အပိုင်း ၈
Viewers 12k

Chapter 8


နောက်တစ်နေ့တွင် အန်းရွှမ်သည် စုယိအား လာနှိုးပေး၏။


အန်းရွှမ်သည် ဝူရွှယ်တောင်းဆိုထားသည့်အတိုင်း မနက်စာကို စီစဉ်ပြီး စားပွဲပေါ်တွင်ချထားပေးသည်။


" ယိကျဲ မနက်စာမြန်မြန်စား... ခဏနေ မိတ်ကပ်ဆရာလာတော့မယ် "


 "ဒီနေ့... ဘာလုပ်စရာရှိတာလဲ "


စုယိက ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး 


အိပ်မှုန်စုံမွှားဖြင့် မေးလိုက်သည်။


 " Pasionရဲ့ ဆိုင်ခွဲဖွင့်ပွဲလေ... နာရီဝက်လောက်တော့သွားရမယ် ”အန်းရွှမ်ကပြန်ဖြေ၏။


စုယိထံ၌ အအိပ်မက်သော အကျင့်ဆိုးမရှိပေ။


သူမသည် အလျင်အမြန်ပင် ငုတ်တုတ်ထိုင်လိုက်သည်။


ထို့နောက် မျက်လုံးကာကိုချွတ်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်၏။


မနက်စာ စားပြီးသည်နှင့် မိတ်ကပ်ဆရာ ရောက်လာတော့သည်။မိတ်ကပ်ဆရာသည် ဂေးတစ်ယောက်ဖြစ်ပြီး မိန်းကလေးဆန်‌ပြီး ညှို့ငင်အားပြင်းသည့် အဝတ်အစား ၀တ်တတ်သည့်စတိုင်ရှိ၏။


သူ၏လေသံမှာ စုယိထက်ပင် ပိုနွဲ့နှောင်းနေသေးသည်။သူက စုယိ၏ညိုမဲနေသောမျက်အိတ်များကို ကြည့်ပြီးညဉ်းတွားလာသည်။


" ဘယ်ရှိုးမှသွားစရာမရှိဘူးလားဟင်...ဘာလို့မျက်အိတ်တွေက ပြန်ကျလာရတာတုန်း "


 " ယုတ္တိရှိအောင်ပြောစမ်းပါ... ဘယ်ရှိုးမှသွားစရာမရှိတာက ဘာစကားလဲ " 


စုယိသည် ခုံနောက်သို့မှီလိုက်ကာ မျက်နှာအတွက် ပြင်ဆင်ခြယ်သရန် လိုအပ်သမျှကို ခွင့်ပြုပေးလိုက်သည်။


ဖွင့်ပွဲအခမ်းအနားတက်ရန် ကြီးကြီးကျယ်ကျယ်လုပ်စရာမလိုပေ။စုယိသည် ရိုးရိုးရှင်းရှင်းဝတ်စုံနှင့် နောက်ဆုံးထွက် Pasion အမှတ်တံဆိပ်ဒေါက်ဖိနပ်တစ်စုံကို တွဲဖက်ဝတ်ဆင်ထားသည်။


 


မိတ်ကပ်ဆရာနှင့် အန်းရွှမ်တို့က သူမနှင့်အတူလိုက်ပါခဲ့ကြလေ၏။အန်းရွှမ်သည် နောက်ရက်အနည်းငယ်အတွင်း စုယိ၏အချိန်ဇယားကိုအသေးစိတ်ဖတ်ရှုနေခဲ့သည်။


ဓာတ်လှေကားတံခါးပွင့်လာသောအခါ အတွင်း၌ ပေါ်ပြူလာစတားလျန့်ပေါနှင့် သူ၏လက်ထောက်တို့က အတူရပ်နေကြ၏။


စုယိ၏နေရာတစ်ဝိုက်သည် နာမည်ကြီးများအတွက်သီးသန့်လုပ်ပေးထားခြင်းဖြစ်ပြီး လျန့်ပေါအပါအဝင် သူမနှင့်မစိမ်းသောသူများ ဆယ်ဦးခန့်ရှိလေသည်။


" မင်္ဂလာမနက်ခင်းပါ ရှောင်ယိ "


