အပိုင်း ၄၆
Viewers 12k

Chapter 46


ဖန်သားပြင်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ ထို့နောက် မျက်နှာပြင်တစ်ခုလုံးသည် '666666-လျို့လျို့လျို့လျို့လျို့လျို့' တို့ဖြင့် ပြည့်နှပ်သွားတော့သည်။


စုယိသည် အနည်းငယ်ရယ်စရာကောင်းသည်ဟုခံစားလိုက်ရသဖြင့် သူမဘေးမှသူဘက်သို့ လှမ်းကြည့်လိုက်သည်။ 


"ကြည့်စမ်းပါဦး ငါ့ပရိသတ်တွေက ငါ့ကို ချီးကျူးနေကြတယ်"


၀ူရွှယ်သည် လှောင်ပြောင်မှုအပြည့်ဖြင့်ပြန်ဖြေလိုက်သည်။


"သူတို့က နင့်ကို နှစ်သိမ့်နေကြတာ အဲဒါကို တကယ်ကြီး အတည်ယူမနေနဲ့"


[ 233333 မေ့မေ့လေးလား/ကျဲကျဲလေးလား ဘာပဲဖြစ်ဖြစ်တစ်ယောက်ယောက်ရေ မင်းမြင်ရင်တောင် မမြင်ချင်ယောင်ဆောင်ထားပေးပြီး ဒီလိုမပြောပါနဲ့လို့ ]


[ သူမက ရှောက်ပြောနေတာ ငါတို့တွေက မင်းကို တကယ်ကြီးချီးကျူးပေးနေတာပါနော် ]


[ မင်းမျက်နှာကို အခုတလော botox တွေ အများကြီးလုပ်ထားတယ် မဟုတ်လား]


[ T/N - botox ဆိုတာက အရေးအကြောင်းတွေကိုပျောက်အောင်လုပ်တာမျိုးပါ ]


“ဒါမျိုးတော့ ငါသည်းမခံနိုင်ဘူး”


စုယိက မေးစေ့ကို ပင့်မော့၍ပြောလိုက်သည်။


“တို့ မနေ့ညက အိပ်ရာမဝင်ခင် ရေတွေအများကြီးသောက်လိုက်မိလို့ နိုးလာတဲ့အချိန်မျက်နှာက နည်းနည်းပါးပါး ရောင်နေရုံပါ အဲ့တော့ အခုလောလောဆယ် တို့ကအတော်လေးကိုရုပ်ဆိုးနေတာမို့ မင်းဒါကို သည်းခံနိုင်ဖို့တော့လိုလိမ့်မယ် တို့ရဲ့ တကယ်ပုံစံအစစ်အမှန်က ဘယ်လိုပုံလဲဆိုတာ မင်းစိတ်ထဲကနေသိနေရင်ပဲ လုံလောက်ပါပြီ မင်းနေကောင်းပါစေနော်"


ချူရှီးသည် မထိန်းချုပ်နိုင်တော့ဘဲ လက်တော့ပ်ရဲ့နောက်ကွယ်မှ လက်မထောင်ပြလိုက်သည်။


အတော်ကြာကြာ သူမသည် စကားစမြည်ပြောနေလိုက်သည်။ စုယိ သည် comment အကုန်လုံးနီးပါးကို သေချာဖတ်နေပြီး သူမ စိတ်ဝင်စားသည့်မေးခွန်းများဆိုလျှင် ချီးမွမ်းသည်ဖြစ်စေ လှောင်ပြောင်သည်ဖြစ်စေ လက်ခံ ဖြေကြားပေးလိုက်သည်။


နာရီဝက်ခန့်အကြာတွင် ရုတ်တရက်ဆိုသလို လူအုပ်ကြီးတစ်ခုက တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ရောက်ချလာကြသည်။


ဆယ်မိနစ်အတွင်း ပရိသတ် ခုနစ်သောင်းကနေ ခုနှစ်သိန်းအထိ သို့တိုးသွားတော့သည်။ ပရိတ်သတ်တွေတင်မကဘူး စုယိပင် ထိတ်လန့်သွားရသည်။ သူမသည် ၀ူရွှယ်ဘက်သို့ အကြိမ်အနည်းငယ်ခန့် ကြောင်တိကြောင်တောင်လှည့်ကြည့်လိုက်သည်။


