အပိုင်း ၃၂
Viewers 12k

Chapter 32


၀ူရွှယ်သည် အရေးကြီးသောအပိုင်းများကို ရှောင်ထွက်သွားပြီး ကြည့်ရတာ သူမ အများကြီးထပ်ပြောချင်ပုံမရသဖြင့် စုယိ ကလည်း ထပ်မမေးတော့ပေ။


သူမသည် လက်ဆန့်ထုတ်ပြီး ၀ူရွှယ်၏ ခေါင်းကို ပုတ်လိုက်သည်။ 


 "ရွှယ်ရွှယ်လေး နင့်မှာငါ့ကိုပြောစရာတွေများရှိလာခဲ့ရင် ငါ့ရဲ့ကျောကို ငှားပေးနိုင်တယ်နော်"


၀ူရွှယ်က ဟာသဖောက်သည်။  


"လစ်လိုက်စမ်း နင့်ရဲ့ကျောပေါ်မှာ ငါက နဂိုတည်းကရှိတယ်မဟုတ်ဘူးလား... အရင်က မလုပ်ချင်ခဲ့တဲ့ လုပ်စရာတွေ အားလုံးကို စိတ်ကျေနပ်သလိုပုံစံနဲ့ လုပ်နေရတဲ့ နင့်ကြောင့် တချိန်က ငါ့မှာ လျှော့လျှော့ပေါ့ပေါ့လေးဖြစ်အောင် ကုမ္ပဏီကို မနည်း စိတ်ကျေနပ်အောင်တောင်းပန်ခယနေခဲ့ရတယ် အခုများတော့ ကောင်းရော သူတို့ နင့်ကို ကြိုက်တာရော မကြိုက်တာရော ဘာမှမစီစဥ်ပေးရဲတော့ဘူး"


စုယိက သူမကို ပွေ့ဖက်လိုက်ချိန်တွင် စီးကရက်ငွေ့ကြောင့် ချောင်းအနည်းငယ်ဆိုးလိုက်ရသည်။  


“ဟုတ်ပါတယ် ဟုတ်ပါတယ် နင်က ငါ့ရဲ့ နတ်ဘုရားမ သတ္တဂါထာ ငါ့လောကကြီးရဲ့ ကယ်တင်ရှင် နင့်ကို ငါက ဗုဒ္ဓထက် ပိုကိုးကွယ်ချင်တယ် ဟုတ်ပြီလား"


 "ဖတ် ဖတ် ဖတ်..." 


၀ူရွှယ်က သူမကို ကြိမ်းမောင်းသည်။ 


 "ဒီထက်ကောင်းတာ မပြောနိုင်တော့ဘူးလား ငါကအကျန်းမာကြီးရှိပါသေးတယ် နင်က ငါ့ကိုဘာလို့အရှင်လတ်လတ်ငရဲရောက်အောင်လာလုပ်နေတာလဲ"


သူတို့နှစ်ဦး သည် ၀ူရွှယ်စီးကရက်သောက်လို့ပြီးသည်အထိ စကားစမြည်ပြောဖြစ်ကြသည်။ 


စီကရက်ဖင်ပကိုဘေးနားက အမှိုက်ပုံးထဲ ပစ်ထည့်ပြီးနောက် သူမကပေါ့ပေါ့ပါးပါးမေးလာသည်။


 “နင် အပြင်ထွက်တုန်းက ဘာပြဿနာမှ မဖြစ်ခဲ့ဘူးမလား” 


အပြစ်လုပ်ထားသည့် စုယိက လိမ်လိမ်မာမာလေးခေါင်းယမ်းပြလိုက်သည်။ 


 “မဟုတ်တာ ငါတို့က ရုပ်ရှင်လေးသွားကြည့်ရုံပါဟ”


၀ူရွယ်က ခေါင်းတစ်ချက်ညိတ်ပြီး သူမကို မောင်းထုတ်လိုက်သည်။


 “ပြန်တော့...သွား မနက်ဖြန် ရိုက်ကွင်းရှိတယ် အိပ်တာ အရမ်းနောက်ကျနေမယ် မနက်မိုးလင်းရင် မျက်နှာတွေ မို့ဖောင်းနေမှာစိုးလို့ ညဘက် ရေအများကြီး မသောက်နဲ့နော်”


