အပိုင်း ၄၅
Viewers 12k

Chapter 45


မွေးနေ့လက်ဆောင်များ။


၀ူရွှယ်သည် အံ့မခန်း အစွမ်းထက်လွန်းလှသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် လိုအပ်သည့်အသေးစိတ်အချက်အလက်များကို အလွန်လျင်မြန်စွာပင် ဖြေရှင်းသွားခဲ့သည်။


အဆိုပါပလပ်ဖောင်းကို Battle Cats TV ဟုခေါ်ပြီး သူဌေးကြီးတစ်ဦးမှ ဝယ်ယူထားခြင်းဖြစ်သည်။ အများစုသည် ဂိမ်းကစားခြင်းကို အဓိကထားပေမယ့်လည်း ကြည့်ရှုသူများသည့်liveများကိုလည်း မည်သည့်အမျိုးအစားမဆို မြင့်မားသည့်စျေးနှုန်းများဖြင့် ဝယ်ယူကြသေးသည်။


 တစ်ဖက်မှသူသည် စုယိဖြင့် သုံးနှစ်စာချုပ် ချုပ်ဆိုချင်သည့်အတွက် မြင့်မားလွန်းလှသည့်စျေးနှုန်းဖြင့် ကမ်းလှမ်းခဲ့ပေမယ့်လည်း အဆုံးတွင် တစ်ရက်သာ ချုပ်ဆိုခဲ့ကြသည်။


ထိုနေ့ရက်သည် တဖြည်းဖြည်းဖြင့် နီးကပ်လာသည်။ တခြားသူတွေက သူတို့ရဲ့ ရောက်လာမည့်မွေးနေ့ကို မစောင့်နိုင်ကြပေမယ့် စုယိကတော့ ထိုသူတို့ဖြင့် လုံးဝကို ကွဲထွက်နေသည်။


အွန်လိုင်းမှာ ပွဲပုံစံမျိုးလုပ်တာဖြစ်သည့်အတွက် ပရိသတ်တွေကို လုံး၀စိတ်မပျက်စေချင်ပေ။ သို့ပေမယ့် ယခုလက်ရှိ ခေတ်စားနေသည့် အွန်လိုင်းဂိမ်းတွေက တစ်ခုကိုသူမဆော့တတ်သွားလို့ နောက်တစ်ခုကိုပြောင်းကစားလျှင် ထိုတစ်ခုက ပိုခက်နေသည် ဆိုတာကို သူမ သိလိုက်ရသည်။


' အခုခေတ်လူတွေများ တကယ်ကိုပဲ ဘာတွေတွေးနေကြမှန်းကိုမသိဘူး တစ်နေ့နဲ့တစ်နေ့ အသက်ရှင်ဖို့တောင် အရမ်းခက်ခဲနေရတဲ့ ကြားထဲ ဘာကြောင့်များ စိတ်အပန်းဖြေဖို့ ကစားရတဲ့ဂိမ်းတောင် အရမ်းခက်ခဲအောင် ဖန်တီးနေကြရတာလဲ '


တိုက်ရိုက်ထုတ်လွှင့်မှုမပြုလုပ်မီ နှစ်ရက်အလိုတွင်၊ ၀ူရွှယ်က မေးလိုက်သည်။


"တိုက်ရိုက်ထုတ်လွှင့်မှုအတွက် နင်ပြင်ဆင်ထားပြီးပြီလား"


 “ပြီးပြီ”


စုယိသည် မော့၍ပင် မကြည့်ဘဲ ဖုန်းဆက်ကစားနေလိုက်သည်။  


"ဒီအတော်အတွင်း ငါအရမ်း အရမ်းကို ကြိုးစားလေ့ကျင့်ထားပါတယ်နော်"


 "တကယ်ကြီးလား"  


၀ူရွှယ်ကအံ့အားသင့်စွာဖြင့်မေးလိုက်သည်။ 


 "ဒါဖြင့် နင်ဘာတွေများလေ့ကျင့်နေတာလဲ ငါလည်းမသိရပါလား"