" အင်း " စုယိက တိုတိုတုတ်တုတ်သာဖြေလေသည်။


" ဒါနဲ့ ဘယ်သွားမလို့လဲ "


 “ ပရိုမိုးရှင်းပွဲ"


"ငါလည်းပဲ...စကားမစပ် ဒီညပါတီလုပ်မှာ လာခဲ့မလား" 


 လျန့်ပေါသည် ဇိမ်ခံအိမ်တွင်နေထိုင်ပြီး သူပိုင်ဆိုင်သောအလွှာတွင် ရေကူးကန်နှင့် အားကစားရုံတစ်ခုပါရှိရုံသာမက ဘိလိယက်ခုံပါဝင်သောအခန်းတစ်ခန်းလည်းရှိ၏။သူ၏အိမ်တွင် လိုအပ်နိုင်သမျှ အကုန်ရှိသည်။


လျန့်ပေါသည် စုယိအား သူ၏အိမ်သို့ သုံးကြိမ်တိုင်တိုင်ဖိတ်ခေါ်ခဲ့ပြီး အိမ်အတွင်းပိုင်းကိုရိုက်ကူးထားသော ဗွီဒီယိုအချို့ကိုပင် ပေးပို့ခဲ့သေး၏။သူသည် အိမ်လာပြီးလျှင် စိတ်မပျက်စေရကြောင်းကိုပါ အာမခံခဲ့သည်။


 "မလာဘူး"


 လျန့်ပေါတစ်ယောက် ပါးစပ်ပိတ်သွားသည်။ သူသည် လူအများရှေ့၌အငြင်းခံလိုက်ရသောကြောင့် ပါးစပ်ရှက်သွား၏။


စုယိသည် ယခင်က သူ့အပေါ်ချိုသာခဲ့ပြီး ငြင်းဆိုချိန်များ၌ပင် " ‌အားနာပါတယ် ၊ လုပ်စရာရှိလို့ပါ ၊ မအားလို့ပါ " အစရှ်ိသဖြင့် စကားခံခဲ့လေသည်။သို့သော်လည်း ယနေ့၌ တိခနဲငြင်းလွှတ်လိုက်၏။


လျန့်ပေါသည် မျက်နှာပျက်သွားပြီး နေရခက်နေသည်။သူသည် ဓာတ်လှေကားတံခါးပွင့်လာသည်နှင့် လျင်မြန်စွာထွက်သွားတော့သည်။


 “ဘာလို့ဒီလောက်ထိ နှလုံးသားမဲ့ရတာလဲ... လျန့်ပေါက ရှယ်ချောတာနော်...သူရိုက်ထားတဲ့ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံတွေကို မကြည့်ဖူးဘူးလား... ဗိုက်ကြွက်သားတွေဆို အမြှောင်းလိုက်ပဲ အိုင်းစ် "


" ကြိုက်ရင်လိုက်သွားလေ"  


 စုယိသည် ထိုသို့ပြောပြီးသည့်နောက်တွင် ကားထိုင်ခုံပေါ်၌ ခြေချိတ်ထိုင်လိုက်၏။ထို့နောက်စကားပြန်ဆက်လေသည်။


" အဲ့ဒီကြွက်သားတွေက ဖိုတိုရှော့အားကိုးနဲ့ဆိုတာကို


ဉာဏ်အလင်းဝင်အောင်ပြော‌ပြပေးတဲ့ ဒီကညီမလေးကိုတော့ စိတ်မဆိုးလိုက်ပါနဲ့ "


" ဘယ်လိုပြောနိုင်တာလဲ... မြင်ဖူးလို့လား "


မိတ်ကပ်ဆရာက ပြန်လည်ချေပလိုက်၏။


" မမြင်ဖူးဘူး ... ဒါပေမဲ့ အစ်မကြီးကလည်း အင်္ကျီလှန်ကြည့်ဖူးတဲ့ပုံစံနဲ့ လာပြောနေတာပဲလေ " စုယိက စကားနာပြန်ထိုးလေသည်။


 " ကြည့်လို့ရအောင် ဘယ်လိုလုပ်ရမလဲ ပြောပြပါဦး "


 "မပြောဘူး"