စုယိက သဘောတူပြီး သူမအခန်းထဲကို အမြန်ပြန်လာလိုက်သည်။


 …


နောက်တစ်နေ့မနက်တွင် စုယိသည် မိတ်ကပ်လိမ်းပြီးပြင်ဆင်နေချိန်တွင် သူမဖုန်းမှ notiတတ်လာတာကြောင့် ကြည့်လိုက်ချိန်တွင် သူမသည် ခေါင်းစဥ်ကြီးနှစ်ခုဖြင့် ခေတ်ထနေပြန်ပြီဖြစ်သည်။


 [ နှလုံးသားကင်းမဲ့တဲ့ စုယိက လျန့်ပေါ ကို ပြင်းပြင်းထန်ထန် ပါးရိုက်ပစ်လိုက်တယ်... ။]


 [ ထိတ်လန့်စရာသတင်း...လျန့်ပေါတစ်ယောက် ညဘက်ကြီး စုယိ ဆီကို သွားရောက်လည်ပတ်စဥ် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်ဦး၏ ရိုက်နှက်ခြင်းကို ခံလိုက်ရတယ်...။ ]


 သူမသတင်းနှစ်ပုဒ်ကို ဖတ်နေချိန်တွင် ၀ူရွှယ်သည်သူမအနားတွင် ရှိနေသည်။


 သတင်းခေါင်းစဉ်ကိုမြင်သည့်အခါ စုယိသည် ပြစ်တင်ပြောဆိုမှုများကို မည်ကဲ့သို့ပြန်လည်ခုခံရမလဲဟုတွေးထားပြီးဖြစ်ပေမယ့် ပို့စ်ရှိ အကြောင်းအရာများသည် ခေါင်းစဉ်များနှင့် လုံးဝကွဲလွဲနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။


ပုံမှာ မနေ့ညက ဟိုတယ်တွင် ပါပါရာဇီများက ရိုက်ယူထားသည့် ဓာတ်ပုံဖြစ်ပြီး စုယိက ထိုသူ့ကို မည်သို့မည်ပုံ ပါးရိုက်ပစ်လိုက်သည်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။


ထို့နောက် လျန့်ပေါ၏အဖွဲ့သည် စီးပွားဖြစ်ဘလော့ဂါများထံ ပေးပို့ခဲ့သော ဇာတ်ညွှန်းများကိုပါ ဂရုတစိုက်သေချာထည့်တွက်ပြထားပြီး ထိုကဲ့သို့ စီးပွားဖြစ်ဘလော့ဂ်နှင့် လျန့်ပေါ၏အဖွဲ့ နှစ်ဖွဲ့ကြားတွင် ပြောဆိုထားသည့် chatမှတ်တမ်းများနှင့် recordingများပင်ထည့်သွင်းထားသေးသည်။  


ထို့အပြင် မျိုးရိုးနာမည်လျို ဆိုသောသူကလည်း ထိုညက စုယိကို သီးသန့်ပါတီပွဲတစ်ခု၏အလောင်းအစားကြောင့် ဖိတ်ရန် မူးကာအောက်သို့ဆင်းလာရင်း ပါပါရာဇီများ၏ဓာတ်ပုံရိုက်ခံလိုက်ရခြင်းသာဖြစ်ကြောင်းရှင်းပြထားသည်။


ချုပ်ပြောရလျှင် ဆောင်းပါးတစ်ခုလုံးသည် 'လျန့်ပေါတစ်ယောက် စီးပွားဖြစ်ဘလော့ဂ်များထံသို့သွား၍ အာရုံစိုက်ခံအောင်လုပ်သော နည်းလမ်းအထွေထွေ' ကိုဦးတည်သရော်ထားပြီး စုယိကို ချီးကျူးမြှောက်ပင့်ခြင်းဖြင့် ဆောင်းပါး၏သုံးပုံတစ်ပုံကိုကုန်ဆုံးစေသည်။  


'မနေ့ညက ချူကော်ပိုရေးရှင်းရဲ့ သူဌေးအသစ်လို့ သံသယရှိတဲ့ လျှို့ဝှက်ဆန်းကြယ်သူ' ဆိုသည့်အကြောင်းကိုဖြင့် သူမရဲ့သတင်းအဆုံးသတ်နားလေးတွင် ကပ်တိုးလေးထည့်ရေးထားသည်။