 “Link-Up”


၀ူရွှယ်သည် သူမနောက်ပြောင်နေတာလို့ပဲ ထင်လိုက်သည်။ ထို့ကြောင့် သူမက ရယ်ရယ်မောမောဖြင့်ထပ်၍ပင်ဆိုလိုက်သေးသည်။


“ကောင်းပြီလေ နင်ဆက်လေ့ကျင့်နေပါ နံပါတ်တစ်ဖြစ်အောင်ကြိုးစားနော်”


စုယိသည် ကီးဘုတ်ပေါ်တွင် တဒက်ဒက်ဖြင့် ရိုက်နေပြီး Roomနာမည်ကို ' Su Yi's birthday livestream / Unbeatable on Link-Up / ပရိတ်သတ်များအတွက် ကျပန်းကံစမ်းမဲများနှင့် ချစ်ကြည်ရေးပြိုင်ပွဲ' ဟု ပြောင်းလဲလိုက်ချိန်ကျမှ ၀ူရွှယ်သည် စုယိတစ်ယောက် အတည်ကြီးလုပ်နေမှန်း သဘောပေါက်သွားတော့သည်။ 


 'ဘာကို ချစ်ကြည်ရေး Link-Up ပြိုင်ပွဲလဲဟ...'


ထိုနေ့က အနားယူသည့်နေ့နှင့် တိုက်ဆိုင်နေသဖြင့် ခွင့်ရက်ယူရသည့်အခက်အခဲမှ သူမကို ကယ်တင်သွားနိုင်သည်။ တိုက်ရိုက်ထုတ်လွှင့်ချိန်က နေ့လည် လေးနာရီကနေ ညနေ ရှစ်နာရီအထိ လေးနာရီတိတိကြာရှည်ပေမည်။


 “ခဏလောက် ရပ်လိုက်ဦး….”  


၀ူရွှယ်က သူမကို အမြန်တားလိုက်သည်။ 


 "နင် တကယ် အတည်ကြီးတွေလုပ်နေတာလား"


 "ဘာကိုလဲ"


 “Link-Up”


 စုယိ "ဟုတ်ပါတယ်ဆိုဟာ ငါတကယ်အတည်ပြောနေတာ"


သူမတို့အရှေ့တွင်ထိုင်၍ အွန်လိုင်းဂိမ်းအသစ်တချို့ကို စမ်းကစားကြည့်နေသည့် ချူရှီးက တည်ငြိမ်စွာဖြင့်ဆိုလိုက်သည်။


" အခုတလော သူ့ဖုန်းနဲ့ Link-Up ဂိမ်းတချို့ကို ကစားနေတာ ကျဲသတိမထားမိဘူးလား"


 "အခြားသူတွေရဲ့ဖုန်းကို ဘယ်သူကများကြည့်မှာတဲ့လဲ"  


၀ူရွှယ်က ဒေါသအရမ်းထွက်လွန်းတာကြာင့် လှောင်ရယ်ပစ်လိုက်သည်။


 "ချစ်ကြည်ရေး Link-Up ပြိုင်ပွဲဟုတ်စ မှန်မှန်ပြောစမ်း နင့်ကို အဲ့ဒီပေါက်ပေါက်ရှာရှာကိစ္စ ဘယ်သူသင်ပေးလိုက်တာလဲ"


 "ချူရှီး"


 "...နင်က ဂိမ်းတွေတော့ အများကြီး မလေ့လာရသေးပေမယ့် အွန်လိုင်း ဂိမ်းက ပရမ်းပတာစကားလုံးတွေကိုတော့သင်ယူပြီးပြီပေါ့လေ ဟမ်"


စုယိသည် QQ Games ကို သူမ၏ လက်ပ်တော့တွင် ဒေါင်းလုဒ်လုပ်နေရသဖြင့် ပြန်လည်မော့ကြည့်ခြင်းမျိုးပင် ယခုအချိန်တွင်မလုပ်နိုင်သေးချေ။  


“ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်”


 “နင့်ကို ချီးကျူးတာ မဟုတ်ဘူး”  


၀ူရွှယ်သည် ရွံရှာမှုတို့ပြည့်နှပ်နေသည့် အကြည့်ဖြင့် ကြည့်ပေးလိုက်သည်။


 ချူရှီး "Link-Up ပြိုင်ပွဲကို တိုက်ရိုက်လွှင့်တာက အရမ်း မိုက်တယ်လို့ ညီမတော့ထင်တယ် သီချင်းအနည်းငယ်လောက် ထပ်ဆိုပြလိုက်ရင် ပိုအိုခေသွားပြီ"


 “အဲဒီ့အကြောင်းကို စိတ်ကူးတောင်မယဥ်မိစေနဲ့”  


၀ူရွှယ်သည် ထိုအကြံပြုချက်ကို ပတ်ခနဲ ပယ်ချပစ်လိုက်သည်။ 


 “သူများတွေ သီချင်းဆိုရင် နင် ဆုပေးချင်စိတ်ပေါက်လိမ့်မယ်အေး... သူ သီချင်းဆိုရင်တော့ နင့်အသက်ကို ပေးချင်စိတ်ပေါက်သွားလိမ့်မယ်”


 "နင့်စကားကလည်းဟယ် လူမလေးခွေးမခန့်လိုက်တာ"  


စုရီက ၀ူရွှယ်ရဲ့ခါးကို ဆွဲလိမ်ပစ်လိုက်သည်။ 


 "ပြီးတော့ အရမ်းကိုချဲ့ကားလွန်းနေပြီ"


ချူရှီး "ငါ့အတွက် တစ်ပုဒ်လောက် ဆိုပေးပါလား"


စုယိသည် လက်ထဲမှ မောက်စ်ကို ချက်ချင်းပင် ချလိုက်သည်။ လည်ချောင်းတစ်ချက်ရှင်းပြီးနောက် သူမသည် စကားတစ်ခွန်းအပိုမပြောဘဲ နေရာတွင်ပင် တန်းသီဆိုတော့သည်။


ဆိုလို့ပြီးသွားသည်နှင့် သူမက မျက်ခုံးအသာပင့်ပြီးမေးလိုက်သည်။ 


“ဘယ်လိုနေလဲ” 


ချူရှီးသည် သူမ၏ လက်ပ်တော့မှ အနောက်သို့ တဖြည်းဖြည်းချင်းဆုတ်သွားလိုက်သည်။ 


 "... နင်ဆိုတာကို နားထောင်ပြီးသွားတော့ မူရင်းသီချင်းအသံက ဘယ်လိုလဲဆိုတာ ငါမေ့သွားပြီရယ်"


 'အိုကေ ဒီစကားဝိုင်းက ဒီမှာတင် ပွဲသိမ်းပြီ'


စုယိသည် သူမတို့နှစ်ယောက်စလုံးကို လျစ်လျူရှုထားပစ်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်ရမည့်အချိန်ကို မရောက်သေးချေ။သူမသည် အခြားသောတိုက်ရိုက်ထုတ်လွှင့်မှုများကို လိုက်၍ကြည့်ရှုနေလိုက်သည်။


၀ူရွှယ် "နင်က မွေးနေ့ပါတီမလုပ်ချင်ဘဲ ဒီလိုတိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ လုပ်ချင်တယ်လို့ပြောလို့သာငါစီစဥ်ပေးရတာ တကယ်တန်းဆိုရင် ပါတီပွဲတစ်ခုကအလွန်ဆုံးကြာမှ တစ်နာရီကနေ နှစ်နာရီအထိပေါ့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကကြတော့ လေးနာရီအထိတောင်ကြာလိမ့်မယ်"


