အပိုင်း ၄၈
Viewers 13k

Chapter 48


 "ရှင် လာမယ်လို့ စောစောတည်းက ဘာလို့ မပြောတာလဲ"  


မှန်ဗီဒိုအသေးတစ်ခုကို စားပွဲအဖြစ်အသုံးပြုထားပြီး စုယိသည်ခေါက်ဆွဲကို တဖူးဖူး မှုတ်ရင်း မေးလိုက်သည်။ 


 "စောစောသာ ကြိုသိခဲ့မယ်ဆိုရင် ဒီလောက်အကြာကြီး တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် သဘောတူလိုက်မှာ မဟုတ်ဘူး"


ချူယင်း၏ နှုတ်ခမ်းးထက်တွင်နူးညံ့ချိုသာသည့် အပြုံးလေးတစ်ခုကပွင့်ဖူးလာသည်။ 


" ဒီလိုလုပ်လိုက်ရင် မင်းတကယ်ကို အံ့သြသွားလိမ့်မယ် လို့ သူတို့ကပြောကြလို့"


 "ဒါက တကယ်လည်း အံ့သြစရာကြီးပဲ... မနက်ဖြန် ရှင်ပြန်မှာလား"


 "ဟုတ်တယ် နေ့လည်ခင်းလေယာဉ်နဲ့လေ"


စုယိ၏ မျက်နှာလေးသည် ချက်ခြင်းပင် ညိုးကျသွားပြီး သူမရဲ့ ခေါက်ဆွဲကို၀ါးနေတာပင် နှေးကွေးသွားတော့သည်။


သူမရဲ့ ပရိသတ်တွေဖြင့် အတူတူပျော်ရွှင်ရတာက အရေးကြီးပေမယ့် သူမအနေဖြင့် ချူယင်းနှင့် အချိန်ပိုကုန်ဆုံးရတာကို ပိုပြီး နှစ်သက်ပေသည်။


 “အရမ်းအရသာရှိတယ်”


 စုယိသည် သူမရဲ့ခေါင်းကို မော့၍ကြည့်လိုက်သည်။ 


 "ဟမ်~"


 "ခေါက်ဆွဲ"  


ချုယင်းသည် ထပ်ပြောလိုက်သည်။


 “အရမ်းအရသာရှိတယ်”


သူမသည် ဂုဏ်ယူမှုအပြည့်ဖြင့် အမြှီးလေးမြှောက်၍ပြောလိုက်သည်။


“ဒါပဲလေ မီးဖိုချောင်၀င်တဲ့အချိန်ဆို ကျွန်မရဲ့ အရည်အချင်းက အပြစ်ဆိုစရာတစ်ခုမှမရှိဘူး ကျွန်မ ပေကျင်းကို ပြန်ရောက်ရင် ရှင့်အတွက် မန်ချူး ဟန် ဧကရာဇ်ရဲ့ ထမင်းစားပွဲကြီးပုံစံ ချက်ကျွေးမယ် "


 “ကောင်းပြီ”


ခေါက်ဆွဲ စားပြီးသွားတော့ စုယိသည် ထရပ်လိုက်ပြီး ပန်းကန်နှင့်တူတွေကိုယူပြီး ဆေးကြောဖို့လုပ်လိုက်သည်။ 


သူမက စိတ်အလိုမကျနေသည့်ပုံစံဖြင့်မေးလိုက်သည်။


“ဘယ်ဟိုတယ်မှာ ဘွတ်ကင်လုပ်ထားတာလဲ ဝေးလား” 


 "ကိုယ် ဘယ်ဟိုတယ်ကိုမှ ဘွတ်ကင်မလုပ်ထားပါဘူး"


ချူယင်းသည် လျင်မြန်စွာထရပ်ပြီး ပန်းကန်နှင့်တူတွေကို သူမရဲ့လက်ထဲမှ ဆွဲယူလိုက်သည်။


 "ကိုယ်ဆေးလိုက်မယ်"


 …


ရေသံကြားမှသာ စုယိရဲ့ ၀ိညာဥ်လေးသည် သူမကိုယ်ထဲသို့ ပြန်၀င်လာတော့သည်။


 'ဟော်တယ် ဘွတ်ကင် မလုပ်ထားဘူးတဲ့လား


 …


 ငါ့ မွေးနေ့က တကယ်ကြီး ဒီလို အကျိုးကျေးဇူးတွေ ရနိုင်တယ်ပေါ့လေ...'