 စုယိ စိတ်ရှုပ်သွားသည်။


 ၀ူရွှယ်က သူ့ကို အနောက်ကနေခိုင်းသည်။  


"အောက်က commentတွေကိုတစ်ချက်ကြည့်ကြည့်"


 [ လျန့်ပေါရဲ့ XX ပြည်နယ်ပရိသတ်များအဖွဲ့- မဖြစ်နိုင်တာ အမှိုက်မီဒီယာ ခွေးခေါင်းစီးသတင်း ]


[ဟာဟားဟား အပေါ်ထပ်ကသူတွေ သူများအထိနာပြီဆိုပြီး ပျော်ပျော်ရွှင်ကြီး ပြေးဝင်လာကြတာ ကြမ်းပြင်ကိုကိုင်အပေါက်ခံလိုက်ရတာနဲ့အဆုံးသတ်သွားတယ်မလား ]


 [ ယိ ရဲ့ ပရိသတ်တွေက ဓားမတစ်ချောင်းနဲ့ဝင်လာကြပြီး ပိုစ့်ကိုတစ်ချက်ရှိုးပြီးတော့ လက်သည်းတွေကိုချီးထွင်ရင်း ပြန်ထွက်သွားပြီ ]


 [ ချူကော်ပိုရေးရှင်းရဲ့ သူဌေးအသစ်ကိုပဲစိတ်၀င်စားနေမိတာ ငါ့အပြစ်လား အား... သူက တိုက်တာခိုက်တာမှာ အရမ်းတော်ပုံရတယ် ]


ဤမန့်အောက်တွင် ချူယင်းနှင့် ပတ်သတ်၍ဆွေးနွေးထားကြသည်မှာမန့်ပေါင်း ရာဂဏန်းနီးပါးခန့် ရှိနေသည်။  


တချို့က သူ့အရပ်အမြင့်အကြောင်း၊ တချို့ကသူ့ခန္တာကိုယ်အချိုးအစားအကြောင်းပြောဆိုနေကြပြီး တချို့က ချူယင်းရဲ့ဓာတ်ပုံတွေကို Baidu တွင်အပြေးအလွှားရှာဖွေနေကြသည်။


စုယိက reply boxကိုနှိပ်လိုက်သည်။


 “သူ့မှာရှိနေပြီသား...…”


ဖုန်းကို သူမနောက်ရှိ လူက သူမလက်ထဲမှ ဆွဲယူသွားချိန်တွင် စာကြောင်းကတစ်၀က်ပဲရိုက်ရသေးသည်။


၀ူရွှယ် “ဒါကို ငါသိမ်းထားလိုက်မယ် နင့်ရဲ့မိတ်ကပ်သာမြန်မြန်လိမ်းစမ်းပါဟ”


စုယိက ကျစ် တစ်ချက်စုတ်သပ်လိုက်သည်။


 "ငါပို့စ်မတင်ဘူးဟာ ငါ့ကိုဖုန်းလေးပြန်ပေးပါလား ငါလျန့်ပေါကိုမေးချင်လွန်းလို့ မနေ့ညက သူ့လုပ်ရပ်တွေအတွက် အခုတကယ်ကြီးကိုစိတ်ချမ်းသာနေသလားလို့ "


၀ူရွှယ်က မေးသည်။


"မနေ့ညက ကွိုင်အကြီးကြီးတက်ထားတာကို နင်ဘာလို့ငါ့ကိုတစ်ခွန်းတောင် မဟရတာလဲ"


 "ငါ နင့်ကို ဘယ်လိုကာလာအနေအထားနဲ့ ပြောရမှာလဲ"  


စုယိသည် မှန်တစ်ချက်ကြည့်ရင်း အနည်းငယ်အစွန်းထွက်နေသာ နှုတ်ခမ်းနီကို သုတ်လိုက်သည်။  


"... ငါ လျန့်ပေါကို ပါးနှစ်ချက်လောက်ဆင့်ရိုက်ခဲ့တယ်လို့ နင့်ကိုပြောရမှာလား နင် ငါ့ကို ပြတင်းပေါက်ကနေ ကန်ချပစ်မှာကို ကြောက်ပါတယ်နော်"


 “အဲ့လောက်ထိတော့ လုပ်မလားဟဲ့”  


