အပိုင်း ၆
Viewers 12k

Chapter 6

အမူးသမား...။


ချူယင်းတစ်ယောက် စစ်တပ်ကထွက်လာပြီမှန်းသိလိုက်ကြသော  မြို့တော် A မှာရှိတဲ့ သူ့ရဲ့အသင်းဖော်ဟောင်းတွေဖြင့် အတူတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ နေ့ရက်တွေကို စားမြုပ်ပြန်ရင်း အတူတူထမင်းစားဖြစ်ကြခြင်းပင်။


သူတို့ အသင်းဖော်ဟောင်းတွေကများပေမယ့် ဒီတစ်ခေါက် လာကြတဲ့ သူတွေက စစ်တပ်ထဲက ထွက်သွားကြတဲ့သူတွေကြီးပဲပင် ။


စားပွဲဝိုင်းတွင် အရက်သောက်ရမည်ဆို လက်မရွံ့တတ်သောယောက်ျားအရင့်အမာကြီးများသာရှိကြသည်။ ထိုသူတွေ မူးပြဲသွားဖို့အတွက် အချိန်သိပ်မယူလိုက်ရချေ။


အမျိုးသားတစ်ဦးကသူ့အားအရက်သောက်ဖို့အတွက်ဆက်လတ်တိုက်တွန်းနေဆဲပင်။


“ဗိုလ်ကြီး...ဗိုလ်ကြီးယင်း...အေ့ ဗိုလ်ကြီး ကျွန်တော်တို့နဲ့ အတူတူလိုက်ခဲ့လဲဖြစ်တာပဲကို ဘာလို့ ကားမောင်းနေဦးမှာလဲ အဲဒါက... အေ့ ကျွန်တော်တို့အတူတူ သောက်ရတယ်ဆိုတာက လုံး၀ ရှားရှားပါးပါးလေဗျာ ကျွန်တော်တို့ စိတ်နှလုံးလေးကို နည်းနည်းလေးဖြစ် ကျေနပ်နှစ်သိမ့်ပေးတဲ့အနေနဲ့ သောက်ပေးလို့မရဘူးလားဗျာ"


နောက်ထပ် တခြားလူတစ်ယောက်ကလည်း ပြောလာပြန်သည်။


“ဗိုလ်ကြီး ယင်းက အခု သူဌေးကြီးဖြစ်နေပြီ… သူက ငါတို့လို သူတွေနဲ့ အတူတူပဲလို့ ထင်နေတာလားကွ”  


လေချဉ်တက်ပြီးနောက် သူက ဆက်ပြောသည်


-"ဗိုလ်ကြီး ယင်းက တော်သေးတယ်လို့ပဲဆိုရမှာကွာ သူကငါတို့လို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... စစ်တပ်ကထွက်ပြီးတာနဲ့ လုံခြုံရေးအစောင့်တွေပဲလုပ်လို့ရတာ..."


ထိုလူက အရက်မူးနေသဖြင့် သူ့စကားတွေက တဟုန်ထိုး ခုန်ပေါက်ထွက်လာသည်။ စကားပြောနေရင်း နှာခေါင်းကချဥ်လာသဖြင့် နှာတစ်ချက်ရှုံ့လိုက်သည်။


ထိသူပြောပြီးတာနဲ့ စားပွဲ၀ိုင်းတစ်ခုလုံးက ငြိမ်ကျသွားသည်။


ချူယင်းသည် ဖန်ခွက်ကို ငုံ့ကြည့်ကာ - 'ဒီညတော့ လျှိုရှီးကို လာကြိုခိုင်းဖို့ပဲရှိတော့တယ်'


သူ ဖန်ခွက်ကို လှမ်းယူဖို့ပြင်လိုက်ချိန်တွင် ဖြူဖွေးဖျော့တော့သော လက်တစ်ဖက်က ဖန်ခွက်ကိုအဝေးသို့ဆွဲယူသွားသည်။


 "ချူယင်းက တို့ကို ပြန်မောင်းပို့ပေးရမှာ ဒီအတွက် သူ့အစား တို့သောက်မယ်" စကားသံကလေးက ချိုသာပြီးနူးညံ့လှသည်။


လူတိုင်း မော့ကြည့်လိုက်ကြသည်။ သူတို့ပထမဆုံးမြင်လိုက်ရတာက ခြေတံရှည်တစ်စုံ၊ ပြီးလျှင် အတွင်းအိတ်ကပ်တွေကို မြင်နိုင်လောက်အောင် တိုလွန်းတဲ့ ထိုသူရဲ့ဘောင်းဘီတို။


