အပိုင်း ၁၃
Viewers 12k

Chapter 13


ခြေကျင်းဝတ်ခေါက်သွားသည့်နာကျင်မှုက ခြေဖျားမှ ငယ်ထိပ်အထိ ထုံကျင်သွားလောက်အောင် ပြင်းထန်သည်။ဝန်ထမ်းများက စုယိထံသို့အမြန်ပြေးလာကြပြီး ဝူရွှယ်က ရောက်ရောက်ချင်း ခြေကျင်းဝတ်ကို အနေအထားမှန်အောင် သေချာပြုပြင်ပေးလိုက်သည်။


"ထိုင်နေ မလှုပ်နဲ့..."


"အဆင်ပြေရဲ့လား" 


 တာဝန်ခံက အပြင်မှ ပြေးဝင်လာကာ မေးသည်။


" ခုံက ဘာဖြစ်တာလဲ ... "


" တောင်းပန်ပါတယ် ... တိတ်‌သေချာမကပ်မိလို့ထင်ပါတယ်...တောင်းပန်ပါတယ် "


"ရှင်တို့ရိုက်ကူးရေးဆက်လုပ်နိုင်အောင် စုယိက တကူးတကလာကူညီတာကို ဒါလေးတောင် ထောင့်စေ့အောင် မစစ်ဆေးနိုင်ဘူးလား...သူ့အချိန်ဇယားတွေကို ထိခိုက်လာရင် အကုန်လုံး တစ်ခုခုဖြစ်ဖို့သာ စောင့်နေလိုက်ကြ..." ဝူရွှယ်က ချင်ချင်းပင် ရန်တွေ့တော့သည်။


ဒေါသတကြီး ရန်တွေ့ပြီးနောက် ဝူရွှယ်သည် ဝန်ထမ်းများအား စုယ်ိကိုကားပေါ်သို့ကူတင်ပေးရန်ပြောလိုက်ပြီး မဂ္ဂဇင်းဘက်မှ တာဝန်ရှိသူများကလည်း ကားမောင်းရန်ဝန်ထမ်းတစ်ဦးကို လွှတ်ပေးခဲ့သည်။


စုယိကဲ့သို့အရပ်ရှည်သောသူအတွက် ခြေကျင်းဝတ်ခေါက်လဲရာတွင် ခါးအထိပင်နာကျင်မှုကိုပါ ခံစားရ၏။သို့သော်လည်း စုယိ၏မျက်နှာထားက တည်ငြိမ်နေပြီး သူမသည် ရိုက်ကွင်းတွင်လည်း စကားများများစားစားမပြောခဲ့ပေ။ကားပေါ်သို့ရောက်သောအခါတွင်မှ စုယိထံမှအသံထွက်လာတော့သည်။


" ရွှယ်ရွှယ်လေး "


" ဘာလဲ အရမ်းနာလို့လား "


" မဟုတ်ဘူး ...ငါ့ဖုန်းလေး " 


 စုယိက ဝူရွှယ်၏အိတ်ကိုညွှန်ပြရင်းပြောသည်။


အလွန်တရာတောင့်တခဲ့ရသောအချိန်သို့ရောက်လာပြီဖြစ်ပြီး စုယိသည် ဖုန်းဖွင့်ကြည့်ရန်မစောင့်နိုင်တော့ပေ။


[10086- လူကြီးမင်း၏ဒေတာပက်ကေ့ချ်သည် မေလ ၂၆ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသဖြင့်....]


စုယိမှာ ဝူရွှယ်အား မျက်ရည်များဝဲနေသော မျက်ဝန်းရွဲရွဲကြီးများဖြင့်စိုက်ကြည့်ကာ ဝမ်းနည်းပက်လက်ဖြစ်နေရှာသည်။


" ရွှယ်ရွှယ်လေး... ငါ့ခြေထောက်က ပိုနာလာသလိုပဲ "


****


ဤတစ်ကြိမ်ဒဏ်ရာက သိပ်မပြင်းထန်ဘဲ ကြွက်သားဒဏ်ဖြစ်သွားရုံသာ ဖြစ်လေသည်။နှိပ်နယ်ပြီး ရက်အနည်းငယ်ကြာသည်အထိ နွေးနွေးထွေးထွေးထားလျှင် အမြန်သက်သာလာနိုင်သော အခြေအနေဖြစ်၏။


