အပိုင်း ၇
Viewers 12k

Chapter 7


စုယိတစ်ယောက် သူမလက်ထဲတွင် တင်းတင်းကျပ်ကျပ် ကိုင်ထားသည့် ဖုန်းမှဖြစ်သည်။


ချူယင်းသည် မျက်ခုံးအသာပင့်ကာ ကားကိုဘေးချ ရပ်လိုက်သည်။ ဖုန်းမှ လက်ချောင်းများကို တစ်ချောင်းဆီဖယ်လိုက်ပြီး နောက် 'စုန်းမအိုကြီး' ဟု ညွှန်းဆိုထာသော ဖုန်းမျက်နှာပြင်ကိုမြင်လိုက်ရသည်။


ဖုန်းပြန်မဖြေခင် အချိန်တစ်ခုလောက် သူတုံ့ဆိုင်းသွားမိသည်။


ဖုန်းကိုင်လိုက်ချိန်တွင် ချက်ခြင်းဆိုသလိုပင် သူက စကားအရှည်ကြီးဖြင့် စော်ကားခြင်းခံလိုက်ရသည်။


"အဲ့ဒီ ထူကျင့်လန်က အရမ်းကို အားတက်သရောကြိုးစားနေတာပဲ ​​နင်တို့ လူရွေးပွဲဖြေပြီးတာနဲ့ ချက်ချင်းပဲ Chu Corporation ရဲ့ အကြီးတန်း စီမံခန့်ခွဲသူတစ်ယောက်ကို ဆက်သွယ်လိုက်တယ်လေ သူမကသရုပ်ဆောင်ရဖို့အတွက်ဆို ဘာပဲလုပ်ရလုပ်ရ တကယ်စိတ်မပူတော့ဘူးလား တစ်နေ့ကျရင် သူနဲ့အိပ်ခဲ့တဲ့သူတွေရဲ့ ဇနီးသည်တွေက ဘောလုံးအသင်းဖွဲ့ပြီး မြေကြီးပေါ်မှာ မသေမချင်း ကန်ကျောက်ပစ်ကြမှာကို သူမ တကယ်စိတ်မပူဘူးလားမသ်ိ..."


“…”


၀ူရွှယ်ကဆက်ပြောလာသည်။


"ဒါပေမယ့် နင်စိတ်မပူပါနဲ့ ဒီတစ်ခါတော့ 'လျှို့၀ှက်နက်ရှိုင်းသော' ရဲ့ ဇာတ်ညွှန်းရေးတဲ့သူက အရမ်းစည်းကမ်းတင်းကျပ်တယ်တဲ့ Chu Corporationရဲ့မင်းသားလေးနဲ့ အိပ်ရင်တောင်အသုံးမ၀င်ဘူး သူမ ဇာတ်ညွှန်းရေးဆရာနဲ့ မအိပ်သရွေ့ပေါ့ ”


ချူယင်းပြောလိုက်သည်။


"သူမ အိပ်ပျော်နေပြီ"


"အစောကြီးအိပ်တာက သူမစတိုင်မဟုတ်ပါဘူး...ဘူး..." 


၀ူရွှယ်ကကြောင်အသွားပြီးမှ ပြန်မမေးခင်အထိ အချိန်အတော်ကြာယူလိုက်ရသည်။


 “နင် ဘယ်သူလဲ”


ချူယင်းကပြန်ဖြေဖို့အတွက်ပျင်းရိလွန်းနေသဖြင့် သူမကိုတည့်တည့်သာမေးချလိုက်သည်။


"သူမမူးနေပြီ သူမရဲ့အိမ်နံပါတ်က ဘာလဲ"


၀ူရွှယ်က အော်ဟစ်ကျိန်ဆဲလိုက်ရင်း “နင် ဘာလုပ်ချင်နေတာလဲ ငါ နင့်ကိုကြိုပြောထားမယ်နော် ဘာမှမလုပ်နဲ့..."


