အပိုင်း ၄၇
Viewers 12k

Chapter 47


 ပြင်းပြင်းဆွဲရင်ချိုးဖြတ်နိုင်တယ်။


 [ ဟေ့ကောင်! မင်း အခုချက်ချင်း ငါ့နတ်ဘုရားမကို လွှတ်လိုက်စမ်း!! ]


 [ သူက ဘယ်သူလဲ အရမ်းချောတာပဲ! ]


 [ သေကုန်တော့မှာပဲ! ငါ့ကုမ္ပဏီက ဘောစ့်ကြီးကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ပလပ်ဖောင်းပေါ်မှာ လာတွေ့နေတယ်ဟ! သူကုမ္ပဏီကို တာဝန်ယူပြီးတာပဲ လအနည်းငယ်ကြာသွားပြီ ငါကတော့ သူ့ရဲ့ သောက်ရမ်းချောတဲ့ မျက်နှာလေးကို တစ်ကြိမ်ပဲ မြင်ဖူးသေးတယ်…]


 [ အဲဗရီဘာဒီအတွက် မျှဝေလိုက်ပေးပါတယ် သူက ချူကော်ပိုရေးရှင်းကို ဆက်ခံပြီးတာမကြာသေးတဲ့ အိမ်ရှေ့စံ မင်းသားလေးပါနော် ]


ချူယင်းသည် အိတ်များကိုချရန် အချိန်အနည်းငယ်ယူလိုက်ရသဖြင့် နောက်ကျသွားပြီး စုယိတစ်ယောက် လုပ်ကွက်တစ်ဝက်ခန့် ပြီးသွားချိန်တွင် အခြားတစ်ဖက်မှကစားသမားသည် ဂိမ်းပြီးဆုံးသွားပြီဖြစ်သည်။


သူမသည် ဂိမ်းpageကို ကျဥ်းလိုက်ပြီး commentများကို ဖတ်ကြည့်လိုက်သည်။ ချူယင်းသည်လည်း စားပွဲပေါ်တွင် လက်တစ်ဖက်ကို ထောက်တင်ထားပြီး ထို commentများကို စိတ်ဝင်တစား လိုက်ဖတ်ကြည့်နေပေသည်။


ဤတိုက်ရိုက်ထုတ်လွှင့်မှုပလပ်ဖောင်းအတွက် လက်ဆောင်ပေးသည့်စနစ်တွင် အထူးလုပ်ဆောင်ချက်တစ်ခုပါရှိပြီး၊ လက်ဆောင်ပမာဏအများဆုံးကို ပေးသောသူသည် တော်၀င်အဆင့်ကြွယ်ဝမှုစာရင်း၏ ထိပ်ဆုံးသို့ရောက်ရှိသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှ ထိုပရိသတ်များသည် ၎င်းတို့၏ commentများကို ဖန်သားပြင်၏ထိပ်ဆုံးတွင် ရှိနေစေနိုင်မည်ဖြစ်သည်။  


ကြီးမားပြီး တောက်ပသည့် effectတွေဖြင့် စက္ကန့်နှစ်ဆယ်ကြာအောင် မိန့်မိန့်ကြီးနေနေနိုင်မည်ဖြစ်သည်။


စုယိ၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် တော်၀င်အဆင့်ကြွယ်၀မှုစာရင်း၏ ထိပ်ဆုံးတွင် ရပ်တည်နေသူမှာ ဂဏန်းခြောက်လုံးလောက်အထိ လက်ဆောင်များရက်ရက်ရောပေးခဲ့သည့် ရှားရော့ အမည်ရှိ မိန်းကလေးတစ်ဦးဖြစ်သည်။


 [ ရှားရော့ : ရှောင်ကောကောရေ၊ ရှောင်ကောကောရဲ့ကုမ္ပဏီကြီးကို ပလစ်လိုက်ပြီး ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ခဲ့လိုက်ပါ ကျွန်မကောကောကို support ဖို့အတွက် ရှိသမျှအကုန်ရောင်းပစ်လိုက်မယ် ]


ထို commentအောက်တွင် လူတော်တော်များများက ရှားရော့ ရဲ့ Commentကိုသဘောတူသည့်အကြောင်း စတင်ပြောဆိုလာကြသည်။


