အပိုင်း ၁၆
Viewers 14k

Chapter 16





လျန့်ပေါအားချောက်ချရန်ကြံစည်ကြသူများမှာ သူနှင့်လမ်းကြောင်းတူသော တက်သစ်စအမျိုးသားနာမည်ကြီးများဖြစ်မည်မှာ ထင်ရှားပေသည်။


" ဒီဟာတွေတော့လား...ရန်ဖြစ်ချင်ရင် သူတို့ဘာသာသူတို့ဖြစ်ကြလေ ...ငါ့ပါဆွဲထည့်စရာလား .... ဖုန်းပေးစမ်း "


ဝူရွှယ်က စုယိ၏အကြံအစည်ကို တိုက်ရိုက်ပင်ငြင်းပယ်ပစ်သည်။


" Reply ပြန်ပြီး ကီးဘုတ်ဖိုက်တာလုပ်တာကို တားမြစ်ထားတယ် "


" ဘာလို့လဲ "


ဝူရွှယ်က စုယိ၏ Weibo စကားဝှက်ကိုပြောင်းနေပြီး နှစ်မိနစ်အကြာတွင် ဖုန်းကိုပြန်ပေးလိုက်သည်


"နင်က အရမ်းတော်လွန်းတယ်...


ပြဿနာရှာ‌တဲ့နေရာမှာလေ...


ငြိမ်ငြိမ်လေးနေပြီး ငါ့ကိုပဲယုံထားလိုက် "


စုယိက တစ်ခုခုပြန်ပြောရန်ပြင်လိုက်သော်လည်း WeChat app၏ ညာဘက်အပေါ်ထောင့်မှ '၂ ' ကိုတွေ့သောအခါ ချက်ချင်းရပ်တန့်သွားသည်။


[ ချူယင်း - လေယာဉ်ပေါ်ကဆင်းနေဝာာ ]


[ ချူယင်း - *အသံမက်ဆေ့ချ်*]


စုယိက ဖုန်းကိုနား နားသို့ကပ်ပြီး နားထောင်လိုက်၏။


[ ခြေထောက် သက်သာပြီလား ]


ချူယင်း၏လေသံကိုနားထောင်ကြည့်ရသလောက် အလွန်ပင်ပန်းနေပုံရသည်။


ထိုအချိန်တွင် စုယိ၏စိတ်ထဲရှိ လျန့်ပေါနှင့်သက်ဆိုင်သော ပေါက်တက်ကရ ကောလဟာလများအားလုံးသည် လကမ္ဘာပေါ်သို့လွင့်စင်သွားတော့၏။


စုယိက ဖုန်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ထပ်ရောက်လာသော မက်ဆေ့ချ်တစ်ခုအား ပြန်ဖြေရန်လုပ်နေသည်။


[ ချူယင်း- တိုက်ရိုက်ထုတ်လွှင့်တာက မြန်မြန်ပြီးသွားတာပဲ ]


'ဒါကြီးကက ဘယ်လိုစကားတုန်း...'


[ စုယိ - ဟုတ်တယ်...ပြီးသွားပြီ...ခြေထောက်က နာနေတုန်းပဲ QAQ... ရှင် Liveကိုကြည့်ခဲ့တာလား ]


ဝူရွှယ်သည် စုယိ၏ဖုန်းထဲမှ QAQကိုလှမ်းမြင်လိုက်ပြီးနောက် မျက်လုံးများ စွေစောင်းမတတ်ပြူးပြဲကြည့်နေ၏။


သို့သော်လည်း အဆက်အစပ်ရှိသောပြန်စာက ပြန်ရောက်မလာခဲ့ဘဲ စကားဝိုင်းနှင့်ကိုက်ညီခြင်းမရှိသော စာပြန်မှုတစ်ခုကိုသာ ပြန်ရလိုက်၏။


[ ချူယင်း - မနက်ဖြန်နေ့လည်ပြန်ရောက်မှာ ]


[ နတ်ဘုရားမ စုယိ - ဒါဆို တစ်ခုခုသွားစားကြမလား...မဟုတ်လည်း ခဏလောက် အနားယူလိုက်လေ...ရှင့်အသံက တကယ်ပင်ပန်းနေတဲ့ပုံပဲ *ဝမ်းနည်းနေသောယုန်ကလေးအီမိုဂျီ * ]


