အပိုင်း ၁၅
Viewers 12k

Chapter 15


နေ့တိုင်း သေအောင်အလုပ်များနေတာကို ဘယ်အချိန်မှာ မက်ဆေ့ခ်ျသွားပို့ရမှာလဲ ... သူဟာသူ​ခွင့်မိန့်ကျမှ ငါ့လာတွေ့ပေါ့ "


ဝူရွှယ်၏အဖြေကြောင့် စုယိမှာ ပိုလို့ပင်ဝမ်းနည်းသွားရပြီး ထိုအချိန်တွင် ဝန်ထမ်းတစ်ယောက် ရောက်လာခဲ့သည်။


 "ယိကျဲ...အခုစလို့ရပြီ အဆင်သင့်ဖြစ်ပြီလား"


" ဖြစ်ပြီ "


စုယိက eye linerဖြင့် သူမ၏ညာဘက်မျက်လုံးအောက်တွင် မှဲ့တစ်စက်ချလိုက်၏။ထို့နောက် သူမက ဝန်ထမ်း၏အနောက်သို့လိုက်သွားခဲ့ပြီး အလှပြင်ခန်းထဲမှထွက်လာလိုက်သည်။


စင်အောက်တွင်ထိုင်နေသော ဝူရွှယ်မှာ စာသင်ခန်း၏နောက်ဆုံးတန်းတွင်ထိုင်လျက် ဆရာ၏သင်ကြားပို့ချမှုပုံစံအား လာရောက်အကဲခတ်နေသော အထက်လူကြီးတစ်ဦးနှင့်တူနေသည်။


ယနေ့သည် လျှိုမင်ဟောင်နှင့်သူမ၏ခုနစ်နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သော်လည်း မင်ဟောင်က အလုပ်များနေသည့်အပြင် သူမသည်လည်း စုယိအားစိတ်မချနိုင်သောကြောင့် ဤနေရာအထိလိုက်လာခဲ့ခြင်းဖြစ်၏။


ထိုအချိန်တွင် အန်းရွှမ်က သူမအား ရေတစ်ခွက်ကမ်းပေးလာသည်။


" ဝူကျဲ ...ရေနည်းနည်းလောက်သောက်လိုက်ပါဦး ",


 "အိမ်မှာ အဆင်ပြေရဲ့လား" ဝူရွှယ်က ဖန်ခွက်ကိုလှမ်းယူရင်း အန်းရွှမ်အား မေးလိုက်သည်။


အန်းရွှမ်မှာ ဝူရွှယ်အား အိမ်သားတစ်ဦးဆုံးပါးသွားသည့်အတွက် ခွင့်ရက်အနည်းငယ်လိုအပ်ကြောင်း ပြောကြားခဲ့၏။


" ဟုတ်ကဲ့... စိုးရိမ်ပေးလို့ကျေးဇူးတင်ပါတယ် "


 အန်းရွှမ်က ခပ်တိုးတိုးသာပြန်ဖြေ​သည်။


ထို့နောက်တွင် ဝူရွှယ်သည်လည်းနှုတ်ဆိတ်နေလိုက်ပြီး ဘာမှဆက်မပြောတော့ချေ။အခြားသူ၏အခက်အခဲပြဿနာများနှင့်ပတ်သတ်၍ သူမ လုပ်နိုင်သည့်အရာမရှိသောကြောင့် များများစားစားမေးနေရန် မသင့်တော်ပေ။စိုးရိမ်ကြောင်းဖော်ပြရုံနှင့်ပင် လုံလောက်နေပြီဖြစ်သည်။


အင်တာဗျူးမှာ သိပ်၍နည်းလမ်းမကျဘဲ အစီအစဉ်တင်ဆက်သူသည်ပင်လျှင် စတူဒီယိုဝန်ထမ်းများထဲမှ တစ်ယောက်ဖြစ်လေသည်။


ဝန်ထမ်းများက တိုက်ရိုက်ထုတ်လွှင့်ရာတွင် ချစ်စဖွယ်ကောင်းသော ယုန် filter ကိုသုံးပေးထားပြီး liveစလိုက်သည်နှင့် လူများက တစ်ခဲနက်ဝင်ရောက်လာကုန်ကြသည်။