စုယိ၏ မျက်၀န်းများက အနည်းငယ် မှိန်ဖျော့သွားပါသော်လည်း သူမရဲ့ လေသံမှာမူ ဂရုမစိုက်မှုတို့ဖြင့် လုံး၀ပြည့်နှပ်နေသည်။ 


“နှစ်တိုင်းလိုလို ဒီပုံစံ ဒီအနေအထား မွေးနေ့ပါတီပွဲတွေပဲလုပ်နေရတော့ ပရိတ်သတ်တွေက မရိုးသွားရင်တောင် ငါကတော့ရိုးအီနေပြီရယ်"


အမှန်တကယ်တော့ သူမသည် ချူယင်းနှင့် ယခုနှစ်မွေးနေ့ကို ကုန်ဆုံးရန် ရည်ရွယ်ထားသဖြင့် တစ်နာရီလောက်သာ တိုက်ရိုက်ထုတ်လွှင့်ရန် စီစဥ်ထားခြင်းဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်က ယနေ့မှာ ပိတ်ရက်မဟုတ်ခဲ့ချေ။ 


သူမသည် ယနေ့နံနက်က ချူယင်းကို မက်ဆေ့ချ်ပို့ချိန်တွင် တခြားတစ်ဖက်မှသူက သူအလုပ်အရမ်းများလွန်းနေတာကြောင့် နှစ်နာရီကြာပြီးသည့်နောက်မှသာ စာပြန်ဖြေလေသည်။


သူမတို့နှစ်ယောက် တွဲပြီးနောက်ပိုင်း သူမသည် တစ်ချက်ကြည့်ရုံဖြင့်အရာအားလုံးကိုနားလည်နိုင်လာသည်။ ချူယင်းသည် အလုပ်မရှုပ်နေပါက သူမထံသို့ အကြမ်းဖျင်းအားဖြင့် ငါးမိနစ်အတွင်း စာပြန်ခြင်း သို့မဟုတ် ဖုန်းပြန်ခေါ်ခြင်းမျိုးလုပ်ပေလိမ့်မည်။ 


ထိုသို့မဟုတ်ပါဘဲ၊ နာရီဝက်ကျော်ကြာသည်အထိ စာမပြန်ပါလျှင် သူ တကယ်အလုပ်ရှုပ်နေလို့ဆိုတာကို သူမချက်ချင်းသိလိုက်သည်။


မွေးနေ့ဆိုတာမျိုးက သူမအတွက်တော့ သိပ်အရေးပါနေတဲ့ နေ့မျိုးလည်းမဟုတ်သည့်အတွက် မွေးနေ့အကြောင်းကို သူ့ထံ တစ်ခွန်းပင်မဟခဲ့ချေ။


သို့ပေမယ့်… နှလုံးသားရဲ့ ဟိုး...နက်ရှိုင်းလှတဲ့အောက်ခြေတစ်နေရာလေးမှာတော့ အနည်ငယ်ခပ်ပါးပါးလေးလောက် စိတ်ပျက်မှုလေးတစ်ခုရှိနေသည်။


မည်သို့ပင်ဆိုစေကာမူ၊ သူမ လုံး၀ မဆွေးနွေးချင်တဲ့ ခေါင်းစဥ်တွေကို အတိအကျ ရွေးထုတ်ပေးမည့်သူတွေက ဒီလောကမှာရှိကိုရှိနေသေးသည်။


ချူရှီးသည် ဂိမ်းထဲတွင် အသတ်ခံရပြီးနောက် ဒေါသထွက်လွန်းသဖြင့် လူတိုင်းကို အတူတူ စိတ်ညစ်အောင်လုပ်တော့သည်။ 


 "ဒီနေ့က နင့်ရဲ့ မွေးနေ့ဖြစ်တာတောင် ငါ့အစ်ကိုက နင်နဲ့အတူတူရှိမနေပေးဘူးပေါ့လေ ဟုတ်လား ဒါကနင်တို့ နှစ်ယောက်အတွက်ပထမဆုံးအကြိမ် အတူတူဖြတ်သန်းရမယ့် အရေးကြီးတဲ့အထူးနေ့လေး မဟုတ်ဘူးလား"


