အပိုင်း ၁၉
Viewers 12k

Chapter 19


ခင်ပွန်းစောင့်ကျောက်တုံး။


" အထဲမဝင်ဘူးလား... တံခါးကြီးမှီပြီး ဘာလုပ်နေတာလဲ "


" ဝူရွှယ်..နင် ခင်ပွန်းစောင့်ကျောက်တုံးဆိုတာကို ကြားဖူးလား "


[ E/Note ]


'ခင်ပွန်းစောင့်ကျောက်တုံး' ဟူသည်မှာ ကမ်းပါးအစွန်တွင်ရပ်၍ လင်ယောက်ျားပြန်အလာကို ခန္ဓာကိုယ်ကျောက်ဖြစ်သည်အထိ နှစ်ပေါင်းများစွာ ရပ်စောင့်နေခဲ့သော အမျိုးသမီးတစ်ဦး၏ ဒဏ္ဍာရီအရ ဆင်းသက်လာခြင်းဖြစ်သည်။》


" လောလောဆယ်တော့ နင့်ကျောက်တုံးကိုလုပြီး မိုးပေါ်ထောင် ပစ်ချင်နေတယ်... ဒီနေ့ ကုမ္ပဏီမှာ ဖုန်းတွေဘယ်လောက်ဖြေလိုက်ရလဲ သိလား"


စုယိက အိမ်ထဲသို့ဝင်ကာ slipperတစ်ရံကို ပြောင်းစီးလိုက်သည်။


 "ငါက အပြစ်ကင်းဖြူစင်တဲ့ နုနုရွရွလေးလည်းမဟုတ်ဘူး...တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ချင်တာက ဘာဖြစ်နေလို့လဲ...ကုမ္ပဏီက ဒါတွေအထိ ဂရုစိုက်နေတာလား ”


 "ဘယ်လိုဖြစ်​ဖြစ်​ နှစ်​ရက်​အတွင်း ​ယောက်ျား​လေးနှစ်​​ယောက်​နဲ့ ချိန်းတွေ့ချင်လို့မရဘူးလေဟယ်...တစ်ယောက်ကနာမည်ကြီး‌ နောက်တစ်ယောက်ကသူဌေး... အခု အွန်လိုင်းမှာ ဇာတ်လမ်းဗားရှင်း ဘယ်နှခုထွက်နေလဲသိလား... သုံးပွင့်ဆိုင်နဲ့ ခြံခုန်တာနဲ့ စုံနေတာပဲ...နင့် Weibo ဆို လျန့်ပေါရဲ့ဖန်အုပ်လိုက်ကြီးထဲမှာ နစ်တော့မယ် "


 "ဟဲ့ ဒါသူတို့အပြစ်လေ ... သူတို့လူက ငါ့ကိုအရင်လာနွယ်တာပါ့ကော...ဘာလို့ငါ့ကိုလာတိုက်ခိုက်နေကြတာတုန်း...ကိုယ့်အသိစိတ်နဲ့ကိုယ် ထွက်သွားသင့်ကြတာ မဟုတ်ဘူးလား "


စုယိက ဆိုဖာပေါ်တွင် ထိုင်ချရင်းပြောလိုက်သည်။


ဝူရွှယ်တစ်ယောက် ပြောစရာစကားလုံးများ ပျောက်ရှသွားချိန်တွင် စုယိက fake accထဲသို့ဝင်ပြီး သူမ၏Weiboအား စစ်ဆေးနေသည်။


[ ရွံစရာကောင်းတာဟယ်... ဟိုဘောစိကို လွတ်သွားမှာကြောက်ပြီး liveလွှင့်နေတုန်းကြီး ငါတို့လျန့်ပေါကို စည်းတားရတယ်လို့ ... အမှိုက်လိုဟာမပဲ ]