ညနေပိုင်းတွင် ဝူရွှယ်သည် စုယိ၏ခြေထောက်ကို နှိပ်နယ်ပြီး ရေနွေးအိတ်ကပ်ပေးခဲ့ကာ မပြန်မီတွင် လှုပ်ရှားခြင်းမပြုရန် အက်ကြောင်းထပ်အောင် မှာကြားသွားခဲ့သေးသည်။


ဝူရွှယ်ပြန်သွားပြီးနောက်တွင် ဘာမှလုပ်စရာမရှိသော စုယိသည် ရသစုံရှိုးတစ်ခုကိုဖွင့်လိုက်၏။စုယိသည် ခြေထောက်ကိုစားပွဲပေါ်၌တင်ထားပြီး ပုခုံးများက လျော့တွဲနေကာ လူပျင်းထိုင်နည်းဖြင့်ထိုင်နေသောကြောင့် သူမ၏ပုံစံသည် အဘွားအိုကြီးဖြင့်ပင် ဆင်တူနေသည်။


ထိုအချိန်တွင် ဖုန်းမျက်နှာပြင်က လင်းလာသည်။


စုယိသည် တီဗွီဖန်သားပြင်ကို စိုက်ကြည့်နေရင်း ခက်ခက်ခဲခဲ ငုံ့ပြီး စားပွဲပေါ်မှဖုန်းကို လှမ်းယူလိုက်၏။


[ ချူယင်း : အလုပ်ရှုပ်နေလို့ ]


ဤသည်မှာ စုယိအတွက် ခွန်အားအပြည့်နှင့် ပြန်လည်ရှင်သန်ထမြောက်ခြင်းပင်ဖြစ်လေသည်။


စုယိ၏လက်ချောင်းများသည် စခရင်ပေါ်တွင်ပြေးလွှား‌နေပြီး သူမက ချူယင်းထံသို့ ယေဘုယျအကျဆုံးသော မက်ဆေ့ခ်ျကို ပေးပို့လိုက်၏။ဤကဲ့သို့ပို့လျှင် ပြန်စာရမည်မှာကျိန်းသေနေသည့်အတွက်ပင်။


[ နတ်ဘုရားမ စုယိ : စားပြီးပြီလား ]


ထိုအခါတစ်ဖက်လူက ဆယ်စက္ကန့်ကြာသော အသံမက်ဆေ့ချ်ဖြင့် ချက်ချင်းပြန်ဖြေသည်။


[ ကျွန်တော်က ချူယင်းရဲ့သူငယ်ချင်းပါ...ဟိုတစ်ခါ ကားပါကင်မှာတွေ့တဲ့တစ်ယောက်လေ...ချူယင်းကသန့်စင်ခန်းသွားတယ်ဗျ... ကျွန်တော်တို့အခုပြင်မှာ ညစာစားနေကြတာ လာခဲ့မလား... ]


 ဤသည်မှာ သူစိမ်းယောက်ျားတစ်ဦး၏အသံဖြစ်နေသည်။


စုယိသည် သေသေချာချာပြန်စဉ်းစားကြည့်ပါသော်လည်း ထိုတစ်ယောက်၏မျက်နှာကို လုံး၀မမှတ်မိပေ။


[ နတ်ဘုရားမ စုယ်ိ : ဟုတ်ကဲ့ပါ... ဒါဆို လိပ်စာလေးတစ်ချက်လောက် ]


တစ်ဖက်မှ တည်နေရာတစ်ခုကို ချက်ချင်းပို့လာပြီး ထိုနေရာက ပင်လယ်စာဆိုင်တစ်ဆိုင်ဖြစ်သည်။


***


ချူယင်းသည် သန့်စင်ခန်းမှပြန်ရောက်လာပြီး ဖုန်းကိုတစ်ချက်ဖွင့်ကြည့်လိုက်သည်။


"ယင်းဇီ...ဘာလို့ဖုန်းပဲ ကြည့်နေတာလဲ" 


