အပိုင်း ၅
Viewers 12k

Chapter 5


  


ဘေးတွင်ထိုင်နေသော ဇာတ်ညွှန်းရေးဆရာက သူမကို ကြား၀င်တားမြစ်လိုက်သည်။ ဇာတ်ညွှန်းစာရွက်တွေကို မျက်မှောင်ကြုတ်၍ လှန်လှော်ရှာဖွေနေရင်း အချိန်အတော်ကြာပြီးနောက် သူမြင်ချင်သည့် sceneကို တွေ့မှသာ ရပ်တန့်သွားတော့သည်။


သူက စုယိကို မော့ကြည့်၍မေးလာသည်- “မင်း ဇာတ်ညွှန်းတစ်ခုလုံးကို ဖတ်ပြီးပြီလား” 


စုယိ "ကျွန်မ အကုန်ဖတ်ပြီးပါပြီ"


"အိုကေ ဒါဆို အကကနေရင်း သေရည်နဲ့ဧည့်ခံပေးတဲ့ အဲဒီ scene ကို မင်းသရုပ်ဆောင်ပေးနိုင်မလား... မင်း အဲ့ဒါကဘယ်အခန်းလဲဆိုတာ သိတယ်ဟုတ်..."


ရုတ်​တရက်​ ​တောင်းဆိုမှု​ကြောင့်​ စုယိသည် စိတ်​မရှုပ်​​ထွေးသွားချေ။ ထိုအစား သူမက ပြန်ပြုံးပြလိုက်သည်။


လီမင်သည်လည်း ပြုံးလိုက်မိသည်။ ယခင်က ဇာတ်ညွှန်းရေးသူသည် သရုပ်ဆောင်အများစုကို သတ်မှတ်ထားသည့်အတိုင်း တတိယမြောက် ဇာတ်ညွှန်းရဲ့အခန်းအနည်းငယ်ကို သရုပ်ဆောင်ခိုင်းခဲ့သည်သာဖြစ်ပြီး၊ စုယိသည်သာ တစ်ခုတည်းသော ခြွင်းချက်ဖြစ်သည်။


ဆိုလိုသည်မှာ စုယိသည် အထူးခြွင်းချက်ဖြစ်သည်။


စုယိက စကားပြန်မပြောပေ။ ထိုအစား သူမ၏ညာလက်ကို မြှောက်လိုက်ကာ သူမ၏ လက်ချောင်းလေးများသည် သေရည်ခရားအိုးကို ကိုင်ထားသကဲ့သို့ လှပသော အကွေးအညွှတ်လေးများဖြင့် ကွေးကောက်သွားကြသည်။


သူမသည် ယခင်က အကသင်တန်းမျာတကူးတကတတ်ခဲ့ခြင်းမျိုးအမှန်တကယ် မရှိခဲ့ပါသော်လည်း ယခင်တုန်းက သရုပ်ဆောင်ခဲ့သည့် ဇာတ်ဆောင်တစ်ခု၏ လိုအပ်ချက်ကြောင့် poleအကကို ကိုယ်တိုင်လေ့လာခဲ့ဖူးသည်။


နောက်ခံဇာတ်ကြောင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစောပိုင်းနှစ်များဖြစ်တာကြောင့် poleအကသည် များစွာအသုံးမတွင်ကျယ်သေးသော်လည်း တစ်စုံတစ်ဦးမှ လှပသော ခြေလက်လေးများဖြင့် အစပြုကလိုက်သည့်အခါ ထူးထူးခြားခြားကိုဖြစ်သွားစေနိုင်သည်- တိုတိုပြောရလျှင် သူမ၏ခါးကိုလိမ်လိုက်ချိန်၊ ခြေထောက်ကိုမြှောက်ကာ ကွေးလိုက်ချိန်မျိုးတွင် အတော်လေးကို ထူးထူးဆန်းဆန်းစိတ်ကူးယဥ်မှုများကိုနိူးဆွပေးနိုင်စွမ်းရှိနေသည်။


