အပိုင်း ၃၄
Viewers 12k

Chapter 34


သူမသည် အလုပ်အတွက် အကြံဥာဏ်ပေါင်းမြောက်များစွာ ပေးနိုင်ပေမယ့်လည်း ဘ၀အတွက်ကတော့...၊ စုယိသည် သူမထက် အမြဲပို၍ ရှင်းရှင်းလင်းလင်း နေထိုင်ခဲ့သူတစ်ယောက်ဖြစ်သည်။


ဤနယ်ပယ်ထဲစဝင်ကတည်းက ပြတ်ပြတ်သားသား ရည်မှန်းချက်တစ်ခုရှိနေပြီး သူမသည် အသစ်ကလေးဖြစ်နေပေမယ့် ကိုယ်တိုင်ဇာတ်ညွှန်းများကိုသာ ရွေးချယ်ခဲ့သူမျိုးဖြစ်ရုံသာမက သူမ မလိုချင်သည့် ဇာတ်ညွှန်းမျိုးဖြစ်နေလျှင်မည်မျှပင်ကောင်းနေစေကာမူ အိမ်တံခါး၀အထိလာပို့ပေးလျှင်တောင် လျစ်လျူရှုပစ်တတ်သည့်သူမျိုးပင်။ 


လူတချို့သည် ပြင်းထန်ကြီးမားလွန်းသည့် ရည်မှန်းချက်တွေကြောင့် ဤနယ်ပယ်ထဲတွင် ကြုံတွေနေကြဖြစ်ရပ်တွေကဲ့သို့ ကိုယ့်ကိုယ်ကိုယ်အစားအစာတစ်ခုလိုထိုးကျွေးကြသည့် သူများစွာကိုမြင်တွေခဲ့ဖူးပေမယ့် ထိုသူတွေနှင့်မတူညီစွာ စုယိသည် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားကာ အသန့်ရှင်းဆုံးနေသည့်သူတွေထဲက တစ်ယောက်အပါအ၀င်ဖြစ်သည်။


သူမတွင် ရည်မှန်းချက်ရှိသည်။ သို့ပေမယ့် ကိုယ်တိုင်စီစဥ်ဦးဆောင်တတ်သူမျိုးဖြစ်ပြီး အထောက်အပံ့အတွက် အစားအစာလေးတော့အဖြစ်ခံမည့်သူမျိုးမဟုတ်ပေ။


သူမရဲ့ အချစ်ရေးမှာလည်း ထိုသို့ပဲ ပြုမူလိမ့်မည်ဟု ၀ူရွှယ်ယုံကြည်ပေသည်။ သူမအနေဖြင့် တစ်ယောက်ယောက်နှင့် ချစ်ကြိုက်မည်ဟု ဆုံးဖြတ်လိုက်လျှင် ထိုလူက သူမ တစ်သက်လုံးစာအတွက်ရည်ရွယ်လို့ပဲ ဆိုသည်မှာ သေချာပေါက်ပင်ဖြစ်သည်။


 "ရွှယ်ရွှယ်လေး"


စုယိသည် ထုပ်ပိုးလို့ပြီးသည်နှင့် ရုတ်တရက်ကြီး သူမဘက်သို့ ရဲတွတ်နေသည့်ပါးပြင်လေးဖြင့် လှည့်ကြည့်လာသည်။ 


 "အဲ့ဒီကိစ္စမှာလေ...အဟီး ငါသိဖို့လိုတာလေးများရှိသေးလား ဗဟုသုတလေး ဘာလေးsharingလေး လုပ်ပါဦး"


၀ူရွှယ်သည် သူမ၏ အတွေးယာဥ်ကြောကြီးကို ဖယ်ထုတ်လိုက်ပြီးနောက် အသိပြန်၀င်လာချိန်တွင် စုယိ၏ အမေးကြောင့် ကြောင်တိကြောင်တောင်ဖြစ်သွားမိသည်။


 "ဘာကိုတုန်း"


 “တစ်ညလုံးအတူတူနေမှာဆိုတော့လေ”