 အပေါ်က ရိုးရိုးရှင်းရှင်းတီရှပ်အဖြူတစ်ထည်။


ထို့အပြင် maskကို ချွတ်ထားပြီး မျက်နှာပေါ်တွင် သိမ်မွေ့ကာသင့်တင့်လျောက်ပတ်သော အပြုံးလေးတစ်ခုကိုချိတ်ဆွဲထားသည်။


စားပွဲဝိုင်းတစ်ခုလုံးက သူမကို စိုက်ကြည့်ကာ ဆွံ့အနေကြသည်။ စုယိသည် သူမ၏လည်တိုင်လေးကို အသာစောင်းကာ ဖန်ခွက်ကို လှုပ်ခါပြလိုက်သည်။ 


 "အဲဒါ...အဆင်ပြေရဲ့လားဟင်"


အရက်သောက်ဖို့ လှုံ့ဆော်တဲ့သူက ပထမဆုံး အသိပြန်၀င်သွားပြီး ချူယင်းထံ 'နားလည်ပါတယ်ကွာ' ဆိုသည့်အကြည့်တစ်ချက်ပစ်ပေးပြီးနောက် သူက အပြုံးကြီးပြုံးပြီးပြောလိုက်သည်။


 "ရတာပေါ့ဗျာ သေချာပေါက် ရတာပေါ့"


ချူယင်းသည် ဖန်ခွက်ကို စုယိထံမှ ပြန်ယူရန် ကြံရွယ်လိုက်သော်လည်း သူမသည် ထိုဖန်ခွက်ကို အမြင့်သို့ မြှောက်ထားပြီးဖြစ်သည်။


ချူယင်းက မေးလိုက်သည်။


"မင်းဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"


 "ကျွန်မက သူငယ်ချင်းတစ်ယောက်နဲ့ ချွမ်ထမင်းလာစားဖို့ဒီကိုရောက်နေတယ်လို့ရှင့်ကိုမပြောလို့လား"


စုယိက ပြုံးပြီး ပြောလိုက်သည်။


သူမပို့လိုက်တဲ့ မက်ဆေ့ချ်တွေကို တစ်ဘက်မှလူကလုံး၀မဖတ်ဘူးဆိုတာ လုံး၀သေချာသွားချေပြီ။


 "မင်း မသောက်ရဘူး"


ချူယင်းသည် သူ့အသံကို တိုးလိုက်ကာ ထရပ်ပြီး ဖန်ခွက်ကို ပြန်ယူရန်လုပ်လိုက်သည်။


 သူ စကားမဆုံးသေးခင်မှာပင် စုယိက ခွက်ကို သူမပါးစပ်နားသို့အလျင်အမြန် ယူပြီး တစ်ကျိုက်တည်း မော့ချပစ်လိုက်သည်။


သူမသောက်ပြီးသွားတာနဲ့ ခေါင်းကို တစ်ဖက်သို့ အသာစောင်းလိုက်ကာ ပြုံးပြပြီး "အရမ်း နောက်ကျသွားပြီ ...ကျွန်မသောက်ပြီးသွားပြီ"


သူမ၏ နှုတ်ခမ်းပေါ်တွင် အရက်ရဲ့အရည်စက်တချို့ကတင်ကျန်နေပြီး သီးသန့်ခန်းရှိ မီးရောင်အောက်တွင် သူမ၏ နှုတ်ခမ်းနှစ်လွှာက အရည်လဲ့ကာရွှန်းစိုနေပြီး သူမမျက်၀န်းများက လုပ်ချင်တာလုပ်လိုက်ရတာကြောင့် ကြည်နူးပျော်ရွှင်မှုနှင့်အတူ ကြည်လင်တောက်ပနေသည်။


သူမက တကယ့်ကို ဆိုးသွမ်းနေတဲ့မိန်းကလေးတစ်ယောက်လိုပင်။


သူ အမြင်မှားတာမဟုတ်ကြောင်း မျက်စိအရှေ့ကမြင်ကွင်းက သက်သေပြသွားသည်။


' ဒီစုယိက တကယ့်ကို ဆိုးသွမ်းတဲ့မိန်းကလေးမျိုးပဲ '