" စုယိ ဒီနေ့ည ဘန်တိုရသွားတာကို သိရဲ့လား ဟားဟား "


( A/N :: ဇာတ်လမ်းမဆုံးမီသေဆုံးသွားသော ကာရိုက်တာပိုင်ရှင်ဇာတ်ဆောင်များအား ညွှန်းဆိုသည့် အသုံးအနှုန်းဗန်းစကားတစ်မျိုးဖြစ်သည် )


ဤသည်မှာ လက်တလော၌ထုတ်လွှင့်ပြသနေသည့် အင်ပါယာ-အနောက်နန်းဆောင်ဇာတ်လမ်းတွဲမှ စုယိ၏ကာရိုက်တာအကြောင်း ပြောနေကြခြင်းပင်။


အင်တာဗျူးမစတင်သေးသော်လည်း comment များမှာ ဆက်တိုက်တက်လာနေသည်။


" ကျွန်မဘန်တိုရတဲ့အကြိမ်ရေက နည်းများနည်းနေသလားလို့ "


စုယိထံမှ အရွှန်းဖောက်လိုက်သောစကားကြောင့် အားလုံးပွဲကျကုန်ကြပြီး comment section တွင်လည်း "ဟားဟား" များဖြင့် ပြွတ်သိပ်ကုန်တော့သည်။


Comment မန့်သူများအား အုပ်စုသုံးစုပိုင်းခြားနိုင်၏။


ပထမအုပ်စုမှာ လက်တွေ့၌အမှန်အကန် အကျင့်ယုတ်၍သာ ဤသို့သော ဗီလိန်ဇာတ်ရုပ်မျိုးအားပိုင်နိုင်နေခြင်းဖြစ်ကြောင်း ဝေဖန်လေကန်နေကြသူများဖြစ်ပြီး ဒုတိယအုပ်စုမှာ စုယိ၏သရုပ်ဆောင်ကောင်းမှုကြောင့် နံရံအားပြေးဆောင့်ကန်ချင်သည်အထိ ဒေါသထွက်ရပါကြောင်း အမွှမ်းတင်နေကြသူများဖြစ်လေသည်။ကျန်အုပ်စုမှာ စုယိအားငမ်းနေသူများဖြစ်ကြပြီး ထိုထဲမှတချို့တစ်ဝက်မှာ မိတ်ကပ်ဆရာအား ဝိုင်းဝန်းထောပနပြုနေကြ၏။


ဇာတ်ညွှန်းရသွားပြီးသောအခါ အစီအစဉ်တင်ဆက်သူက မေးခွန်းများကိုမေးလာတော့သည်။


" ကြိုဆိုပါတယ် စုယိရေ...ကျွန်မတို့ရဲ့ မျက်နှာဖုံးမှာပါဝင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် "


" ကျွန်မအတွက်လည်း ဂုဏ်ယူစရာပါပဲ "


အစီအစဉ်တင်ဆက်သူမှာ စကားဝိုင်းကိုပေါ့ပေါ့ပါးပါးဦးဆောင်နေပြီး သူမထံတွင် အင်တာဗျူးအားသာမန်နေ့စဉ်စကားဝိုင်းကဲ့သို့သောခံစားချက်မျိုးရအောင် ကြိုးပမ်းလိုစိတ်ရှိနေသည်မှာ သိသာထင်ရှားသည်။


" လတ်တလော ထုတ်လွှင့်ပြ‌သနေတဲ့ ဇာတ်လမ်းတွဲတွေဘာတွေမားရှိလား "


" ဟုတ်ကဲ... ချင်းထောင်ဝေ့ရှစ် ' XXဒဏ္ဍာရီ'ကို ည၈နာရီတိုင်း နှစ်ပိုင်းစီထုတ်လွှင့်ပြသနေပါတယ် Hunting Rabbit appမှာ မန်ဘာဝင်ထားမယ်ဆိုရင်တော့ စီးရီးတစ်ခုလုံးကို ကြိုတင်ကြည့်ရှုနိုင်မှာပါ "