 စုယိကဆက် ပြောသည်။ 


 "သိထားစရာကိစ္စလေးတွေရှိသေးလားလို့"


 "... ရှိတယ်"


၀ူရွှယ်က ပြောပြီးသည်နှင့် မတ်တပ်ထရပ်ပြီး ရေချိုးခန်းထဲ ဝင်သွားကာ ရေချိုးကန်ဘေးရှိ ဘူးလေးကို ကောက်ယူပြီး ခရီးဆောင်အိတ်ထဲသို့ ထိုးထည့်ပစ်လိုက်သည်။ 


 "ငါတို့လျှောက်ရမယ့်ခရီးလမ်းက အရှည်ကြီးရှိနေသေးတယ် ငါတို့မှာ ဘာအတားအဆီးမှ ရှိလို့မဖြစ်ဘူး"


 ….


 "ဒါရိုက်တာချူ ဒါက လက်မှတ်ပါ" 


လက်ထောက်က လက်မှတ်နှစ်စောင်ကို ချူယင်းလက်ထဲသို့ ထည့်လိုက်သည်။ 


 "ဟိုတယ်ကိုလည်း ဆရာ့ရဲ့ဖုန်းနံပါတ်နဲ့ပဲ ဘွတ်ကင်လုပ်ပေးထားပါတယ်"


ချူယင်းကခေါင်းညိတ်ပြလိုက်သည်။ 


 "ကောင်းပြီ မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်"


ထို့နောက် လက်မှတ်များကို ယူ၍ ကားပြတင်းပေါက်ကိုပိတ်ပြီးနောက် မောင်းထွက်လာလိုက်သည်။


ကားက အရမ်းကို တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်။ မီးနီမိသွားချိန်တွင် လက်ကိုမြှောက်ပြီး ရေဒီယိုဖွင့်ရန်အတွက် ခလုတ်ကို နှိပ်လိုက်သည်။


သီချင်းက စုယိ ရပ်တန့်ခဲ့သောနေရာမှဆက်၍လာသည်။သူမရဲ့ ပုံရိပ်တွေ သူ့စိတ်ထဲပေါ်လာချိန်တွင် သူ့နှုတ်ခမ်းတွေက အလိုလိုကွေးညွှတ်မိသွားပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းအသာယမ်းလိုက်မိသည်။ 


ချက်ချင်းဆိုသလိုပဲ သူ့စိတ်ဓာတ်တွေက တတ်ကြွတဲ့ကြက်ဖလိုဖြစ်သွားသည်။ 


သူ ဟိုတယ် ကားရပ်နားရာနေရာသို့ ၀င်လာချိန်တွင် နေကာမျက်မှန်တပ်ထားပြီးတိုင်ကို မှီ၍ရပ်နေသည့်၊ ဆံပင်အဖျားလေးတွေကိုကောက်ထားပြီး သူမရဲ့ပုခုံးသားလေးတွေကိုရှင်းလင်းစွာမြင်နေရသည့် အဖြူရောင်ဗြောင်အင်္ကျီနှင့် ဂျင်းဘောင်းဘီကိုတွဲ၍ ၀တ်ထားသည့် စုယိကို တွေ့လိုက်ရသည်။  


သူမသည် သူနှင့် အကျွမ်းတဝင်ရှိနေသည့် အဖြူရောင် စလင်းဘတ်အိတ်တစ်အိတ်ကိုလည်း လွယ်ထားပြီး သူမဘေးတွင် နှစ်ဆယ့်ခြောက်လက်မခန့်ရှိသော ရောင်စုံကာလာတွေဖြင့် ခရီးဆောင်အိတ်တစ်လုံးလည်းရှိနေသည်။


သူမသည် နှစ်ရက်ကြာ အပြင်တွင်လျှောက်လည်ကစားရန် ထွက်လာသည်နှင့်မတူဘဲ အိမ်ရွှေ့ပြောင်းရန်လုပ်နေသည်ဖြင့်ပိုတူနေသည်။