ဆိုးသွမ်းတဲ့မိန်းကလေးလို့သမုတ်ခံလိုက်ရသည့်သူက လက်ရှိတွင် ခြေတစ်ဖက်ချိတ်ထိုင်၍ လက်ထဲမှာ ပုလင်းတစ်လုံးကိုင်ပြီး ပြုံးရယ်နေပုံက ထိုစစ်မှုထမ်းဟောင်းများ ပြောပြနေသော ပုံပြင်များကို နားထောင်ရသည်အား အတော်လေးကိုဓာတ်ကျနေပုံပင်။


"အဲ့ဒီကောင်က တစ်ယောက်ယောက်ကိုလုယက်ဖို့ကြိုးစားနေတုန်း ငါ့ဆီကိုမှရွေးပြီးတည့်တည့်ပြေး၀င်လာတာကတော့ တော်တော်ကံမကောင်းတာပဲ သူ့ကို လှဲချပစ်ဖို့ ငါ အကွပ်နှစ်ကွပ်ထက်ပိုမသုံးခဲ့ရဘူး​”


“ဝေါင်း~”


စုယိသည် သူမ၏ ချီးကျူးစကား​တွေကို လွပ်လွပ်လပ်လပ်ပင်ပစ်ထုတ်လိုက်သည်။ 


 "လာပါ လူသားတွေရဲ့သူရဲကောင်းအတွက် တစ်ခွက်လောက်"


"ဒါက ငါ့အတွက်တော့ အရမ်းကြီးမားလွန်းတဲ့ ဘွဲ့ကြီးပဲ…"


ဖန်ခွက်ခြင်းတိုက်သံတွေကကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။


ချူယင်းသည် သူမဘေးတွင်ထိုင်ကာ စားပွဲရှိလူများနှင့်ချက်ချင်းရင်းနှီးသွားသော စုယိကို အေးစက်စွာကြည့်နေလိုက်သည်။


သူမက ဟန်ဆောင်မှုကင်းစွာ ရယ်မောနေခဲ့သည်။ သူမ၏ သွားလေးများက ဖြူဖွေးတောက်ပနေကာ သူမ၏မျက်လုံးများက ကွေးညွှတ်သွားသည့်အချိန်တိုင်း လခြမ်းပုံသဏ္ဍာန်လေးဖြစ်သွားသည်။


ထိုနေ့က သူ့ကိုပြုံးပြခဲ့တဲ့ လုပ်ယူထားသည့်အပြုံးထက် အခုအပြုံးက ပိုကြည့်ကောင်းသည်။


သူမသည် ဇာတ်လမ်းပေါင်းများစွာကို နားထောင်နေပြီး သူမပေါင်ပေါ်၌ အရည်တချို့စိုနေသော ပုလင်းကို တင်လိုက်ချိန်တွင် သူမ၏ ဖြူဖွေးနေသော အသားအရေလေးကိုပါ စိုစွတ်သွားစေသည်။ ချူယင်းသည် စိုက်ကြည့်နေတာကိုရပ်လိုက်ပြီး သူ့ ဂျာကင်အင်္ကျီကို ကုလားထိုင်နောက်ကျောပေါ်မှ ဆွဲယူကာ သူမ၏ပေါင်ပေါ်သို့ တင်ပေးလိုက်သည်။


စုယိ လန့်သွားပြီး လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေဖြင့် စုံတွေ့လိုက်ရသည်။


ချူယင်းက အဝေးသို့အကြည့်လွှဲလိုက်ပြီး သူမ လက်ထဲမှ ပုလင်းကို ပြန်လုယူကာ ထရပ်လိုက်သည်။


"နောက်ကျနေပြီ ငါအရင်သွားတော့မယ်"


သူ့ကို ဆက်နေရန် ကြိုးစားမှုတွေ ရှိနေကြနေသေးသည်။


 ချူယင်းက သူတို့အသံတွေကို မကြားချင်ယောင်ဆောင်ကာ သူ့မှာရှိတဲ့ ခြေတံရှည်တွေကိုအားကိုးပြီး တံခါးအပြင်ကိုလစ်ထွက်ဖို့အတွက် ခြေလှမ်းများစွာမလိုအပ်လိုက်ပေ။


တစ်ယောက်ယောက်ရဲ့မေးသံကိုသူကြားလိုက်ရသည်။


 "ဟေ့ မင်းက ဗိုလ်ကြီးယင်းနဲ့ အတူတူ မသွားဘူးလား"


“သွားမှာပေါ့” 


 စုယိက ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး သူမရဲ့ရင်းနှီးမှုကိုပြသသည့်အနေဖြင့် တစ်ကျိုက်တည်းနဲ့မော့သော့ပစ်လိုက်သည်။