သူ၏မျက်နှာချင်းဆိုင်တွင်ရှိသော စစ်ကေနှင့်တစ်ယောက်က လှမ်းပြောသည်။ထိုတစ်ယောက်သည် တပ်ထဲမှ ခဏတာအလည်အပတ်လာခြင်းဖြစ်၏။


" ဘာမှမဟုတ်ပါဘူး " ချူယင်းက ခေါင်းခါသည်။


“အခုခေတ် ဖုန်းတွေက တကယ်ကို ဆန်းသစ်တယ်လေ... စားရင်းသောက်ရင်းနဲ့တောင် သုံးချင်လာတဲ့အထိပေါ့... မင်းတို့စစ်တပ်ထဲမှာ ဘယ်လိုရှင်သန်နေကြတာလဲ ဖုန်းလေးတစ်ကောလ်ဆက်ဖို့တောင် တော်တော်ဒုက္ခများတယ်ဆို " လျှိုရှီးက ဝင်ပြောသည်။


" အဆင်ပြေပါတယ် သိပ်တော့မဆိုးပါဘူး... လေ့ကျင့်ရေးက ပင်ပန်းပြီး အိပ်ချိန်တောင် မလောက်တော့ တခြားကိစ္စတွေ တွေးဖို့တောင် အနိုင်နိုင်ပဲ " စစ်ကေနှင့်တစ်ယောက်က ပြန်ဖြေလိုက်၏။


"ဒါဆို ငါတို့အစ်ကိုကြီးက တပ်ထဲမှာ အတော်ဆုံးပဲပေါ့ "


လျှိုရှီးက လက်မထောင်လျက် မြှောက်ပင့်ပြောဆိုလိုက်သည့်အခါ ထိုတစ်ယောက်က ရယ်သည်။


" မဟုတ်ပါဘူး...အကြာကြီး‌ရှိခဲ့တဲ့ တစ်ယောက်ကပဲ အတော်ဆုံးနေမှာပေါ့ "


ချူယင်းသည် လျှိုရှီးအား ပြန်ရန်မေးတော့မည့်ဆဲဆဲတွင် စုယိထံမှ အသံမက်ဆေ့ခ်ျတစ်စောင် ဝင်လာတော့သည်။


[ ချူယင်း...ကျွန်မ နေရာရှာမတွေ့ဘူး...လာခေါ်ပေးပါလား ]


စုယိဘက်မှနောက်ခံအသံက ဆူညံနေပြီး ချူယင်း၏အနီးနားမှ လူသံများနှင့်ရောယှက်သွားသည်။


ချူယင်းသည် အပြင်ထွက်ပြီးကြည့်လိုက်သည့်အခါ စုယိတစ်ယောက် ပင်လယ်စာဆိုင်ဘေးရှိ ဒင်ဆမ်းဆိုင်ရှေ့တွင်ရပ်နေတာကိုမြင်လိုက်ရသည်။


စုယိမှာ ဂါဝန်ရှည်ကိုဝတ်ဆင်ထားပြီး အရပ်မြင့်မြင့်နှင့်အသွင်အပြင်က အလွန်တရာပင်ကြည့်ပျော်ရှုပျော်ဖြစ်နေသည်။


သူမက ချူယင်းအားတွေ့ရှိသွားချိန်တွင် စိတ်အားထက်သန်စွာဖြင့် ရွေ့လျားနေသောကားမှန်သုတ်တံများသဖွယ် လက်ဝှေ့ယမ်းပြလေ၏။


စုယိ၏မျက်နှာက ပြုံးဖြီးနေပြီး သူမက ချူယင်းထံသို့ ထော့ကျိုးထော့ကျိုးဖြင့် တစ်လှမ်းချင်းလျှောက်လှမ်းလာခဲ့သည်။ထိုပုံစံမှာ ရယ်ချင်စရာအတော်ကောင်းနေပြီး တစ်ချိန်တည်း၌ပင် သနားစရာလည်းကောင်းလွန်းနေပေသည်။


He's Mine Chapter-12 [ Edit ]