ကားအင်ဂျင်သံကြားသဖြင့် စုယိသည် သူမဖုန်းကို အမြန်သိမ်းပြီး လှည့်ကြည့်လိုက်သည်။ သူမရင်းနှီးနေသည့် Benz ကိုတွေ့လိုက်ချိန်တွင် သူမရဲ့နှုတ်ခမ်းထောင့်စွန်းလေးသည် မြင့်မားစွာ ကွေးညွှတ်သွားတော့သည်။


နောက်ဘက်ခြမ်းတွင် ကြီးမားသော ခရီးဆောင်အိတ်က အနက်ရောင် အားကစား အိတ်ငယ်လေးကို မှီထားသည်။


ချူယင်းသည် ခရီးဆောင်အိတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။ 


"မင်းရဲ့ အေးဂျင့်က အဲ့ဒီထဲမှာများပုန်းနေတာလား" 


စုယိ"သူမ အရင်ကရှိနေပေမယ့် ကျွန်မရှာတွေ့သွားပြီး ဖမ်းထုတ်ပစ်ခဲ့တယ်လေ"


ချူယင်း၏ ပေါ့ပေါ့ပါးပါး ရယ်မောသံလေးက သူမ နားထဲသို့ တိုးဝင်လာပြီး သူမနှလုံးသားလေးကို ခုန်လှုပ်သွားစေသည်။


စုယိသည် ပြတင်းပေါက်ကို မှီကာ သူမ၏ WeChat သူငယ်ချင်းများ၏ momentများကို တစ်ချက်လျှောက်ကြည့်နေရင်းက တစ်ခုခုကို တွေးမိလိုက်သလိုပုံစံမျိုးဖြင့်မေးလိုက်သည်။


 "ဟုတ်သားပဲ ဒါနဲ့ ရှင့်မှာ ဟက်စကီးတစ်ကောင် ရှိလား"


 "ရှိတယ် ကိုယ့်မိဘတွေဆီမှာ ထားခဲ့တယ်" 


ချူယင်းက ဆက်ပြောသည်။  


"မင်း သူ့ကိုတွေ့ချင်လား"


 စုယိ ခေါင်းညိတ်လိုက်သည်။  


"ကျွန်မ အဲ့လိုတစ်ကောင်လောက် အရမ်းလိုချင်နေခဲ့ပေမယ့် ကျွန်မမှာအချိန်မရှိဘူးလေ"


ချူယင်း "နောက်တစ်ကြိမ်ကျရင် မင်းအတွက် ကိုယ်သူ့ကိုခေါ်ထုတ်လာပေးမယ်"


 “အိုခေလေ”  


စုယိက မေးလိုက်သည်။ 


"သူ့ကို ဘယ်လိုခေါ်လဲ"


ချူယင်း "ရှီးရှီး"


စုယိသည် အန်းရွှမ်၏ Momentတွင် 'ရည်းစားက မင်းကို သစ္စာဖောက်တော့မည့် လက္ခဏာရပ်များ' လို့ အမည်ပေးထားတဲ့ ဆောင်းပါးကို ဖတ်ထားဖူးသဖြင့် အလိုလိုသတိချပ်မိလျက်သားဖြစ်သွားပြီး သာမန်မေးခွန်းကိုမေးနေဟန်ဖြင့်မေးလိုက်သည်။ 


"အတော်လေးကို မိန်းကလေးဆန်တာပဲ အဲ့ဒါက မိန်းကလေးနာမည်မဟုတ်လား" 


ချူယင်း "မင်းဘယ်လိုလုပ်သိတာလဲ"


စုယိ၏လက်ချောင်းလေးများက ရှုပ်ထွေးစွာသွယ်ယှက်သွားသည်။


ချူယင်းသည် အော်ရယ်ချင်စိတ်ကိုမနည်းထိန်းချုပ်၍ဖြေလိုက်သည်။


 “ကိုယ့်ညီမလေးနာမည်က ချူရှီး လို့ခေါ်တယ် ခွေးက သူမလေ”


 “…”


သီချင်းပြီးသွားပြီး နောက်သီချင်းစသောအချိန်ထိ တစ်စုံတစ်ခု မှားနေပြီဆိုတာကို မရိပ်မိသေးသည့် စုယိသည် တဟားဟားအော်ရယ်နေမိသည်။