စုယိသည် ခေါင်းကို အသာစောင်း၍ ချိုမြိန်သည့် အပြုံးလေးကို ထုတ်လွှတ်ပေးလိုက်သည်။  


"မင်းချစ်ရတဲ့သူသာ မင်းနဲ့အတူရှိနေသေးသ၍ နေ့တိုင်းက မွေးနေ့ရက်လေးတွေလည်းဖြစ်နိုင်သလို ချစ်သူများနေ့လည်းဖြစ်နိုင်တယ် ဒီလိုရက်လေးအနည်းငယ်လောက်က သိပ်ကိစ္စမရှိဘူးရယ်"


 ချူရှီးတစ်ယောက် သာမရဲ့ မျက်လုံးတွေကိုလှိမ့်ပစ်လိုက်သည်။


 "ဒါဆို ဒီနှစ် နင့်အသက်ကဘယ်လောက်လဲ"


စုယိသည် သူမကို လျစ်လျူရှုထားလိုက်ပြီး ဘေးမှလူကို လက်ဖြင့်အသာပုတ်၍ပြောလိုက်သည်။


 "ရွှယ်ရွှယ်လေး ဘယ်လို စပယ်ရှယ်effectလေးတွေ ထပ်ထည့်သင့်သေးလဲဆိုတာ တစ်ချက်လောက်ကြည့်ပေးပါဦး"


၀ူရွှယ် လှမ်းကြည့်လိုက်သည်။ မြင်လိုက်ရသည်က စခရင်ပေါ်ရှိ Hostရဲ့ မျက်နှာတွင် နှုတ်ခမ်းမွေးနှင့် မျက်မှန်မည်းမည်းတစ်လတ်ရှိနေသည်။


"အရူးလုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက်တော့"  


သူမ နာရီကို ကြည့်လိုက်သည်။  


" သုံးနာရီငါးဆယ်ရှိနေပြီ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်မယ့် pageကို အရင်ဆုံးသွားလိုက် တစ်မိနစ် ဒါမှဟုတ် နှစ်မိနစ်လောက်စောပြီး စတင်လိုက်ရင်လည်း အိုခေတယ်ရယ် "


စုယိသည် 'အိုး' ဟုဆိုပြီးနောက် သူမရဲ့ဖုန်းကို နောက်ဆုံးအကြိမ်အနေဖြင့် တစ်ချက်လောက်ကြည့်လိုက်သည်။ မည်သည့်Notiမှရှိမနေဘဲ စခရင်က မဲမှောင်နေသည်။


၀ူရွှယ်မှ ယူဆောင်လာသည့် ကရိယာအပိုပစ္စည်းများကိုတပ်ဆင်ပြီးနောက် သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်၍ဖွင့်လှစ်လိုက်သည်။ ပြောရလျှင်၊ သူမရဲ့ အေးဂျင့်က ဘာမဆိုလုပ်ဆောင်နိုင်တဲ့ Doraemon လေး ၀င်စားနေသလိုပင်။


တိုက်ရိုက်ထုတ်လွှင့်သည့် Pageတွင် Weiboသို့ shareလုပ်ရန်အတွက် ခလုတ်လေးတစ်ခုရှိသည်။ ထိုသည်ကိုနှိပ်ပြီးလျှင်တော့ လူတွေ တိုးဝင်လာကြမည်မှာသေချာပေါက်ပင်ဖြစ်သည်။


အစဦးပိုင်းဖြစ်နေသဖြင့် လူတွေသိပ်မရှိနေတာကြောင့် သူမသည် Commentတွေကို တစ်ခုပြီးတစ်ခု မှီအောင်လိုက်ဖတ်နိုင်နေသေးသည်။


 [ ယိယိ Happy birthday! ]