 Pasion သည် အီတလီအခြေစိုက်ဖိနပ်လုပ်ငန်းတစ်ခု၏ အမှတ်တံဆိပ်ခွဲဖြစ်သည်။


ထိုလုပ်ငန်းသည် ဖိနပ်ကိုသာအထူးပြု၍ထုတ်လုပ်ပြီး


ကောင်းမွန်သောဖိနပ်အရည်အသွေးကြောင့် အမှတ်တံဆိပ်သည် ပြည်မကြီး၌ နာမည်ရလာ၏။


 လွန်ခဲ့သည့်နှစ်အနည်းငယ်က ထိုအမှတ်တံဆိပ်၏တာဝန်ရှိသူများသည် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကိုရှာဖွေနေခဲ့ပြီး ဤနယ်ပယ်ရှိနာမည်ကြီးအတော်အများများက စိတ်ဝင်တစားဖြစ်ခဲ့ကြလေသည်။


ထိုအချိန်က စုယိသည် မကျော်ကြားသောကြောင့်ပြောရေးဆိုခွင့်ရှိသူနေရာအတွက် မပြိုင်ဆိုင်နိုင်ခဲ့ပေ။


သို့သော်လည်း မျှော်လင့်မထားစွာပင် ထိုအမှတ်တံဆိပ်က သူမနှင့် ၃နှစ်တာစာချုပ်ကို ‌ချုပ်ဆိုခဲ့လေသည်။


စုယိတို့ရောက်လာချိန်တွင် ဝူရွှယ်က ကုန်တိုက်၌စောင့်နေ၏။


 


 " ဓါတ်ပုံနည်းနည်းသွားရိုက်မယ်...


 Weibo မှာ တင်ဖို့ " 


" ကုန်တိုက်ဖွင့်တာ ဘယ်လောက်ကြာပြီလဲ "


"ရက်ပိုင်းပဲရှိသေးတယ်...ချူကော်ပိုရေးရှင်းလက်အောက်ကလေ....ဒါနဲ့‌ ချူကော်ပိုရေးရှင်းက ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာလားပဲ ...အိမ်ခြံမြေ ၊ ဖျော်ဖြေရေးလုပ်ငန်း ၊ လက်သမားဆောက်လုပ်ရေး ...အစုံပလုံကိုလုပ်နေတာ...နောက်ခါကျရင် စစ်တပ်အတွက် ရိက္ခာထောက်တဲ့လုပ်ငန်းတောင်ထောင်မလားပဲ "


 " မပြောတတ်ဘူး... ဒါပေမဲ့ ချူမျိုးရိုးတွေက တကယ်တော်တာနော် " စုယိက ပြောလေသည်။


" နင်တစ်ခုခုလွတ်နေတာတော့ သေချာတယ် "


 ဖွင့်ပွဲအခမ်းအနားသည် ချောမွေ့စွာ ပြီးဆုံးခဲ့ပြီး စုယိထံတွင် လုပ်စရာမရှိပေ။သူမသည် မကြာသေးမီက ရှိုးပွဲတစ်ခုကို တက်ရောက်ထားပြီးပြီဖြစ်သောကြောင့် ဤနှစ်ပတ်တာသည် သူမ၏အားလပ်ရက်များဖြစ်လာသည်။


 ဖွင့်ပွဲအခမ်းအနားကဲ့‌သို့သော အသေးအဖွဲကူးလူဆက်ဆံမှုက စုယိအား အားမပြတ်စေ‌ပေ။


သူမသည် အိမ်ပြန်မည့်အစား ဤကုန်တိုက်၌ဈေးဝယ်ထွက်ရန် ဝူရွှယ်အားဆွဲခေါ်သွားတော့သည်။


အဝတ်အစားဆိုင်မှ ထွက်လာသောအခါ စုယိက ဝူရွှယ်အား မေးလေ၏။


 “ရိုက်ထားတဲ့ ဓာတ်ပုံတွေ Weiboမှာတင်လိုက်ပြီလား"


 


“ဟင့်အင်း editလုပ်နေတုန်းပဲ "


" ဒါဆိုမူရင်းပုံနည်းနည်းပို့ပေး "