ထို့နောက် သူမသည် မတ်တပ်ထရပ်ကာ အင်္ကျီကို ခါးတွင်ချည်လိုက်ပြီး “ကျွန်မတို့ သွားတော့မယ် ရှင်တို့ဆက်ပျော်ကြလိုက်ဦးနော်”


စုယိထွက်သွားပြီးနောက် တစ်ယောက်ယောက်ကပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။


 "သားကြီးတို့ ဗိုလ်ကြီးယင်း ကတော့ သူ့ဘ၀ကြီးကိုစိုပြေစေမယ့် ကောင်မလေး ရှာတွေ့သွားပြီကွ"


စုယိထွက်လာချိန်တွင် ချူယင်းသည် ကျသင့်ငွေပေးချေပြီးရုံသာရှိသေးသည်။ သူ လှည့်ထွက်ဖို့ ပြင်လိုက်ချိန်တွင် သူ့နောက်မှရောက်လာတဲ့လူက သူ့လက်ကို လှမ်းဆွဲလာသည်။


ရင်းနှီးနေတဲ့ ခွန်အားတစ်ခု။


"ရှင် လမ်းလျှောက်တာ အရမ်းမြန်တာပဲ ​​ကျွန်မ မမှီတော့ဘူး"


 စုယိကတော်တော်မူးနေပြီဖြစ်သည်။ သူမစကားပြောပြီးသွားချိန်တွင် သူမ လေချဥ်မတတ်ဘဲ မနေနိုင်ချေ။


ချူယင်းက သူ့လက်ကို ပြန်ဆွဲယူလိုက်သည်။ 


 "ငါ မင်းအတွက် ကားခေါ်ပေးမယ် ခဏစောင့်"


ထို့နောက် နောက်ပြန်မလှည့်ကြည့်ဘဲ ထွက်သွားတော့သည်။


"ချူယင်း..."


ဤတစ်ကြိမ်မှာတော့ စုယိက သူ့နောက်ကို လိုက်ဖို့ မကြိုးစားတော့ချေ။ သူမ နဂိုရပ်နေတဲ့နေရာမှာပဲ ဆက်ရပ်နေပြီး သူ့ကိုလှမ်းအော်လိုက်သည်။


ချူယင်း က မရပ်ပေ။


"ချူ...ယင်း..."


ခပ်ဝေးဝေးသို့ လျှောက်လှမ်းသွားနေသော သူကို ကြည့်ရင်း စုယိသက်ပြင်းချလိုက်မိသည်။


'ဒီလူက တကယ်ကိုလိုက်ဖို့ခက်တာပဲ။'


သူမခါးမှာချည်ထားတဲ့ ဂျာကင်အင်္ကျီလက်စကို ပိုတင်းနေအောင်ဆွဲချည်လိုက်ပြီး သူ့နောက်ကိုအမြန်လိုက်ဖို့ ပြင်လိုက်သည်။


"စုယိ ဒါ စုယိမလား"


ခန်းမထဲက တစ်ယောက်ယောက်က ထိုကဲ့သို့ပြောလိုက်သည်နှင့် ရှိနေသမျှလူအားလုံးက သူမကို အာရုံစိုက်လာကြသည်။


"ဟေး တကယ်ကြီး သူမပဲကွ..."


"သူမ၀တ်ထားတာကနည်းနည်း...ဘယ်လိုတောင်ကြောင်လိုက်သလဲ"


“ဒီလိုခြေတံရှည်တွေ…”


ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ရပ်တန့်သွားခြင်းမရှိသည့်အပြင် တချို့သောလူများက သူတို့၏ဖုန်းကိုပင်ထုတ်ပြီး ပွင့်ပွင့်လင်းလင်း ဓာတ်ပုံရိုက်ယူကြတော့သည်။


စုယိသည် သူမလျှာကို ကိုက်လိုက်သည်။ သူမသည် ယောက်ျားလေးတစ်ယောက်၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသဖြင့် ခံစားချက်ကသိပ်ကောင်းမနေပေ။ထို့ကြောင့် ပုန်းအောင်းနေဖို့ကိုလည်း စိတ်မ၀င်စားတော့ပေ။