စုယိ၏ မျက်လုံးတို့က မှေးကျဥ်းသွားတော့သည်။ သူမသည် ဤခပ်ဆိုးဆိုးပရိတ်သတ်လေးကို သေချာမှတ်မိနေပြီး သူမရဲ့ Weibo postအောက်တွင် ထိုသို့ ၀င်ရေးခဲ့ဖူးပေသည်- 'ငါ့ရဲ့ idol နဲ့ပတ်သတ်ပြီး မကောင်းပြောတာက အဆင်ပြေပေမယ့် ငါ့ကို ဆဲဆိုကြိမ်းမောင်းတာတော့ လုံး၀မရဘူး အိုခေလား'။


သူမ ပြန်ပြောလိုက်သည်။  


"ဒါက မင်းကို တို့ရဲ့ fan အဖြစ်ကနေ ဖယ်ရှားတာ ဒုတိယအကြိမ်ပဲ"


Lucky Draw နောက်တစ်ကြိမ်စတင်သည့်အချိန်တွင် လူအများ၏မျက်လုံးကို ဆွဲဆောင်နိုင်သော commentတစ်ခု ထွက်ပေါ်လာတော့သည်။


 [ F**k me!  Entertainment Little Two ရဲ့ Weibo ကို တစ်ချက် သွားကြည့်လိုက်ကြ ချူယင်းက မတူညီတဲ့အိတ်စတိုင်လ်ဆယ်မျိုးအထက် ပိုဝယ်ဖို့အတွက် သူကိုယ်တိုင် အမှတ်တံဆိပ်အကြီးကြီးတစ်ခုကို သွားခဲ့တယ် လို့ တစ်ယောက်ယောက်ကပြောထားတယ် ]


စုယိသည် သူမ၏ တင်ပါးကို ဘေးဘက်သို့ အနည်းငယ်ရွှေ့လိုက်ပြီးနောက် ကုလားထိုင်မှလွတ်နေသည့်နေရာကို ပုတ်ပြလိုက်သည်။  


"ဒီမှာလာထိုင် အဲ့လိုပုံကြီးနေနေရတာ ပင်ပန်းတယ်"


မူလက သူ့ကို ကျီစားဖို့လောက်သာ ရည်ရွယ်ပြီးလုပ်လိုက်ပေမယ့် သူက မျက်ခုံးတစ်ချက်ပင့်ကြည့်ပြီးနောက် လှည့်ပတ်လျှောက်လာပြီး သူမဘေးတွင် တကယ်ကြီး ထိုင်ချလိုက်လိမ့်မယ်လို့တော့ မမျှော်လင့်ထားမိချေ။


ဤတိုက်ရိုက်ထုတ်လွှင့်မှုအတွက် စက်ပစ္စည်းကိရိယာများကို ကောင်းမွန်စွာပြင်ဆင်ထားသော်လည်း နောက်ဆုံးမိနစ်လေးတွင်မှ ကပ်၍ ပြင်ဆင်ထားတာဖြစ်တာကြောင့် ထိုင်ခုံသည် အခြားသောတိုက်ရိုက်ထုတ်လွှင့်မှုများကဲ့သို့ ပရော်ဖက်ရှင်နယ်ဆန်ဆန်ခပ်မိုက်မိုက်ကြီးမဟုတ်ပေ။  


ဟိုတယ်ခန်းထဲက ဆိုဖာမီနီထိုင်ခုံသည် စုယိတစ်ယောက်တည်းထိုင်ချိန်တွင် တင်ပျဥ်ခွေထိုင်လျင်တောင် ကျယ်ကျယ်၀န်း၀န်းရှိနေပေမယ့် ချူယင်း ဝင်ထိုင်လိုက်သည့်အချိန်တွင်တော့ အတော်လေးကို ကြပ်သွားတော့သည်။


စုယိသည် ဆိုဖာလက်ရန်းပေါ်သို့ ခြေထောက်ကိုလှည့်တင်လိုက်ပြီးနောက် ထိုလူသားဘက်သို့ မှီချလိုက်သည်။ ချူယင်းသည် သဘာ၀ကျစွာပင် သူ့လက်ဖြင့် သူမ၏ခါးကို တင်းတင်းကြပ်ကြပ်လေး ဖက်ထားလိုက်သည်။


ကံစမ်းမဲများရွေးချယ်မှုမှာ လုပ်ဆောင်နေဆဲဖြစ်တာကြောင့် သူမသည် ဖုန်းကို ယူပြီး commentထဲတွင် mentionထားသည့် Weibo acc သို့ဝင်ရောက်ကြည့်ရှုလိုက်သည်။