[ စုယိရဲ့မျက်နှာကို မြင်ဖူးတယ်...မျက်လုံး မျက်ခုံးတွေကမကောင်းဆိုးဝါးမနဲ့တောင်တူသေးတယ်...တကယ်ကို ကိုယ့်ယောက်ျားကိုယ်ပြန်ဒုက္ခပေးပြီး ထောင့်မကျိုးမဲ့ရုပ်မျိုး ]


[ အဲ့ဒီအမှိုက်လိုဟာမကို boycott ကြစမ်း...သူ့ကို ဖျော်ဖြေရေး လောကထဲက နှင်ထုတ်လိုက်...ငါ့ပေါလေးကို လာထိခိုက်နေတယ် ]


အခြေအနေမှာအလွန်ပျင်းစရာကောင်းလှကြောင်း စုယိရှာဖွေတွေ့ရှိသွားသည်။


" သူ့ဖန်တွေက တကယ်ကိုမဟုတ်သေးဘူး...ငါ့ weiboမှာ ပုံမှန် hate comment လာရေးတဲ့သူတွေလောက်တောင် မကြမ်းဘူးဟ "


 "နင်နဲ့ ချူယင်းကရော ဘယ်လိုလဲ"


ထိုစကားကိုကြားလိုက်ချိန်တွင် စုယိ၏ အေးစက်သော လျစ်လျူရှုမှုမှာ လုံးဝပျောက်ကွယ်သွားပြီး သူမသည် ဆိုဖာပေါ်တွင် လှဲလျောင်းလျက် ခြေနှစ်ချောင်းကို လက်တန်းပေါ်တွင် တင်လိုက်၏။ထို့နောက်တွင် စုယိမှာ မျက်လုံးများကိုမှိတ်လျက် အဓိပ္ပာယ်ဖော်မရသော အပြုံးတစ်ခုကို ပေးလာသည်။


ဝူရွှယ်က ပျားရည်ဖျော်ထားသောခွက်အား စုယိ၏အရှေ့တွင် ချပေးလိုက်သည်။


" ရပြီ... ရူးနှမ်းနှမ်းအပြုံးကို ပြန်သိမ်းလိုက်တော့ရှင့် "


" အေး...ဟုတ်သားပဲ...နင်က ဘာကိစ္စဒီရောက်နေတာလဲ "


စုယိက မျက်လုံးများကိုပြန်ဖွင့်လိုက်ပြီး ဝူရွှယ်အား ‌မေးလေ၏။


" သတင်းကောင်းလေးတစ်ခု ပြောပြရဦးမယ် "ဝူရွှယ်က မေးငေါ့လျက်ဆိုလာသည်။


 " ဘာသတင်းတုန်း "


" တကယ်တော့ ငါကလူချည်းလာတာမဟုတ်ဘူး...အထုပ်အပိုးတွေပါ ပါတယ် "


" ဘာ... "


စုယိမှာ ရုတ်ချည်းပင် မတ်တပ်ရပ်လျက်အနေအထား ဖြစ်သွားသည်။


 “ငါကုမ္ပဏီကို စာတင်ပြီးပြီ... နင်ကလွဲလို့ တခြား cele‌ တွေအကုန်လုံးကို တခြားသူတွေဆီ လက်လွှဲလိုက်ပြီ....လျှိုမင်ဟောင်က ငါ့ကို ပရိုပို့စ်လုပ်တယ်လေ...အဲ့ဒါကြောင့်အခု အိမ်ပြန်ပြင်နေတယ်...သူက သူ့မိဘတွေအိမ်မှာသွားနေနေတာ... ငါကတော့ နင့်ကိုစောင့်ကြည့်ရင်း အတူလာနေတယ်ပဲဆိုပါတော့ "


စုယိသည် မူလက ဝူရွှယ်ရောက်လာခြင်းကြောင့်သူမ၏အခွင့်အရေးဆုံးရှုံးသွားသဖြင့်အတော်လေး ယူကြုံးမရဖြစ်နေ‌ခဲ့သော်လည်း ယခု၌ထိုဝမ်းနည်းမှုက အစပင်ရှာမရအောင် တိမ်မြုပ်သွားချေပြီ။


 "တကယ်လား သူက ပရိုပို့စ်ဘယ်လိုလုပ်တာလဲ...ဘယ်တုန်းကလဲ... မင်္ဂလာဆောင်က ဘယ်တော့လဲ... မဟုတ်‌သေးဘူး... ငါသတို့သမီးအရံလုပ်မှာနော် "


 "တစ်ခုချင်းမေးလို့မရဘူးလား ....."