သူမသည် ချက်ချင်းလှည့်၍ အိပ်ရာပေါ်သို့ ပြေးတက်ကာ ခရီးဆောင်အိတ်ကိုဖွင့်ပြီး ဟိုအထူး၀တ်စုံလေးကို စတင်ရှာဖွေတော့သည်။


' Disney ကို ခရီးထွက်မယ်ဆိုတုန်းက ဝယ်ခဲ့တဲ့ ညအိတ်ဝတ်စုံတွေက ဘယ်မှာပါလိမ့် '


ချူယင်းသည် ပန်းကန်တွေဆေးကြောနေတုန်းပင်။ စုယိရဲ့ လေဆာပါသည့်အကြည့်တွေက သူ့ကို အရာရာဖြတ်ကျော်မြင်နေရသကဲ့သို့ ဖြစ်နေပြီး ဖော်ပြခြင်းငှာမစွမ်းသာတဲ့ ကာလာစုံအတွေးတွေကြောင့် သူမရဲ့ပါးပြင်တွေမှာ နီရဲတွတ်သွားတော့သည်။


သူမရဲ့အကြည့်စူးစူးတွေကို ခံစားမိသွားသည့် ထိုလူသားက သူမဘက်သို့ လှည့်ကြည့်ပြီး ပြုံးပြလာသည်။ 


 "ဘာကြည့်နေတာလဲ"


 "ဘာမှမဟုတ်ပါဘူး" 


 စုယိသည် ခပ်မြန်မြန်ပြောလိုက်သည်။ 


"တိုက်ရိုက်ထုတ်လွှင့်ပြီးသွားတော့ နည်းနည်း ပင်ပန်းချင်သလိုဖြစ်နေလို့ ရေချိုးလိုက်ဦးမယ်နော်"


 “အိုခေ”


စုယိသည် သူမကိုယ်သူမ သေသေချာချာ သန့်စင်ဆေးကြောနေပြီး အချိန်အတော် အတော်ကိုကြာအောင် ရေချိုးနေလိုက်သည်။ ရေချိုးပြီးသွားချိန်တွင် အပြင်ဘက်မှ ရေသံများသည်လည်း ပျောက်သွားပြီဖြစ်သည်။


သူမသည် အပြင်ဘက်မှ ဖုန်းမြည်သံကိုကြားလိုက်ရချိန်တွင် မှန်ရှေ့တွင်ရပ်ပြီး မည်သည့် body lotion ကိုအသုံးပြုရမည်လည်းဆိုတာကို တွေးတောနေချိန်ဖြစ်သည်။


မိနစ်ဝက်အကြာတွင် ရေချိုးခန်းတံခါးကို ခေါက်သံနှင့်အတူ ချူယင်း၏ အသံကိုပါတပြိုင်နက်တည်းကြားလိုက်ရသည်။


"၀ူရွှယ်ခေါ်တာ"


စုယိသည် spaghetti သိုင်းကြိုး ညအိပ်ဝတ်စုံကို အမြန်ဝတ်လိုက်ပြီး သေချာစဉ်းစားပြီးနောက် အသားနူးညံ့သည့် ရေချိုးဝတ်စုံကို ယူကာ သပ်သပ်ရပ်ရပ်လေး ၀တ်လိုက်သည်။ အပြင်မထွက်ခင်မှာ body lotion နှစ်ပုလင်းကို တပါတည်းယူသွားလိုက်သည်။


ဆံပင်တွေခြောက်အောင်သုတ်နေရသဖြင့် တံခါးကိုဖွင့်လိုက်ချိန်တွင် ထိုအမျိုးသားလေးရဲ့မျက်လုံးတွေကို မမြင်လိုက်ရချေ။  


