဲက ဒီလောက်မြင်တတ်တဲ့အမြင်ရှိတာကို ဒီမတိုင်ခင်က စုယိနဲ့ဘာလို့စာချုပ်ချုပ်လည်းဆိုတာငါနားမလည်နိုင်ဘူး"


သူတပါးကိုနှိမ့်ချပစ်ရင်း တစ်ချိန်တည်းဆိုသလို မိမိကိုယ်ကိုယ် မြှင့်တင် ပြောဆိုပြီးနောက် ထူကျင့်လန်သည် နေကာမျက်မှန်တပ်ပြီး လူတွေ့ဖြေသည့်နေရာကနေ ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်ဖြင့် ထွက်သွားတော့သည်။


'ဟမ့် စုယိက နာမည်မကြီးဘူး ဟုတ်လား ...'


သူမ၏ လက်ထောက်သည် ထိုအတွေးကို တိတ်တဆိတ် မျိုချလိုက်ပြီး ထူကျင့်လန်ရဲ့နောက်သို့ အမြန်လိုက်သွားလိုက်သည်။


အခန်း-၄။ ဆိုးသွမ်းနေတဲ့မိန်းကလေး။


ဤနေရာတွင် အကဲဖြတ်စစ်ဆေးမှုအတွက် အကဲဖြတ်ဒိုင် နှစ်ဦးသာ ရှိနေသည်။


တစ်ယောက်က ဇာတ်ညွှန်းရေးဆရာ။ ထိုဇာတ်ညွှန်းကို အပြီးသတ်ရေးဖို့အတွက် သုံးနှစ်လောက် အချိန်ယူခဲ့ရသည်ဟု ကောလဟာလတွေ ထွက်ပေါ်နေပြီး ဤဇာတ်ကားအတွက် ဇာတ်ဆောင်အဖြစ် အရွေးခံမည့်သူများကို အလေးအနက်ထားပြီး ကြည့်ရှူလေ့လာနေသည်။


နောက်ထပ်တစ်ယောက်မှာ ဒါရိုက်တာ လီမင်ဖြစ်ပြီး ဒါရိုက်တာ အသိုင်းအဝိုင်းတွင် ' the most well-known prize-လူသိအများဆုံးဆု 'ကိုရရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ' Best Director-အကောင်းဆုံး ဒါရိုက်တာဆု' ကိုချီးမြှင့်ခြင်းခံရသည့် တစ်ဦးတည်းသော အမျိုးသမီး ဒါရိုက်တာလည်းဖြစ်ချေသည်။ 


သူမသည် စုယိ၏ ပေါ်လီ လည်းဖြစ်သည်။


[T/N- မြင်းပေါင်းများစွာထဲမှ မြင်းကောင်းတစ်ကောင်ကို ရှာဖွေတွေ့ရှိနိုင်သော မြင်းထိန်းသူအကြောင်း လူသိများသော တရုတ်ဒဏ္ဍာရီပုံပြင်တစ်ခုဖြစ်သည်။ အထူးသဖြင့် အစုလိုက်အပြုံလိုက်ထဲမှ တစ်ဦးတစ်ယောက်ကို ရွေးချယ်နိုင်ပြီး အရည်အချင်းသစ်ကို ရှာဖွေတွေ့ရှိနိုင်သူ၊ ကောင်းမွန်တဲ့အကြံပြုပေးနိုင်ခြင်းနှင့် သေချာစွာလေ့ကျင့်ပေးနိုင်ခြင်းများကို လုပ်ဆောင်နိုင်သူကို ရည်ညွှန်းရန်အတွက် အသုံးပြုသည်။]  


စုယိအနေဖြင့် သူမ ပထမဆုံးရိုက်ကူးခွင့်ရခဲ့သည့် ဇာတ်ကားသည် ကြီးမားလွန်းသည့်ရိုက်ကူးရေးတစ်ခုဖြစ်ပြီး ထိုထဲတွင် ဒုတိယအမျိုးသမီးဇာတ်ဆောင်အဖြစ် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရခဲ့သည်မှာ အခြားသောအဖွဲ့၀င်များ၏ သဘောထားမတိုက်ဆိုင်မှုကိုဂရုမစိုက်ဘဲ လီမင်သည် သူမကိုသာ ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။


လီမင်သည် သူမကိုမြင်လိုက်ချိန်တွင် ပြုံးကာ ခေါင်းညိတ်ပြလာသည်။


စုယိသည် တုံ့ပြန်မှုကိုပြသည့်အနေဖြင့် နှုတ်ခမ်းကို အပေါ်သို့ အနည်းငယ် ကွေးညွှတ်လိုက်သည်။ စင်မြင့်ရဲ့ဘယ်ဘက်ရှိကုလားထိုင်ပါ်တွင် 'ချီဖောင်' တစ်ထည်ရှိနေသည်။ 


ယင်းသည် အနီရောင်တောက်တောက်ဖြစ်ပြီး 'လျို့ဝှက်နက်ရှိုင်းသော' ဇာတ်ကားထဲတွင် ဒုတိယ​မြောက် အမျိုးသမီးဇာတ်ဆောင်၏ အကကရာတွင်၀တ်သော အ၀တ်အစားများထဲမှ တစ်ထည်ဖြစ်သည်။


ဤဇာတ်ကောင်က ထိုခေတ်ရဲ့ ဖြားယောင်း သွေးဆောင်တဲ့နေရာမှာနာမည်ကြီးသည့် လှပချောမောတဲ့ပြည့်တန်ဆာလေးတစ်ယောက်သည် အမျိုးသားဇာတ်လိုက်ရဲ့ ဓားရှည်အောက်မှာ သေဆုံးသွားရတဲ့အကြောင်းပင်။


စုယိသည်ဝတ်ထားသော ခေါင်းစည်းကြိုးကို ချွတ်လိုက်ပြီး အနက်ရောင်ဆံနွယ်ရှည်တွေကို လည်ပင်းနောက်တွင် ဖြန့်ကျဲချလိုက်သည်။


 "ကျွန်မအဆင်သင့်ဖြစ်ပြီ"


လီမင်က "ဒါဆိုဒုတိယဇာတ်ဆောင်အတွက် ဇာတ်ညွှန်းရဲ့တတိယမြောက်အခန်းစစ်ဆေးမှု opening sceneကိုစလိုက်ရအောင်..."


 “နပေါဦး” 


ဘေးတွင်ထိုင်နေသော ဇာတ်ညွှန်းရေးဆရာက သူမကို ကြား၀င်တားမြစ်လိုက်သည်။ ဇာတ်ညွှန်းစာရွက်တွေကို မျက်မှောင်ကြုံ့၍ လှန်လှော်ရှာဖွေနေရင်း အချိန်အတော်ကြာပြီးနောက် သူမြင်ချင်သည့် sceneကို တွေ့မှသာ ရပ်တန့်သွားတော့သည်။


Xxxxxxx