၀ူရွှယ်သည် ဖုန်းကိုယူ၍ hot topicsအောက်က မန့်တွေကိုဖတ်ကြည့်နေရင်းပြောလိုက်သည်။ 


 " လျန့်ပေါတော့ ဒီတစ်ကြိမ် တကယ်ပွဲသိမ်းပြီရယ် ချူကော်ပိုရေးရှင်းကို ထည့်မတွက်နဲ့ဦး သူ့ ပြိုင်ဘက်တွေက အခု သူ့ အပုပ်အပွတွေကို ရူးလောက်အောင်တင်နေကြတာ ပါတီပွဲတွေကျင်းပပြီးစုစုပေါင်း နာမည်ကြီးအမျိုးသမီးသရုပ်ဆောင် ခုနစ်ဦးတိတိကို ဖိတ်ဖူးတယ်ဆိုပြီး ဖော်ကောင်တွေလုပ်နေကြတယ်”


စုယိသည် စိတ်ခံစားချက်ကောင်းကောင်းဖြင့် မျက်လုံးများကိုမှိတ်ပြီး မိတ်ကပ်ဆရာ ဖောင်ဒေးရှင်းလိမ်းပေးတာကို ငြိမ်ခံနေလိုက်သည်။


ပထမဆုံး ရိုက်ရမည့်အခန်းတွင် သူမ မပါချေ။ သူမသည် မိတ်ကပ်လိမ်းပြီးသည်နှင့် ၀ူရွှယ်အား အွန်လိုင်းတွင် စိတ်မြန်လက်မြန် လုံး၀ စာပြန်မည်မဟုတ်ကြောင်း အာမခံချက်ပေးပြီးနောက် သူမရဲ့ ဖုန်းကိုပြန်ယူ၍ အလှပြင်ခန်းမှ ပျော်ရွှင်စွာထွက်လာလိုက်သည်။


သရုပ်ဆောင်တွေရဲ့ အရေးပါပုံကို မူတည်ပြီး အလှပြင်ခန်းတွေကို စီစဥ်သတ်မှတ်ပေးထားသည်။ အဖွဲ့တစ်ခုလုံးတွင် သီးသန့် အလှပြင်ခန်းသုံးခန်းသာရှိပြီး အဓိကဇာတ်ဆောင်နှစ်ဦးအတွက်တစ်ယောက်တစ်ခန်းစီနှင့် စုယိအတွက်တစ်ခန်းရှိသည်။ 


သူမအခန်းထဲမှထွက်လာချိန်တွင် ၀ူခဲ့တစ်ယောက် မပျော်မရွှင်မျက်နှာဖြင့်ပြန်လာသည်ကိုမြင်လိုက်ရသည်။


သူမကိုမြင်သည့်အခါ ၀ူခဲ့သည် ပြုံးပြီး ရင်းနှီးဟန်ဖြင့် ခေါ်လာသည်။  


"ယိလေး မင်းရဲ့မျက်နှာလေးက- ဟား ကိုယ်မြင်လိုက်တိုင်း တစ်ခေါက်ထက် တစ်ခေါက်ပိုပိုလှလာတော့တာပဲ "


၀ူခဲ့တွင် နာမည်ကျော် အမျိုးသမီးများစွာကို အိပ်ရာပေါ်တင်နိုင်သော အကြောင်းပြချက်ကောင်းကောင်းတစ်ခု ရှိပေသည်။ သူက တကယ့်ကို ပရောပရီလုပ်တတ်ကာ စကားကြွယ်သူဖြစ်ပြီး သူမတို့တွေ့သည့်အခါတိုင်း သူမကို ပြောသည့် ချီးကျူးစကားတွေက ဘယ်တော့မှမထပ်ချေ။


 စုယိ ပြုံးလိုက်သည်။ 


 "ကျေးဇူးတင်ပါတယ်ရှင် ဒါနဲ့ ခဲ့ကော ရိုက်ကူးရေးပြီးသွားပြီလား"


 "မပြီးသေးဘူး" 


၀ူခဲ့ကဆက်ပြောသည်။ 


 "NGခဏခဏဖြစ်နေတာနဲ့ ဒါရိုက်တာလီက စိတ်ဆိုးပြီး ကိုယ့်ကိုမိတ်ကပ်ပြန်ပြင်ခိုင်းလို့ ပြန်လာပြင်တာ"