သူ တစ်စက်လောက်ပင် မသောက်ထားပါသော်လည်း ချူယင်းသည် အတော်လေးကို ခေါင်းကိုက်နေမိသည်။


သူပြောလိုက်သည်- “ထားလိုက်တော့”


"ဘာကို ထားလိုက်တော့လဲ သူမ မင်းအနားမှာ ရှိနေတာလား"


၀ူရွှယ်စိတ်ပူသွားသည်။ 


"သားရဲကောင် နင် သူမကို နင့်အိမ်ခေါ်ရဲခေါ်သွားကြည့်စမ်း...နင်ဘယ်သူလဲ ငါ နင့်ကိုပြောနေတာဟဲ့…”


"ငါ သူ့ကို ရဲစခန်းပဲ သွားပို့လိုက်တော့မယ်" 


 ချူယင်းက ဆက်ပြောသည်။ 


 "မင်း သူ့ကို အဲဒီကနေ သွားခေါ်လို့ရတယ်"


သူပြောပြီးတာနဲ့ သူသည် ကားမောင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


“ဟေး” 


မူးနေသူက ရုတ်တရက် ခေါင်းထောင်လာကာ ချူယင်း၏ မျက်နှာကို မစိုက်ကြည့်မီ ကြောင်တက်တက်ဖြင့် ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။


စက္ကန့်အနည်းငယ်ကြာတော့ သူမကစကားဆိုလာသည်။


 “ကျွန်မတို့က အိမ်မှာမဟုတ်ဘူးလား…အခုက ဘယ်သွားမလို့လဲ”


သူမက ပန်းရောင်ဖုန်းကာဗာကို တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားသည့် အသံတစ်ခုထွက်လာသည်။ 


 "ဘာလို့ ကျွန်မဖုန်းကို ကိုင်ထားတာလဲ"


ချူယင်းကတိုတိုတုတ်တုတ်မေးလိုက်သည်။


 "မင်းရဲ့ အိမ်တံခါးနံပါတ်က ဘာလဲ"


"ရှင် ကျွန်မအိမ်ကို လိုက်လည်မလို့လား"


 စုယိ၏မျက်လုံးများက ချက်ချင်းတောက်ပသွားပြီး "ဆယ့်နှစ်ထပ်မြောက် အခန်းနံပါတ်က1210 passwordက 113111 ဓာတ်လှေကားက တံခါးနားမှာတင် တစ်ချက်လှည့်ကြည့်လိုက်ရုံပဲ..."


သူမသည်ပြောနေရင်း စကားသံက တဖြည်းဖြည်းပြန်တိုးဖျော့သွားပြီး နောက်တစ်ကြိမ် တိတ်ကျသွားပြန်သည်။


“…” 


 တစ်ဖက်တွင်၊ ၀ူရွှယ်သည် ထိုအရာအားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ရပြီး သူမသည် သူမရဲ့အိတ်ကို ကောက်ဆွဲလိုက်ပြီး စုယိ၏အိမ်သို့ အပြေးအလွှားသွားတော့သည်။


"ငါ နင့်ကိုသတိပေးလိုက်မယ် ဘာမှမလုပ်နဲ့..."


ကျန်တစ်ဖက်က ဖုန်းချသွားချေပြီ။


၀ူရွှယ်တွေးမိတာက 'ဒီငတုံးမလေးက အရက် မူးလာတဲ့အချိန်ဆို အဘိုးအိုကြီးတစ်ယောက်လိုပဲ...တစ်ဆက်တည်းဆိုသလို အရာအားလုံးကိုပြောင်နေအောင် လွှင့်ပစ်တတ်တဲ့ ယုန်ဖြူလေးတစ်ကောင်လိုပဲ...'


ထိုအချိန်တွင် အရက်မူးနေတဲ့အဘိုးအိုကြီးသည် အမျိုးကောင်းသားလေးတစ်ဦး၏ ပခုံးပေါ်၌ လဲလျောင်းနေပြီး နှုတ်ခမ်းထောင့်မှလည်း တံတွေးတွေ စီးကျနေသည်။


"ချူယင်း ချူယင်း မှန်တယ် အေ့" 


 သူမသည် တပ်မှူးတစ်ယောက်လို တစ်နေရာရာအား လူများရှိနေသကဲ့သို့ တိုက်ခိုက်ရန် အော်ဟစ်ညွှန်ကြားနေရုံသာမက သူမ၏လက်တွေကလည်း ပတ်ချာလည် လှုပ်ယမ်းနေပြီး တစ်ကြိမ်မျှပင် ရပ်တန့်သွားခြင်းမရှိပေ။


စုယိသည် သူများတွေပြောသလို ၁မီတာနှင့် ခုနစ်ဆယ်အထက်ရှိလောက်ပေမည်။ သူမ လှုပ်ယမ်းနေမှုကို ထိန်းထားသည့် ချူယင်းသာ သူမလောက်သန်မာမှုမရှိပါလျှင် သူတို့နှစ်ယောက်လုံး လဲကျသွားမှာကသေချာပေါက်ပင်။