[ Entertainment Little Two - နိုင်ငံခြားမှာနေတဲ့ သူငယ်ချင်းတစ်ဦးက နာမည်ကြီးအမှတ်တံဆိပ်တစ်ခုရဲ့ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးကြီးတစ်ခုနဲ့ အလုပ်လုပ်နေခဲ့တာ လွန်ခဲ့တဲ့ရက်အနည်းငယ်က ချူကော်ပိုရေးရှင်းဆီကနေ အမှာစာတစ်ခုလက်ခံရရှိခဲ့တယ်တဲ့ သူတို့ သူဌေးရဲ့ချစ်သူကောင်မလေးအတွက် မွေးနေ့လက်ဆောင် ပြင်ဆင်မလို့ လို့ပြောတယ်တဲ့ ဒါပေမယ့် သူတို့ရွေးလိုက်တဲ့အိတ်အများစုက ရောင်းကုန်နေပြီဖြစ်တဲ့အပြင် စျေးကွက်မှာလည်းမရှိတော့ဘူးတဲ့ အဲ့ဒါကြောင့် သူတို့က [ ချက်ချင်းပြီးအောင် လုပ်ပေးပါတဲ့ !!! ] ချက်ချင်းလုပ်ခိုင်းတာနော် !!! ဒီအမှတ်တံဆိပ်မျိုးက ချက်ချင်းကြီးကောက်လုပ်ရမယ်ဆိုရင် အိတ်တစ်လုံးကို ဘယ်လောက်တောင်ကျမယ်ဆိုတာ မင်းတို့သိရဲ့လား!!! ဒါရိုက်တာချူက ဆယ်ခုထက်ပိုပြီးလုပ်ပေးဖို့ ပြောခဲ့တယ်တဲ့! ပြီးတော့ မတူညီသောစတိုင်တွေနော်! ပြီးတာ့ ဒါရိုက်တာချူက ထပ်ပြီး အသစ်အဆန်းလေးထပ်ထည့်ခဲ့သေးတယ်တဲ့နော် ထပ်ပေါင်းပြောရဦးမယ် ကိုယ် ကိုယ့်သူငယ်ချင်းဆီက ဒီpostကိုတင်ဖို့အတွက် ခွင့်ပြုချက်တောင်းပြီးပါပြီ သူမကိုယ်တိုင်က Weiboပေါ် မှာ ဒီလို ရိုဆန်နေတဲ့ အချစ်သတင်းလေးကို ကမ္ဘာကြီးနဲ့ မျှဝေဖို့ လိုအပ်တယ်လို့ ပြောပြီး ဒီ Weibo post ကို တင်ဖို့ သဘောတူခဲ့တာပါ {/ ဒူးထောက်လျက် ~ } ]


အောက်တွင်ဖော်ပြထားသည့် ပုံအချို့မှာ တစ်ဦးတည်းပိုင် စိတ်ကြိုက်ပြုလုပ်ရန်သဘောတူထားသည့် စာချုပ်ဖြစ်သည်။ 


အိတ်တိုင်းတွင် 'S.Y' လိုဂို ပါရန် တောင်းဆိုချက်တစ်ခုမှလွဲ၍ ကျန်သည့် အကြောင်းအရာအားလုံးကို မှုန်ဝါးထားပေသည်။


စုယိသည် ခေတ္တရပ်တန့်သွားသည်။ သူမသည် အိတ်တွေကို သေချာ မစစ်ဆေးရသေးချေ။


ရှားရော့က ထပ်ပြောပြန်သည်။


 [ ရှားရော့ : ချူကော်ပိုရေးရှင်းအကြောင်းကို ကောင်းကောင်းသိပြီးသွားတော့ တဆက်တည်းဆိုသလို ရှောင်ကောကောကို တောင်းပန်လိုက်ပါတယ်နော် ကျွန်မ ကိုယ် ကျွန်မရောင်းစားရင်တောင် ကောကောကို ထောက်ပံပေးနိုင်မှာမဟုတ်ဘူး ကောကောရဲ့ကုမ္ပဏီမှာပဲ ဆက်အလုပ်လုပ်နေလိုက်တော့နော် ]


သူမလက်ကိုမြှောက်၍ မိုက်ကိုပိတ်လိုက်ပြီးနောက် မော့ကြည့်ကာ မေးလိုက်သည်။


 "ဒီအိတ်တွေအတွက် ရှင်ဘယ်လောက်ကုန်သွားလဲ" 