သူမသည် သူမလက်ကို အလေးပေး၍ မရှိသည့်သေရည်အိုးကို အကြိမ်အနည်းငယ်မျှ လှုပ်ယမ်းပေးနေသည်။ စားပွဲရှိ တရားသူကြီးထံသို့ လေထဲမှအနမ်းတစ်ပွင့်လှမ်းခြွေလိုက်စဉ်တွင် သူမ၏ မျက်လုံးများ၌ စိန်ခေါ်မှုတစ်ခုကထင်ဟပ်နေသည်။ သူမ၏ ၀တ်စုံသည် အနည်းငယ်ပွနေသော်လည်း သူမသည် အလွန်ဆွဲဆောင်မှုရှိနေကြောင်း လူအများကို မသိစိတ်က ခံစားမိသွားစေသည်။


ကခုန်မှုအဆုံးတွင် သူမသည် ရှေ့သို့လှမ်းကာ ဂါ၀ရတစ်ချက်ပြုလိုက်ရင်း “သခင်ရှင့် ချိုးကျိက သခင့်ကို သေရည်ငှဲ့ပေးခွင့်ပြုပါ"


ဇာတ်ညွှန်းရေးဆရာသည် အနက်ရောင်မျက်မှန်နှင့် ထင်ရှားသိသာသော ဘီယာဗိုက်ကို ပိုင်ဆိုင်ထားသည့် အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ 


စုယိကိုကြည့်နေသည့် သူ၏မျက်၀န်းများတွင်ကျေနပ်အားရမှုများဖြင့် ပြည့်နှပ်နေသည်။


"ကောင်းတယ် အရမ်းကောင်းတယ် ဘယ်လိုတောင်လှတဲ့ အလှလေးလဲ ဖော့ဖယောင်းလို့သွယ်လျတဲ့လက်တွေ ညွှန်းဆိုရခက်တဲ့မျက်၀န်းနဲ့ သေးသွယ်လှပတဲ့ခါး ဒါရိုက်တာလီရှာတွေ့ထားတဲ့တစ်ယောက်က တကယ့်ကို လက်ခံနိုင်တဲ့အတိုင်းအတာထက်ကိုကျော်လွန်နေတာပဲ”


လီမင်က အသာပြုံးလိုက်ပြီး "အဲ့လိုတော့ မပြောပါနဲ့ရှင် မသိတဲ့သူတွေက သူ့ကို အခမဲ့ pass ပေးလိုက်တယ်လို့ ထင်ကောင်းထင်ကုန်ကြလိမ့်မယ်"


"ဟာဟား ဒီနေ့တော့ ဒီလောက်ပဲပေါ့ ပြန်သွားပြီး အကြောင်းကြားတာကို စောင့်နေပေးပါ"


ထိုင်နေရင်းနဲ့ သူကပြုံးလိုက်သည်။ စုယိသည် အမြင်အာရုံကောင်းမွန်တာကြောင့် ထိုလူမှတ်စုစာအုပ်ထဲတွင် ဘောပင်ဖြင့်၀ိုင်းလိုက်သည်ကိုရှင်းရှင်းလင်းလင်း မြင်နေရသည်။


စုယိသည် လူရွေးသည့်အခန်းမှ ထွက်လာပြီး ဆံပင်ကို ပြန်လည်စည်းနှောင်လိုက်သည်။ ၀ူရွှယ်သည် သူမ ထွက်လာသည်ကို မြင်သည်နှင့် ထရပ်ကာ သူမအရှေ့မှဦးဆောင်လျှောက်သွားသည်။


အခြေအနေဘယ်လိုနေလဲလို့ မေးရမယ့်အစား “ဒီည ငါတို့ ဘာစားကြမလဲ” လို့သာမေးလာခဲ့သည်။


စုယိ ခေါင်းခါလိုက်သည်။


 "နင် အန်းရွှမ်နဲ့ပဲ အတူသွားစားလိုက်တော့ ငါ ဒါရိုက်တာလီ ကိုစောင့်လိုက်ဦးမယ်"