၀ူရွှယ်သည် သူမရဲ့ ဖုန်းကို မကြည့်အားတော့ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ပထမဆုံးအနေဖြင့် အသံပိတ်လိုက်ရန် လက်ဟန်ပြလိုက်သည်။


"တိုက်ရိုက်လွှင့်တာနဲ့ပတ်သက်တဲ့ သတင်းတွေက ရေပန်းစားနေတဲ့ အကြောင်းအရာတွေရဲ့ ထိပ်ဆုံးနေရာကို ရုတ်တရက်ကြီးရောက်ချသွားတယ် အဲ့ဒီစီးပွားဖြစ်ဘလော့ဂါက တကယ့်ကိုနာမည်ကြီးပေမယ့် ကုမ္ပဏီက သူ့ကို မဝယ်ထားဘူး"


၀ူရွှယ်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။


“ခေါင်းစဉ်က ‘စုယိတစ်ယောက် တိုက်ရိုက်ထုတ်လွှင့်မှုမှာ Haterတွေကို ပြစ်တင်ဆုံးမခြင်း...ဖန်သားပြင်ကိုဖြတ်ပြီး သူမရဲ့ မယုံနိုင်စရာ အလှတရားတွေရဲ့ သက်ရောက်ခြင်းကိုခံလိုက်ရ' ”


“…”


'ဒီအမှိုက်လိုခေါင်းစဥ်မျိုးက လူတွေကို တကယ်ကြီးမျက်စိဆံပင်မွှေးဆူးစေမှာပဲ'


မျှော်လင့်ထားသလိုပင်၊ Hater အမြောက်အမြားက ၀ုန်းခနဲ ရောက်ချလာကြတော့သည်။


[ မှန်းစမ်း ဖန်သားပြင်ကိုတောင်ဖောက်ထွက်ပြီးရောက်လာနိုင်တဲ့ အလှတရားကို ကြည့်ရအောင် ]


[ ပရိသတ်တွေဘက်ကနေကြည့်ရင် လှအောင်filter တွေအလွှာတစ်ရာလောက်များထားထားတာလား မယုံနိုင်စရာ အလှတရား ဟုတ်စ ]


ပရိတ်သတ်တွေကလည်း ချက်ချင်းပင် ပြန်လည်တိုက်ခိုက်ခဲ့ကြပြီး Comment box တစ်ခုလုံးတွင် warများဖြင့်ပွဲဆူသွားတော့သည်။ 


စုယိသည် ရုတ်တစ်ရက်ကြီး အရမ်းပျော်စရာကောင်းသည် ဟုခံစားလိုက်ရသည်။


"ဘယ်သူက ငါ့ကို လက်ဆောင်တွေ အရမ်းပေးနေတာလဲ ဖန်သားပြင်ကိုတောင် ကွယ်နေပြီ commentတွေကိုတောင် မမြင်ရတော့ဘူး”


စုယိက စိုးရိမ်တကြီးပြောလိုက်သည်။


"ဒါနဲ့ လက်ဆောင်က ဘယ်လောက်တန်လဲ"


၀ူရွှယ်ကဆိုသည်။


“တစ်ခုကိုတစ်ရာ”


"တစ်ရာ ဒီလောက်တောင်စျေးကြီးလား"


စုယိသည် ခေတ္တလောက်ရပ်တန့်လိုက်ပြီး ဉာဏ်ကိုသုံး၍ ရေတွက်ကြည့်လိုက်သည်။ တစ်နာရီအတွင်း သူမသည် ဤလက်ဆောင်ကို စုစုပေါင်း တစ်ထောင်ကျော်လောက် ရရှိပြီးပြီဖြစ်သည်။ 


"ကျေးဇူးပြုပြီး လက်ဆောင်တွေကိုထပ်မပို့ပါနဲ့တော့ တို့မှာပိုက်ဆံပြတ်မနေပါဘူး"


[ 666666 မင်းဇာတ်ကားတစ်ကားအတွက် ဘယ်လောက်ရလဲ ငါသိလို့ရနိုင်မလား ]


[ သိပ်မများပါဘူး ]


စုယိက comment ကိုကြည့်ပြီး သင့်တော်သလိုဖြေပေးလိုက်သည်။


[ ဒါပေမယ့် တို့အတွက်လုံလောက်ပါတယ် ]