သူမ ဖုန်းကို ချက်ချင်းကိုင်လိုက်သည်။ 


 "ဟေး"


 "ဒီည နင်ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တာပဲ နင့်ရဲ့ Weibo ပရိသတ် အရေအတွက်က နည်းနည်း တိုးလာတယ်ဟ" 


၀ူရွှယ်က ဆက်ပြောသည်။


"ဒါရိုက်တာချူရော ပြန်သွားပြီလား အခုလောလောဆယ် ချူရှီးက ငါ့အိပ်ယာကို မောင်ပိုင်စီးနေတယ်ဟ"


၀ူရွှယ်က “နည်းနည်း” လို့ပြောလျှင် ထိုသည်မှာ “အများကြီး” လို့ အဓိပ္ပါယ်ရပေသည်။ သို့သော် ယခုအချိန်တွင် စုယိသည် Weibo မှ အဆိုပါစာရင်းဇယားများကို ဂရုစိုက်ဖို့ရာအတွက်အချိန်မရှိသေးချေ။


ချူယင်းသည် ဗီရိုထဲမှ ရေချိုး၀တ်ရုံတစ်ထည်ကို ထုတ်ယူလိုက်ပြီးနောက် ရေချိုးခန်းထဲသို့ မဝင်မီ 'ကိုယ်ရေချိုးလိုက်ဦးမယ်' ဆိုသည့် စကားတစ်ခွန်းကို လှမ်းပြောလိုက်သည်။ 


 "... ငါ နားကြားမှားတာ မဟုတ်ဘူးမလား"  


၀ူရွှယ် က မဝံ့မရဲလေသံလေးဖြင့်ပြောလိုက်သည်။  


"ဒါရိုက်တာချူက ရေချိုးတော့မယ်လို့ ပြောလိုက်တယ် ဟုတ်တယ်မလား"


 "ရွှယ်ရွှယ်လေး ငါတော့ ငါ့ကိုယ်ငါ ကယ်တင်ဖို့ လိုနေပြီလို့ထင်တယ်"


 "ပြောလိုက်စမ်းပါ" 


၀ူရွှယ်က ရိုးရိုးသားသားပြောလိုက်သည်။ 


 "နင် လုပ်ဖို့ဆန္ဒမရှိသရွေ့ ငါ နင့်ကိုကယ်တင်ဖို့အတွက် အခုချက်ချင်းလာခဲ့မယ်"


စုယိသည် ကျစ် တစ်ချက် စုပ်သက်လိုက်ပြီးနောက် body lotion ရဲ့ တံဆိပ်နှစ်ခုကို ရွတ်ပြလိုက်သည်။  


“ဘယ်ဟာက အဆိပ်မရှိတဲ့အပြင် စားလို့လည်း ရလဲဟင် ငါမလိမ်းထားရင် ငါ့အသားအရည်လေးက မမွှေးဘဲ ကြမ်းနေမှာ ကြောက်တယ်ဟ"


[ T/N - ငါသည်းမခံနိုင်တော့ဘူး ]


၀ူရွှယ်သည် အချိန်အကြာကြီး စကားမပြောနိုင်ဖြစ်နေခဲ့ပြီး ခဏကြာမှ အနည်းငယ်ရှုပ်ထွေးနေသည့်လေသံဖြင့်ပြောလာသည်။ 


"...မလိမ်းနဲ့ ဘယ်သူကများ ပါးစပ်အပြည့် body lotion တွေစားချင်ပါ့မလဲ"


ဖုန်းချလိုက်ပြီးနောက် ရေချိုးခန်းထဲက ရေသံတွေကို နားထောင်ရင်း သူမ နှလုံးသားလေးမှာ အခုန်မြန်လာတော့သည်။  


အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြတင်းပေါက်ဆီသို့သွားကာ လိုက်ကာများကို တင်းတင်းကျပ်ကျပ်ဆွဲပိတ်လိုက်သည်။ 


နေရာလပ်တစ်ခုပင်မကျန်တာ သေချာစေရန်အတွက် ကုလားထိုင်များကိုပင် အသုံးပြု၍ တားဆီးပိတ်ပစ်လိုက်သည်။ 