သူမက ဖန်သားပြင်ကို အနီးကပ်၍ကြည့်လိုက်သည်။ 


 " ရှင် CD ပြောင်းထားတာလား "


 "ဟုတ်တယ်" 


ချူယင်း ကပြောသည်။ 


 "မင်း သူ့ကို မကြိုက်ဘူးလား"


စုယိသည် အရင်တုန်းက ပေါ့ပေ့ါပါးပါးနဲ့ အော်ဟစ်သီဆိုနေတတ်သည့်အမျိုးသားအဆိုတော်ရဲ့သီချင်းတွေကိုဖွင့်တတ်လေသည်။


 "🎼ဒီချိုမြိန်ပြီး သွေးဆောင်တတ်တဲ့ နူတ်ခမ်းပါးလေးကို ငါ ပေါ့ပေါ့ပါးပါး မြည်းစမ်းကြည့်တော့ မင်းကြည့်ရတာ ငါလိုချင်တဲ့ပုံစံနဲ့ထပ်တူညီနေသလိုပဲ~🎼"


 "ကြိုက်တယ်"


စုယိသည် ချူယင်း၏လက်မောင်းပေါ်တွင် လက်ချောင်းကလေးများကိုသံစဥ်အလိုက်ရွေ့လျားနေရင်းက အပြုံးလေးဖြင့်ပြောလိုက်သည်။ 


"ဒါပေမယ့် ရှင့်ကိုပိုကြိုက်တယ်" 


 …


သူတို့ ဦးတည်သွားနေသည့်နေရာကို ရောက်ပြီးနောက် စုယိသည် တစ်ချက်ကြည့်လိုက်ချိန်တွင် ရဲတိုက်ထိပ်ဖျားကို မြင်လိုက်ရသည်။


 Disneyland...!


ချူယင်းကားကိုရပ်လိုက်ပြီး တစ်ဖက်သို့လျှောက်ကာ သူမကိုတံခါးဖွင့်ပေးလာသည်။


စုယိသည် ပျော်ရွှင်မှုအပြည့်ဖြင် ဆင်းလိုက်သည်။


ရှက်စရာကောင်းတာတစ်ခုက သူမသည် အသက်သုံးဆယ်နီးပါးရှိနေပြီဖြစ်ပြီး ငွေအမြောက်အမြားရှာနိုင်နေချိန်မှာပင် ထိုသို့သော ပန်းခြံတွေကို တစ်ခါမှ မရောက်ဖူးတာပင်။  


လာလည်ချင်ပေမယ့် အချိန်မရှိတာမျိုး၊ အားလပ်ချိန်ရှိနေပေမယ့် အပြင်ထွက်မလည်ချင်တာကြောင့်တစ်မျိုး သူမသည် အခုချိန်ထိ သွားမယ်...သွားမယ် ဆိုသည့်နေတွင် ရပ်တန့်နေခဲ့သည်။


'ချူယင်းက နတ်သားလေးတစ်ပါးများလား...။'


စုယိသည် သူ့လက်ကို ဆုတ်ကိုင်ပြီး အ၀င်ဂိတ်၀ဆီသို့ လျှောက်သွားလိုက်သည်။ 


 "လက်မှတ်ဝယ်ပြီးပြီလား"


ချူယင်းက လက်မှတ်တွေကို သူမဆီ ကမ်းပေးလိုက်သည်။


အ၀င်၀တွင်လူများလွန်းတာကြောင့် အထဲဝင်ရန်တန်းစီနေရသည်။ ကောင်ချောလေးတစ်ယောက်နှင့် မိန်းမလှလေးတစ်ယောက်တို့သည် အတူတူယှဥ်တွဲရပ်နေကြသည်။ နှစ်ယောက်စလုံးက အရပ်မြင့်တာကြောင့် တန်းစီနေချိန်တွင် သိသာ ထင်ရှားလွန်းနေသည်။