Zack Z.U.March 02, 2023


He's Mine Chapter-12


Gyu JinFebruary 11, 2023


အခန်း-၁၂။ စတင်၍ပိုးပန်းခြင်း။


ချူယင်းသည် နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် စုယိ၏ရှေ့၌ ရပ်လိုက်သည်။ အောက်သို့ငုံ့ကြည့်လိုက်သည့်အခါ စုယိ၏ညာဘက်ခြေကျင်းဝတ်တွင် အဖြူရောင် ပတ်တီးများစည်းထားရသည်က်ိုတွေ့လိုက်ရသည်။ပတ်တီးပမာဏမှာ မနည်းလှသော်လည်း အများစုသည် ဂါဝန်စဖြင့်ဖုံးလွှမ်းနေသဖြင့်သေသေချာချာမကြည့်လျှင် သတိမထားမိနိုင်လောက်အောင်ပင်ဖြစ်နေသည်။


 "ဒီ​နေ့ အလုပ်​မှာ ​ခြေ​ထောက်​​‌ခေါက်လဲလာလို့"


 " လမ်းလျှောက်လို့ရော ရလား" ချူယင်းက မေးသည်။


စုယိက ခေါင်းယမ်းကာ ထော့ကျိုးထော့ကျိုးဖြင့် ချူယင်းရှိရာသို့ တိုးကပ်သွားလိုက်သည်။


 "လှုပ်ရင်ပိုနာတယ်"


ထိုအခါ ချူယင်းက သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်ပေးပြီး စုယိကလည်းထိုလက်မောင်းကို လှမ်းဖမ်းဆွဲလိုက်တော့သည်။ဤခံစားချက်မှာ စုယိတွေးထားသည်ထက်ပင် ပိုကောင်းမွန်နေပြီး ဘေးကင်းတည်ငြိမ်လုံခြုံမှုကိုအတိုင်းသားခံစားလိုက်ရသည်။


ခြေလှမ်းအနည်းငယ်လှမ်းသွားပြီးနောက် ချူယင်းက တုံ့ဆိုင်းသွားပြီး စုယိအားခပ်တိုးတိုးပြောသည်။


 " လူတွေအများကြီးရှိတယ် ခေါင်းငုံ့ထား"


စုယိသည် ချူယင်း၏ပုခုံးထဲတွင် ခေါင်းဝှက်လိုက်သည့်အခါ မည်သည့်အနံ့မှမရဘဲ ခြောက်သွေ့ပြီးသန့်ရှင်းနေသော အင်္ကျီအနံ့သာရ၏။ထိုင်‌နေသူများက လမ်းလျှောက်နေသောချူယင်းတို့နှစ်ဦးအား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြတော့သည်။


စုယိသည် ချူယင်း၏သူငယ်ချင်းများနှင့်တွေ့ဆုံဖူးသောကြောင့် ဤအခြေအနေအား နေသားကျနေပြီဖြစ်၏။သူမက တစ်နေရာတွင်ဝင်ထိုင်လိုက်ပြီး ထိုဝိုင်းရှိလူများကို နှုတ်ဆက်လိုက်သည်။


"ဟိုင်း... ကျွန်မက ချူယင်းရဲ့ သူငယ်ချင်းပါ "


" အိုး...မင်းအကြောင်းကြားတယ်...အရက်တော်တော်သောက်နိုင်တဲ့တစ်ယောက် " စစ်ကေနှင့်တစ်ယောက်က ဝင်ပြော၏။


 “ကျွန်မရဲ့‌ သောက်နိုင်စွမ်းက တကယ်ကို နိမ့်ပါတယ်...ဒါနဲ့ ရှင်လည်း အဲ့ဒီနေ့က ရှိနေခဲ့တာလား ” 


ထိုတစ်‌ယောက်၏မျက်နှာအား မရင်းနှီးသောစုယိက စမ်းတဝါးဝါးဖြင့်မေးလိုက်သည်။


 "မဟုတ်ဘူး...သူတို့ပြောတာ ပြန်ကြားတာ... ခြေတံရှည်ပြီး တကယ်လှတယ်လို့ပြောကြတယ်လေ...တစ်ချက်ကြည့်တာနဲ့ မင်းမှန်းသိတယ် "