ချူယင်းမှာ အချိန်ကိုရေတွက်လိုက်ပြီး ထိုအချိန်သို့ရောက်လျှင် ကြွက်သားတောင့်တင်းမှုက ပြေလျော့နေလောက်မည့် အနေအထားပင်။


ချူယင်းက အသံမက်ဆေ့ချ်ခလုတ်ကို နှိပ်လိုက်သည်။


[ မနက်ဖြန်လာခေါ်မယ် ]


သူ၏အရှေ့ရှိ တက်ဘလက်သည် တိုက်ရိုက်ထုတ်လွှင့်မှု စာမျက်နှာတွင် ရှိနေဆဲဖြစ်ပြီး သူသည်လက်ထောက်အားဒင်္ဂါးပြားများဖြည့်ခိုင်းပြီးနောက်ပိုင်း liveထဲသို့ပြန်ဝင်လိုက်သည့်အခါ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်၏။


ချူယင်းက မေးဖျားကိုပွတ်သပ်ရင်း မသိမသာရယ်နေလိုက်သည်။


"မင်း Livestreamတွေကြည့်လား"


လက်ထောက်ဖြစ်သူမှာ သူ့အားဦးတည်လျက်မေးမြန်းနေသောမေးခွန်းဖြစ်ကြောင်း သဘောပေါက်ရန် အချိန်အတော်ယူလိုက်ရသည်။


“တစ်ခါတလေတော့ကြည့်ဖြစ်ပါတယ် ”


ချူယင်းက တက်ဘလက်ကို လက်ထောက်အား ပြန်ပေးလိုက်၏။


"ဒီဒင်္ဂါးပြားတွေ သုံးလိုက် "


လက်ထောက်ဖြစ်သူမှာ ထောင်သောင်းချီသည့်ဒင်္ဂါးပြားများကို စိုက်ကြည့်နေလျက် အံ့သြသွားတော့သည်။


“boss မသုံးတော့ဘူးလား”


“အင်း”


ချူယင်းသည် commentများကိုမြင်လိုက်ပြီး စုယိမှာ Livestream တွင်ထပ်ပေါ်လာတော့မည်မဟုတ်ကြောင်းသိလိုက်ရသည်။


ထို့နောက်တွင် ချူယင်းသည် WeChat ကိုဖွင့်ကာ 'အာမီရိုးရာအနှိပ်ခန်း' ထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။


[ချူယင်း - မနက်ဖြန်နေ့လည် လူတစ်ယောက် ခေါ်လာခဲ့မယ် ]


***


ကျေးဇူးရှင်ကြီးလျန့်ပေါကြောင့် နောက်တစ်နေ့တွင် စုယိ၏မှန်ပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင်အိမ်၌ ကင်မရာတစ်လုံးရှိနေပြီဖြစ်လေသည်။


ပါပါရာဇီနှစ်ယောက်က အလှည့်ကျကင်းစောင့်နေကြလျက် တစ်ယောက်မှာအချိန်ပြည့်၍ အနားယူရန်ပြင်နေပြီး ကျန်တစ်ယောက်၏အလှည့်သို့ရောက်လာပေသည်။


" ဘယ်ချိန်ထိစောင့်နေရမလဲမသိဘူးကွာ "


နောက်ဆုံးတစ်ကြိမ်၌ သူသည် ဤနေရာတွင် နှစ်လကြာအောင် သောင်တင်နေခဲ့သော်လည်း မည်သည့်ရိုက်ချက်မျိုးကိုမှ ကောင်းကောင်းကန်းကန်းမရခဲ့ပေ။


" ကုန်ကော ... အဲ့ဒါစုယိလား "


အလှည့်ကျစောင့်နေသူက ကျန်တစ်ယောက်၏ပုခုံးကိုလှမ်းပုတ်ပြီးမေးလိုက်သည်။


ကုန်ကော သည် ပါးစပ်ထဲမှ စားလက်စများကို အမြန်မျိုချပြီး ကြည့်လိုက်သည့်အခါ တစ်ဖက်အိမ်ရှိကန့်လန်ကာများက ဖွင့်လျက်အနေအထားဖြစ်နေ၏။


Facial Maskကပ်ထားသော အမျိုးသမီးတစ်ဦးသည် ကင်မရာထံသို့မျက်နှာမမူမီ ခန္ဓာကိုယ်ကိုလှည့်လျက်အကြောဆန့်နေခဲ့ပြီး ထို့နောက်တွင် ကြည်လင်တောက်ပနေသော သွားဖြူတန်းများအား မြင်နိုင်လောက်သည်အထိ ပြုံးပြလာခဲ့သည်။