စုယိက သူမ၏ဖုန်းကိုထုတ်လိုက်ပြီးပြောသည်။


 "ဘာအတွက်လဲ " ဝူရွှယ်က မေးလေ၏။


စုယိသည် WeChat Moments တွင် အခိုက်အတန့်တစ်ခုကို ပို့စ်တင်ခဲ့သည်။


သူမ၏WeChatထဲရှိသူများမှာလည်း ဤနယ်ပယ်အတွင်းမှသာဖြစ်ပြီး Weibo အကောင့်များ အသီးသီးရှိကြလေသည်။


 ဓာတ်ပုံတစ်ပုံကို နှစ်ကြိမ်ကြည့်ရခြင်းက အားလုံးကို


 စိတ်အနှောင့်အယှက်ဖြစ်စေရန်လုံလောက်ပြီး


ယခုတစ်ကြိမ်၌မူ ကွဲပြားပေ၏။


စုယိ၏WeChatထဲတွင် Weiboပင်မရှိသော ကျောက်ခေတ်လူသားတစ်ဦးရှိလာပြီဖြစ်သည်။


 


He's Mine Chapter-7


Zack Z.U.February 13, 2023


He's Mine Chapter-7


February 4, 2023 by Gyu Jin


အခန်း-၇။ ဒရမ်မာခင်းသူ


 စုယိသည်ချူယင်းအား တိတ်တဆိတ်မေတ္တာပို့သနေချိန်တွင် တစ်ဖက်လူမှာ ရုံးခန်းထဲ၌ထိုင်နေလေသည်။


သူ့ဘေးတွင်ချထားသောဖုန်း၏မျက်နှာပြင်က လင်းလာပြီး Weibo appကို ဒေါင်းလုတ်ဆွဲထား၏။


" ဒီရင်းနှီးမြှုပ်နှံမှုကို ဆုံးဖြတ်တာက ဘယ်သူလဲ "


လက်ထောက်ဖြစ်သူက စားပွဲရှေ့တွင် တည်ငြိမ်စွာရပ်နေသည်။သူသည် တစ်ချက်လှမ်းကြည့်လိုက်ပြီး ဤအရာသည် တီဗွီဇာတ်လမ်းတွဲတစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုအကြောင်းကို ဆိုလိုမှန်း သိလိုက်၏။


 


" လက်ထောက်ဒါရိုက်တာချီ ဖြစ်လောက်မှာပါ "


" သရုပ်ဆောင်တွေရော ရွေးပြီးပြီလား " 


ချူယင်းက ဆက်လက်၍မေးမြန်းလေသည်။


 “မရွေးရသေးပါဘူး... ဒါပေမဲ့ မနက်ဖြန်ရွေးတော့မှာပါ လက်ထောက်က ပြန်လည်ဖြေကြားလိုက်၏။


 


' ဒင် '


ချူယင်း၏ဖုန်းမှ အသံထွက်လာပြီး စုယိဆီမှ အသံမက်ဆေ့ခ်ျတစ်စောင်ရောက်လာသည်။


ချူယင်းသည် အသံမက်ဆေ့ခ်ျကိုမဖွင့်မီ ခဏတာတုံ့ဆိုင်းသွားမိသည်။


 "ကျွန်မ မနေ့က နည်းနည်းမူးသွားတယ်... အိမ်ပြန်ပို့ပေးလို့ ကျေးဇူးပဲနော်... ကျေးဇူးတင်လွန်းလို့ညစာကျွေးချင်တယ်လေ..ကျွန်မအခု ချူရှင်း Mall ကိုရောက်နေတာ...ရှင်အားရင်... ဟဲ့...ဟဲ့...ဘာလုပ်နေတာလဲ ...ဟဲ့ "


အသံမက်ဆေ့ခ်ျက ရုတ်​တရက်​ ပြီးဆုံးသွားသည်​။


ချူယင်းသည် မျက်ခုံးကိုပင့်ပြီး ဖုန်းစခရင်ကိုနှစ်ကြိမ်လောက်ပတောက်လိုက်သည်။ထို့နောက် အရှေ့မှလက်ထောက်အား မော့ကြည့်ကာ မေးလာတော့၏။