သူမရဲ့စကားတွေက ထူးခြားပုံမပေါ်တာကတော့ စိတ်မကောင်းစရာပင်။ သူမကို လက်ဆောင်တွေ ပေးနေတဲ့လူတွေကရှိနေဆဲဖြစ်ပြီး စခရင်ပေါ်က ရန်ပွဲကလည်း ပိုပြီးပြင်းထန်လာတော့သည်။


[ ငြင်းခုံနေကြတာကို ခဏလောက်ရပ်လိုက်ကြဦး ]


သူမသည် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။


[ ချစ်ကြည်ရေးပြိုင်ပွဲအတွက် အချိန်ကျပြီ ခဏလောက်နေရင်ဖန်သားပြင်ပေါ်မှာ Lucky Draw စာမျက်နှာတစ်ခုပေါ်လာလိမ့်မယ် နေရာငါးခုရှိမယ် မင်းတို့တွေထဲက ငါးယောက်က တစ်ယောက်ကို တစ်ခုစီရပြီးရင် တို့ရဲ့ ချစ်ကြည်ရေး Link-Up ပြိုင်ပွဲမှာပါ၀င်လို့ရပြီရယ် ]


သူမစကားဆုံးသည်နှင့် Haterများပင် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားကြသည်။


[ … ]


[ မင်းတို့ရပ်ကွက်က လူတွေရဲ့ အချိုးက တမျိုးလေးပါလား ]


[ ကံကောင်းတဲ့လူ ဘယ်သူမဆို ၀င်ကစားလို့ရတယ်ပေါ့ Haterတွေတောင် ပါတယ်ပေါ့လေ ]


“ဟုတ်တယ်”


စုယိက ဆက်ပြောသည်။ 


"မင်းမှာ လက်တော့ပ်ရှိနေဖို့တော့လိုတာပေါ့"


ပထမအကြိမ် Lucky Draw သည် စတင်ပါတော့၏။


ငါးမိနစ်မပြည့်မီတွင် ကစားသမားငါးဦးကို ရွေးချယ်ခဲ့ပြီး ခေတ္တကြာပြီးနောက် ဂိမ်းကြီးကြပ်သူမှ roomနံပါတ်နှင့် စကားဝှက်တွေကို ပေးပို့လိုက်သည်။


စုယိသည် roomထဲ၀င်ဖို့ရန်အတွက် အချိန်တခုကြာစောင့်နေလိုက်ရသည်။


ကစားသမားငါးဦးတွင် အချို့သည် pointsမြင့်မြင့်ရှိနေကြသူများဖြစ်ပြီးIDတွေက- ' လိုက်ဖတ်ညီတဲ့ရာသီခွင်'၊ 'ထူးခြားပြီးထက်မြတ်တဲ့မျက်လုံးပိုင်ရှင်'၊ 'Diamond *XX အဆင့်တွင်ထိုင်နေသူ'... တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့အားလုံးသည် ဤနယ်ပယ်တွင် အတွေ့အကြုံရှိသော ကစားသမားများဖြစ်ပြီး စိန်အဆင့်ကဲ့သို့သောနေရာမျိုးတွင်ကစားနေကြသူများဖြစ်ကြောင်း အလွယ်တကူပြောနိုင်ပေသည်။


စုယိကတော့...။


< စုယိ - ကြယ်ပွင့်အဆင့် >


[ ကြယ်ပွင့်အဆင့်လေးနဲ့ ချစ်ကြည်ရေး ပြိုင်ပွဲတစ်ခုကို တကယ်ကြီးမျက်နှာပြောင်တိုက်ပြီးဆော့ရဲတယ်နော် စိန်အဆင့်ကစားသမားတွေနဲ့ ကြေးအဆင့်ကစားသာမားတွေ SOLO ဆော့တာကိုကြည့်ရတာထက်တောင်ပိုဆိုးလောက်တယ် ]


"ကြယ်ပွင့်အဆင့်က ဘာဖြစ်နေလို့လဲ"


စုယိက ပြန်လည် ရန်တွေ့လိုက်သည်။


"တို့ လေ့ကျင့်ထားတာ အတော်ကြာနေပါပြီနော်"