တံခါးဖွင့်ပြီးနောက်၊ ချူယင်းသည် မည်သည်ကိုမျှ အကြည့်တစ်ချက်မစွန့်ကြဲဘဲ အိပ်ခန်းဆီသို့သာ တည့်တည့်မတ်မတ်လျှောက်သွားပြီး စုယိကို ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။


စုယိထံက သူ့အကျီကို ပြန်ဆွဲယူလိုက်ပြီး စောင်ကို သူမအပေါ်သို့ခြုံပေးလိုက်ပြီးနောက် ပြန်လှည့်ထွက်သွားလိုက်သည် ။


“ဟေ့ မသွားနဲ့ဦး” 


 စုယိက ရုတ်တရက် ထအော်လိုက်သည်။


ချူယင်းသည် စိတ်မရှည်တော့ပေမယ့် ရပ်တန့်သွားမိသည်။


သူမက မျက်လုံးတွေကို မှိတ်ထားရင်းကနေမေးလိုက်သည်။


 "ဘယ်လိုလဲ နည်းနည်းလောက်ထပ်သောက်ကျရင်ရော ဘယ်လိုလဲ"


........


ဝူရွှယ်သည် စုယိ၏နေအိမ်သို့ အမြန်ပြေးသွားလိုက်သည်။


သူမ၏လက်များက ဆိုးဆိုးရွားရွားတုန်လှုပ်နေပြီး


လျို့ဝှက်ကုဒ်ကို နှစ်ခါပင်မှားရိုက်မိခဲ့၏။


ဝူရွှယ်က အပြင်ဘက်မှ အော်ခေါ်နေလေသည်။


 


 "စုယိ စုယိ အသက်ရှ်ိသေးလား"


အထဲမှ မည်သူမှပြန်မဖြေကြပေ။


နောက်ဆုံး၌ ' တီ 'ဟုမြည်လာပြီး အိမ်တံခါးကပွင့်သွားသည်။


ဝူရွှယ်က အိမ်ထဲဝင်လာပြီး အိတ်ထဲသွားလေရာထည့်ဆောင်ထားသော ဓားတစ်ချောင်းကို ကိုင်ဆောင်ထား၏။


ဧည့်ခန်းထဲ၌ လူတစ်ယောက်မှ မရှိဘဲ တစ်အိမ်လုံးက အလွန်တရာပင် တိတ်ဆိတ်နေလေသည်။


 "စုယိရေ"  


ဝူရွှယ်က နောက်တစ်ကြိမ်ဆက်ခေါ်၏။


 "အမ်..."


အိပ်ခန်းထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။


ဝူရွှယ်သည် ထိုနေရာသို့ နှစ်ခါပင်မစဥ်းစားဘဲ အပြေးအလွှားသွားလိုက်သည်။


အခန်းထဲ၌ အလွန်အမင်းသပ်ရပ်နေပြီး သူမရှာနေသောသူက ကုတင်ပေါ်ရှိစောင်ပုံထဲတွင် နစ်ဝင်နေလျက် မျက်နှာတစ်ခြမ်းသာဖော်ထားသည်။


စုယိ၏ဖုန်းသည် ကုတင်ဘေး၌ကျနေပြီး


စခရင်ပေါ်တွင် လွတ်သွားသောခေါ်ဆိုမှုများက အထင်းသားပင်။


 အိမ်တွင်း၌အရက်နံ့က ထောင်းခနဲထွက်နေပြီး စုယိသည် မနေ့ညက အလွန်အကျွံသောက်ခဲ့ကြောင်းသိသာနေသည်။ဝူရွှယ်သည် ဘေးဘီကိုဝေ့ဝိုက်ကြည့်ကာ အခြားတစ်ယောက်ရှိမရှိကို စစ်ဆေးလေ၏။


သူမတစ်ခွန်းမှမဟနိုင်သေးမှာပင် " ဘန်း " ဟူသောအသံတစ်ခုကိုကြားလိုက်ရပြီး ထို့အနောက်တွင် ခြေသံများပါ ကပ်ပါလာသည်။ခြေသံအနည်းအများအရ အိမ်ထဲသို့ လူအနည်းအကျဉ်းဝင်လာကြောင်းသိရှိနိုင်ပေသည်။


 ဝူရွှယ်လှည့်ကြည့်လိုက်သောအခါ တံခါးဝတွင် ရဲဝတ်စုံဝတ်ထားသည့်လူများကိုတွေ့လိုက်ရ၏။


 “ရွှယ်လေး...သူဘယ်မှာလဲ"