 "WeChat မှာ ဖုန်းဘယ်လိုခေါ်ရတာလဲ"


" ဗျာ... "


လက်ထောက်သည် ခေတ္တအံ့အားသင့်သွားပြီးနောက်တွင် ချူယင်းအား WeChat၌ ဖုန်းခေါ်ဆိုနည်းသင်ပေးလိုက်သည်။


ထိုအချိန်တွင် လက်ထောက်၏ဖုန်းကမြည်လာခဲ့၏။


လက်ထောက်သည် ဖုန်းတစ်ဖက်မှ စာကြောင်းအနည်းငယ်ကို နားထောင်ပြီးနောက် စပီကာကို လက်ဖြင့်အုပ်ကာ ချူယင်းအား လှမ်းပြောလေသည်။


 "ဒါရိုက်တာ ချူ... ချူရှင်း Mallမှာ ကိစ္စလေးတွေရှိနေတယ်တဲ့ "


ဤသည်မှာ အသေးအမွှားကိစ္စသာဖြစ်ပြီး bossထံသို့ အစီရင်ခံရလောက်သည်အထိ မကြီးကျယ်ပေ။


တစ်စုံတစ်ယောက်အား ဖြေရှင်းခိုင်းလိုက်၍ရသည်။


သို့သော်လည်း ချူယင်းသည် အသံမက်ဆေ့ခ်ျကိုနားထောင်ချိန်တွင် စပီကာဖွင့်ထားခဲ့ပြီး လက်ထောက်သည်လည်း အကုန်ကြားသွားခဲ့သည်။


ချူယင်းက ဘာမှဆက်မပြောဘဲ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရုံးမှထွက်လာလိုက်သည်။


ကုန်တိုက်သို့ရောက်သွားသည်နှင့် တာဝန်ခံတစ်ယောက်က ချူယင်းထံသို့ အပြေးလာပြီး ပြုံးပြလေသည်။ 


" ဒါရိုက်တာချူ ဘာလို့လူကိုယ်တိုင် ဒုက္ခခံပြီးလာရတာလဲဗျာ "


" ဘာဖြစ်တာလဲ "


 "ကိစ္စသေးသေးလေးပါ...တကယ့်ကိုသေးသေးလေး...ဖြေရှင်းပြီးသွားပါပြီ စိတ်ပူစရာမလိုတော့ပါဘူး "  


ထိုပုဂ္ဂိုလ်က သူ၏လက်ကို ဝှေ့ယမ်းပြီးပြောသည်။


 ချူယင်းက ဘာမှဆက်မပြောဘဲ ထိုသူကိုအေးစက်စွာ စိုက်ကြည့်နေလိုက်၏။


ထိုအခါတာဝန်ခံသည် ဇောချွေးပျံစပြုလာပြီး ဖြစ်ပျက်သမျှကိုတစ်ဆင့်ချင်းရှင်းပြတော့သည်။


 “ကိစ္စကဒီလိုပါ...အမျိုးသမီး ဖောက်သည်တစ်ယောက်က မနေ့ကဝယ်သွားတဲ့ အင်္ကျီတစ်ထည်ကို ပြန်အပ်ပြီး ငွေပြန်အမ်းစေချင်နေတာ ... ဒါပေမဲ့ အင်္ကျီကရေလျှော်ပြီးတဲ့ လက္ခဏာတွေရှိနေတယ်... အဲ့ဒါကြောင့် အရောင်းဝန်ထမ်း အေးအေးဆေးဆေးငြင်းတာကို အဲ့ဒီအမျိုးသမီးက လက်ပါလာတယ်ဗျ "


"ပြီးတော့ရော "


 တာဝန်ခံသည် ဖြစ်ပျက်သမျှကို ဖုံးကွယ်ရန် 


ရည်ရွယ်ထားခဲ့သော်လည်း bossအသစ်သည် ဤမျှထက်မြက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


သူက ဆက်ပြောလေသည်။


 


 " အဲ့ဒါနဲ့ တခြားအမျိုးသမီးဖောက်သည်တစ်ယောက်က


သည်းမခံနိုင်တော့ဘဲ အရောင်းဝန်ထမ်းဘက်ကနေ ဝင်ပါလိုက်တာ "