 “ကောင်းပြီလေ”


သူတို့နှစ်ယောက် ထွက်သွားကြသည့်အခါ သူမ ထောင့်ကောင်းကောင်းတစ်နေရာကို ရှာတွေ့ပြီး ထိုင်ချလိုက်သည်။ 


သူမသည် maskတပ်လိုက်ပြီးနောက် ဖုန်းထုတ်ကာAnipopကိုထိုင်ဆော့နေလိုက်သည်။ 


အချိန်အတော်ကြာပြီးနောက်၊ သူမသည် စံချိန်နှစ်ခါတိတိချိုးပြီးချိန်တွင် လီမင်၏အသံကိုကြားလိုက်ရသည်။


 “မင်းက ဘယ်လိုလုပ်ဒီမှာရှိနေသေးတာတုန်း” 


စုယိက ခေါင်းမော့ကြည့်လိုက်သည်။ maskသည် သူမရဲ့ ကွေးညွှတ်နေသော နှုတ်ခမ်းများကို ဖုံးကွယ်ထားပါသော်လည်း သူမ၏ မျက်လုံးလေးများကတော့ လခြမ်းလေးသဖွယ် ကွေးညွှတ်သွားသည်။  


"ကျဲကို ထမင်းကျွေးဖို့လေ"


"ဘာလဲ ဒါက လာဘ်ထိုးတာလား" 


လီမင်သည် အသက် လေးဆယ့်သုံးနှစ်ရှိနေပြီဖြစ်ပြီး သူမသည် ဇာတ်ကားများ ရိုက်ကူးပြသရန်အတွက်သာ အချိန်အတော်များများကို ကုန်ဆုံးခဲ့သည်။ သူမ၏မျက်နှာပေါ်တွင်ထင်ကျန်နေသည့် အရေးအကြောင်းများသည် အထူးသက်သေပင်ဖြစ်သည်။


သူမသည် အလွန်ခြိုးခြံချွေတာတတ်သောသူတစ်ယောက်ဖြစ်ပြီး သူမဝတ်ထားသည့်အ၀တ်အစားတွေအတွက် သိပ်ပြီးအားစိုက်ထုတ်မှုမရှိပေ။ လမ်းပေါ်တွင် လမ်းလျှောက်ချိန်တွင် ထိုအမျိုးသမီးသည် ' Best Director Awards -အကောင်းဆုံးဒါရိုက်တာဆု ' ရရှိထားသူဟု မည်သူကထင်နိုင်မှာတဲ့တုန်း။


"ဟုတ်တယ် ဒါရိုက်တာလီက ညီမတွေ့ဖူးသမျှထဲမှာ လာဘ်ထိုးဖို့ အလွယ်ဆုံးလူပဲ ထမင်းတစ်နပ်လောက်နဲ့တင်ပွဲသိမ်းပြီ" 


စုယိက သူမလက်မောင်းကိုတွဲချိတ်ကာ ပြုံးလိုက်သည်။ 


 "ဒီတော့ ညီမတို့ ဘာစားကြမလဲ"


လီမင်ကအရမ်းကိုလေးနက်နေဟန်ဖြင့်ပြောလိုက်သည်။


 "ဒါက...... ချွမ် အစားအစာမပါလို့တော့မရဘူး"


သူတို့နှစ်ဦးသည် နိုင်ငံအတွင်းနာမည်ကြီး ချွမ် အစားအစာ စားသောက်ဆိုင်သို့ သွားလိုက်ကြသည်။ ဤစားသောက်ဆိုင်သည် အသေးစားလုပ်ငန်းတစ်ခုသာဖြစ်သည်။ ဆိုင်မျက်နှာစာက နည်းနည်းကျဥ်းပေမယ့် အစားအစာတွေကတော့ တကယ့်ကိုအရသာရှိလွန်းသည်။ 