လီမင်သည် သူမ၏ ဒေါသကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသူဖြစ်သည်။ စုယိ သူမနဲ့ပထမဆုံးအကြိမ် ရိုက်ကူးရေးလုပ်ခဲ့တုန်းက အိပ်ယာပေါ်ခုန်တက်ပြီး ခေါင်းအုံးကိုမျက်နှာအပ်၍ ကြိမ်ဖန်များစွာငိုခံရသည်အထိ ကြိမ်းမောင်းခံရဖူးသဖြင့် သိပ်တော့မအံ့သြမိပေ။ 


မျှော်လင့်ထားသည့်အတိုင်း၊ သူမခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် လီမင်၏အော်ဟောက်နေသည့်အသံကို ကြားလိုက်ရသည်။


"မင်းရဲ့ အခုသရုပ်ဆောင်ပုံကို ဒီလိုနေရာမှာလာအသုံးချနေတာ နှမျှောစရာပဲ မင်းပုံစံကဘေးအိမ်က ချစ်စရာနတ်သမီးလေးတစ်ယောက်ပုံဖြစ်နေပြီ" 


လီမင်က သူမ၏ခါးကို လက်နှစ်ဖက်ဖြင့်ထောက်၍ ပြောနေသည် ။ 


 "ငါလိုချင်တာက အပြင်ပိုင်းမှာပဲပျော့ပျောင်းပြီး အတွင်းပိုင်းမှာ မာကျောနေတဲ့သူပုံစံမျိုး လေတိုက်တာနဲ့လွင့်တော့မတတ်ဖြစ်နေတဲ့ ကြာပန်းဖြူပုံစံမဟုတ်ဘူး..."


ချန်းအန်းနန်၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။  


သူမက ခေါင်းညိတ်ပြီး ညှင်ညှင်သာသာလေးပြောသည်။ “နားလည်ပါပြီ ဒါရိုက်တာကြီး” 


 "မင်း ငါ့ကိုပြောစမ်းပါ ငါတို့အခုဘယ်နှခါလောက်အခေါက်ခေါက်အခါအခါရိုက်နေရသလဲလို့ မင်း အချိန်တွေ ဘယ်လောက်တောင် ဖြုန်းတီးပစ်လိုက်ပြီလဲဆိုတာသိရဲ့လား ပြီးတော့ အဲ့ဒီထဲက အကြိမ်အများစုက မင်း စာကြောင်းမမှတ်မိလို့ NGဖြစ်သွားရတာတွေချည်းပဲ...ဒီစာကြောင်းလေးသုံးလေးကြောင်းကိုတောင် ရအောင်မကျက်နိုင်ဘူးလား ဟမ်..." 


စုယိသည် ထိုနေရာသို့သွားနေချိန်တွင် ထုံးစံမပြတ် ဘေးကနေ ကိုယ့်အလုပ်မဟုတ် အလုပ်ရှာပြီး သူများမကောင်းကြောင်းထိုင်အတင်းတုတ်နေသူများရဲ့ တိုးတိုး တိုးတိုး အသံတွေကိုကြားလိုက်ရသည်။


"နောက်ခံတောင့်တာမိုက်တယ်နော် သူများတွေများ အမျိုးသမီးဇာတ်ဆောင်ဖြစ်ဖို့ ဘာအရည်အချင်းမှတောင် ရှိနေစရာမလိုဘူး"


ထူကျင့်လန်သည် နဘေးရှိခုံတွင်ထိုင်နေကာ လက်ကိုပိုက်ထားပြီး နှုတ်ခမ်းထက်တွင်လှောင်ပြုံးတစ်ခုချိတ်ဆွဲထားလျက်ကြည့်နေသည်။


စုယိသည် သူမကို တစ်ချက်မျှစောင်းကြည့်လိုက်ပြီးနောက် ဆက်လျှောက်သွားဖို့ ပြင်လိုက်ပေမယ့် တခြားတစ်ဖက်မှသူက မမျှော်လင့်ဘဲ သူမကို ခေါ်လာသည်။


 "ယိကျဲ..."  