 စုယိက သူမ ကျက်ထားခဲ့သော စာသားများအတိုင်း ခြောက်ကပ်ကပ်ပြန်ဖြေလိုက်သည်။


***


 လေဆိပ်တွင်ဖြစ်၏။


အမျိုးသားတစ်ဦးသည် အဖြူရောင်ရှပ်ကိုဝတ်ဆင်ထားပြီး သူတပ်ထားသောနေကာမျက်မှန်က မျက်နှာတစ်ခုလုံးအား ဖုံးလုဆဲဆဲဖြစ်နေသည်။သူ၏အသွင်အပြင်ကြောင့် ဖြတ်သွားဖြတ်လာများထံမှ အာရုံစိုက်ခြင်းခံနေရပြီး ထိုထဲမှ အကြောင်းပြချက်တစ်ခုမှာ အနောက်တွင်ပါလာသော အနောက်တိုင်းဝတ်စုံဝတ်ထားသူများပင်ဖြစ်သည်။သူတို့အတူရှိနေကြသောပုံစံက အလွန်ပင်ကြည့်ကောင်းပြီး အမြင်အာရုံတွင် အတော်လေးကို ရှုမြင်ချင်စရာပနံသင့်နေစေ၏။


နေကာမျက်မှန်အောက်ရှိ ချူယင်း၏မျက်ဝန်းများက နီရဲနေပြီး သူက နားထင်များကိုဖိလျက် ဘေးနားမှလက်ထောက်အား မေးလိုက်သည်။


" ဒါက နောက်ဆုံးလေယာဉ်လား "


" ဟုတ်ကဲ့ အစည်းအဝေးက မနက်ဖြန် ကိုးနာရီစမှာပါ "


" ဒါဆို မနက်ဖြန်နေ့လည် အပြန်လက်မှတ်ဖြတ်ထားလိုက် "


လက်ထောက်က ချက်ချင်းပင်သဘောတူလိုက်သည်။


ဤရက်များအတွင်း၌သူတို့သည် ဓားသွားစင်္ကြာသကဲ့သို့ ချာလပတ်ရမ်းနေခဲ့ရ၏။အစည်းအဝေးမှန်သမျှအား ဦးစီးဦးဆောင်ပြုရသောချူယင်းပင်မဆိုထားနှင့် လေယာဉ်စီးရုံသာစီးရသော သူသည်ပင်လျှင် မူးနောက်နေပြီး အလုပ်ကိစ္စအကြောင်းကြားသည်နှင့် မူးဝေချင်သလိုလိုဖြစ်လာသည်။


သို့သော်လည်း သူတို့တတ်နိုင်သောအရာမရှိချေ။ချူမိသားစုလုပ်ငန်းသည် နယ်ပယ်အရပ်ရပ်တွင် ကျယ်ပြန့်လာပြီး ၎င်းတို့၏အရေးကိစ္စမှန်သမျှကို bossက တပ်ထဲမှထွက်လာလာချင်း တာဝန်ယူပေးခဲ့ရသည်။အချိန်အတော်ကြာသည်အထိ ဤကဲ့သို့အလုပ်များနေဦးမည်ဖြစ်ပြီး အမြန်ကျော်ဖြတ်နိုင်လျှင် ပိုကောင်းပေလိမ့်မည်။


ချူယင်းသည် လမ်းလျှောက်ရင်းဖုန်းဖွင့်ကြည့်လိုက်သည့်အခါ ဖုန်းမျက်နှာပြင်တွင်ပေါ်နေသောမက်ဆေ့ခ်ျပေါင်းသောင်းခြောက်ထောင်ကိုမြင်လိုက်ရပြီး သူသည်ထိုထဲမှ စုယိ၏နာမည်ကို ရွေးနှိပ်လိုက်၏။


[ နတ်ဘုရားမ စုယိ : မနေ့က အိပ်ပျော်သွားလို့... အခုတလောအရမ်းအလုပ်များနေတာလား ]


[ နတ်ဘုရားမ စုယိ : မနက်စာစားနေတာ *ဓာတ်ပုံ* ]


[ နတ်ဘုရားမ စုယိ : အလုပ်သွားတော့မယ်... ဒီနေ့ရာသီဥတုက တကယ်သာယာတာပဲ ]