သူမသည် လက်နှစ်ချောင်းမထောင်ရုံတမယ် ပို့စ်များအဆက်မပြတ်ပေးနေခဲ့ပြီး ထိုအရာက ကုန်ကော၏ပါပါရာဇီဂုဏ်သိက္ခာကို အတော်လေးကို ထိပါးစေ၏။


ယခင်နေ့ ရိုက်ကူးရေးပြီးကတည်းက စုယိမှာ စိတ်အခြေအနေကောင်းနေခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် ဖုန်းစပီကာမှ ဝူရွှယ်၏လေသံက ထွက်ပေါ်လာခဲ့သည်။


" သတိထားနော်... အဲ့ဒီ ပါပါရာဇီတွေ တစ်ပုံမှမရိုက်မိအောင်နေ ... အိမ်ထဲမှာ လတ်လျားလတ်လျား လျှောက်သွားမနေနဲ့ "


"အိမ်နေရင်းတောင် ချည်သားဂျာကင်အင်္ကျီကြီး ဝတ်ထားရမှာလား"


"ငါ့ကို ပြန်ခံမပြောနဲ့...လောလောဆယ် နင့်အတွက် ဇာတ်ရုပ်တစ်ခုရဖို့စောင့်နေတယ်... အလုပ်ပိုရှုပ်အောင်မလုပ်စမ်းနဲ့ "


ကောင်းမွန်နေသောစိတ်အခြေအနေ၏ငါးပုံတစ်ပုံကို ဝူရွှယ်က မညှာမတာဖျက်ဆီးပစ်လိုက်ပေသည်။


စုယိသည် ကန့်လန့်ကာကိုမပိတ်မီ မျက်နှာချင်းဆိုင်ရှိကင်မရာထံသို့ လက်ဝှေ့ယမ်းပြလိုက်ပြီး 'ဒီနေ့တော့ ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်' ဟူသော အမူအရာမျိုးလုပ်ပြလိုက်၏။


ချူယင်းဖြင့်လေးနာရီ၌တွေ့ရန်ချိန်းဆိုထားခြင်းဖြစ်သော်လည်း စုယိမှာ ပါပါရာဇီများကိုရှောင်ရှားနိုင်ရန်အလို့ငှာ အောက်ထပ်သို့ ကြိုဆင်းပြီး လမ်းလျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။


စုယိမှာ နေကာမျက်မှန်နှင့်Mask များတပ်ထားပြီး အပြင်ထွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်၏။သို့သော်လည်း တံခါးဖွင့်လိုက်ချိန်တွင် ဓာတ်လှေကားထဲမှထွက်လာသည့် လျန့်ပေါနှင့်တည့်တည့်တိုးမိခြင်းက သူမအား အံ့အားသင့်သွားစေသည်။


လျန့်ပေါသည်လည်း ထိုအခိုက်အတန့်တွင် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့ပြီး သူသည် အရက်မူးလာလျှင် ဘာမဆိုလုပ်နိုင်သည့်လူစားမျိုးဖြစ်၏။ထိုနေ့က အဘယ်ကြောင့်စုယိထံသို့ သွားမိခဲ့ရသနည်း။သို့သော်လည်း ကင်မရာတွင်ဖမ်းမိခြင်းက ကံကောင်းသွားသည်။လျန့်ပေါနှင့်နယ်ပယ်တူသူများသည် ဤအခွင့်အရေးကိုအသုံးချကာ သူ့အား လှောင်ပြောင်ကျီစယ်လိုနေကြပြီး အချစ်နွံထဲပက်လက်မျောနေသည့်သူသကဲ့သို့ ပြုမူစေချင်နေကြသည်။


မျက်နှာချင်းဆိုင်သို့ရောက်ရှိလာသော လျန့်ပေါကြောင့် စုယိသည်လည်း အနည်းငယ် မသက်မသာခံစားလိုက်ရသည်။


" ငါဘိုကင်တင်ထားတာရှိတယ်...အတူတူညနေစာ စားကြမလား... လတ်တလောကိစ္စအကြောင်းလေးတွေ ပြောကြတာပေါ့ "