မီးဖိုချောင်နှင့် အစားအစာတည်ခင်းသည့်ဟောခန်းမကြားတွင် အစားအသောက်ပြုလုပ်သည့် လုပ်ငန်းစဉ်ကို လူတိုင်းမြင်နိုင်စေရန် မှန်နံရံတစ်ခုသာခြားရှိကာ အလွန်ကိုသန့်ရှင်းသပ်ရပ်ပေသည်။ နေရာတစ်နေရာအတွက် တန်းစီနေတဲ့လူတွေ အများကြီးရှိနေကြသည်။


စုယိကတစ်ချက်ကြည့်လိုက်သည်။ ရှစ်နာရီကျော်နေပြီဖြစ်ပြီး စောင့်ဆိုင်းရန်အတွက် စားပွဲခြောက်ဆယ်ကျော် ကျန်နေသေးသည်။


လီမင်က "ငါတို့ တခြားနေရာကို သွားကြမလား"


စားပွဲနံပါတ်များကို အော်ခေါ်နေသည့် ၀န်ဆောင်မှုပေးသည့်သူသည် ရုတ်တရက် ဟွန်းကို ကောက်ကိုင်လိုက်ပြီး "သီးသန့် အခန်းကြိုတင်မှာယူမှုတွေထဲက တစ်ခုကို ဖျက်သိမ်းလိုက်ပါပြီ လိုချင်တဲ့ customer များရှိသေးလားခင်ဗျ"


လူ​အများကချက်ချင်းပင်ပြန်ဖြေလိုက်ကြသည်။ “ယူမယ်...ယူမယ်...ယူမယ်..."


လူများလွန်းသဖြင့် ၀န်ဆောင်မှုပေးသူသည် ဘာလုပ်ရမှန်း မသိတော့သဖြင့် လမ်းညွှန်ချက်တောင်းခံရန် အထဲသို့ဝင်သွားတော့သည်။ ၀န်ဆောင်မှုပေးသူပြန်လာသောချိန်တွင် သူနှင့်အတူဗူးတချို့ပါလာသည်။


“သီးသန့်အခန်းအတွက် အနည်းဆုံး လေးရာလောက် အကုန်အကျခံရမယ်လို့ သူဌေးကပြောတယ် ပြီးတော့ နေရာအတွက် ဆင်ခြင်တုံတရားမဲ့ မသုံးပါနဲ့လို့လည်းသူဌေးကမှာလိုက်ပါသေးတယ်"


ဒီလိုပြောပြီးတာနဲ့ လူတော်တော်များကတိတ်ကျသွားသည်။ လာစားကြသူအများစုမှာ တစ်ဖွဲ့တွင် နှစ်ယောက်၊ သုံးယောက်လောက်သာ။ ဟင်းတစ်ပွဲက သုံးဆယ်ကျော်လောက်သာရှိပြီး၊ အလွန်ဆုံးရှိလှလေးဆယ်လောက်သာရှိသည်။ လေးရာဆိုတော့ ဘယ်နှပွဲတောင်ထိုင်စားရမှာတုန်း။


ငါးမိနစ်လောက်ကြာတော့ စုယိနဲ့ လီမင်တို့ နှစ်ယောက်သား သီးသန့်ခန်းထဲသို့ ဝင်သွားလိုက်ကြသည်။


လီမင်က "ရှောင်ယိ မင်းကတော်တော်ကံကောင်းတာပဲ အဲ့ဒီမှာ လူဆယ်ယောက်ကျော်ရှိနေသေးတာတောင် မင်းက ငါတို့ရအောင်ယူလာနိုင်တုန်းပဲ"


စုယိက ပြုံးလိုက်သည်။ "ဟုတ်တယ် ကြီးကြီးမားမားကိစ္စတွေနဲ့ ကြုံရတဲ့အချိန်ဆို ညီမက သိပ်ကံမကောင်းတတ်ဘူး ဒါပေမယ့် ဒီလိုအသေးအမွှားကိစ္စလေးတွေ အတွက်ဆိုရင်တော့ ဘယ်လိုတောင်ကံကောင်းသလဲပဲ"