မကြာမီဂိမ်းစတင်တော့သည်။ စုယိသည် အတားအဆီးများကို ဖယ်ရှားသည့်နေရာတွင် အာရုံစိုက်ထားလိုက်ပြီး အံ့သြစရာကောင်းလောက်အောင်ပင် အတော်လေးကိုချောမွေ့နေခဲ့သည်။


အလယ်ဘက်တွင်ရှိနေသောသူမရဲ့ ပြိုင်ဖက်တွေကို သူမ၏ အရံမြင်ကွင်းမှတဆင့် ချောင်းကြည့်လိုက်သည်။ သူတို့ထဲက တစ်ယောက်က သူမနဲ့ တူညီသည့် အရှိန်ဖြင့် countdown မှာ ရောက်ဖို့ နီးနေပြီဆိုသည်ကိုသူမ သိလိုက်ရသည်။


သူမသည် အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပြီးနောက် နောက်ဆုံးတစ်ခုအား နှိပ်ခါနီးတွင် ဖန်သားပြင်သည် မှောင်ကျသွားတော့သည် - အခြားတစ်ဖက်မှသူသည် သူမထက် နှစ်စက္ကန့်စော၍ ဂိမ်းကို အဆုံးသတ်ပစ်လိုက်သည်။


'ဒီခံစားချက်က တကယ်ကိုပဲ… ဒေါသထွက်လွန်းလို့ မေ့မြောသွားလုမတတ်ပဲ'


[ Link-Up ပြိုင်ပွဲကို ကြည့်ပြီး ငါ့သွေးတွေ ဆူပွက်သွားပြီ]


[+1 f***! ငါလည်းစုယိဘက်ကနေပြီး တခြားတစ်ဖက်ကသူတွေကို သွားcheckကြည့်ပေးနေမိတယ် ငါတော့ တစ်ခုခုမှားနေပြီ...]


[ ငါကတော့ ဒီကြယ်ပွင့်အဆင့်လေးကို စိန်အဆင့်ကအစ်ကိုကြီးက ရပ်တန့်ပစ်မှာကိုမြင်ချင်နေပြီရယ် ]


[ ရမှာမဟုတ်ဘူး ဂိမ်းကြီးကြပ်သူရေ တို့အတွက် ဒီ fan ရဲ့ နာမည်ကို မှတ်ထားပေးပါ ]


စုယိက မထူးခြားနေသည့်ဟန်ဖြင့်ပြောလိုက်သည်။


[ သူ့ကို နောက်တစ်ခေါက်ပွဲကြမှ ၀င်ခွင့်ပြုလိုက် ]


နောက်တစ်ပွဲကို တစ်ဆက်တည်း စတင်ခဲ့ပြီး ပိုရှုပ်ထွေးတဲ့ ဘုတ်တစ်ခုနဲ့ စတင်တော့သည်။ သူမ မောက်စ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ဘလောက်တစ်ခုကို နှိပ်ရန် ပြင်လိုက်သည်။


မြင်ကွင်းသည် ရုတ်တရက် မှောင်သွားပြန်သည်။


စတင်ပြီး ငါးစက္ကန့်မပြည့်မီတွင်၊ တစ်စုံတစ်ယောက်သည် လုပ်ရမည့်အရာအားလုံးကို ပြီးစီးသွားခဲ့ပြီဖြစ်သည်။


စုယိသည် ဖန်သားပြင်ကို မှင်တက်စွာကြည့်နေမိပြီး သူ့မသည် ထိတ်လန့်မှုမှ ပြန်မနိုးထနိုင်သေးပေ။


[ မဟုတ်သေးဘူး ဒီမှာ ဟက်ကာတွေ ရှိနေတာလား!!! ]


[ စုယိရဲ့ တွေဝေမိန်းမောသွားတဲ့ပုံလေးက အရမ်းချစ်စရာကောင်းတာပဲ ငါတော့ သူမနဲ့ Weibo ကို Follow လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ ]


[ ငါတော့ အဲဒီနှစ်တွေက ငယ်ဘ၀တွေကို ပြန်တွေးကြည့်မိတော့ ဒီဟက်ကာတွေကို အရမ်းဒေါသထွက်လွန်းလို့ ငိုခဲ့မိသေးတယ်ထင်တယ် (စီးကရက်ငွေ့ကိုရှိုက်ထုတ်လိုက်လျက်) ]