ထိုစကားအား ကြားလိုက်သည်နှင့်တစ်ပြိုင်နက် စုယိ၏စိတ်ထဲတွင် ထောင့်တစ်နေရာတွင် ဝှက်ထားသော အသံဖမ်းစက်တစ်ခု‌ရှိနေမည်ဆိုတာကို သေချာသွားသည်။


ထိုအချိန်တွင် WeChat မှ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ပြီး စုယိသည် အိတ်ကပ်အတွင်းမှ ဖုန်းကိုထုတ်၍ ခေါ်ဆိုမှုအားဖြေကြားလိုက်၏။


"အောက်ထပ်မှာရောက်နေပြီ"


" ခုကတည်းကလား... " စုယိက အံ့ဩသွားသည်။


“ရတယ် ဖြေဖြေးလုပ် အလျင်မလိုနဲ့ ”


ဖုန်းတစ်ဖက်မှချူယင်း၏လေသံမှာ အလွန်တည်ငြိမ်နေ၏။


ချောင်ထိုးခံလိုက်ရသော လျန့်ပေါက အနည်းငယ်နေရခက်လာပြီး သူသည်စုယိအား စကားလုံးအချို့ကိုပြောလိုက်တော့သည်။


" ယိလေး... "


စုယိမှာမူ သူ့အားနည်းနည်းလေးမှ အဖက်မလုပ်ဘဲ ဖုန်းပြောခြင်း၌သာ စိတ်နှစ်ထားလေ၏။


" အခုဆင်းလာခဲ့မယ်... ၁၅မိနစ်ပဲစောင့် "


ဇွဲမလျှော့သောလျန့်ပေါကလည်း အရှေ့သို့ဆက်တိုးလာပြီး ထပ်ပြောသည်။


" ယိလေးရေ... ကိုယ်အရင်ဝင်တော့မယ်နော် "


ထိုအခါ စုယိက ဖုန်းစပီကာကို လက်ဖြင့်အုပ်လိုက်ပြီး လျန့်ပေါအားရန်တွေ့တော့၏။


" ကျင်စက်နဲ့တို့ခံထိတဲ့အရသာကို ထပ်မြည်းစမ်းကြည့်ချင်နေတာလား "


လျန့်ပေါသည် ဆွံ့အသွားတော့၏။


သူသည် အမှန်တကယ်ပင် ကျင်စက်နှင့်အတို့ခံခဲ့ရခြင်းလော။ဤစကားကိုမကြားမီအချိန်ထိ လျန့်ပေါမှာ ထိုအရာကို အိပ်မက်ဟုပင် ထင်မှတ်ခဲ့သည်။


မျက်စိ‌ရှေ့မှမိန်းကလေးက ဤမျှထိရက်စက်နိုင်လှပါသည်လော။


လျန့်ပေါသည် သူ့ပရိတ်သတ်များ၏အသည်းအသက်ကလေးဖြစ်သော်လည်း စုယိနှင့်တွေ့လျှင် အမြဲလိုလိုတစ်ဆင့်နိမ့်သွားသလိုခံစားရ၏။သူကိုယ်တိုင်ထွက်မသွားမီအချိန်အထိ လျန့်ပေါ၏မျက်နှာပေါ်တွင် အမျိုးစုံကြိုးခုန်နေသောခံစားချက်များ ဖြတ်ပြေးနေခဲ့၏။


ထို့နောက်တွင် စုယိက ဖုန်းဆက်ပြောရန်ပြင်လိုက်သော်လည်းတစ်ဖက်လူမှာ ဖုန်းချသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမသည် maskကို ပြန်ဆွဲတင်ကာ ပါပါရာဇီများကို ရှောင်ရှားနိုင်မည့် အတတ်နိုင်ဆုံးနည်းလမ်းများကိုတွေးလျက် အိမ်ရှေ့မှ ထွက်လာလိုက်သည်။စုယ်ိသည် ချူယင်းအား အကြာကြီးမစောင့်စေလိုပေ။


သူမ အတွေးများနေစဉ်မှာပင် အောက်ထပ်မှဓာတ်လှေကားတစ်စင်းက အပေါ်သို့တက်လာသည်။ဓာတ်‌လှေကားတံခါးများက ဖြည်းညင်းစွာပွင့်လာပြီး စုယ်ိသည် အထဲမှလူကြောင့် အံ့အားသင့်သွားတော့၏။


suitကို ၀တ်ဆင်ထားပြီး ဆံပင်များအား အနောက်သို့ လှန်တင်ထားသောဓာတ်လှေကားတွင်းရှိအမျိုးသား၏အသွင်အပြင်က အလုပ်မှတိုက်ရိုက်လာခဲ့ကြောင်း ထင်ရှားလွန်းသည်။