အထဲဝင်လာပြီးနောက် စုယိသည် သူ့ကို သူမဘေးသို့ဆွဲလိုက်ကာ စလင်းဘတ်အိတ်ထဲကနေ ပုလင်းတစ်လုံးကိုထုတ်ယူလိုက်သည်။ 


သူမသည် သူမလက်ပေါ် သို့ အရည်တချို့လောင်းချပြီး ပြန့်သွားအောင်လက်နှစ်ဖက်ကို အနည်းငယ်ပွတ်သပ်လိုက်ပြီးနောက် လက်ကိုမြှောက်၍ သူ့မျက်နှာပေါ်တွင် တဖတ်ဖတ်ဖြင့် ခပ်ဆတ်ဆတ်လေးပုတ်ပေးလိုက်သည်။


ချူယင်းသည်အံ့အားသင့်သွားပေမယ့် ရှောင်တိမ်းပစ်တာမျိုးမလုပ်ချေ။ 


"အဲဒါ ဘာလဲ"


စုယိသည် ထိုအရည်တွေကို သူ့မျက်နှာပေါ်တွင် အထူးသတိထား၍ နှံ့နေအောင်လိမ်းပေးနေသည်။


“နေလောင်ကာခရင်”


 ချူယင်း "...ကိုယ် နေလောင်မှာကို မကြောက်ဘူး"


 “ကျွန်မသိတယ်လေ”


 စုယိက ဆက်ပြောသည်။  


"ရှင်ကအခု ဒါရိုက်တာကြီးတစ်ယောက်ဖြစ်နေပြီ စစ်သားတစ်ယောက်မဟုတ်တော့ဘူး နေလောင်နေရင် ရှင့်ရဲ့ဝန်ထမ်းတွေက ရှင့်ကိုလှောင်ရယ်နေကြလိမ့်မယ်"


ချူယင်း အရှုံးပေးလိုက်ချေပြီ။ 


 "ဘယ်သူမှ ကိုယ်ကို မလှောင်ရဲပါဘူး"


သူကစကားပြောပြီးသည်နှင့် ရှေ့ကလူ လုပ်ရတာပိုလွယ်ကူစေရန် ခါးကို အနည်းငယ်ကိုင်းလိုက်သည်။


သူတို့ ဝင်လိုက်သည်နှင့် ဆိုင်တန်းတွေအရှည်လိုက်ကြီးကိုမြင်လိုက်ရသည်။ ချူယင်းသည် ဆိုင်ပေါင်းများစွာထဲက တစ်နေရာကို တွေ့လိုက်ပြီးနောက် သူလက်မောင်းတွေဖြင့် သူမကို လှမ်းဖတ်ကာ ဆိုင်ထဲသို့ ခေါ်ဆောင်သွားသည်။


 သူကပြောသည်။


 “ကိုယ့်ကို ဒီမှာခဏစောင့်”


စုယိသည် ဘာမှန်းမသိပေမယ့်လည်း "အိုခေ" ဟုသာ ပြောလိုက်သည်။


ဆိုင်ထဲတွင် အရုပ်တွေ အများကြီးရှိနေသည်။ သူမသည် ဝက်ဝံကြီးတစ်ကောင်၏ရှေ့သို့လျှောက်လာပြီးနောက် ပါးကိုတစ်ချက်လိမ်ဆွဲလိုက်သည်။ ထို၀က်၀ံကြီးဖြင့် အချိန်အတော်ကြာကစားနေပြီး ကစားလို့၀မှလွှတ်ပေးလိုက်သည်။


နောက်ထပ်တစ်ရုပ်ကို ဘူလီတော့မည့်အချိန်တွင် သူမဆံပင်တွေက တင်းကျပ်မှုတစ်ခုကိုခံစားလိုက်ရသည်။ 


သူမသည် ခေါင်းကို မြှောက်လိုက်ပြီး သူမရပ်နေသည့်နေရာရဲ့ ညာဘက်ရှိ မှန်တစ်ချပ်ကို လှမ်းကြည့်လိုက်သည်။