စစ်ကေနှင့်တစ်ယောက်က ပြုံးရယ်လျက် ပြန်ဖြေ‌လိုက်သည့်အခါ စုယိ၏အပြုံးကပိုလို့ပင်ထင်ရှားလာတော့သည်။


 "ငါဒီမှာရှိမှန်း ဘယ်လိုသိတာလဲ"


ချူယင်းက မေးလိုက်ချိန်တွင် စုယိမှာ သူမအားလှမ်းကြည့်နေသောလျှိုရှီးကို ပြန်ကြည့်လိုက်ပြီးချောင်းအသာဟန့်လိုက်သည်။


" တိုက်ဆိုင်တာပါ... တိုက်ဆိုင်တာ "


 စုယိ၏စကားဆုံးသည်နှင့် စားပွဲထိုးရောက်လာပြီး ပုစွန်တစ်ပွဲလာချပေးသည်။စုယိက သူမ၏မျက်နှာထက်ကြီးသော ပုစွန်ထုပ်ကြီးကိုကြည့်ပြီး သွားရည်တများများကျ‌နေရှာသည်။


ထိုအချိန်တွင် စားပွဲပေါ်တင်ထားသောဖုန်း၏မျက်နှာပြင်က လင်းလာပြီး ချူယင်းက တစ်ချက်လှမ်းကြည့်လိုက်သည်။


 [ စုန်းမအိုကြီး : အိပ်တဲ့အချိန်မှာ ခြေထောက်ကိုမဖိမိစေနဲ့နော်...ပြီးတော့ ဘာမှမစားဖို့လည်းသတိရဦး မနက်ဖြန်ငါ ... ]


ထို့နောက်ပိုင်း ဘာမှဆက်မမြင်ရတော့ပေ။


တစ်ဖက်တွင်စုယိမှာ တံတွေးမျိုချလိုက်ပြီး တူကိုကောက်ကိုင်ကာ မုန်လာဥနီတစ်ပိုင်းကို လှမ်းယူလိုက်လျက် ပါးစပ်ထဲထည့်ရန်ပြင်သည်။ထိုအချိန်တွင် ရင်းနှီးနေသောအနွေးဓာတ်တစ်ခုက စုယိ၏လက်ပေါ်သို့ ခုန်ကူးလာခဲ့ပြီး လှည့်ကြည့်လိုက်သောအခါ လက်ကောက်ဝတ်ကိုဖမ်းဆွဲထားသူက ချူယင်းဖြစ်နေ၏။


 " ဘာလို့လဲ " စုယိက မေးသည်။


ချူယင်းက မုန်လာဥနီ ပတ်ပတ်လည်ရှိပုစွန်များကိုကြည့်လိုက်ပြီး စုယိအား " မစားနဲ့ " ဟုပြောလေ၏။


 "ဟေ့ကောင် ဘာလို့ မစားခိုင်းတာလဲ....စုယိ...စားနော် အားနာမနေနဲ့ ...ဒါနဲ့....ဟုတ်သားပဲ... ဖုန်းနံပါတ်လေးလဲထားကြမလား" လျှိုရှီးက ဝင်ပြောသည်။


" ကောင်းပါပြီ " စုယိက အားလုံးကိုကြည့်၍ ပြန်ဖြေလိုက်၏။


စားသောက်ချိန်တစ်လျှောက်လုံးတွင် စုယိသည် လျှိုရှီးနှင့် ကျန်တစ်ယောက်၏စကားဝိုင်းအား တိတ်တိတ်လေးထိုင်နားထောင်နေခဲ့ပြီး ချူယင်းသည် ထိုစကား၀ိုင်းအတွင်းတစ်ချက်တစ်ချက်ဝင်ပြောသည်ကလွဲ၍ ကျန်သည့်အချိန်တော်တော်များများတွင် စုယိအား စိုက်ကြည့်နေလေ့ရှိသည်။


 " မနေ့ညက ဘာလို့မလာတာလဲ " လျှိုရှီးက စုယိအားကြည့်ပြီးမေးလိုက်သည်။


" ဘာကိုလဲ "