ထို့နောက် ရေချိုး ၀တ်စုံကို ချွတ်ကာ ရေချိုးခန်းနားဆီသို့ လျှောက်သွားလိုက်သည်။


သူမကိုယ်သူမ သတိ ပြန်၀င်လာသည့်အခါ သူမသည် တံခါးနားတွင် ရောက်နေပြီဖြစ်သည် - ငါက သူခိုးလည်းမဟုတ်ဘဲ ဘာလို့ ဒီလောက်တောင် သတိထားနေရတာလဲ...။


သေချာတွေးတောပြီးတဲ့နောက် သူမသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဦးတည်တဲ့လမ်းကြောင်းကိုပြောင်းလိုက်ပြီး ဗီရိုအောက်ရှိ ရေခဲသေတ္တာအသေးစားရှိရာသို့သွား၍ ဘီယာပုလင်းကိုဖွင့်ကာ အလုပ်ကြီးနှစ်လုပ် မော့သောက်ပစ်လိုက်သည်။


သူမနောက်တစ်လုပ်ထပ်သောက်တော့မည့်အချိန်တွင် ရုပ်တရက်ဆိုသလို သူမကျောဘက်မှ ရယ်သံခပ်တိုးတိုးလေးထွက်လာသည်။ 


 "မင်း ဘာလုပ်နေတာလဲ"


 “…”


စုယိသည် မှင်တက်စွာ ပြန်ကြည့်ပြီးနောက် “သောက်နေတာ” ဟု ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။


သူမ စကားဆုံးသွားသည်နှင့် သူမလက်ထဲမှာ ဘီယာဗူးမှာ အလုယူခံလိုက်ရသည်။ ထို့နောက် သူက သူမကို ဆွဲ၍ပွေ့ဖတ်လိုက်သည် ။


တစ်ဆက်တည်းသလို စုယိ ဝတ်ထားသည့်ပုံစံကို သူမြင်လိုက်ရသည်။


ကြိုးအမျှင်လေးသာပါသည့် အနက်ရောင် spaghetti အမိုက်စား ည၀တ်အင်္ကျီသည် သူမ၏ ပိုင်ဆိုင်မှုလေးများကို ဖုံးကွယ်ရုံမျှသာ လုံလောက်ပေသည်။ ကြိုးနှစ်ချောင်းသည် ဆွဲလိုက်သည်နှင့် ပြတ်သွားလောက်အောင် ပါးလွှာလွန်းလှပြီး အဖြူရောင် ပုခုံးသားလေးပေါ်တွင် ချထားထားလိုက်ချိန်တွင် သူမ၏ ညှပ်ရိုးလေးများကို ပိုထင်ရှားသွားစေသည်။


အရေးကြီးဆုံး အပိုင်းကတော့ အင်္ကျီအောက် ၊ အတွင်းပိုင်း ဟာ... တကယ့်ကို ဗလာဖြစ်နေပုံပင်။


ချူယင်း၏ အာဒမ်ပန်းသီးဟာ အထက်အောက်လှုပ်ရှားသွားသည်။  


"မင်းအဝတ်အစားတွေက ဘယ်မှာလဲ"


စုယိ၏ နှလုံးသားလေးသည် သူမ ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါးဖြစ်နေချေပြီ။


အမျိုးသားက အနည်းငယ် ရေစိုနေသေးပြီး အနံ့လေးကလည်း သန့်သန့်ရှင်းရှင်းဖြင့် လန်းဆန်းလွန်းလှသည်။ အကယ်၍ သူမသာ ယခုအချိန်တွင် ကျောခိုင်းလိုက်ပါလျှင် သူမသည် ရက်ပေါင်း သုံးရာခြောက်ဆယ့်ငါးရက်ကြာအောင် နောင်တရနေ ပေလိမ့်မည်၊ နေ့တိုင်း သူမရဲ့ နောင်တကို ဖော်ပြဖို့အတွက် စကားလုံးထောင်ချီကိုလည်း သုံးရပေဦးမည်။