သူမအနောက်မှာရပ်နေသည့် ချူယင်းသည် မှန်ဘက်ကိုမျက်နှာမူထားပြီး မစ်ကီစကုတ်ကို သေချာနေရာကျအောင် ချိန်ညှိနေတာမှာပဲ အလုံးစုံအာရုံစိုက်ထားသည်။


အဆုံးတွင်၊ သူမသည် ကောင်တာသို့သွားကာ ချူယင်းအတွက် နောက်ထပ် စကုပ်တစ်ခုကို ၀ယ်လိုက်သည်။ စကုပ်သည် သူ့ခေါင်းပေါ်တွင် အလွန်သေးငယ်နေသလိုထင်နေရသည်။ ကြည့်လိုက်ရုံဖြင့် စုယိသည် တကယ်ကို သေလောက်အောင် အော်ရယ်ချင်သွားသည်။


ဆိုင်မှထွက်လာပြီးနောက် ချူယင်းက မေးသည်။


"မင်းဘာကစားချင်လဲ" 


စုယိသည် Disney ရဲ့ App မြေပုံကိုဖွင့်ပြီး သူမလုပ်ချင်တာကို တစ်ချက်ကြည့်လိုက်သည်။


သူမတို့သည် အကျော်ကြားဆုံး ဆွဲဆောင်မှုတစ်ခုဖြစ်သည့် TRON Lightcycle Power Run သို့သွားခဲ့ကြသည်။


ထိုနေရာသို့ရောက်သွားချိန်တွင် သူမတို့နှစ်ယောက်သည် ဘယ်လောက်တောင် ကံကောင်းသလဲဆို တန်းစီစရာလူမရှိသလောက်ပင်။ ခဏကြာစောင့်ပြီးနောက် သူမတို့နှစ်ယောက်သည် Lightcycle ပေါ်သို့တက်သွားလိုက်သည်။


နာမည်က အလွန်တရာမှ ဆန်းကြယ်နေပေမယ့် အမှန်တကယ်မှာတော့ ဆိုလိုရင်းက မော်တော်ဆိုင်ကယ်ပေါ်မှာ ရိုလာကိုစတာစီးရုံလေးတင်ဖြစ်သည်။


စုယိသည် သူမ၏ဆံပင်အနောက်တွင် ခေါင်းစည်းကြိုးကိုခပ်လျော့လျော့လေးချည်နှောင်ပြီးနောက် ယာဥ်၏ကိုယ်ထည်ပေါ်တွင် အသာလေး မှီချလိုက်သည်၊ ပန်းနုရောင်နှုတ်ခမ်းသားများနှင့် အဖြူရောင်သွားလေးများသည် မှောင်ပြီး မထင်မရှားပတ်၀န်းကျင်တွင် အနည်းငယ်ပေါ်လွင်နေသည်။


သူမတို့ အနောက်မှ နှစ်ယောက်သည် တစ်ယောက်နဲ့တစ်ယောက် တိုးတိုးလေးကပ်ပြောနေကြသည်။


 "သူမခါးကိုကြည့်ပါဦး ကျစ်...သေလောက်အောင်သေးလွန်းတယ်"


 "အဲ့ဒီခြေတံရှည်တွေ ကတောက်... ငါ ဆယ်စုနှစ် ဒါဇင်နဲ့ချီကစားနိုင်တယ်"


 "ပြီးရင် ငါတို့ သူ့နံပါတ်ကို သွားတောင်းကြမလား"


စုယိသည် ပုံစံမပျက် မှီလျက်ရှိနေသေးသည်၊ သူမဘေးနားမှ အသံဗလံများကို သေချာနားထောင်တာမျိုးမရှိဘဲ သူမအာရုံတစ်ခုလုံးသည် သူမဘေးနားရှိလူထံတွင်ရှိနေပြီး ရိုးရာမပျက် စိုက်ကြည့်နေလိုက်သည်။