[နတ်ဘုရားမ စုယိ : XX မဂ္ဂဇင်းအင်တာဗျူးအတွက် အဆင်သင့်ဖြစ်နေပြီ... တိုက်ရိုက်ထုတ်လွှင့်မှာတဲ့..ကျွန်မအရမ်းပင်ပန်းနေပြီ သမ်းတာမရပ်နိုင်တော့ဘူး *ဓာတ်ပုံ * မနက်ဖြန် အချိန်ရလား... မာလာဟင်းထပ်သွားစားချင်သေးတယ် ]


ချူယင်းသည် သူ့လက်ချောင်းများကို ရွှေ့ကာ မက်ဆေ့ခ်ျပြန်ပို့လိုက်၏။လွန်ခဲ့သည့်ရက်အနည်းငယ်ကစုယိသည် သူ့အားတစ်ဝက်တစ်ပြတ်ဝန်ခံခဲ့သည်။


ထိုအချိန်က သူမ၏ပါးပြင်နှင့် နားရွက်များက နီရဲနေခဲ့သော်လည်း ချူယင်းဘက်ကသာ " ဟင့်အင်း " ဟုပြောလိုက်လျှင် စုယိသည် ရိုးရှင်းစွာပုခုံးတွန့်ပြီး အေးဆေးထွက်သွားမည့်သူမျိုးပင်။


ချူယင်းက‌ ချောင်းဟန့်ပြီး ကားဘေးထိုင်ခုံမှလူအား လှမ်းမေးလိုက်သည်။


" Live လွှင့်တာကို ဘယ်မှာကြည့်လို့ရလဲ "


 " ဖုန်းနဲ့ပဲဖြစ်ဖြစ် တက်ဘလက်နဲ့ပဲဖြစ်ဖြစ်ကြည့်လို့ရပါတယ်... ဘယ်ဟာကြည့်ချင်တာလဲ ကျွန်တော်ရှာပေးပါ့မယ် "


ချူယင်းက မဂ္ဂဇင်းနာမည်ကိုပြောလိုက်သည့်အခါ လက်ထောက်က liveကိုရှာပြီး တက်ဘလက်အား ကမ်းပေး၏။


ဖန်သားပြင်ပေါ်ရှိ အမျိုးသမီး၏ မိတ်ကပ်လိမ်းခြယ်မှုမှာ အသေးစိတ်ကျပြီး သူမ၏မျက်လုံးထောင့်အောက်မှ မှဲ့တစ်စက်က ပို၍အလှတိုးစေသည်။စုယိထံတွင် ယုန်နားရွက်များရှိနေပြီး သူမ ပြုံးလိုက်ချိန်တွင် မျက်ဝန်းများမှာ လခြမ်းကွေးကလေးသဖွ


ယ်ဖြစ်သွား၏။ထိုအပြုံးက ဘေးလူများထံသို့ပါ တစ်ပါတည်းကူးစက်စေနိုင်သည်။


ထို့နောက် ချူယင်းသည် comment များကို ဖတ်ရှုကြည့်လိုက်သည်။


[ သူ့လိုရုပ်ရည်သာရှိရင် တစ်နေကုန်အပြင်မှာ လျှောက်သွားနေမှာ ]


[ မြေခွေးမ ရုပ်နဲ့ ]


[ ချစ်စရာလေး... အတူတူအိပ်ချင်စရာ ]


နောက်ဆုံးမှတ်ချက်အား ဖတ်ပြီးနောက်တွင် ချူယင်း၏မျက်ဝန်းများက မဲမှောင်သွားသည်။


" အောင်မြင်သင့်သလောက်အောင်မြင်ပြီး လမ်းကြောင်းတစ်ခုလည်းရနေပြီ‌ဆိုတော့ စုယိရဲ့အချစ်ရေးကဏ္ဍမှာရော ဘယ်လိုအခြေ‌အနေရှိလဲ "


ချူယင်းသည် တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ ချက်ချင်းပင် အာရုံပြန်ရောက်သွားသည်။ဖန်သားပြင်ပေါ်ရှိအမျိုးသမီးက ဆံပင်ကိုသပ်တင်လိုက်ပြီး သူမ၏အပြုံးက ပိုလို့ပင်နက်ရှိုင်းလာသည်။