ချောမောခန့်ညားသည့်အမျိုးသားအား အလုံအလောက်ငမ်းပြီးသွားသောစုယိမှာ မျက်တောင်များခတ်ပြီး အပြစ်ကင်းစင်သောလေသံဖြင့်မေးလာ၏။


" ဘာလို့အပေါ်တက်လာတာလဲ "


သို့သော် ချူယင်း၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။


"ဒီမှာ တစ်ယောက်ယောက်ရှိနေတာလား"


ဓာတ်လှေကားအပြင်တွင်ရပ်နေသော စုယိက သူမ၏လက်ကို အနည်းငယ်ဝှေ့ယမ်းရင်း ဘေးဘီကိုကြည့်နေသည်။


"ဟုတ်​တယ်​... ဒါ​ပေမဲ့ ပထုတ်လိုက်ပြီ​...ကားပါကင်ကနေစောင့်နော်...ပါပါရာဇီတွေကိုရှောင်ပြီး လိုက်လာခဲ့..."


စုယိ၏စကားမဆုံးမီမှာပင် ချူယင်းက လက်တစ်ဖက်ကို ဆန့်တန်းလျက် စုယိအားဓာတ်လှေကားထဲသို့ဆွဲသွင်းလိုက်တော့သည်။ချူယင်း၏လက်က တစ်ဖက်လူ၏ခါးပေါ်တွင်ရှိနေပြီး စုယိမှာ လေပေါ်အနည်းငယ်မြောက်တက်သွားသလိုခံစားလိုက်ရ၏။လက်တွေ့တွင်လည်း ချူယင်းမှာ စုယိ၏ခြေထောက်အားမထိခိုက်စေရန် အားအနည်းငယ်သုံးပြီး အပေါ်သို့မြှင့်တင်ပေးခဲ့ခြင်းဖြစ်လေသည်။


တံခါးပိတ်သွားပြီးနောက် ချူယင်းက ပထမထပ်ခလုတ်ကိုနှိပ်ရင်း ပြောလိုက်သည်။


"အဝတ်အစား လဲပြီးပြီလား"


စုယိမှာ အချိန်အ‌တော်ကြာ မတုံ့ပြန်နိုင်ခဲ့ဘဲ သူမ၏ပါးပြင်များက နီမြန်းလာသည်။


အကွာအဝေးကသာ အနည်းငယ်ပိုနီးခဲ့လျှင် သူသည် သူမအား ဆွဲပွေ့ဖက်ပြီး အနမ်းပေးသည့် အနေအထားသို့ရောက်သွားတော့မည် ဖြစ်သည်။






တစ်ဖက်မှဖြေသံထွက်မလာသဖြင့် ချူယင်းက နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။




ထိုအချိန်မှသာ စုယိသည်အသိစိတ်ပြန်ဝင်လာခဲ့ပြီး ချူယင်းထံမှမေးခွန်းအားပြန်ဖြေလိုက်၏။




" အင်း... ပြီးပြီ "




ထို့နောက်တွင် စုယိမှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပိုက်ဆံအိတ်ထဲမှ maskအနက်ရောင်တစ်ခုအား အမြန်ထုတ်လိုက်ပြီးချူယင်းအား ဝတ်ပေးလိုက်သည်။




"ဒါက အသစ်ပဲ ကျွန်မ မသုံးရသေးဘူး"




ထိုအခါချူယင်းသည် စုယိ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။




" မင်း ဘာလုပ်နေတာလဲ "




" ပါပါရာဇီတွေက ကျွန်မကို လိုက်ချောင်းနေကြတာ...ကင်မရာမှာ ပါမသွားမိစေနဲ့ "




" ပါသွားရင် ဘာဖြစ်မှာမလို့လဲ "


ချူယင်းက မျက်ခုံးများအားပင့်တင်လျက် မေးသည်။




"ပါပါရာဇီတွေဆီက အမုန်းခံရလိမ့်မယ်... ”