သူမသည် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူမဝတ်ထားသည့် ၀တ်စုံကို အသာလှုပ်ယမ်းပြလိုက်သည်။  


“ကျွန်မ အင်္ကျီက ဒီမှာလေ”


ချူယင်း၏ မျက်လုံးများက ချက်ချင်းပင်နက်မှောင်သွားတော့သည်။


သူကဘယ်တုန်းကမှ လူကြီးလူကောင်းတစ်ယောက်မဟုတ်ခဲ့ချေ။ အရင်တုန်းက မစ်ရှင်အတွင်းမှာ တစ်ချက်မှားလိုက်သည်နှင့် ဘ၀ဆုံးသွားနိုင်တာကြောင့် သံယောဇဥ်ဆိုတာမျိုးကိုမထားခဲ့ဘဲ ရက်စက်ခက်ထန်မှုကိုသာ သယ်ဆောင်ထားခဲ့သည်။ သူသည် ထိုနည်းလမ်းကို စီးပွားရေးလောကအထိပင်ယူဆောင်လာခဲ့သည် - သူတာဝန်ယူခဲ့သည့် လအနည်းငယ်အတွင်း သူနှင့်အတူ အပြောင်းအလဲလှိုင်းလုံးကြီးတစ်ခုကို ယူဆောင်လာခဲ့ပြီး ကုမ္ပဏီအတွင်းက သွေးစုပ်ဖုတ်ကောင် အအိုအဟောင်း အများအပြားကို လျင်မြန်စွာပင် ကန်ထုတ်ပစ်နိုင်ခဲ့သည်။


ယခုအချိန်တွင်တော့၊ သူသည် အချစ်မြစ်ထဲသို့ တဖြည်းဖြည်း နစ်မွန်းကျဆင်းမိနေချေပြီ။


စုယိကို လေထဲသို့ ပင့်မြှောက်လိုက်သည့်အခါ သူမသည် ထိတ်လန့်သွားမိသည်။ ချက်ချင်းဆိုသလို သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ခြေထောက်နှစ်ဖက်ကို သူ့ခါးထက်တွင် ချိတ်တွယ်ထားလိုက်သည်။


ဤအနေအထားက စုယိကို ကြောက်လန့်သွားစေပြီး စကားတွေပင်ထစ်ကုန်တော့သည်။ 


“… ဒီ- ဒီလို ပုံစံကြီးနဲ့ စလိုက်တာက သိပ် … သိပ်


မကောင်းဆုံးဘူးလားလို့…” 


'အစ်ကိုရေ အမှန်တကယ်ဆိုတစ်ဆင့်ချင်း levelတွေကိုဖြေရှင်းသွားရမှာလေမဟုတ်ဘူးလား ဘယ့်နှယ်ကြောင့် တစ်ခါတည်း အဆင့်တွေ ခုန်ပျံကျော်လွှားကုန်ရတာလဲ'


သူမပြောပြီးသည်နှင့် ထိုအမျိုးသားက အားစိုက်ထုတ်ရတာမျိုးမရှိဘဲ သူမအား ကုတင်ပေါ်သို့ သက်သောင့်သက်သာဖြင့် သယ်ဆောင်သွားတော့သည်။


ထိုသူသည် သူမကို ခေါင်းငုံ့ကာ နမ်းနေရင်းဖြင့် ကုတင်ပေါ်သို့တင်လိုက်သည်။ သူ့အနမ်းတွေက လွှမ်းမိုးနိုင်မှုအပြည့်ရှိနေချိန်တွင် စုယိသည် တစ်ခါနမ်းပြီးတိုင်း အနောက်သို့ဆုတ်သွားတော့သည်။ သူမပါးပြင်တွေ နီရဲတွတ်လာဖို့အတွက် အချိန်သိပ်မကြာလိုက်ချေ။