 "ဟေး အဓိပ္ပါယ်မရှိတာတွေမပြောကြရအောင်" 


လီမင်က မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် ပြောနေသည့် ခေါင်းစဥ်ကိုပြောင်းပစ်လိုက်သည်။


“ဒီဇာတ်ရုပ်ကို မင်း ဘယ်လိုထင်လဲ ပြီးတော့ ဒီဇာတ်ရုပ်ကိုသရုပ်ဆောင်ဖို့ အတွက် ဘယ်လိုစိတ်ကူးစိတ်သန်းတွေများရှိနေလဲ” 


စုယိက ရယ်မောလိုက်ပြီး “ကျဲက ညီမအတွက် နောက်တံခါးကို တကယ်ဖွင့်ပေးတော့မလို့မလား”


 “ငါက ဆန္ဒရှိနေရင်တောင် မရဘူး ငါအဲဒီမှာမိန့်မိန့်ကြီးထိုင်နေတယ်ဆိုတာနဲ့ပဲ အရာအားလုံးကို ဆုံးဖြတ်နိုင်ခွင့်ရှိတယ်ထင်မနေနဲ့ ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေအားလုံးကိုဇာတ်ညွှန်းရေးဆရာကဆုံးဖြတ်တာ ငါကတစ်လုံးတစ်ပါမှ၀င်မပြောဘူး"


စုယိက မာပိုတို့ဟူးကို တစ်ကိုက် ကိုက်လိုက်သည်။


"ဒီလိုအာဏာရှင်မျိုး... ရင်းနှီးမြုပ်နှံသူတွေဘက်ကရော အဆင်ပြေရဲ့လား”


“ဘာမှဖြစ်မှာမဟုတ်ဘူး ဒီဇာတ်ညွှန်းကို ကုမ္ပဏီဘယ်နှစ်ခုလောက်ကလိုချင်နေလဲဆိုတာမင်းသိလား ငါသိသလောက်တော့ ဒီနံပါတ်လောက်အထိတဲ့”  


လီမင်သည် လက်ခုနစ်ချောင်းထောင်ပြလိုက်သည်။  


“ပြီးတော့ သူတို့အကုန်လုံးက ကုမ္ပဏီကြီးတွေပဲ”


“ဇာတ်ညွှန်းကလည်း တော်တော်ကောင်းလေးကိုရေးထားတာကိုးနော်…” 


ထို့ကြောင့်လည်း သူမသည် ဇာတ်ညွှန်းများကိုဖတ်ကြည့်စဥ်တုန်းက 'လျှို့၀ှက်နက်ရှိုင်းသော' ကိုမြင်ချိန်တွင် နှစ်ခါပင်မစဥ်းစားဘဲ ချက်ချင်းရွေးချယ်လိုက်တာပင်။


"မင်း ဒီဇာတ်ကောင်နေရာကိုသာရရင် နောက်နှစ်ရဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအတွက် ပြိုင်ဆိုင်စရာကိုလိုတော့မှာ မဟုတ်ဘူး"


စုယိက သပ်ရပ်သော သွားဖြူတန်းလေးများပေါ်သည်အထိ ပြုံးရယ်လိုက်မိသည်။


"ညီမက ဘယ်လိုလုပ် အဲ့လောက်ကြီးကြီးကျယ်ကျယ်အိပ်မက်တွေ မက်ရဲမှာတဲ့လဲ"


လီမင်ကမကျေနပ်ဟန်ဖြင့်စကားဆိုလိုက်သည်။


"လူတစ်ယောက်က ရည်မှန်းချက်ဘာညာမရှိဘဲနေလို့ဖြစ်မလား"


လီမင်တစ်ယောက် တရားဟော​ရန် အသင့်ဖြစ်နေချိန်တွင် အချိန်ကိုက်ဆိုသလို အဓိက ဟင်းပွဲအနည်းငယ်ကို လာချပေးတော့သည်။  