စုယိမှာ မျက်စိရှေ့ရှိအမျိုးသားက အလွန်တရာအစွမ်းထက်သူဖြစ်ကြောင်းကိုခဏတာမေ့လျော့သွားခဲ့သည်။ပရဟိတပွဲ၌လည်း သူနှင့်ပတ်သက်သည့်အချက်အလက်မှန်သမျှကို လက်စဖျောက်ရန် တစ်ညတာသာ အချိန်ယူခဲ့ရပေ၏။




ချူယင်းက ဘာမှဆက်မပြောဘဲ maskကိုချွတ်ပြီး စုယိအား တပ်ပေးလိုက်သည်။ထိုအခါစုယိ၏မျက်နှာအစိတ်အပိုင်းအများစုသည် maskဖြင့် ဖုံးကွယ်လျက်သားဖြစ်သွားပြီး သူမထံ၌ကြည်လင်တောက်ပနေသည့် မျက်ဝန်းလေးများသာ ကျန်နေတော့၏။




ဓာတ်လှေကားတံခါးပြန်ပွင့်လာသည်နှင့် ချူယင်းမှာ စုယိအား မဆိုင်းမတွပင် ကောက်ပွေ့လိုက်တော့သည်။




"မင်းကို လဲမကျစေချင်ဘူး...ကြောက်ရင် ငါ့အင်္ကျီစကို ဆွဲထား"




ဤအခြေအနေကိုမျှော်လင့်မထားသောစုယိမှာ အာမေဋိတ်သံထွက်သွားသော်လည်း နောက်ဆုံးတွင် သူမသည် ချူယင်း၏လည်ဂုတ်ကို လက်ဖြင့်သိုင်းဖက်ထားလိုက်တော့၏။သူမ၏လက်ဖျားများက အေးစက်နေခဲ့ပြီး ချူယင်း၏လည်ဂုတ်က ပူနွေးနေလေသည်။




ချူယင်း၏လက်သည် စုယိ၏ဘောင်းဘီပေါ်၌ရှိနေပြီး အဝတ်တစ်လွှာကွာခြားနေသော်လည်း စုယိမှာ သူ၏လက်မှပူနွေးမှုအား အတိုင်းသားခံစားနေရသည်။




စုယိ၏ခါးနှင့်လက်များမှာ ပူနွေးလာခဲ့ပြီးmaskအောက်ရှိသူမ၏နှုတ်ခမ်းများကလည်း ပူလောင်လာခဲ့သည်။




သူမ ဝတ်ဆင်ထားသောmaskသည် ချူယင်း၏မျက်နှာနှင့် ထိတွေ့မိလျက်သားဖြစ်နေသည်။


***








ကားပေါ်သို့ရောက်သည့်အခါ ချူယင်းက စုယိအား ခါးပတ်ပတ်ရန်သတိပေးလိုက်၏။




" အခုစားဖို့သွားတော့မှာလား "


စုယိက ခါးပတ်ကို ဂရုတစိုက် တပ်နေရင်း မေးလိုက်သည်။




သုံးနာရီခွဲသာရှိသေးသဖြင့် စားသောက်ဆိုင်အတော်များများက ဖွင့်ဦးမည်မဟုတ်ချေ။




" ပြီးမှ ... "




" အင်းပါ "




စုယိက ထိုင်ခုံကိုမှီချလိုက်ပြီး မည်သည်ကိုမှဆက်မမေးတော့ပေ။ယခုအချိန်၌ ချူယင်းက သူမကိုရောင်းစားမည်ဆိုလျှင်လည်း ကျေကျေနပ်နပ်ကြီးရောင်းစားခံလိုက်ပြီး ရလာသည့်ပိုက်ဆံများအား ဘဏ်ထဲပင်ထည့်သိမ်းပေးလိုက်ဦးမည်ဖြစ်သည်။သို့သော်လည်းကံကောင်း‌ထောက်မစွာဖြင့် ချူယင်းက သူမအား ရောင်းမစားခဲ့ချေ။




ချူယင်း၏ကားမှာ အနည်းငယ်ကွေ့ချိုးပြီးသွားသည့်အခါ လမ်း‌ကျဉ်းကျဉ်းကလေးထဲသို့ဦးတည်ဝင်ရောက်သွားသည်။လမ်းဘေးတွင် စားသောက်ဆိုင်၊ ဂိမ်းဆိုင်များနှင့် ဈေးဆိုင်မျိုးစုံရှိပြီး တနင်္ဂနွေ ပိတ်ရက်ဖြစ်သောကြောင့် လူငယ်အများစုကို တွေ့နေရ၏။



Xxxxxxxxx