ဝူရွှယ် စုယိ၏မေးခွန်းများအား မည်သည့်နေရာမှစဖြေရမှန်းမသိဖြ‌စ်နေသည်။


" ဒီလို ဒီလို...သူ့မိဘတွေက သူ့ကို အမြန်လက်ထပ်စေချင်တယ်လို့ ပြောတယ်တဲ့...အဲ့ဒါနဲ့ သူက ငါ့ကို အဆင်သင့်ဖြစ်ပြီလားလို့ မေးတယ်လေ”


"ဒါပဲလား... လက်စွပ်ကရော ဘယ်မှာလဲ "


" သူက နောက်ကျလုပ်ပေးမယ်တဲ့...ငါတို့အတူတူရှိလာတာပဲကြာလှပြီ ဒါမျိုးတွေက အရေးမကြီးပါဘူး "


စုယိ၏မျက်မှောင်ကြုတ်မှုက အတော်လေးပြင်းထန်ပြီး သူမက တစ်စုံတစ်ခုပြောရန်ပြင်လိုက်ချိန်တွင် မက်ဆေ့ခ်ျတစ်စောင်ဝင်လာခဲ့သည်။


 [ လီမင် : မင်းသရုပ်ဆောင်ခွင့်ရသွားပြီ...ဂုဏ်ယူပါတယ် * အပြုံးအီမိုဂျီ* ]


 [ နတ်ဘုရားမ စုယိ : ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီး... ညီမဘယ်တော့အဖွဲ့ထဲဝင်ရမလဲ ]


 [ လီမင် : ဒါက ကြိုသတ်ိပေးတာ...ရိုက်ကူးရေးက လာမယ့် ဗုဒ္ဓဟူးနေ့မှ စမှာ ]


ယခုပင်စနေနေ့သို့ရောက်နေပြီဖြစ်၏။


[ နတ်ဘုရားမ စုယိ : အဲ့လောက်မြန်တယ်လား ]


 [ လီမင်: ကင်မရာနဲ့ ရိုက်ကူးရေးအဖွဲ့က အဆင်သင့်ဖြစ်နေတာကြာပြီ...မင်းရဲ့ ကာရိုက်တာအတွက် လူအပြောင်းအလဲဖြစ်သွားလို့ ကြန့်ကြာနေတာ...ပြီးတော့ ကာရိုက်တာအသစ်လည်း ထည့်လိုက်သေးတယ်.... မဟုတ်ရင် ရိုက်ကူးရေးစနေတာကြာပြီ ]


 [ နတ်ဘုရားမ စုယိ: ဘယ်လို ကာရိုက်တာအသစ်လဲ ]


 [ လီမင် : မင်းရဲ့ညီမနေရာက အရံကာရိုက်တာပါ... စိတ်မပူပါနဲ့ သူက နောက်ခံသက်သက်ပါပဲ ]


စုယိက ရယ်လိုက်သည်။ လီမင်မှ သူမအား လာရှာခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။


ဘေးတွင်ရှိနေသောဝူရွှယ်က စုယိအမူအရာအား သတိပြုမိသွား၏။


" ဘာဖြစ်လို့လဲ "


 " 'လျို့ဝှက်နက်ရှိုင်းသော' ကို လာမဲ့ ဗုဒ္ဓဟူးနေ့မှာ စရိုက်မယ်တဲ့ ... အရံဇာတ်ကောင်အသစ်တစ်ခုပါတယ်တဲ့ "