စုယိက အသားတချို့ကို ချက်ချင်းယူလိုက်ပြီး သူမပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။


"မြန်မြန်စား ဟင်းတွေကအေးသွားရင် စားမကောင်းတော့ဘူး"


ရိုက်ကူးရေးလုပ်နေချိန်တွေဆိုလျှင် အမြဲတမ်း အလျင်လိုနေတတ်တာကြောင့် နှစ်ယောက်သား စားသည့်အချိန်တွင် အလိုလိုအမြန်စားဖြစ်ကြသည်။ စားသောက်ရင်း စကားစမြည်ပြောဖြစ်ကြပြီး ဟင်းပွဲတွေချပြီး နာရီဝက်မကျော်ခင်မှာပင် ပြောင်နေအောင်စားသောက်ပြီးကြပြီဖြစ်သည်။


စုယိက သူမပါးစပ်ကို သုတ်လိုက်ပြီး "အပြင်ထွက်ကြရအောင်"


လီမင်က အလွယ်တကူ သဘောတူလိုက်သည်။


စုယိက ထရပ်လိုက်ပြီး “ညီမသန့်စင်ခန်းသွားမလို့ ခဏလောက်စောင့်ဦးနော် ကျဲ”


 **


စုယိ သီးသန့်ခန်းသို့ ပြန်ရောက်လာချိန်တွင် စားပွဲထိုးက စားပွဲကို သန့်ရှင်းရေးလုပ်နေရုံမှတပါး အထဲတွင် မည်သူမျှ မရှိတော့ချေ။


စားပွဲထိုးက သူမကိုမြင်ပြီးမြန်မြန်လေးပြောလာသည်။ "စောနတုန်းကစားသုံးသူက အိမ်မှာ ကိစ္စတစ်ခုရှိနေလို့တဲ့​ သူအရင်သွားနှင့်တော့မယ်တဲ့ ဒီကလူကြီးမင်းနဲ့မလိုက်နိုင်တော့ဘူးလို့ ပြောခိုင်းလိုက်ပါတယ်"


ဖုန်းတုန်လာသဖြင့် ဖုန်းကို ငုံ့ကြည့်လိုက်သည့်အခါ လီမင်ထံမှစာ၀င်လာတာဖြစ်နေသည်။


 "ကောင်းပါပြီ ဒါဆို... ဘေလ်လေး..."


 "စောနကစားသုံးသူက ရှင်းပြီးပါပြီခင်ဗျ"


စုယိသည် အပြင်သို့ထွက်နေရင်း လီမင်ထံသို့စာပြန်ပို့လိုက်သည်။


"ထမင်းစား၀ိုင်းအတွက် ကျေးဇူးနော် နောက်တစ်ခေါက်ကျရင်တော့ ညီမနဲ့အပြိုင်ဘေလ်ရှင်းဖို့အတွက် မလုနဲ့တော့" 


ချွမ်အစားအသောက် စားသောက်ဆိုင်၏ သီးသန့်အခန်းများကို စင်္ကြံလမ်း၏ဘေးထောင့်ပိုင်းတွင် စီစဉ်ပေးထားခြင်းဖြစ်သည်။ ကိုးနာရီထိုးနေပြီဖြစ်သော်လည်း ပင်မခန်းမကြီးသည် စည်ကားနေဆဲဖြစ်သည်။


ဤစားသောက်ဆိုင်သည် ညဘက်တွင်ပင် ဝန်ဆောင်မှုပေးရုံသာမက ညဉ့်နက်ချိန်တွင်လည်း အသားကင်မျိုးစုံပြင်ဆင်ပေးသေးတာကြောင့် အပြင်ဘက်ရှိ အသားကင်ဆိုင်တွေကဲ့သို့ပင် ကောင်းမွန်လှပေသည်။