 "သိပ်မများပါဘူး"  


ချူယင်းသည် သူမ၏ဆံပင်များကို ပွထသွားအောင်ဖွပြီးနောက် ပြန်၍ သပ်သပ်ရပ်ရပ်လေးပြန်လုပ်ပေးလိုက်သည်။  


"စားပြီးပြီလား"


 “မစားရသေးဘူး နေ့လည်က အသီးတွေအများကြီးစားထားလို့ အခုလောလောဆယ်တော့ ဗိုက်မဆာသေးဘူး” 


သူမ တစ်ချက် တွေးကြည့်ပြီးနောက်မေးလိုက်သည်။  


"ရှင်ရော စားပြီးပြီလား ရေခဲသေတ္တာထဲမှာ ခေါက်ဆွဲဗူး ရှိတယ် ကျွန်မ ရှင့်အတွက် ပြုတ်ပေးမယ်"


ချူယင်းက ညင်သာမှုအပြည့်ဖြင့် သဘောတူလိုက်သည်။  


“ကောင်းပြီ”


 “ဒါပေမယ့်…”


စုယိသည် စခရင်ကို တစ်ချက်ကြည့်လိုက်သည်။ နောက်တစ်ကြိမ် Link-Up ပြိုင်ပွဲတွင်ပါဝင်မည့် ပရိသတ်များစာရင်းကို ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။


"ရှင် ကျွန်မကို ကူညီပြီး ချစ်ကြည်ရေးပြိုင်ပွဲကို ကစားပေးရမယ်"


သူမသည် ခေါက်ဆွဲမချက်ပြုတ်ခင်မှာ အခြေခံကျတဲ့လှုပ်ရှားမှုတချို့အား သူ့ကို သင်ပေးလိုက်သည်။ ၀ူရွှယ်က အပြင်ထွက်စားတာမျိုးကို လုံးဝမကြိုက်တဲ့အတွက် စုယိတစ်ယောက် အခန်းရွေးချယ်သည့်အချိန်တိုင်းတွင် သင့်သင့်လျောက်ပတ်တဲ့ မီးဖိုချောင်ပစ္စည်းတချို့ရှိသည့် အခန်းကိုရွေးချယ်စမြဲပင်ဖြစ်သည်။


သူမသည် ခဏလေးဖြင့် ခေါက်ဆွဲနှစ်ပန်းကန်ကို ပြုတ်လိုက်သည်။ သူမ အပြင်သို့ထွက်လာရင်း နာရီကိုတစ်ချက်ကြည့်လိုက်သည် - နောက်ထပ် ဆယ်မိနစ်လောက်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်လို့ရပြီ။


သူမ လက်ပ်တော့ရှိရာသို့ ပြန်ရောက်သွားသည့်အချိန်တွင် Link-Up ပြိုင်ပွဲ သည် တစ်ချီပြီးသွားပြီဖြစ်သည်။ ဒါ့အပြင်အမျိုးသမီး ဇာတ်ကောင်၏နဘေးတွင် ဟွန်းအသေးလေးကပိတ်နေသည်။


စုယိသည် ခေါက်ဆွဲပန်းကန်တွေကို laptopရှေ့ရှိ နေရာလွပ်ပေါ်တွင် ချလိုက်ပြီး မိုက်ကိုဖွင့်လိုက်သည်။  


"ဒါကိုဖွင့်ဖို့မေ့သွားတယ် ခဏနေရင် စားဖို့၀ါးဖို့အတွက် livestream ကနေထွက်တော့မယ်နော်"


ချူယင်းသည် သူမရဲ့နောက်ကျောကို တစ်ချက်ကြည့်လိုက်သည်။ 


ခေါက်ဆွဲပူပူ ပန်းကန်လုံးနှစ်လုံးထဲတွင် ဝက်အူချောင်းနှစ်ချောင်းကို ပါးပါးလှီး၍သပ်သပ်ရပ်ရပ် စီထားပြီး ခေါက်ဆွဲဆီမှ မွှေးပျံသည့်ရနံ့လေးကလည်းသင်းထွက်နေသည်။


 [ မိနစ်ဒါဇင်ထက်မနည်း အတော်ကြာအောင် ရုပ်မြင်အသံမကြား Link-Up ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း ရူးသွပ်သွားတော့မလို့ စုယိရေ မထွက်သွားခင် မိုက်ကို ဘာလို့မဖွင့်ခဲ့တာတုန်း!! ]