 


ထိုအခါ ချူယင်း၏မျက်ခုံးများက အပေါ်တက်သွား၏။


" အရိုက်ခံရတာလား "


 “ဟုတ်ကဲ့...ပြီးတော့ ဝင်ပါတဲ့ကာစတန်မာက နာမည်ကြီးဆိုတော့ နည်းနည်းပြဿနာတက်သွားတာပါ ” တာဝန်ခံက ပြန်ဖြေသည်။ 


 "သူတို့ဘယ်မှာလဲ... ထိခိုက်သွားသေးလား " ချူယင်းက ခြေလှမ်းအနည်းငယ်လှမ်းရင်း မေးလိုက်သည်။


 “ဟုတ်ကဲ့...အဲ့နာမည်ကြီးဆိုတဲ့တစ်ယောက်က တော်တော် ရက်စက်တယ်... ဖောက်သည်ကိုတောင် ငိုအောင် လုပ်နိုင်တယ်"


ချူယင်း၏ခြေလှမ်းများက တုံ့ဆိုင်းသွားပြီး


သူ၏မျက်နှာမှာ မထိန်းချုပ်နိုင်တော့ဘဲ ပြုံးစိစိဖြစ်သွားသည်။


 " ထိခိုက်သွားတာက အဲ့ဒီမင်းသမီးလား "


ထိုအခါ တာဝန်ခံက ခေါင်းယမ်းသည်။


 “မဟုတ်ပါဘူး... သူသာ ထိခိုက်သွားရင် ပြဿနာကပိုကြီးဦးမှာဗျ "


ချူယင်းသည် ရုံးခန်းအပြင်ဘက်သို့ ရောက်လာသောအခါ အထဲမှ အသံဗလံများကြားလာရ၏။


 အမျိုးသမီးတစ်ဦးက ငိုရှိုက်ရင်းပြောနေလေသည်။


 "နင်မသွားနဲ့...သွားရဲသွားကြည့်.... ငါနင့်ကိုတရားကိုစွဲပစ်ဦးမှာ "


 


 "သွားစရာလား... ရှင်အခုထိ ဒီကမိန်းကလေးကိုမတောင်းပန်ရသေးဘူး... ဘာကိစ္စသွားရမှာလဲ "


ဒုတိယအသံမှာ ချူယင်းရင်းနှီးနေသော လေသံဖြစ်ပြီး


သာမန်ထက်အနည်းငယ်ပိုမို ခက်ထန်နေလေ၏။


 " ဖြည်းဖြည်း သက်သာ ပြောကြစမ်းပါဟယ် "


အခန်းတွင်းမှ ကျန်အမျိုးသမီး‌အသံတစ်ခုပါ ပေါ်ထွက်လာသည်။


 ချူယင်းသည် တံခါးဝ၌ရပ်လိုက်ပြီး အခန်းတွင်းသို့ လှမ်းကြည့်လိုက်၏။


ဘယ်ဘက်ရှိ ဆိုဖာခုံပေါ်တွင် ခပ်ဝဝအမျိုးသမီးတစ်ဦး ထိုင်နေသည်။သူမ၏မိတ်ကပ်များက ပွထနေပြီး ဆံပင်များကလည်း ရှုပ်ပွနေ၏။ထိုတစ်ယောက်သည် ဆိုးဆိုးရွားရွားထိခိုက်သွားပုံမပေါ်သော်လည်း မျက်လုံးအား လက်ကိုင်ပုဝါဖြင့် ဆက်တိုက်ဖိအုပ်နေသည်။


ညာဘက်ရှိဆိုဖာပေါ်၌ မိန်းကလေးသုံးယောက်ရှိ၏။


တစ်ဦးမှာ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပြီး ကျန်တစ်ဦးမှာ ယူနီဖောင်းဝတ်ထားသောအရောင်းဝန်ထမ်းဖြစ်သည်။


အရောင်းဝန်ထမ်း၏မျက်နှာပေါ်၌ အနီရောင်လက်ဝါးရာတစ်ခုက ထင်းထွက်နေ၏။


ကျန်ရှိသည့်နောက်ဆုံးတစ်ယောက်မှာ စုယိပင်ဖြစ်လေသည်။


ဘယ်ဘက်ရှိအမျိုးသမီးနှင့် မတူသည်မှာ စုယိ၏ဆံသားများသည် ရှုပ်ပွ‌မနေဘဲ ပုခုံးထက်၌ဝဲဖြာကျနေလေ၏။