စုယိတစ်ယောက် ပင်မခန်းမကြီးမှ TVသံကြားလိုက်ချိန်တွင် အပြင်ထွက်ရန် ပြင်နေပြီဖြစ်သည်။


 "ဧကရာဇ်မင်းမြတ်ရဲ့ အနှစ်သက်ဆုံးနေရာအတွက် ငါနဲ့ပြိုင်ဝံ့တဲ့ အမျိုးသမီးတိုင်း လုံး၀သေရမယ်"


 "မင်းက ငါ့အတွက် တကယ်ပဲအလုပ်လုပ်ပေးချင်တယ်ဆိုရင် မင်းမှာသွားစရာနေရာမရှိဘူးဆိုတာ သေချာအောင်လုပ်ပြမှရမယ်... ဒါကပဲ မင်းကို သုံးချင်စိတ်လေး ရှိလာနိုင်တဲ့တစ်ခုတည်းသော နည်းလမ်းပဲ ဟမ့်...ငါပြောတာ မင်းနားလည်လား"


 ...ထိုဇာတ်ကားသည် စုယိပါဝင်သရုပ်ဆောင်ခဲ့သည့် မကြာသေးမီက ခေတ်စားနေသော အင်ပါယာ-အနောက်နန်းဆောင်အမျိုးအစားဇာတ်လမ်းတွဲဖြစ်သည်။


သီးသန့်ခန်းသို့သွားသော စင်္ကြံလမ်းအနီးတွင်ထိုင်နေသော မိန်းကလေးအုပ်စုထဲမှတစ်ဦးကပြောလိုက်သည်။


"ဒီ စုယိက တော်တော်ဆိုးလွန်းတယ် ဒီလို စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ဇာတ်ကောင်တွေနေရာကနေ အမြဲသရုပ်ဆောင်တတ်တယ် သူ့ကို ကြက်ဥနဲ့ ပစ်တာနည်းတောင်နည်းသေးတယ်"


ထိုအချိန်တွင် စုယိသည် သူမ၏ maskကို အမြင့်သို့ ပြန်ဆွဲတင်လိုက်သည်။ ခဏလောက်စဉ်းစားပြီးမှ ဦးထုပ်ဆောင်းဖို့ပါဆုံးဖြတ်လိုက်သည်။


သူမလက်က ဘေးလွယ်အိတ်ထဲသို့ရောက်သွားချိန်မှာပဲ ဘေးအခန်းရှိသီးသန့်အခန်းထဲမှ ရုန်းရင်းဆန်ခတ်သံကိုကြားလိုက်ရသည်။


 "ဗိုလ်ကြီးယင်း လာပါ တစ်ငုံလောက် ဖြစ်ဖြစ်သောက်လိုက်ပါ..."


 "ကာမောင်းရဦးမှာ"  


 သစ်သားတုံးလို အေးစက်သည့် ခပ်တိုးတိုးအသံတစ်ခုက စုယိ၏နားထဲသို့ တိုးဝင်လာသည်။


သူမ မျက်လုံးတွေက ပြူးကျယ်သွားပြီး နားရွက်တွေက ယုန်တစ်ကောင်လို ​ထောင်တတ်သွားသည်ဟု ခံစားလိုက်ရသည်။


သီးသန့်ခန်း၏ပြတင်းပေါက်ကို မှန်ဖြင့်ပြုလုပ်ထားပြီး စုယိသည်ခေါင်းကို တစ်ချက်ကပ်ကြည့်ရုံဖြင့် ချူယင်းကို မြင်နိုင်သည်။


သူသည် ရိုးရှင်းကာ ပေါ့ပေါ့ပါးပါးသည့် အဝတ်အစားများကို ၀တ်ဆင်ထားပြီး မျက်နှာတစ်ခုလုံးနီရဲတွတ်နေသည်အထိ အရက်မူးနေကြသော သူ့ပတ်ဝန်းကျင်ရှိ အမျိုးသားများနှင့် လုံး၀ ဆန့်ကျင်ဘက်ဖြစ်နေသည်။


___________________________________________