" ဘာဇာတ်ကောင်တုန်း "ဝူရွှယ်က ဆိုဖာကိုမှီနေရာမှ မတ်မတ်ထိုင်ရင်း အံ့ဩတကြီးမေးလာသည်။


 “နောက်ထပ် မကောင်းတဲ့ဇာတ်ကောင်”


 "ခဏလေး...သူတို့ဘာလုပ်နေကြတာလဲ ...ဒါက နင့်အပိုင်းတွေကို ဖယ်ထုတ်ဖို့ ကြိုးစားနေတာပဲ မဟုတ်လား "


လီမင်သည် ထိုဇာတ်ရုပ်မှာအရေးမပါကြောင်းမည်မျှပင်ပြောသည်ဖြစ်ပါစေ အဆုံးသတ်၌မူ ထိုဇာတ်ကောင်အသစ်က စုယိ၏အပိုင်းများကို လုယူသွားကြောင်းထင်ရှားလှပေသည်။၎င်းအပြင် တူညီသော အနေအထားတွင် ဇာတ်ကောင် နှစ်ဦးရှိလျှင် ချိုးကျီဇာတ်ကောင်သည် ထူးထူးခြားခြား ဖြစ်တော့မည်မဟုတ်ချေ။


 [ နတ်ဘုရားမ စုယိ - သရုပ်ဆောင်မဲ့သူက ဘယ်သူလဲ... ဇာတ်ညွှန်းအသစ်ကရော ဘယ်တော့ရမှာလဲမသိဘူး ]


 [ လီမင် : မနက်ဖြန်....တကယ်တော့ မင်းရဲ့အပိုင်းကိုလည်း အများကြီးပြောင်းမထားပါဘူး....ထပ်ပေါင်းထည့်ထားတဲ့ ဇာတ်ဝင်ခန်းတွေက ဇာတ်ကောင်အသစ်အတွက်ပဲဖြစ်မှာ...မင်းအတွက်လည်း ပိုလွယ်သွားတာပေါ့...ဇာတ်ကောင်အသစ်နေရာကို ထူကျင့်လန်က သရုပ်ဆောင်မှာ ]


 "အဲ့ဒီ ထူကျင့်လန်က တစ်ခုခုတော့ တစ်ခုခုပဲ....ဝင်လုလို့မရတော့ လမ်းအသစ်ဖောက်ပြီး ဝင်လုံးတယ်...တကယ်ကို ဩချရလောက်ပါတယ်...စာမပြန်နဲ့ဦး.... အခုပဲ ကုမ္ပဏီကို ဖုန်းခေါ်ပြီး ဘုတ်အဖွဲ့နဲ့ စကားပြောခိုင်းမယ်... စာချုပ်ချုပ်တုန်းက ဘာမှ ပြောမထားဘူး...သူတို့မှာတာဝန်ရှိတယ် " 


စုယိက ဝူရွှယ်အား ဖုန်းမခေါ်ရန် တားလိုက်သည်။


 " မလိုပါဘူး... ထားလိုက် ...အဲ့လောက်ထိ လိုချင်နေတာဆိုရင် တားလည်းထူးမှာမဟုတ်ဘူး...” 


 "ငါတို့ သူ့ကို မတားနိုင်ရင်တောင် အနည်းဆုံးတော့ ရက်နည်းနည်းလောက် ပြဿနာရှာလို့ရတာပဲ"


စုယိက ဆိုဖာမှထပြီး ဆံပင်များကိုစည်းနှောင်လိုက်သည်။


 “ကိစ္စမရှိပါဘူး...ဒီနယ်ပယ်မှာ ဒါမျိုးက မထူးဆန်းဘူး...ပြီးတော့ သူက ငါ့နေရာကို လုနိုင်မှာလည်းမဟုတ်ဘူး "