" လျန့်ပေါရဲ့ပါတီလေ ... သူမင်းကိုဖိတ်ဖို့ဆင်းသွားတာလားလို့... လျန့်ပေါက နည်းနည်းသောက်ထားတော့ ဘာမှ‌သိပ်မပြောနိုင်ဘူးမလား "


" ဟင့်အင်း...ကျွန်မနဲ့သူနဲ့ သိပ်မရင်းနှီးပါဘူး "စုယိက ပြန်ဖြေလိုက်သည်။


" ဪ....အဲ့လိုလား... သူကဆင်းသွားပြီး အရမ်းကြာနေတော့ နှစ်ယောက်သား စကားပြောနေကြတယ်ထင်နေတာ "


ဘေးတွင်ထိုင်နေသောချူယင်းအားလှည့်ကြည့်လိုက်ချိန်တွင် ပြောင်းလဲခြင်းမရှိဘဲတည်တံ့နေသည့်မျက်နှာထားကိုသာ စုယိတွေ့လိုက်ရသည်။ထို့နောက်တွင် သူမက ပြုံးရုံသာပြုံးပြီး ဘာမှဆက်မပြောတော့ပေ။


စားသောက်ပြီးကြသောအခါတွင် ချူယင်းက ငွေရှင်းလိုက်ပြီး စားပွဲဝိုင်းမှထရပ်နေရင်းမှ ပြောလာသည်။


" နောက်တစ်‌ခေါက်မှ ထပ်ဆုံကြတာပေါ့ "


" ဟုတ်ပြီ... ဘယ်ချိန်လဲမသိပေမဲ့ သေချာပေါက်ဆက်သွယ်လိုက်မယ်ကွာ " စစ်ကေနှင့်တစ်ယောက်က တက်တက်ကြွကြွပြန်ဖြေသည်။


ထိုအချိန်တွင် မတ်တပ်ရပ်လိုက်သောလျှိုရှီးကလည်း စုယိ၏ခြေထောက်အား မြင်သွားတော့သည်။


" ခြေထောက်က ဘာဖြစ်တာလဲ "


" ခေါက်လဲတာပါ ... အသေးအမွှားပါပဲ "


" ဒီလောက်ပတ်တီးအထူကြီးစည်းထားရတာကို ဒီနေရာအထိလာနေသေးတယ် အားနာစရာပဲ...ကျွန်တော်ပြန်လိုက်ပို့ပေးမယ် "


လျှိုရှီးက စုယိရှိရာသို့ဦးတည်လာနေပြီး ဆွဲထူရန်ပြင်နေလေသည်။စုယိမှာ ထိုအခြင်းအရာအား မရှောင်လွှဲနိုင်သော်လည်း ရုတ်တရက် ကယ်တင်ရှင်တစ်ယောက် ပေါ်ပေါက်လာ၏။


" မပြန်သေးဘူးလား မင်း "


ချူယင်းက လျှိုရှီး၏လက်ကိုပုတ်ထုတ်လိုက်ပြီး ခပ်ဆတ်ဆတ်မေးသည်။


" ပြန်မလို့ပဲလေ ... ဒါပေမဲ့ ခြေထောက်ဒဏ်ဖြစ်ထားတာမြင်တော့ မပြန်နိုင်တော့ဘူး... လာလာ စုယိ ကျွန်တော်လိုက်ပို့ပေးမယ် "


နှစ်ယောက်သား၏ကြားတွင်ပိတ်ရပ်ထားသောချူယင်းက လျှိုရှီးအား ဥပေက္ခာပြုလိုက်ပြီး စုယိဘက်သို့လှည့်ပြီးမေးသည်။


" မလာခင်က တစ်ခုခုစားခဲ့သေးလား "


ထိုအခါစုယိက ရိုးသားစွာပင် ခေါင်းခါပြလေသည်။


သူမသည် ဒဏ်ရာရနေသော်လည်း စိတ်လွတ်ကိုယ်လွတ်စားသောက်မပစ်ရဲပေ။စုယိမှာ လွန်ခဲ့သောရက်အနည်းက ကိုယ်အလေးချိန်ကီလိုဂရမ်အနည်းငယ်ချရန်ရည်ရွယ်ထားခဲ့ပြီး သူမသည် ထိုအစီအစဉ်အား သဲထဲရေသွန်မဖြစ်စေလိုချေ။