သို့ပေမယ့် ချူယင်းကတော့ အလွန်တရာမှကိုဂရုတစိုက် နားထောင်နေခဲ့သည်။ ရုတ်တရတ် ခံစားလိုက်ရသည့် အကြမ်းဖက်ချင်စိတ်ကို ငြိမ်သက်သွားဖို့ အချိန်အတော်ကြာအောင်ယူလိုက်ရသည်။ ထိုသို့ခံစားလိုက်ရသည်နှင့်တပြိုင်နက် သူ့ခေါင်းကို လှည့်လိုက်ချိန်တွင် သူမမျက်လုံးတွေဖြင့် ဆုံစည်းသွားရသည်။


လုံခြုံရေးခါးပတ်ကို ဖြုတ်ချလိုက်ပြီး ချူယင်းသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။


စုယိသည် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး မေးမြန်းတော့မည့်အချိန်မှာပင် သူမဘေးနားက ကောင်လေးက လက်တစ်ဖက်ကို သူမပုခုံးတွင်သိုင်းဖတ်လိုက်ပြီး နှုတ်ခမ်းလေးကို နမ်းချလိုက်တော့သည်။


ပတ်ဝန်းကျင်က အတော်လေးတိတ်ဆိတ်သွားသည်။


ချူယင်း၏ အသံက အတော်လေးနိမ့်ပြီး တည်ငြိမ်နေသည်။  


“မကြောက်နဲ့နော်”


 “……” 


'သူမ မကြောက်ပါဘူးနော်...။'


သူမသည် ဘာရယ်မဟုတ် အနမ်းခံလိုက်ရတာကြောင့် သူမရဲ့နှလုံးသားလေးမှာ အခုန်မြန်နေခဲ့သည်။  


“ဟုတ်” ဟု မှင်တက်မှုအပြည့်ဖြင့်ပြောလိုက်ချိန်တွင် သူမ၏ နှုတ်ခမ်းသားလေးများသည် နွေးထွေးနေဆဲပင်။


လုံခြုံရေးခါးပတ်များကို စနစ်တကျပြန်ပြင်ဆင်ပြီးနောက်၊ ရိုလာကိုစတာ ကစတင်ရွေ့လျားတော့သည်။ လေသည် သူမမျက်နှာကို တိုက်ခတ်သွားကာ သူမ၏ခန္ဓာကိုယ်သည် ထိန်းချုပ်နိုင်စွမ်းမဲ့လျက် ယာဥ်နှင့်အတူ လမ်းကြောင်းတစ်လျှောက် လှုပ်ယမ်းနေတော့သည်။ အချိန်တိုင်း လဲကျသွားလုနီးပါး ဖြစ်နေပေမယ့်လည်း လုံးဝလုံခြုံသည်ဟု ခံစားနေရသည်။


အရှိန်မြင့်လာသည်နှင့်အမျှ စုယိ သည် အကြိမ်အနည်းငယ်လောက်အော်ဟစ်လိုက်ပေမယ့်လည်း အနောက်မှ လူနှစ်ယောက်၏ အော်ဟစ်သံကြောင့် လုံးလုံးလျားလျား ဖုံးကွယ်သွားရသည်။


စုယိသည်ထိုစက်ကြီးကိုစီးပြီး အောက်သို့ဆင်းလာချိန်တွင် ချူယင်းက လက်ဆန့်ပြီး သူမ ဆံပင်ကို ပွတ်သပ်လိုက်သည်။


သူမတို့ထွက်သွားတော့မည့်အချိန်တွင် ဘေးနားက မိန်းကလေးတစ်ဦးက သူ့သူငယ်ချင်းတွေဖြင့် သူမကို မှားပြီး ရယ်မြူး၍ မေးလာသည်။ 


" လုံး၀ အံသြစရာကြီးပဲ မဟုတ်လား ... အာ...တောင်းပန်ပါတယ် မင်းကို တခြားတစ်ယောက်နဲ့မှားသွားတာ"


စုယိသည် ခေါင်းယမ်းရင်း ပြုံးပြလိုက်သည်။ 


 "ဘာမှမဖြစ်ပါဘူး"


 'အံ့သြဖို့ကောင်းလား ဟုတ်စ...


 အဟက်...ချူယင်းရဲ့ အနမ်းနဲ့ယှဥ်လိုက်ရင် ပါမွှားလေးပါ...'


Xxxx