 [ ဒီအတောအတွင်း ရိုက်ကူးရေးတွေလုပ်နေတာလား ]


 [ အမှန်တိုင်းပြောရရင် ငါ့မှာ သူမအတွက် ဘာထွေထူး ခံစားချက်မှရှိမနေဘူး တီဗီဇာတ်လမ်းတွဲတွေမှာ နေ့တိုင်းလိုလို မကောင်းတဲ့ commentတွေ ပေးနေပေမယ့်လည်း သူမ တိုက်ရိုက်ထုတ်လွှင့်နေတာကို မြင်လိုက်ရတော့ ချက်ချင်းပဲ ဒုံးပျံစီးသလို အမြန်ရောက်ချလာတာက ဘာကြောင့်များလဲ... ]


 [ အပေါ်ထပ်ကသူရေ သူ့မျက်နှာလေးကြောင့်ဖြစ်နိုင်တယ် ]


စုယိသည် ဖြေကြားရန်အတွက် မေးခွန်းတချို့ကို ရွေးချယ်လိုက်သည်။


 [ ဆုမွန်ကောင်းများနှင့် လက်ဆောင်များ အတွက် ကျေးဇူးတင်ပါတယ်နော် ]


 [ ဟုတ်တယ် တို့ရိုက်ကူးရေးလုပ်နေတယ် ]


 [ ဒါဆိုလည်းတို့ကို များများလေးပိုဆဲပေးပြီး တီဗီဇာတ်လမ်းတွဲအတွက် commentတွေကိုလည်း ဒီ့ထက်များများပိုရေးပေးပါဦးနော် ]


လျှင်မြန်စွာပင်၊ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပရိသတ်ဦးရေမှာ သုံးသောင်းကျော်သွားပြီဖြစ်သည်။ ဤသည်မှာ တကယ့်ကို မိုက်လွန်းပေသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူမ၏ မွေးနေ့ပါတီအတွက် နေရာသည် လူတစ်ထောင်ပင်မဆန့်နိုင်ပေ။


အွန်လိုင်းမှသူငယ်ချင်းတစ်ယောက်က မေးလာသည်- [ငါတစ်ယောက်ပဲတိုက်ရိုက်လွှင့်တဲ့နာမည်ကို ကြည့်နေတဲ့သူပဲလား- ' Su Yi's birthday livestream / Unbeatable on Link-Up / ပရိတ်သတ်များအတွက် ကျပန်းကံစမ်းမဲများနှင့် ချစ်ကြည်ရေးပြိုင်ပွဲ'' ဟုတ်လား မင်းကဘာကစားမှာလဲ LOL လား ဒါမှမဟုတ် တစ်ခုခု တိုက်ရိုက်လွှင့်ပေးမှာလား]


[ T/N - LOL Means League Of Legends . သူက ML နဲ့ဆင်သလိုဖြစ်ပေမယ့် PC { Computer လိုမျိုး } နဲ့ဆော့ရတဲ့ဂိမ်းမျိုးဖြစ်ပြီး နိုင်ငံအလိုက် Server တွေလည်းကွဲပါသေးတယ်၊ သူက MLထပ်လည်းအရင်ပေါ်တဲ့ဂိမ်းဖြစ်ပြီး အာရှနဲ့ဥရောပတွေမှာအတော်လေးအောင်မြင်တဲ့အပြင် E_Sportsပြိုင်ပွဲတွေလည်းရှိပါတယ်။ တစ်ခုပဲရယ် မြန်မာနိုင်က Phoneနဲ့ဆော့ရတဲ့ LOLကျမှ ကွပ်ပြီးချာသွားတာပါ XD ]


စုယိသည် သူမရဲ့ QQ ဂိမ်းကို ဖွင့်လိုက်သည်- [ ချစ်ကြည်ရေး Link-Up ပြိုင်ပွဲလို့ ရေးထားတယ်လေ ]


Xxxxxxxx