 “ဒီဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ယာဂုဆိုင်ရှိတယ်...စားချင်လား” 


" အင်း " စုယိသည် ချူယင်း၏ကမ်းလှမ်းမှုအား ချက်ချင်းပင် လက်ခံလိုက်သည်။


ပူပြင်းသောနွေရာသီဖြစ်၍ ယာဂုဆိုင်၌ ဧည့်သည်သိပ်မရှ်ိသောကြောင့် ဆိုင်ပိုင်ရှင်က စုယ်ိအား အလွယ်တကူပင်မှတ်မိသွားသည်။သို့သော်လည်း ဆိုင်ရှင်က ဘာမှသိပ်မပြောဘဲ စုယိထံမှလက်မှတ်တောင်းပြီးနောက် ထောင့်ကျသောဝိုင်းကိုပင် စီစဉ်ပေးလိုက်သေး၏။


" ခြေထောက် ပွန်းသွားသေးလား "


" နည်းနည်းပါ "


ဒေါက်ဖိနပ်မှအချွန်က စုယိ၏ခြေထောက်အား ပွန်းပဲ့သွားစေခဲ့သည်။


" မင်းအရင်စားနှင့် ..."


ချူယင်းက ပြောပြောဆိုဆိုဖြင့် နေရာမှထွက်သွားခဲ့ပြီး စုယိသည် ယာဂုပန်းကန်မှတထောင်းထောင်းထနေသောအငွေ့များကြားမှတစ်ဆင့် ထိုသူ၏မှုန်ပျပျကျောပြင်ကို သေချာလှမ်းကြည့်နေလိုက်သည်။


ထိုအချိန်တွင် ဝူရွှယ်က ရုတ်တရက်ဖုန်းဆက်လာခဲ့သောကြောင့် စုယိသည်ဘေးဘီကိုလှည့်ပတ်ကြည့်ပြီး အဝင်‌ဖုန်းခေါ်ဆိုမှုအား ဖြေဆိုလိုက်၏။


 "ဘာဖြစ်လို့လဲ"


" လျန့်ပေါက ညသန်းခေါင်ကြီး ဘာလို့နင့်အိမ်တံခါးကိုလာခေါက်တာလဲ " 


" နင်ဘယ်လိုသိတာလဲ " စုယိက မနေ့ညမှအဖြစ်အပျက်အား ခေတ္တစဉ်းစားလိုက်ပြီးနောက် ဝူရွှယ်အား ပြန်လည်မေးခွန်းထုတ်လိုက်သည်။


" သတင်းထဲပါလာပြီလေ ဘာတွေပြောနေတာလဲ "


 "သူ့ဘာသူမူးမူးနဲ့ ငါ့အိမ်ရောက်​လာပြီးတော့ ပိုင်စိုးပိုင်နင်းတွေလုပ်တာလေ "စုယိက ယာဂုအားမွှေရင်းပြန်ဖြေလိုက်သည်။


" အဲ့တစ်ယောက်က တကယ်ကိုရူးသွားရှာပြီကိုးး...ဒါနဲ့ နင့်ကိုဘာမှမလုပ်ဘူးလား "


" ဘာလုပ်နိုင်မှာလဲ...ငါက ကျင်စက်နဲ့တို့လွှတ်လိုက်တာ ... အဲ့ဒါရောပါမလာဘူးလား သတင်းထဲ... "


စုယိပြောပြီးပြီးချင်းတွင် အရပ်မြင့်မြင့်အမျိုးသားက ဆိုင်ထဲသို့ပြန်ဝင်လာသည်။သူက ဂျက်ကတ်ကိုချွတ်ထားပြီး ရှပ်အင်္ကျီအဖြူဖြင့်သန့်ပြန့်နေကာ လက်ထဲတွင်အမျိုးအမည်မသိရသောပုလင်းတစ်လုံးအား ကိုင်ဆောင်ထား၏။


___________________________________________