[ တို့ကတော့ သူတို့တွေကို မြင်ရတာလုံလောက်သွားပြီ ဒီ့ထက်ပိုမကြည့်ချင်တော့ဘူး]


စုယိက အသာ ရယ်မောလိုက်သည်။ သူမသည် ထိုကစားသမားအား သူမ၏မောက်စ်ကို အသုံးပြု၍ Reportတင်ပြီးတာတောင် လုံလောက်သည်ဟု မခံစားရသေးချေ။


[ ဂိမ်းကြီးကြပ်သူရေ အဲ့ဒီလူကို တို့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကနေချက်ချင်းကန်ထုတ်ပစ်လိုက် တို့က လိမ်လည်တတ်တဲ့သူတွေနဲ့ အတူမကစားဘူး ]


ချူရှီးသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် အတွက်သူမ၏ဂိမ်းကို ပိတ်လိုက်ပြီး တုန်လှုပ်ချောက်ချားမှုများဖြင့်ပြည့်နှပ်နေရုံသာမက ပြိုင်ဆိုင်မှုတွေလည်းပြင်းထန်နေသည့် ထိုပြိုင်ပွဲကို ပျော်ရွှင်စွာဖြင့် ထိုင်ကြည့်နေတော့သည်။


သူမသည် ဖုန်းပိတ်ထားပြီးကတည်းက မကြည့်တာအချိန်အတော်ကြာသွားပြီဖြစ်သည်။ ချူရှီးသည် ဖုန်းမျက်နှာပြင်အား အမူမဲ့အမှတ်မဲ့ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏အမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။


တစ်နာရီကြာ Link-Up ပြိုင်ပွဲကိုကစားပြီးနောက် စုယိသည် ခေတ္တနားရန် ဆုံးဖြတ်လိုက်သည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူဦးရေမှာ တစ်သန်းနဲ့သုံးသိန်းရှိနေပြီဖြစ်သည်။


သူမ နံပါတ်တွေကို ကြည့်လိုက်သည်။ သုညအရေအတွက်တွေကို ရေတွက်ကြည့်ပြီးနောက် လက်လျှော့လိုက်တော့သည်။ ယခင်က livestream ဖြင့် မထိတွေ့ဖူးသော သူမကဲ့သို့သောသူတစ်ဦးပင်၊ ဤကဲ့သို့သော ပလတ်ဖောင်းရှိ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုရှိ ပရိသတ်အရေအတွက်သည် များသောအားဖြင့်သိပ်မှန်ကန်မည် မဟုတ်ကြောင်းသိပေသည်။ ကိန်းဂဏန်းအမှန်သည် ပြသထားသော နံပါတ်၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်နိုင်ချေသည်။


သူမ မသိခဲ့တာကတော့ ဤမွေးနေ့တိုက်ရိုက်ထုတ်လွှင့်မှုက Weibo မှာတင် နာမည်ကြီးနေတာမဟုတ်ချေ။ ၎င်းသည် Tieba၊ QQ groupsများနှင့် အခြားနိုင်ငံမှ နာမည်ကြီး ဆိုရှယ်မီဒီယာကွန်ရက်များတွင်ပင် ကြည့်ရှုသူအများအပြားရှိနေကြခြင်းဖြစ်သည်။


ကျစ်ဟူ သည် သိပ်မကြာခင်မှာပဲ မီးဖိုချောင်မှထုတ်လာသည့် လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး သတင်းအကြောင်းအရာလေးတစ်ခုဖြင့် ရေစီးအလိုက် လိုက်ပါလာတော့သည်။


[ မေးခွန်း- စုယိရဲ့ ဒီမွေးနေ့ပွဲအတွက် မားကတ်တင်းက ဘာကြောင့် ဒီလောက်တောင်အောင်မြင်ရတာလဲ ]


[ အခုလိုမေးမြန်းတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်ကအခုလေးတင် အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ Link-Up ပြိုင်ဆိုင်မှုတစ်ခုကို ကြည့်ပြီးပြန်လာတာပါ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ Link-Up ပြိုင်ပွဲက တကယ်ကို ပျော်စရာကောင်းတယ်ဆိုတာပဲ ]