ကား‌ပေါ်သို့ချူယင်းပြန်ရောက်သည့်အချိန်တွင် ဖုန်းစခရင်က လင်းနေပြီး လွတ်သွားသောဖုန်းခေါ်ဆိုမှုအချို့ရှိနေသည်။ချူယင်းက ဖုန်းကိုကောက်ယူလိုက်လျက် ဖုန်းခေါ်ဆိုသူ၏နာမည်ကိုတစ်ချက်ကြည့်လိုက်သည်။ထို့နောက်တွင် သူသည် ကားစက်နှိုးလိုက်သော်လည်း မထွက်ခွာသေးဘဲ တစ်ဖက်လူထံ ဖုန်းပြန်ဆက်လိုက်၏။


" ဘာလို့ အခုမှပြန်ဆက်တာလဲ "


ဖုန်းတစ်ဖက်မှ မိန်းကလေး လေသံမှာ တစ်ချိန်တည်း၌ပင် နူးညံ့ပြီး ခက်ထန်နေသည်။


" ဘာကိစ္စရှိလို့လဲ "


" အလုပ်ခရီးသွားထားတယ်ဆို...အမေ့ဆီက ကြားတယ်...ဘာမှဝယ်မလာဘူးလား "


 “အင်း...ဝယ်မလာဘူး”


 "ကောင်းပြီ...ဒါဆို အသိပေးပါရစေ...အခုပဲ ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ကို ဆုံးရှုံးသွားပြီ"


" ကောင်းတာပေါ့ " ချူယင်း၏လေသံက တစ်သတ်မတ်တည်းပင်။


ချူရှီးမှာ စကားဝိုင်းက ပျင်းစရာကောင်းနေကြောင်းကို ရှာဖွေတွေ့ရှိသွားသဖြင့် စကားလမ်းကြောင်းလွှဲလိုက်တော့သည်။


" အမေက မနက်ဖြန် အိမ်မှာ ညစာလာစားလှည့်တဲ့ "


ဖုန်းချပြီးနောက် ချူယင်းသည် မကြာသေးမီက ထပ်ထည့်ထားသည့်နံပါတ်သို့ ရောက်သည်အထိ contactများကို အောက်သို့ဆွဲကြည့်နေ၏။အကြာကြီးမရှာလိုက်ရဘဲ ရှည်လျားသော contact nameတစ်ခုက ချူယင်း၏မြင်လွှာထဲသို့ရောက်လာခဲ့သည်။


* နေ့တိုင်း ရှင်ဖုန်းဆက်မှာကို စောင့်နေတဲ့ ယုန်ပိစိ *


သူကိုယ်တိုင်ပင်မသိလိုက်ဘဲ ချူယင်း၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွားတော့သည်။ထို့နောက်တွင် ချူယင်းသည် ဖုန်းကိုပိတ်လိုက်ပြီး ကားပါကင်မှာထွက်ခွာလာခဲ့တော့၏။


***


နောက်တစ်နေ့တွင် ချူယင်းမှာ အိမ်ဟောင်းဆီသို့ပြန်သွားခဲ့သည်။ချူယင်းရောက်ရှိချိန်တွင် မိန်းကလေးနှစ်ဦးက ဆိုဖာပေါ်တွင်ထိုင်လျက် ကွာစေ့ဝါးနေကြပြီး စကားစမြည်ပြောနေကြ၏။အဖေချူမှာမူ ဘေးမှဆိုဖာပေါ်၌ထိုင်ပြီး သတင်းစာဖတ်နေသည်။


ချူယင်းအားမြင်သွားသောချူရှီးက မတ်တပ်ထရပ်ပြီး ပေါ့ပေါ့ပါးပါးပင်နှုတ်ဆက်လိုက်၏။


" အစ်ကို... "


 ထိုအခါ မေမေချူကပါ လှည့်ကြည့်လာသည်။


 "ရောက်ပြီလား... ခဏထိုင်စောင့်ဦး...မကျက်သေးဘူး "