" ဟုတ်ကဲ့... ကျွန်မမှာ ချစ်နေတဲ့သူရှိပါတယ် "


Comment section တွင် ဗလောင်ဆူသွားပြီး မန့်များက ဆက်တိုက်တက်လာနေ၏။


 [ မေမေရေ သားတော့ချစ်မိသွားပြီ ]


[ သူကြိုက်တာခံရတဲ့သူကတော့ ဘယ်လောက်ကံကောင်းလိုက်မလဲ ]


အစီအစဉ်တင်ဆက်သူက အံ့အားသင့်သွားပြီး စုယိအား ဆက်မေးလာခဲ့သည်။


" တကယ်လား...ပြောပြလို့အဆင်ပြေမလား "


ချူယင်းသည် Live၏ထိပ်တွင် အချိန်ကိုက်ပင် ပေါ်လာသော စာတန်းအချို့ကို စူးစိုက်ကြည့်လိုက်၏။


[ လျန့်ပေါLb မှ hostအား UFO ပေးလိုက်ပါတယ် ]


[ လျန့်ပေါLb မှ hostအား UFO ပေးလိုက်ပါတယ် ]


[ လျန့်ပေါLb မှ hostအား UFO ပေးလိုက်ပါတယ် ]


စုယိသည်လည်း ဖန်သားပြင်ပေါ်တွင် giftပေးလိုက်သည်အား ရှင်းလင်းစွာမြင်လိုက်ရ၏။အစီအစဉ်တင်ဆက်သူ၏မေးရိုးများက ဘုန်းခနဲပြုတ်ကျသွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။သူမသည် စုယိထံမှ ဤအဖြေအား မျှော်လင့်မထားမိသကဲ့သို့ ဤလိုအချိန်၌ liveထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး တန်ဖိုးအကြီးဆုံးgiftကို ပေးသွားသောလျန့်ပေါ၏ ဒဲ့တိုးဆန်မှုသည်လည်း ဩချရလောက်ပေသည်။


စုယိ၏မျက်ခုံးများသည် အပေါ်တက်သွားပြီးနှုတ်ခမ်းစွန်းများက အနည်းငယ်ပြေလျော့သွားသော်လည်း သူမ၏အပြုံးမှာ ထင်ကျန်နေဆဲပင်။


 " ပြောလို့အဆင်မပြေဘူး... သူက ဒီနယ်ပယ်ထဲကလူ မဟုတ်တော့လေ "


He's Mine Chapter-14 [ Edit ]


Zack Z.U.March 03, 2023


He's Mine Chapter-14


Gyu JinFebruary 13, 2023


အခန်း-၁၄။ ဖက်ပါ...နမ်းပါ...တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပါ...။


စုယိပြောပြီးသည်နှင့် live၏ထိပ်စီးတွင်ပေါ်လာသောလက်ဆောင်နှင့်ပတ်သက်သည့် အချက်အလက်များက ချက်ချင်းရပ်တန့်သွားတော့သည်။


သို့သော်လည်း လက်ဆောင်စာရင်းတွင် 'လျန့်‌ပေါ့Lb' အကောင့်သည် ကျန်ရှိနေခဲ့၏။


[ စခရင်တစ်ဖက်ကနေတောင် ကိုးရို့ကားယားနိုင်နေတာကို ခံစားရတယ် 233333 ]


[ ဘာအဆင်မပြေစရာရှိလို့လဲ...သူတို့ကတွဲနေကြပြီး စုယိက ကောင်လေးဘက်ကဖန်တွေရဲ့ တံတွေးအိုင်ထဲပက်လက်မျောမှာကိုကြောက်နေတာမဟုတ်ဘူးလား အဲ့ဒါကြောင့်ပဲ ဝန်မခံရဲတာလေ ]


[ သေချာတယ်...တစ်ညတည်း ဟိုတယ်တစ်ခုတည်းမှာ တည်းတဲ့ဓာတ်ပုံတွေတောင်ထွက်လာသေးတယ် ]