သို့ပေမယ့် ထိုခေါင်းစဥ်အတွင်းမှာ ပါနေတဲ့သူကတော့ ဘာဆိုဘာမှမသိချေ။ သူမသည် ရေသောက်ပြီးနောက် အနားကလူနှစ်ယောက်ကို တစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် တစ်ပြိုင်နက်တည်းဆိုသလို ထိုသူနှစ်ယောက်မှ ထရပ်လိုက်သည်။


"ငါ အပြင်ခဏသွားပြီး နင့်အတွက် တစ်ခုခု ယူခဲ့ပေးမယ်"


ထိုစကားကိုပြောနေသည့်အချိန်တွင် ၀ူရွှယ်ရဲ့ မျက်နှာ အမူအရာသည် နည်းနည်းလေးပင် မပြောင်းလဲသွားချေ။


ချူရှီးက အပြင်းကျောတစ်ချက်ဆန့်လိုက်ပြီး "ညီမလည်း လိုက်မယ် "


စုယိသည် အနည်းငယ် ကြောင်အသွားမိသည်။ ၀ူရွှယ်လည်း သူမ livestream လုပ်နေချိန်တွင် ထိုင်နေရတာ ပျင်းယိနေလောက်ပေမည်။ သူမက နှစ်ခါမျှ မျက်တောင်ခတ်လိုက်ပြီးနောက် ပြောလိုက်သည်။


"ဒါဆို ငါ့အတွက် အသက်ရှည် ခေါက်ဆွဲ ၀ယ်လာခဲ့ပေး ဒီအချိန် ဒီခံစားချက်နဲ့က သူကအကိုက်ညီဆုံးပဲ..."


နှစ်ယောက်စလုံးသည် ချက်ချင်းပင် တံခါးအပြင်ဘက်သို့ထွက်သွားကြပြီး သူမစကားမဆုံးသေးချိန်တွင် တံခါးကိုကျယ်လောင်စွာစောင့်ပိတ်လိုက်တော့သည်။


သူမသည် အနားယူပြီးနောက် ဂိမ်းကို ပြန်ဖွင့်လိုက်ပြီး ပြောလိုက်သည်။


"ဂိမ်းကြီးကြပ်သူ ကံစမ်းမဲကို ပြန်လည်စတင်မယ်"


ဂိမ်းစတင်သည်နှင့် အခက်ခဲဆုံး ဘုတ်ကို ရရှိသွားသည်– တုံးတွေနဲ့ ပြည့်နေတဲ့ စတုရန်းပုံတစ်ခု။


စုယိသည် အသက်ပြင်းပြင်းတစ်ချက်ရှုကာ ဂရုတစိုက်ဖြင့်ရှာဖွေတော့သည်။


တံခါးဘဲလ်က နှစ်ခါမြည်လာသည်။


'၀ယ်တာ အဲ့လောက်တောင် မြန်တယ်ပေါ့လေ'


ဂိမ်းအတွက် အချိန်ကန့်သတ်ချက်ရှိပြီး သူမတွင် အကွက်သုံးဆယ်သာ ကျန်တော့သည်။ သူမသည် နောက်ပြန်လှည့်မကြည့်ဘဲ လှမ်းအော်လိုက်သည်။


"ရွှယ်ရွှယ်လေး ခဏလောက်စောင့်ဦးနော်"


ပွဲပြီးချိန်တွင် သူမသည်အနိုင်ရသွားပြီး ထရပ်လိုက်သည်။


"ကိုယ့်လူတို့ ခဏလောက်စောင့်ဦးနော် သူငယ်ချင်းအတွက် တံခါးသွားဖွင့်ပေးလိုက်ဦးမယ်"


အကြာကြီးထိုင်နေချိန်တုန်းက သိပ်ပြီးထွေထူးမခံစားရပေမယ့် တံခါးဆီသို့ လျှောက်သွားချိန်တွင် ခြေထောက်ကို ဖြည်းညင်းစွာလှုပ်ခါလိုက်ပြီးနောက် ခေါင်းကိုဟိုဒီလှည့်၍ သဘာ၀ကျကျလေး ခေါင်းလေ့ကျင့်ခန်းလေးလုပ်လိုက်သည်။