 မေးလိုက်သည့်တစ်ယောက်မှာ ဝူရွှယ်၏ချစ်သူ

ကောင်လေး လျှိုမင်ဟောင်ပင်ဖြစ်သည်။


ဝူရွှယ်သည် လျှိုမင်ဟောင်ထံသို့ ဖုန်းဆက်ခဲ့ပြီး စုယိတစ်ခုခု‌ဖြစ်နေကြောင်းပြောပြခဲ့သည်။ထို့နောက်သူမသည် XXကွန်ဒိုသို့ တစ်ယောက်ယောက်ခေါ်လာပေးရန် အကူအညီတောင်းသဖြင့် လျှိုမင်ဟောင်သည် အလုပ်မှတိုက်ရိုက်ထွက်လာခြင်းဖြစ်၏။


 


 "မသိဘူး... ဟဲ့ စုယိ...စုယိ ထ.. ထတော့" 


ဝူရွှယ်က စုယိ၏မျက်နှာကိုခပ်သာသာပုတ်ရင်းနှိုးနေလေသည်။


စုယိသည်ဝူရွှယ်၏လက်ကိုအားပြုပြီး ငုတ်တုတ်ထထိုင်လိုက်၏။ထို့နောက် သူမသည် ဝူရွှယ်၏ခါးကိုမှီကာ အိပ်မှုန်စုံမွှားဖြစ်နေသောမျက်ဝန်းများဖြင့်မေးလေသည်။


 "နင်က ဘာလို့ဒီရောက်နေတာလဲ"


 လျှိုမင်ဟောင်နှင့်အတူ ပါလာသော ရဲများသည်လည်း အိပ်ခန်းထဲသို့ ရောက်လာသည်။ သူတို့သည် အိပ်ရာပေါ်ရှိမိန်းက‌လေးကိုမြင်သောအခါ ထိတ်လန့်သွားကြ၏။


သူမက သူတို့အလွန်ရင်းနှီးနေသော ရုပ်ရှင်စတားတစ်ယောက်ဖြစ်နေသည်။


 ဝူရွှယ်သည် စိတ်ရှင်းသွားပြီး သက်ပြင်းတစ်ချက်ချလိုက်၏။ထို့နောက်သူမသည် အခန်းပေါက်ဝရှိလူများအားလှမ်းကြည့်ကာ ပြောလေသည်။


 “သူ အခုအဆင်‌ပြေနေပါပြီ.. အားနာပါတယ်ရှင်


ကျွန်မက အစိုးရိမ်လွန်ပြီး အလုပ်ပိုသွားစေမိပြီ...နောက်တစ်ခါကျမှ မင်ဟောင်နဲ့အတူတူ ညစာလိုက်ကျွေးပါ့မယ် "


ဝူရွှယ်သည် လျှိုမင်ဟောင်နှင့် အဖွဲ့ကိုပြန်လွှတ်လိုက်ပြီး ကုတင်ဘေးဘက်တွင် ဝင်ထိုင်လိုက်ကာ စုယိကို ကုတင်ပေါ်မှ ဆွဲထုတ်တော့၏။


" ချူယင်း ဘယ်မှာလဲ "


 စုယိက ဝူရွှယ်ကိုမှီထားရင်းမေးလေသည်။


ဝူရွှယ်သည် ယခုလေးတင် အတော်စိုးရိမ်ခဲ့ရပြီး အခြေအနေကိုနားမလည်နိုင်တော့ချေ။


ဤသည်မှာ ယခင်က စုယိပြောခဲ့ဖူးသောနာမည်မဟုတ်ပါလော။ဝူရွှယ်က စိတ်မကြည်ဖြစ်စွာပြောလိုက်သည်။


 "မသိဘူးလေ... နင့်ဘာသာနင် မတ်မတ်ရပ်လို့ရမလား "


ထိုစကားကိုကြားသောအခါ စုယိသည် ဝူရွှယ်ကို ဆက်မမှီတော့ပဲ နံရံကိုမှီလျက်ခန္ဓာကိုယ်ကိုတည့်မတ်လိုက်တော့၏။


" ဒီလိုဖြေမယ်လို့ထင်သားပဲ "