ချူယင်းမှာ ဖေဖေချူနှင့် မျက်နှာချင်းဆိုင်ရှိဆိုဖာပေါ်တွင် ဝင်ထိုင်ကာ သတင်းစာတစ်စောင်ကို ကောက်ယူလိုက်သည်။သူတို့နှစ်ဦး၏ ရှေးရိုးဆန်သောအမူအကျင့်များသည် တစ်ထေရာတည်းဖြစ်ပြီး သားအဖမဟုတ်သည့်အကြောင်းကို မည်သူမှ ယုံနိုင်မည်မဟုတ်ချေ။


ကြော်ငြာအချို့ဝင်ပြီးနောက်တွင် သားအမိနှစ်ဦးစောင့်မျှော်နေကြသော တီဗီဇာတ်လမ်းတွဲ ထုတ်လွှင့်ချိန်သို့ရောက်လာပြီဖြစ်သည်။


ချူယင်းမှာ သတင်းစာဖတ်ခြင်းအလေ့အထအား အချိန်အတော်ကြာချောင်ထိုးထားခဲ့ပြီး ဤသို့သောစာလုံးအပြွတ်လိုက်များကိုမြင်ရချိန်တွင် ခေါင်းကိုက်ချင်သလိုလိုဖြစ်လာ၏။


 " အဆင်ပြေပါတယ်...ကျွန်မကို ဂရုစိုက်မနေပါနဲ့...အမှားလုပ်မိတာက ကျွန်မပါ...မနက်ဖြန် တောင်းပန်လိုက်ပါ့မယ် ” 


တီဗွီမှထွက်ပေါ်လာသော အမျိုးသမီးသရုပ်ဆောင်၏အသံမှာ တိုးညင်းနေသော်လည်း ချူယင်းမှာ ထိုလေသံကို ရင်းနှီးနေသည်။လွန်ခဲ့သောရက်က သူ၏ဘေး၌ရှိနေခဲ့ပြီး ဖုန်းနံပါတ်လဲရန်ပြောခဲ့သောတစ်ယောက်ပင်။


ချူယင်းမှာ သတင်းစာ၌ ပြန်လည်အာရုံစိုက်လိုက်သော်လည်း စာလုံးများအစား တီဗွီပေါ်မှစုယိ၏မျက်နှာကိုသာ ဆက်လက်မြင်ယောင်လာပြန်သည်။


သူမ၏အနက်ရောင်ဆံနွယ်ရှည်များက ပုခုံးတစ်ဝိုက်တွင် ဝဲဖျာကျနေပြီး အပြစ်ဝန်ခံသည့်လေသံက နူးညံ့သောနှုတ်ခမ်းပါးမှ တိုးညင်းစွာထွက်ပေါ်လာခဲ့၏။သူမ၏ပါးပြင်ဖြူထက်တွင်မူ လက်ဝါးရာတစ်ခုရှိနေပြီး နီရဲနေသော မျက်ဝန်းထောင့်များက ဇာတ်ကောင်၏သနားစရာကောင်းမှုကို အထွတ်အထိပ်သို့ရောက်သွားစေသည်။


 " သူ့အပေါ် ကောင်းပေးရမယ်နော် ... ကျွန်မကတော့ ရှင့်ကို အဝေးကနေ ကြည့်နေရုံနဲ့တင် ပျော်ပါတယ် "


တီဗွီထဲမှ အမျိုးသမီးဇာတ်ဆောင်က ပြောလက်စ စကားကိုခေတ္တရပ်လိုက်ပြီး ခေါင်းကိုမော့ကာ နှုတ်ခမ်းစွန်းများကိုကော့ချိုးလျက် ကြိုးစား၍ပြုံးရှာ၏။


" ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က သူငယ်ချင်းတွေ ဖြစ်နေတုန်းလေ... ဒီလောက်ဆိုကျေနပ်ပါပြီ "


ချူယင်းက စိတ်ဝင်တစား ကြည့်နေခဲ့ချိန်တွင် ခေါင်းအုံးပျံတစ်ခုက တီဗွီမျက်နှာပြင်ပေါ်သို့တိုးဝင်လာ၏။