ထူကျင့်လန်သည် မတ်တပ်ရပ်ပြီး ရုတ်ချည်းဆိုသလို စုယိ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး "တောင်းပန်ပါတယ်"


 စုယိက သူမလက်တွေကို မသိမသာ ဆွဲထုတ်လိုက်သည်။ 


 "ဘာကိုလဲ"


 “တကယ်တော့ ညီမက လျန့်ပေါကို ကျဲရဲ့ဟိုတယ်လိပ်စာကို ပေးလိုက်တဲ့သူပါ” လို့ သူမက ဆိုသည်။


 "အဲဒါ...ကျဲတို့ရဲ့ ဆက်ဆံရေးကို ညီမတကယ်မသိခဲ့ဘူး"


 "တို့မှာသူနဲ့ ဘာဆက်ဆံရေးမှမရှိဘူး"  


စုယိသည် အတော်လေးကိုရယ်စရာကောင်းသည်ဟုခံစားနေရပြီး စကားဆက်ပြောဖို့ပင်ပျင်းယိလွန်းနေသည်။


 “ကောင်းပြီ မင်းတောင်းပန်တာကို တို့လက်ခံတယ်”


ပြေားပြီးသွားသည်နှင့် သူမသည် ထူကျင့်လန်၏အကြည့်ကို လျစ်လျူရှုပြီး တည့်တည့်ပင်ဆက်လျှောက်သွားလိုက်သည်။


နောက်ဆုံးတွင် လီမင်သည် ရှိသမျှဒေါသအားလုံးဖြင်ကြိမ်းမောင်းဆူပူပြီးနောက် သက်ပြင်းမောသာချလိုက်မိသည်။  


"ငါတို့ ဒီအခန်းကိုကောင်းကောင်းလေးရိုက်ချင်လို့ပါသိလား မင်းလုပ်နိုင်သေးတယ်လို့ထင်ရင်တော့ ဒီအခန်းကို နောက်တစ်ကြိမ်ထပ်ရိုက်ရအောင် မလုပ်နိုင်သေးရင်တော့ ဇာတ်ညွှန်းကို နောက်တစ်ခေါက်လောက်အရင်သွားပြန်ကြည့်ချေ ငါ တခြားဇာတ်ကွက်ကို အရင်ရိုက်နှင့်လိုက်မယ်”


စုယိသည် ကင်မရာအရှေ့သို့ တိတ်တဆိတ် လျှောက်၀င်လာပြီး အဖွဲ့မှသူများအား ထိုအခန်းအား ပြန်လည်ပြသပေးရန် တောင်းဆိုလိုက်သည်။


လီမင်သည် သူမကိုမြင်ပြီး လက်ယက်ခေါ်လိုက်ချိန်တွင် သူမသည် တစ်ခုခုဖြစ်တော့မည်မှန်းအာရုံကြိုရနေမိသည်။ 


"ထားလိုက်တော့ မင်းရဲ့အခန်းကို နေ့ခင်းကျမှပဲရိုက်တော့မယ် မင်းရဲ့ခံစားချက်တွေကို ခဏလေ့ကျင့်ချင်ရင်ကျင့် မဟုတ်လည်း ဇာတ်၀င်ခန်းအတွက် အခက်အခဲတွေကို ယိလေးကို သွားမေးလို့ ရတယ် ငါ အခု အလုပ်များနေတယ် နောက် ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်စရာတွေ ရှိသေးတယ်"


စုယိ ခဏတန့်သွားမိသည်။  


"ညီမကို...ဟုတ်လား"


ချန်းအန်းနန်သည် နာခံမှုအပြည့်ရှိပြီး ဇာတ်ညွှန်းကို လက်ထဲတွင်ကိုင်လျက် အလွန်တရာမှသနားစရာကောင်းနေသည့် ပုံလေးဖြင့်သူမထံလျှောက်လာသည်။  


"ယိကျဲ ကျဲအားလားဟင်"


“တို့အားပါတယ် ဒါပေမယ့် တို့ကမင်းထင်သလောက်သိပ်မတော်ဘူးနော်” 


 "တို့က အမျိုးသမီးဇာတ်ဆောင်နေရာက တစ်ခါမှ သရုပ်ဆောင်ဖူးတာမဟုတ်ဘူး တို့ မင်းကို ဘယ်လိုလုပ်ရှင်းပြပေးနိုင်မှာလဲ"


 "ကွာခြားမှုကသိပ်မရှိဘူး ဇာတ်ရုပ်လေးတစ်ခုပြောင်းလိုက်တာနဲ့ နင်ကသရုပ်မဆောင်တတ်တော့ဘူးလား"  


လီမင် ပြောပြီးသည်နှင့် အနုပညာလမ်းညွှန်အဖွဲ့ကို ဟိုဒီလိုက်ရှာတော့သည်။


___________________________________________