အစီအစဉ်တင်ဆက်သူက ခြောက်ကပ်စွာရယ်မောပြီး အဖွဲ့သားများအား လှမ်းကြည့်လိုက်သည်။


' ဒါက ဇာတ်ညွှန်းအတိုင်းမှ မဟုတ်တာ '


တစ်ဖက်တွင်မူ စုယိမှာ တောင့်တောင့်ကြီးနေလျက် နှုတ်ဆိတ်နေပြီး နောက်လာမည့်မေးခွန်းကို စိတ်ရှည်စွာ စောင့်မျှော်နေမိ၏။ထိုအချိန်တွင် ဝူရွှယ်က မတ်တပ်ထရပ်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုဒါရိုက်တာဆီမှ ဘုတ်ပြားကိုလှမ်းယူလိုက်ကာ တစ်စုံတစ်ရာကို ရေးခြစ်လိုက်သည်။


' အင်တာဗျူးကို ရပ်လိုက်တော့ '


လက်ရေးက အနည်းငယ်ရှုပ်သော်လည်း စာကြောင်းမှတစ်ဆင့် ရေးသူထံမှစိတ်ရင်းကို ခံစားရနိုင်၏။


ထိုအခါ အစီအစဉ်တင်ဆက်သူက ဒါရိုက်တာအား ခေါင်းညိတ်ပြလိုက်သည်။


“ဒါဆိုရင် တိုက်ရိုက်ထုတ်လွှင့်မှုဟာ ဒီမှာပဲ ပြီးဆုံးသွားမှာ ဖြစ်ပါတယ်ရှင့်...အင်တာဗျူးအတွက် အချိန်ဖဲ့ပေးလို့ ကျေးဇူးတင်ပါတယ် ယိယိ”


စုယိသည် စင်ပေါ်မှဆင်းလာသော်လည်း သူမ မျှော်လင့်ထားသည့်မုန်တိုင်းမျိုးက မတိုက်ခတ်လာသေးပေ။


ဝူရွှယ်က ဖုန်းပြောနေပြီး စုယိအားမြင်သောအခါ " ပစ္စည်းသိမ်းတော့ ပြန်မယ် " ဟုသာ ပြောလာသည်။


စုယိတစ်ယောက် မျက်လုံးလေးကလည်ကလည်ဖြစ်သွားပြီး" နင့်မှာဘာမှပြောစရာမရှိဘူးလား " ဟုပင် ထုတ်ပြောလုမတတ်ဖြစ်သွားရသည်။


" နင့်ကို ငါဘာလို့မဆူတာလဲ သိလား "


စုယိက တစ်ရှူးတစ်ရွက်ဖြင့်နှုတ်ခမ်းနီဖျက်နေရင်း ဝူရွှယ်၏အမေးကို ပြန်ဖြေလေသည်။


" .... ငါ မသိချင်ဘူး "


"လောလောဆယ် နင့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ငါ မမေးချင်ဘူး...လျန့်ပေါနဲ့ကိစ္စကို အရင်ရှင်းပြီးမှ ဆက်ပြောကြမယ် "


ဝူရွှယ်က စုယိ၏အဖြေကို ဂရုမစိုက်ဘဲ ပြောစရာရှိသည်ကိုသာ ပြောလိုက်သည်။


ထိုအချိန်တွင် စုယိက လုပ်လက်စများကိုရပ်ပြီး ‌ရယ်မောလိုက်တော့၏။


" အဲ့တစ်ယောက်က ဘဝကောင်းကောင်းမှာ နေရပါများတော့ တစ်ခါတည်းရူးသွားတာမဟုတ်ဘူးလား "


စုယိသည် လျန့်ပေါ၏ ယနေ့လုပ်ရက်ကို နားမလည်နိုင်ချေ။ကျော်ကြားမှုအရ တွက်ချက်ကြည့်လျှင်လည်း ပင်တိုင်ဒုတိယ​အမျိုးသမီးဇာတ်လိုက်သည် လျန့်ပေါနှင့်အဆင့်မတူကြောင်းမှာ ထင်ရှားလွန်းလှသည်။ဤသည်ကို လျန့်ပေါလည်း မသိသည်မဟုတ်ပေ။