သူမ ခါးတစ်ဝိုက်က အလေးချိန်ကရုတ်တရက် ပျောက်ကွယ်သွားတာကို ခံစားလိုက်ချိန်သည် ထိုလူရဲ့ ကင်မရာဘက်ကို လှည့်ပြီး ပြုံးပြဖို့ ပြင်နေချိန်ဖြစ်သည်။ သူမ အောက်ကိုငုံ့ကြည့်လိုက်တော့ ခါးမှာပတ်ထားတဲ့ အင်္ကျီကပျောက်သွားချေပြီ။ သူမဘာမှပြန်ပြောခွင့်မရသေးခင်မှာ သူမမျက်နှာကို ထိုအင်္ကျီဖြင့် လုံးလုံးလျားလျား ဖုံးအုပ်ခံလိုက်ရသည်။


သန်မာပြီး ထူထဲသောလက်မောင်းတစ်ဖက်က သူမ၏ခါးကိုဖတ်ကာ အပြင်ဘက်သို့လမ်ညွှန်ပေးသည်။


“ဟိုဘက်လှည့် အောက်ကိုကြည့်”


ထိုအမျိုးကောင်းသားလေး၏ အသံထဲတွင် စိတ်မရှည်ခြင်းများဖြင့် ပြည့်နှပ်နေသည်။


**


အနက်ရောင် SUV ပေါ်တွင် စုယိသည် မီးခိုးရောင် ဂျာကင်အင်္ကျီကို ကြီးမားသော အပြုံးပွင့်ကြီးဖြင့် ပွေ့ဖက်ထားသည်။


ချူယင်းက ကားမောင်းနေရင်းမှ ခံစားချက်တစ်စုံတစ်ရာရှိမနေသည့်မျက်နှာသေဖြင့် မေးလိုက်သည်။


 “မင်းရဲ့ အိမ်လိပ်စာက ဘာလဲ”


စုယိက နာခံစွာဖြင့်ပြောလိုက်သည်။


မကြာသေးမီက အရက်မူးပြီး ကားမောင်းခြင်းကို စစ်ဆေးမှုများက ပိုမိုတင်းကျပ်လာပြီး လမ်းမများပေါ်တွင် ရဲများ အများအပြား ရှိနေသည်။


စုယိရဲ့လက်က ပြတင်းပေါက်မှန်မှာ မှီတင်ထားပြီး ခေါင်းထောင်နိုင်ရန် လက်ဖြင့်ပင့်မြှောက်ထားရသည်။


 "ဟေး ကျွန်မက ပြတင်းပေါက်ကိုဖွင့်ပြီး အပြင်ကိုအော်ဟစ်လိုက်ရင် ရဲက ကားထဲကအရက်နံ့ကိုရသွားပြီး ရှင့်ကို နောက်တစ်ခေါက်တောင် မစဉ်းစားဘဲ ဆွဲခေါ်သွားလိမ့်မယ်"


ကောင်လေးက အရင်လို ငြိမ်သတ်နေတုန်းပင်။


"ရှင့်ရဲ့ momentsထဲမှာ ခွေးတစ်ကောင်ပုံကို ကျွန်မမြင်ခဲ့တယ် အဲဒါ ရှင်ပိုင်တာလား"


ဘာအကြောင်းပြန်စကားမှပြန်မရချေ။


“အဲ့ဒီခွေးလေးက အရမ်းကိုချစ်ဖို့ကောင်းတာပဲ ကျွန်မကအမြဲတမ်း လိုချင်နေပေမယ့် ကျွန်မကအလုပ်အရမ်းရှုပ်လွန်းတယ်လေ ရှင့်မှာ အချိန်ရှိရင် ရှင့်ရဲ့ခွေးလေးကို ယူလာပြီး ကျွန်မနဲ့လမ်းတူတူလျှောက်ကြမလား"


ချူယင်းသည် သူမကို လျစ်လျူရှုထားဆဲပင်။ စုယိက ပြတင်းပေါက်မှန်ပေါ်က ထောက်ထားသည့် လက်ကို ပြန်ဆွဲယူလိုက်ချိန်တွင် ခေါင်းက ပြတင်းပေါက်မှန်ပေါ်သို့ တိုက်ရိုက်ပင်ရိုက်မိသွားသည်။


ထိချက်က တော်တော်ပြင်းသည်။ သူမ နာကျင်မှုကြောင့်အော်ဟစ်လိုက်ပြီး ခေါင်းကို စတင် ပွတ်သပ်တော့သည်။


တိုက်ဆိုင်စွာပင်၊ ထိုအချိန်တွင် မီးနီသွားပြီး ကားကရပ်သွားသည်။ ချူယင်းသည် တစ်စုံတစ်ယောက်က ခေါင်းကို ထိုနည်းဖြင့် ရိုက်ခံရနိုင်သည်ကို မသိခဲ့ချေ။