စုယိသည် သူမနှင့်လိုက်ဖက်သောဝတ်စုံကို ဝတ်ဆင်ထားပြီး မီးခိုးရောင်maskတပ်ထားသည်။ မီးခိုးရောင်maskသည် စုယိ၏အသွင်အပြင်နှင့်မလိုက်ဖက်သော်လည်း အသေးစိတ်ကျသောမျက်လုံးမိတ်ကပ်နှင့် သူမ၏ညှို့ငင်အားပြင်းသောမျက်ဝန်းတစ်စုံကိုတော့ မဖုံးကွယ်နိုင်ပေ။


စုယိသည် ယခုလေးတင် ရန်ဖြစ်ထားတဲ့သူ ဆိုတာကို ယုံရက်စရာလုံး၀မရှိချေ။


ချူယင်းက အောက်သို့ငုံ့ကြည့်လိုက်သည်။


' ဖိနပ်တစ်ဖက်ပျောက်သွားတာပဲ '


 တာဝန်ခံက အရှေ့မှဦးအောင်လျှောက်လှမ်းသွားပြီး


Bossရှိရာဘက်သို့လက်ပြကာ ပြောလိုက်လေ၏။


" ခေါ်ခိုင်းထားတဲ့ အထက်လူကြီးရောက်လာပါပြီဗျ "


တာဝန်ခံသည်အပြင်ပန်း၌ပြုံးနေသော်လည်း စိတ်ထဲ၌ယောက်ယတ်ခတ်နေသည်။နောက်တစ်ကြိမ်သာအခွင့်အရေးရခဲ့ပါက အထက်လူကြီးခေါ်ပေးရမည့်အစား ဤမိန်းမနှစ်ယောက်ဆီမှသာ သေသည်အထိ အကြိမ်းမောင်းခံလိုက်မည်ဖြစ်သည်။


ထိုအခါဘယ်ဘက်ခြမ်းရှိ အမျိုးသမီးက မျက်ရည်များတွင်တွင်စီးကျလာပြီး စောဒကတက်တော့၏။


" ဘယ်မှာလဲ...ဒီမှာ...ကျွန်မပြောမယ်...အရောင်းဝန်ထမ်းနဲ့ အဲ့ဒီဟာမက ကျွန်မကိုပြန်မတောင်းပန်ဘူးဆိုရင် သူတို့နှစ်ယောက်နဲ့အတူတူ ဒီကုန်တိုက်ကိုပါ တရားစွဲပစ်မယ် "


စုယိက ရုံးခန်း‌ပေါက်ဝ၌ရှိနေသူကို တစ်ချက်လှည့်မကြည့်ဘဲ စိန်ခေါ်လျှင်တိမ်ပေါ်လိုက်ခဲ့မည့်အကြောင်းကို ပြန်လည်ပွဲကြမ်းပြလေသည်။


" လုပ်လေ...သွား... စွဲလိုက်...ဘယ်သူမှားလဲကြည့်ကြတာပေါ့ ...အ. "


 ဝူရွှယ်သည်စုယိ၏နောက်ကျောကို ဆိတ်ဆွဲလိုက်၏။


 ထို့နောက်ဝူရွှယ်က မတ်တပ်ထရပ်လိုက်ပြီး ‌အေးအေးလူလူပြောသည်။


 “တာဝန်ရှိသူက ဒီကို ရောက်လာပြီဆိုတော့ ကျွန်မတို့ သွားလိုက်ပါဦးမယ်... နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးရင် ဒီဘက်ကိုတချက်ဆက်သွယ်ပေးပါ ...ဒါက ကျွန်မရဲ့လိပ်စာကတ်ပါ "


 တာဝန်ခံက ဝူရွှယ်၏လိပ်စာကတ်ကိုလက်ခံလိုက်သည်။


 "ဟုတ်ကဲ့ပါ ကောင်းပါပြီ"


___________________________________________