" အမလေး...အရမ်းအော်ဂလီဆန်စရာကောင်းတာပဲ...သူ့ကို ကြည့်လို့ကိုမရဘူး...အကျင့်ယုတ်တဲ့သခင်မ "


" သတိလေးဘာလေးကပ်စမ်းပါ တီဗွီပျက်မယ် "  


မေမေချူက သမီးဖြစ်သူကို အားမလိုအားမရကြည့်လျက်ပြောသည်။


" တကယ်ကို စိတ်ပျက်စရာပါဆို... မနေ့ကကျတော့ တခြားချန်နယ်လိုင်းမှာ သူများကိုအဆိပ်ခပ်ထားတဲ့ဝိုင်ပေးနေတယ်...ဒီနေ့ကျတော့ ဒီချန်နယ်မှာ အိညှောင်အိညှောင်လာလုပ်နေတယ် ”


ချူယင်းမှာ ချူရှီး၏စကားကြောင့် မသိမသာရယ်မိသွားသည်။


 " အစ်ကိုကြီး... ဘာရယ်တာလဲ...အစ်ကိုတို့ ယောက်ျားတွေက အဲ့လိုအကျင့်ယုတ်တဲ့ဟာမကို တအားတွေကြည့်လို့ရနေတာလား " 


 ချူရှီးက ဖန်သားပြင်ပေါ်မှ စုယိ၏ရုပ်သွင်အား လက်ညိုးတွင်တွင်ထိုးလျက် ချူယင်းအား မေးခွန်းထုတ်နေ၏။


 "ဟဲ့ စကားကိုဘယ်လိုတွေပြောနေတာလဲ...မိန်းမကောင်းတစ်ယောက်က အဲ့လိုမပြောရဘူး " 


မေမေချူကလည်း ဝင်ရောက်ဖြန်ဖြေသည်။သို့သော်ချူယင်းမှာ တီဗွီကိုသာဆက်လက်စိုက်ကြည့်နေရင်း မေးလိုက်၏။


" ဘဲပစ်ခံထားရတာလား "


ချူယင်း၏မေးခွန်းက အရှိုက်တည့်တည့်ကို ထိသွားပြီး ချူရှီး၏မျက်နှာကြီးက မဲမှောင်သွားတော့သည်။


" အဲ့အကြောင်းလာမပြောနဲ့...စိတ်ပျက်စရာကောင်းတယ် "


ချူရှီးက ပြောပြောဆိုဆိုဖြင့် နေရာတွင်ပြန်ထိုင်လိုက်ပြီးဖုန်းမျက်နှာပြင်ကို သုံးချက်ခန့်ခပ်ပြင်းပြင်းတို့ထိလိုက်၏။


 "ဝါးးးး..... Weiboမှာ hotဖြစ်‌နေတဲ့စာရင်းမှာ စုယိက ထိပ်ဆုံးပဲ...အမေ ကြည့်ပါ့လား ... သူက အပြင်မှာလည်း အကျင့်မကောင်းပါဘူးဆို "


ချူရှီးက သူမ၏ဖုန်းအား အမေဖြစ်သူထံထိုးပေးရင်း တရစပ်ပြောနေသည်။


" ဟေ...အေး...ဟုတ်သားပဲ...သူက တကယ်ကို..."


ချူယင်း၏မျက်ခုံးများကအပေါ်တက်သွားပြီး နောက်ဆုံး၌ သူသည် download ဆွဲပြီးကတည်းက တစ်ခါမှလှည့်မကြည့်ခဲ့ဖူးသော weibo appကို ဖွင့်လိုက်တော့သည်။


အချိန်အတော်ကြာပြီးနောက် ချူယင်းမှာ ချူရှီးပြောနေသည့် hotဖြစ်နေသောစာရင်းကိုရှာတွေ့သွား၏။


___________________________________________