ခဏအကြာတွင် သူမ၏ နှုတ်ခမ်းများက ဗလာ လေထုဖြင့် ထိတွေ့လိုက်ရသည်။


စုယိသည် မျက်လုံးများကို ရီဝေစွာဖြင့်ဖွင့်ကြည့်လိုက်ချိန်တွင် အမှောင်ထဲတွင် သူမရဲ့မျက်၀န်းလေးက အလင်းရောင်တချို့ အရောင်ပြန်ဟတ်နေသည်။ သူမ၏ နှုတ်ခမ်းလေးက နီရဲနေပြီး သူ့ကို စိတ်ရှုပ်ထွေးနေဟန်ဖြင့် ကြည့်နေသည်။


ချူယင်းသည် ရုတ်တရက်ဆိုသလို သူမလက်ကို ဆွဲယူ၍ ခါးတွင် ချည်နှောင်ထားသည့် ကြိုးပေါ်တွင် တင်ပေးလိုက်သည်။


သူက အနည်းငယ်ကြမ်းရှနေသည့် လေသံဖြင့်ကျီစယ်လာသည်။


"လက်ဆောင်ကို လူကိုယ်တိုင် ဖြည်မှရမယ်"


စုယိ၏ မျက်နှာတစ်ခုလုံးမှာ ချက်ချင်းပင် ပို၍သွေးရောင်လွှမ်းသွားတော့သည်။ သူမသည် လက်တွင်ခွန်အားအနည်းငယ်သုံးလိုက်ရုံဖြင့် တင်းတင်းကြပ်ကြပ် စည်းနှောင်ထားခြင်းမရှိသည့် ၀တ်ရုံမှာ ပြေကျသွားတော့သည်။


ထိုအရာကို ပထမဆုံးအကြိမ်မြင်ဖူးတာမျိုးမဟုတ်ပေမယ့် နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရချိန်တွင်လည်း သူမ ခေါင်းထဲသို့ ဘန်းခနဲမြည်အောင် တည့်တည့်တိုးဝင်သွားပြန်သည်။


တစ်စုံတစ်ခုကို ပြောချင်လာသဖြင့် နှုတ်ခမ်းနှစ်လွှာကို အနည်းငယ် ဟလိုက်ပါသော်လည်း ပြင်းပြင်းထန်ထန်နမ်းရှုံ့ခြင်းကိုသာခံလိုက်သည် ။


ခဏအကြာတွင် အနမ်းသည် နှုတ်ခမ်းမှ ခွဲခွာသွားပြီး အောက်သို့ တဖြည်းဖြည်း ကျဆင်းသွားတော့သည်။ အနမ်းတွေ ကျဆင်းလာသည့် နေရာတိုင်းက မီးပွားတွေ တောက်လောင်နေသလိုမျိုး ပူလောင်မှုကိုခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူမသည် ဘယ်နေရာက အပေါ်၊အောက်ဆိုတာပင် ခွဲခြားနိုင်စွမ်းမရှိတော့ချေ။ 


ကုတင်ကြီးပေါ်တွင် အဖြူရောင်နှင့် ကြေးဝါရောင်တို့က ရောထွေးနေကြသည်။ အောက်မှသူသည် ရေကဲ့သို့ နူးညံ့ညင်သာကာ အထက်မှသူသည် မာကြော၍ မီးကဲ့သို့ ပွက်ပွက်ဆူနေပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ထို နှစ်ယောက်ကြားတွင် ဗဟိုပြုလည်ပတ်သလိုဖြစ်နေသည်။


သိပ်မကြာခင်မှာပင်၊ အမျိုးသမီး၏ တိုးဖျညင်သာသည့် အသံသည် တစ်စ တစ်စ ထွက်ပေါ်လာပြီး ရံဖန်ရံခါတွင် အမျိုးသား၏ အနည်းငယ် ကွဲအက်နေသော အသံသည်လည်း ခပ်တိုးတိုးထွက်ပေါ်လာတတ်သည်။


ထိုအရာက ကြိုးတစ်ချောင်းကိုပြင်းပြင်းထန်ဆွဲဆန့်လိုက်ပါလျှင် ပြတ်သွားနိုင်ကြောင်းကို သက်သေပြနေခဲ့သည်။


[ T/N-သည်းခံနိုင်စွမ်းမရှိ၊ပူလောင်ထကြွတာကိုဆိုလို ]


 ___________________________________________