တံခါးဖွင့်လိုက်သည့်အချိန်သည် လည်ပင်းကို လေ့ကျင့်ခန်းလုပ်သည့် နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်သည်။ ဆန့်နေသည့် ခေါင်းကို တတ်နိုင်သလောက် နောက်ပြန်ဆုတ်လိုက်သည့်အခါ ထိခါနီးနှုတ်ခမ်းစွန်းတွေကလည်း ပြန်လည်ကွဲကွာသွားသည်။ ရှေ့တည့်တည့်မှရပ်နေသည့် တစ်စုံတစ်ယောက်သည် အဆိုးအ၀ါးဆုံးသောရှုထောင့်မှတဆင့် သူမကို မြင်နေရသည်ဆိုတာ သေချာသလောက်ပင်ဖြစ်သည်။


ရှေ့ကလူသည် တစ်စက္ကန့်လောက် အေးခဲသွားပြီးနောက် ခပ်တိုးတိုးလေး ရယ်လိုက်တော့သည်။


စုယိသည်နေရာတွင်ပင် တောင့်ခဲသွားတော့သည်။


ချူယင်းသည် တံခါးရှေ့မှာ ရပ်နေပြီး သူမကို တောက်ပလွန်းသည့် အပြုံးလေးဖြင့် ပြုံးပြနေသည်။ သူသည် အနက်ရောင်အနောက်တိုင်းဝတ်စုံနှင့် နတ်ကတိုင်ကို ဝတ်ဆင်ထားသည်။


ပိုပြီး မျက်စိ ဖမ်းစားနေသည့်အရာက... သူက သူ့ရဲ့ ချိတ်ဆွဲထားလို့ရတဲ့ အစိတ်အပိုင်းတိုင်းမှာ နာမည်ကြီး တံဆိပ်အိတ်တွေ ကိုချိတ်ဆွဲထားတာပင်။ လည်ပင်းတစ်ဝိုက်တွင် နှစ်ခုရှိနေပြီး လက်တစ်ဖက်စီတွင် အနည်းငယ်စီရှိနေသည်။ အိတ်များသည် အရောင်စုံဖြင့် တောက်ပြောင်နေသော်လည်း သူ့ကိုယ်တွင် ဆွဲထားလိုက်သည့်အခါ လုံးဝ မထင်မှတ်ထားချင်စရာကောင်းအောင် လိုက်ဖတ်နေသည်။


သို့ပေမယ့် စုယိရဲ့မျက်လုံးထဲမှာ မြင်နေတာကတော့ သူမရှေ့မှလူတစ်ယောက်တည်းပဲ။


သူမသည် စကားတွေပင်ထစ်ကုန်ပြီဖြစ်သည်။


“အာ...ရှင်...ရှင်…”


ချူယင်း၏ စကားထဲတွင် ရယ်မောသံများက ပါ၀င်နေသည်။ 


"မင်းအတွက်မွေးနေ့လက်ဆောင်ပါ လက်မှတ်ထိုးပြီး ပစ္စည်းလက်ခံပေးပါ"


“…”


စုယိ၏ နှုတ်ခမ်းလေးသည် အနည်းငယ် ပွင့်ဟသွားသည်။ အချိန်အတော်ကြာပြီးနောက် သူမက ဂရုတစိုက်ဖြင့်မေးလိုက်သည်။


"လက်ဆောင်က ရှင်လား ဒါမှမဟုတ် အိတ်လား"


"နှစ်ခုစလုံးပဲ"



အစီအစဉ်တင်ဆက်နေသူသည် မျှော်လင့်ထားသည်ထက် အချိန်ကြာမြင့်စွာ ထွက်ခွာသွားကြောင်း တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်တွေက သတိထားမိသွားသည်။ ကံထူးရှင်ပရိသတ်များသည် ပွဲမစရသေးတာကြောင့် ထိုင်ခုံများကို ရည်ရွယ်ချက်ရှိရှိယူဆောင်ထားသည်ဟု စနစ်မှယူဆတာကြောင့် ကံထူးရှင်ပရိသတ်များသည် room ထဲမှ ထုတ်ပယ်ခြင်းခံလိုက်ရသည်။


ထုတ်ပယ်ပြီး ငါးမိနစ်ကြာပြီးနောက်မှသာ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အစီအစဉ်တင်ဆက်သူလေး စုယိသည် ပေါ်လာတော့သည်။