 [ အော်... ငါ့ဘ၀နှယ် ခွေးစာတွေ အပြည့်ပဲ ]


[ ငါတော့ သေပြီ! စုယိ ရဲ့ livestream အကောင့်ကို follow လုပ်ပြီးသွားတဲ့အချိန်ကျမှ သူ့နာမည်ဘေးမှာ စာချုပ်စာတမ်းချုပ်ဆိုထားတာမျိုးမရှိဘူးဆိုတာ သိလိုက်ရတယ် ဒီနေ့အတွက်ပဲ သီးသန့် live လွှင့်ပေးတာလား ]


 [ ဒီနေ့က စုယိရဲ့ မွေးနေ့လေ အဲ့ဒါကြောင့် သူမက တိုက်ရိုက်ထုတ်လွှင့်ပေးတာ သူမက သရုပ်ဆောင်တစ်ယောက်လေ တိုက်ရိုက်ထုတ်လွှင့်တာမျိုးလုပ်ဖို့ ဘယ်လိုလုပ် အချိန်ရှိမလဲ ]


 [ ဟုတ်တယ် ] စုရီက ကျေနပ်မှူအပြည့်ဖြင့် ပြန်ဖြေသည်။ 


 [ တို့မှာ အခုတောင် ဇာတ်ကားရိုက်ရတာတွေနဲ့ အလုပ်များလွန်းနေတာ ဒီလိုမျိုး Livestream တွေကို လုပ်ဖို့တော့ တွေးတောင် မတွေးရဲဘူး ]


ချက်ခြင်းဆိုသလို comment တစ်ခု ပေါ်လာသည်- [ သရုပ်ဆောင်တစ်ဦးက တိုက်ရိုက်ထုတ်လွှင့်တာမျိုးလုပ်တာကို သူက သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအပေါ်ကို မထီမဲ့မြင်ပြုတာလို့ မင်းထင်လား ]


[ တကယ်တော့ မဟုတ်ပါဘူး ]


စုယိက ဆက်ပြောသည်။ 


 [ တကယ်တော့ တို့တွေရဲ့ဇာတ်ကွပ်ကိုရိုက်ဖို့အတွက် အလှည့် စောင့်နေရတဲ့ အချိန်မျိုးတွေ အများကြီးရှိတတ်ပါတယ် အဲဒါကို ဘယ်လိုအသုံးချချင်လဲဆိုတာကတော့ လူတိုင်းအပေါ်မှာ မူတည်တယ်လေ တို့ ဒီမှာပဲရပ်လိုက်တော့မယ် အော့ဖ်လိုင်းလုပ်တော့မယ်နော် ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာ ရရှိခဲ့တဲ့ လက်ဆောင်တွေအားလုံးကို တောင်တန်းဒေသမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေအတွက် အပြည့်အဝ လှူဒါန်းပေးသွားမှာပါ မင်းတို့ရဲ့ စေတနာသဒ္ဒါတရားထက်သန်မှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်နော် ]


ထိုကိစ္စကို သူမသည် နောက်ဆုံးမိနစ်လေးတွင်မှ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူမ livestreamစလုပ်တုန်းက ဤလောက်အထိ လက်ဆောင်တွေအများကြီးရလိမ့်မယ်လို့ တကယ်ကြီး မမျှော်လင့်ထားချေ။


ဘေးနားရှိလူက ရုတ်တရက်ကြီး " ဆုတောင်းစကားပြောပေးကြပါဦး " ဟု တည်ငြိမ်စွာ ပြောလိုက်သည်။


ပရိသတ်တွေနှင့် စကားပြောနေသဖြင့် စုယိသည် ချက်ချင်း နားမလည်လိုက်ချေ။ တစ်ချိန်တည်းမှာပင် မွေးနေ့ဆုတောင်းများက ဖန်သားပြင်ပေါ်တွင် ဗုံးကျဲလိုက်သလို ပွင့်အုံထွက်လာပြီး လက်ဆောင်အရေအတွက်သည်လည်း နောက်ဆုံးအဆင့်အထွတ်အထိပ်အကန့်အသတ်သို့ ရောက်ရှိသွားတော့သည်။


အကြိမ်အနည်းငယ်လောက် ကျေးဇူးတင်စကားများကို ထပ်ပြောပြီးနောက် အပြုံးလးဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ချောမွေ့သန့်ရှင်းစွာ ပိတ်လိုက်တော့သည်။


Xxxxxxx