လျန့်ပေါ၏ Fan Clubထဲမှ လူတစ်ဝက်ခန့်မှာ သူ့ရည်းစားဖြစ်ချင်သောပရိသတ်များပင်ဖြစ်သည်။ဤကဲ့သို့ ရေပန်းစားသည့် နာမည်ကြီးအနုပညာရှင်များ၏ အနက်ရှိုင်းဆုံးအကြောက်တရားမှာ သူတို့၏relationshipအား publicက သိသွားမည်ကိုပင်။


ယခုအချိန်တွင် လျန့်ပေါမှာ သူကိုယ်တိုင် ရေထဲဒိုင်ဗင်ပစ်ဝင်လိုက်သလိုဖြစ်နေသည်။သို့သော်လည်း နစ်စရာရှိ တစ်ယောက်တည်းမနစ်ဘဲ စုယိကိုပါ တစ်ပါတည်းဆွဲချနေလိုက်သေးသည်။


ကနဦးက ဖုန်းခေါ်ဆိုမှုမှတစ်ဆင့် ဝူရွှယ်သည် ဖြစ်ပျက်နေသည့်ကိစ္စများအား နားလည်သွားပြီဖြစ်သည်။


"သူတို့က မိုက်မဲတာမဟုတ်ဘူး...ဆိုးရွားတဲ့အပေးအယူကိုလည်း လုပ်မှာမဟုတ်ဘူး ...နင်တို့ နှစ်ယောက် အရင်တုန်းက ဓာတ်ပုံထွက်လာဖူးတယ်မလား.. အခု တချို့နာမည်ကြီးအုပ်စုတွေက လျန့်ပေါကိုတိုက်ခိုက်ဖို့ အကောင့်တွေအများကြီးဝယ်ပြီး အမှိုက်စာတွေ လိုက်ရေးခိုင်းနေကြတယ်လေ...သူက မကောင်းတာမှန်သမျှလုပ်ပြီး မိန်းမတကာနဲ့လိုက်အိပ်နေပါတယ်ဆိုပြီးတော့ ကောလဟာလတွေဖြန့်နေတာ...နင်က အဲ့ဒီမိန်းမတွေထဲက တစ်ယောက်ပဲ ... နင်တို့နှစ်ယောက် ဟိုတယ်မှာ တစ်နေ့တည်းရှိနေခဲ့တဲ့ပုံကိုတောင် တင်ထားကြသေးတယ် "


စုယိမှာ သောက်လက်စရေပင်သီးသွားတော့သည်။


" ငါတောင်မသိရပါလား ဟိုတယ်အတူတူရောက်ဖူးတယ်ဆိုတာကို "


" ငါအခုလေးတင်စစ်ကြည့်ခဲ့တာ ... နင်အဖွဲ့သားတွေနဲ့ ဟိုတယ်တစ်ခုတည်းအတူတည်းခဲ့တုန်းက သူနဲ့သူ့အဖွဲ့ကလည်း အဲ့မှာရှိနေခဲ့တာ "


စုယိသည် ပါပါရာဇီများမှာ မိမိုက်လှသည်ဟု ပြောလိုက်ချင်သော်လည်း ဝူရွှယ်ထံမှအရိုက်ခံရမည်ကိုလည်း ကြောက်ရသေးသည်။


"လျန့်ပေါဘက်က ဘာပဲပြောပြော သူ့ကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူးဆိုတဲ့ အနေအထားကို ရောက်နေပြီ...အဲ့ဒါကြောင့် အခု သူတို့လည်း ဒီအတိုင်းဆက်သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်တဲ့... လျန့်ပေါနဲ့ အခြားတစ်ယောက်ကြားက ဆက်ဆံရေးကို ပြုစုပျိုးထောင်ပြီး 'လေးနက်တဲ့အချစ်' လမ်းကြောင်းကိုရွေးလိုက်ပြီ...နင်ငြင်းရင်တောင် တစ်ဖက်က နှုတ်ဆိတ်နေသရွေ့ ထိရောက်မှာမဟုတ်ဘူး... Liveအောက်က ကွန်မန့်တွေကိုမြင်လား... အဲ့ဒါက ဟိုဘက်က ငှားထားတဲ့လူတွေဆိုတာကို လောင်းရဲတယ် "


___________________________________________