သူမ၏ပါးပြင်လေးတင် နီရဲတွတ်နေရုံသာမက နားရွက်လေးတွေပါနီရဲနေကာ သေချာကြည့်လျှင်နှုတ်ခမ်းလေးတွေပါနီရဲနေတာကိုတွေ့နေရသည်။


[ သူမမိတ်ကပ်ကို သွားပြန်ပြင်နေတာလား ]


[ သူမက နှုတ်ခမ်းနီကို အလွန်အကျွံများ ဆိုးထားသလားလို့ ဒါက သူမရဲ့နှုတ်ခမ်းသားကို အရမ်းဖုံးသွားစေတယ် ]


[ ငါပဲဒီလိုထင်နေတာလား စုယိရဲ့နှုတ်ခမ်းတွေက နည်းနည်း ရောင်နေသလားလို့ နှုတ်ခမ်းနီအရမ်းဆိုးထားတဲ့ပုံပေါက်မနေဘူး ]


အကုန်လုံးရဲ့ အကဲဖြတ်ဆွေးနွေးပြောဆိုနေကြတာကို ကြည့်ပြီး စုယိ ချောင်းအသာဆိုးလိုက်မိသည်။


[ …အားလုံးပဲ ဒီအကြောင်းအရာကိုနောက်မှဆက်ပြောရအောင်လေနော် အရင်ဆုံးဂိမ်းစရအောင် ]


ဂိမ်းကို ချက်ချင်းပင်စတင်လိုက်သည်။ ကျလာသည့် ဘုတ်သည်ယခင်အလှည့်နှင့် အတူတူပင်ဖြစ်ပြီး ပို၍ပင်ရှုပ်ထွေးနေသေးသည်။


စုယိသည် အဖွင့်တွင်ပင် ပိတ်မိနေတော့သည်။


သူတို့သည် သူမ ခုံကိုမှီလိုက်ပြီး ခေါင်းကို လှည့်ကာ သနားစရာကောင်းသည့်ပုံစံလေးဖြင့် ပြောနေတာကိုတွေ့လိုက်ကြရသည်။


[ ကျွန်မပိတ်နေပြီ ကျွန်မကို ကူပြီး နည်းလမ်းလေးဘာလေးရှာပေးပါဦး ]


စခရင်ထက်တွင် commentတွေက ပေါ်လာပေါ်နေပြီး commentအတော်များများက သူမစိတ်မကောင်းဖြစ်မှာစိုးရိမ်နေကြပြီး တချို့ကသူမအတွက် ရုန်းထွက်နိုင်မည့်နည်းလမ်းများကိုရေးပေးနေကြသည်။ သို့ပေမယ့် စုယိသည် စခရင်ဘက်သို့ အကြည့်တစ်ချက်လေးပင် မပို့သဖြင့် လူတွေကပိုလို့ပင် စိတ်ပူလာကြသည်။


"အဲဒါဘာလဲ"


ဘေးနားရှိလူ၏ ခပ်နိမ့်နိမ့်အသံတစ်ခုက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ထွက်ပေါ်လာသည်။


ခဏအကြာတွင် ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားတစ်ဦးသည် မြင်ကွင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ သူသည် စုယိ၏နောက်သို့ လျှောက်သွားပြီး တချက်ငုံ့ကာ စုယိရဲ့မျက်နှာနှင့် ဆန့်ကျင်ဘက်ရှိ ဖန်သားပြင်ကို အေးစက်စွာ ကြည့်လိုက်လေသည်။ ထို့နောက် သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး မောက်စ့်ကိုင်ထားသည့် စုယိရဲ့လက်ပေါ်သို့ ထပ်တင်လိုက်ကာ “ဒီမှာ” ဟု ဆိုလိုက်သည်။


သူပြောပြီးသည်နှင့် အတုံးနှစ်တုံးက ပျောက်ကွယ်သွားသည်။


စုယိသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းကို တစ်ဖက်သို့လှည့်ပြီး သူ့ပါးအား အခွင့်အရေးကိုအရယူ၍နမ်းပစ်လိုက်သည်။


တိုက်ရိုက်ထုတ်လွှင့်မှုရှိ ဖန်သားပြင်ပေါ်တွင် ပေါ်လာသော commentပမာဏသည် ချက်ချင်းပင် အမြင့်ဆုံးအမှတ်သို့ ရောက်သွားတော့သည်။


___________________________________________