သူက မျက်မှောင်ကြုတ်လိုက်ပြီး “မင်းက ငတုံးလား”


"ရှင် ကျွန်မကိုဒီလိုပြောလို့မရဘူး" 


 စုယိက တကယ်ကြီးကိုလေးနက်နေဟန် ဟန်ဆောင်လိုက်သည်။ "ကျွန်မက ရှင့်အတွက် အရက်တွေ အများကြီး သောက်ခဲ့ရတာ"


ချူယင်းက အတော်လေးကိုရယ်စရာကောင်းနေတယ်လို့ ခံစားလိုက်ရသည်။ 


“မင်းကို မလိုအပ်ပါဘူး”


"...ဒါပေမယ့် ကျွန်မက လုပ်ချင်တယ်..."


 စုယိ၏ အော်ဟစ်သံက သူမရဲ့ အဓိပ္ပါယ်မရှိတဲ့အပြုအမူတွေရဲ့အကြောင်းအရင်းအမှန်ကိုပေါ်အောင် သစ္စာဖောက်သွားသည်။


သူတို့သောက်နေတဲ့အရက်က တကယ့်ကို ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေရှိတယ်ဆိုတာကို ချူယင်း သတိရသွားသည်။ သူ့ရဲ့ ငြိမ်သက်နေတဲ့အချိန်ကိုကျော်လွန်ပြီးနောက် ယင်းသည် နောက်ဆုံးတွင်အသက်ဝင်အစွမ်းပြလာချေပြီ။


အရက်မူးသမားနှင့် ကျိုးကြောင်းစီလျော်သည့် စကားတွေပြောဖို့မကြိုးစားတော့ဘဲ သူ့ပါးစပ်ကို အသာပိတ်ထားလိုက်သည်။


စုယိရဲ့အိမ်က သိပ်မဝေးဘူး၊ သူတို့ရောက်ရန်အတွက် သိပ်မကြာလိုက်ချေ။


ချူယင်းကကားကို ရပ်လိုက်သည်။ 


 “ရောက်ပြီ ဆင်းတော့”


သူ့ဘေးနားရှိလူက စကားမပြောတော့ပေ။ *သေနတ်ကြီးကိုင်ထားသော အမျိုးသမီးသည် * အိပ်ပျော်သွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် သူမျက်မှောင်ကြုတ်လိုက်မိသည်။


[ T/N -မူးနေတာကိုဆိုလို။ ]


'ဘယ်လိုတောင် အနှောင့်အယှက်လဲ။'


သူက လက်ကိုဆန့်ထုတ်လိုက်ပြီး သူမ ပုခုံးကိုပုတ်လိုက်ပြီးနိူးလိုက်သည်။


“စုယိ”


အကြိမ်အနည်းငယ်လောက် ထပ်ကြိုးစားကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုကိုမျှပြန်မရချေ။


ချူယင်းသည် ထိုသို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည်။ စုယိသည် ခပ်မြန်မြန် နိုးလာတော့မည် မဟုတ်ကြောင်း သူသတိပြုမိလိုက်ချိန်တွင် နှုတ်ခမ်းကို အသာဖိကပ်ကာ ကားကို ပြန်လှည့်၍မောင်းထွက်လာလိုက်သည်။ 


ရွှင်မြူးတတ်ကြွနေသည့် ဖုန်းringtone သံတစ်ခု မြည်လာချိန်တွင် သူသည် သိပ်ဝေးဝေးသို့ မရောက်သေးချေ။


စုယိတစ်ယောက် သူမလက်ထဲတွင် တင်းတင်းကျပ်ကျပ် ကိုင်ထားသည့် ဖုန်းမှဖြစ်သည်။


ချူယင်းသည် မျက်ခုံးအသာပင့်ကာ ကားကိုဘေးချ ရပ်လိုက်သည်။ ဖုန်းမှ လက်ချောင်းများကို တစ်ချောင်းဆီဖယ်လိုက်ပြီး နောက် 'စုန်းမအိုကြီး' ဟု ညွှန်းဆိုထာသော ဖုန်းမျက်နှာပြင်ကိုမြင်လိုက်ရသည်။


ဖုန်းပြန်မဖြေခင် အချိန်တစ်ခုလောက် သူတုံ့ဆိုင်းသွားမိသည်။


___________________________________________