 ဝူရွှယ် သည် မျက်လုံးများကို မှိတ်၍စိတ်လျှော့လိုက်ပြီး 


ရေပူစပ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့လေသည်။


 မိနစ်နှစ်ဆယ်ခန့်ကြာသောအခါ စုယိက ရေချိုးကန်ထဲတွင် ရေစိမ်ချိုးရင်းလဲလျောင်းနေခဲ့၏။


ဝူရွှယ်က သူမကို ခေါင်းလျှော်ပေးနေသည်။


 


 အချိန်အတော်ကြာတွေးပြီးနောက်တွင်လည်း ဝူရွှယ်သည် ကိစ္စရပ်အား ရှင်းရှင်းလင်းလင်းနားမလည်သေးသောကြောင့် နောက်ဆုံးတွင် စုယိကိုမေးခဲ့၏။


 “အဲ့ဒီတစ်ယောက်လေ... ဘာယင်းဆိုလား... သူက နင့်ကိုမနေ့ညက ဘာမှမလုပ်ဘူးလား "


 "ဟင့်အင်း"  


စုယိ၏လေသံက အလွန်ပင်ထိုင်းမှိုင်းနေရှာ၏။


 " ပြီးတာပဲ " 


ဝူရွှယ်က စုယိ၏ဆံပင်များကို ရေချိုးဇလုံထဲသို့ပြန်ထည့်ပြီး ပြောလိုက်သည်။


"ငါကပုံမှန်ပဲ.. နင်ကသာအားမရှိတာ...စကားမစပ် ဖုန်းယူပေးသွားဦးနော် ရွှယ်ရွှယ်လေး"


 "မယူဘူး... မြန်မြန်ချိုးပြီးထွက်လာခဲ့...အရက်သမားတွေမှာ ရေအကြာကြီးချိုးခွင့်မရှိဘူး...မနက်ဖြန်ပရိုမိုးရှင်းပွဲသာမရှိရင် နင့်ကိုမြောင်းထဲမှာ မနက်လင်းတဲ့အထိ အိပ်ခိုင်းထားမှာ " 


ဝူရွှယ်က စုယိ၏တောင်းဆိုမှုကို ငြင်းပယ်ပြီး ထထွက်သွားရန်ပြင်လိုက်သည်။


ခေါင်းအနည်းငယ်ကြည်လာပြီး သူမထံတွင်မေးစရာများပေါ်ပေါက်လာတော့၏။


" ဒါနဲ့ လျှိုမင်ဟောင်ကို ဘာလို့ဖုန်းဆက်လိုက်တာလဲ "


" မေးရဲသေးတယ်နော်....ဘာတွေတွေးနေတာလဲ...


ငါနင့်ကိုမပြောခဲ့ဘူးလား...ငါမရှိတဲ့အချိန်မှာ မသောက်ပါနဲ့လို့...နင်ကနာမည်ကြီးနော် ... အပြင်မှာအရက်သောက်တာ ဘယ်လောက်ထိ အန္တရာယ်များလဲသိရဲ့လား "


 


 ဝူရွှယ်ကဖြစ်ပျက်ခဲ့သည်များကို ရှင်းပြသည်။


စုယိသည် မဆိုစလောက်ကလေးမူးဝေနေသေးပြီး


ပါးစပ်ပိတ်ကာ ဝူရွှယ်ပေါက်ပေါက်ဖောက်သမျှကို ထိုင်နားထောင်နေလိုက်၏။


ဝူရွှယ်သည် နံရံကိုမှီထားပြီး စုယိအားမေးလာသည်။


"ချူယင်းဆိုတာက ပရဟိတပွဲက တစ်ယောက်လား "


စုယိ၏မျက်နှာကြီးက ပြုံးဖြီးနေပြီး


မျက်ဝန်းများက တောက်ပနေလေ၏။


သူမကိုယ်သူမပင် မကယ်တင်နိုင်တော့သည်အထိ ထိုတစ်ယောက်အား စွဲလန်းနေမိပြီဖြစ်သည်။


စုယိထံမှ ဤမျက်နှာထားကို မြင်ရခဲသောကြောင့် ဝူရွှယ်သည်လည်း သိလိုစိတ်ပြင်းပြလာခဲ့သည်။


  “ မြင်မြင်ချင်းအချစ်က ထူးဆန်းလွန်းတယ်.... သူကနင့်ကို ပီယဆေးကျွေးလိုက်တာမဟုတ်ဘူးလား ...


လူကြည့်တော့ လျန့်ပေါလောက်တောင် မချောဘဲနဲ့ "


လျန့်ပေါသည် လက်တလောတွင် ရေပန်းစားနေသော လူသစ်တစ်ဦးဖြစ်ပြီး သူတင်သော weibo ပိုစ့်တိုင်းက ရင်ခုန်စရာကောင်းလှသည်။


ထိုမျှသာမက ပို့စ်မှန်သမျှသည် တင်ပြီးနှစ်နာရီမပြည့်မီမှာပင် ထိပ်တန်းရှာဖွေမှုထဲ ပါသွားတတ်၏။


ဝူရွှယ်သည် လျန့်ပေါအကြောင်းထည့်ပြောရသည့်ရည်ရွယ်ချက်မှာ လျန့်ပေါသည်စုယိအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မထိတထိပြုမူနေခဲ့ခြင်းကြောင့်ဖြစ်လေသည်။


"တော်စမ်းပါ... လျန့်ပေါနဲ့ ယှဉ်စရာကိုမလိုဘူး "


စုယိက မြည်တွန်တောက်တီးသည်။


စုယိရေချိုးပြီးသောအခါ ဝူရွှယ်က ထွက်သွားတော့၏။


စုယိသည် အိပ်ချင်စိတ်ပျောက်သွားပြီဖြစ်ပြီး


သူမ ဖုန်းကို ကောက်ကိုင်လိုက်ကာ ချူယင်းထံသို့ WeChatမှ request ပို့လိုက်သည်။


ဖုန်းသည် မကိုင်မချင်းအဆက်မပြတ်မြည်နေသော‌ကြောင့် ချူယင်းလည်း နိုးလာခဲ့၏။


 "ဟင်...."


ဖုန်းတစ်ဖက်မှကောင်လေး၏လေသံက စိတ်အနှောက်အယှက်ဖြစ်နေပုံရသည်။ထိုအရာသည် အိပ်ရာနိုးခါစလေသံဖြစ်ပြီး အနည်းငယ်ထိုင်းမှိုင်းနေလေ၏။


 "အိပ်နေတာလား" 


စုယိသည် သိနှင့်ပြီးဖြစ်သော်လည်း ထပ်မေးလေ၏။


သူသည် ရင်းနှိီး‌သောလူနည်းစုသာသိသည့်ဖုန်းနံပါတ်အသစ်ကိုပြောင်းလဲထားပြီး WeChat မှခေါ်ဆိုမှုကိုမြင်သောအခါ သာမန်ဖုန်းဟုသာထင်ထားခဲ့သည်။


ဖုန်းတစ်ဖက်မှ စုယိ၏လေသံကိုကြားလိုက်ရချိန်တွင် ချူယင်း၏မျက်လုံးများက ပြူးကျယ်သွားပြီး စက္ကန့်အနည်းငယ်ကြာသောအခါ ဖုန်းချပစ်ချင်စိတ်ပေါက်လာလေသည်။


 


 "ဖုန်းမချနဲ့နော်.....ဒါနဲ့...ရှင် ကျွန်မကုတ်အင်္ကျီကို ယူသွားတာလား" 


စုယိသည် ကြိုတင်သိနေသည့်အလား လှမ်းအော်၍တားပြီးနောက် စကားဆက်သည်။


" မင်းမှာ ကုတ်အင်္ကျီ‌ရောပါလို့လား "


" ပါတာပေါ့... ကျွန်မခါးမှာချည်ထားတာက ကျွန်မဟာပဲပေါ့ "


စုယိက လေသံမြှင့်ပြီး ယုံကြည်မှုအပြည့်နှင့်ပြန်ဖြေ၏။


သူမက ပါးစပ်ကိုလက်ဖြင့်အုပ်ထားပြီး အော်မရယ်မိအောင်အတင်းကြိုးစားနေရသည်။စုယိသည် ဆက်လက်၍ အရက်မူးချင်ယောင်ဆောင်နေဆဲပင်။


 “ရှင့်အင်္ကျီဆိုရင် ဘာလို့ ကျွန်မခါးပေါ်ရောက်နေတာလဲ "


 


စုယိသည် မေးခွန်း၏အဖြေကိုပြန်မရလိုက်ပေ။


" တီ " ဟူသောအသံထွက်ပေါ်လာပြီး တစ်ဖက်လူက ဖုန်းချသွားတော့သည်။


ထို့နောက် စုယိသည် အကျယ်ကြီးအော်ရယ်လိုက်၏။


တစ်ဖက်လူက စိတ်တိုသွားသော်လည်း ထိုသူအားစနောက်ရသည်မှာ အမှန်တကယ်ပင် ပျော်စရာကောင်းလှသည်။


 

___________________________________________