Ch 2
Viewers 10k

(2)

 

စုန့်ဝေ့မှ သမီးအရင်းထက် မယားပါသမီးကို ပိုမိုချစ်ခင်ပြတဲ့ ကိစ္စမျိုး အများကြီးရှိခဲ့သည်။ ထို့ကြောင့် နှစ်အတော်ကြာပြီးနောက်တွင် အပြင်ဘက်မှလူများက စုန့်ဝေ့၏အကြောင်းကို ပြောပါက လက်မထောင်ပြီး ပထွေးကောင်းတစ်ယောက်လို့ ချီးမွမ်းလာကြလိမ့်မည်။

 

နောက်အိမ်ထောင်ပြုပြီးနောက် ဇနီးနဲ့ မယားပါသမီးကို ထိုနည်းအတိုင်း ကောင်းမွန်စွာ ဆက်ဆံခဲ့သည်မှာအချိန်အားဖြင့် ဆယ်နှစ်ကျော်သွားခဲ့ချေပြီ။

 

အပြင်လူများအတွက်တောင် ထိုသို့ တွေးမိစေပါက သူ့၏ဇနီးသည်လီရှို့လီအတွက် ပိုလို့တောင် စိတ်လှုပ်ရှားစေမှာ သေချောက်ပေါက်ဖြစ်ကြောင်း တွေးတောကြည့်နိုင်သည်။ ထို့ကြောင့် သူမသည်လည်း စုန့်စစ်ယွီအား သူမ၏  သမီးအရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့တော့သည်။

 

စုန့်ဝေ့၏ ကောင်းမွန်လွန်းသည့်စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေရန်အတွက် သူမသည်လည်း စုန့်စစ်ယွီအား သူမ၏သမီးလင်းရန်ထက်ပို၍ကောင်းမွန်စွာဆက်ဆံပေးခဲ့သည်။ 

 

သူမ၏စကားအရ : မင်းရဲ့ဦးလေးစုန့်က မင်းအပေါ် တကယ့်ကိုကြင်နာပေးလွန်းတယ်၊တကယ်လို့ ငါသာ မင်းအစ်မကို ကောင်းကောင်းမဆက်ဆံဘူးဆိုရင် မင်းရဲ့အစ်မက အရမ်းသနားစရာကောင်းနေလိမ့်မယ်။

 

စုန့်စစ်ယွီမှာ တစ်ကမ္ဘာလုံးကို ဆုံးရှုံးသွားခဲ့ရသလိုဖြစ်နေခဲ့ပြီး သူမသည်သာ သူမဘဝ၏ တစ်ခုတည်းသော ကယ်တင်နိုင်သူဖြစ်လာသည်။

 

ဤသည်ကိုဖတ်ပြီးနောက်တွင် လင်းရန်၏မျက်နှာ၌ မေးခွန်းအမှတ်အသားတစ်ခုပေါ်လာရသည်။

 

သူမသည် သူမ၏ပတ်ဝန်းကျင်ရှိ လူများနှင့်  လင်းရန် ၏ မိခင်အရင်း လီရှို့လီအား ဖင်းရှား ဟူသော စကားလုံးကို ကြားဖူးလားဟု မေးချင်နေမိခဲ့သည်။

 

(T/n_ ဖင်းရှား :တစ်ယောက်ယောက်ကိုအလွန်အကျွံ ချီးမွမ်းပြီး ကျရှုံးအောင်လုပ်တာ)

 

စုန့်ဝေ့၏ အလိုလိုက်ခြင်းနှင့် စည်းလွတ်ကမ်းလွတ်နေစေခြင်းတို့မှာ လင်းရန်အား   ချီးမွမ်းပြီး သတ်ဖြတာခြင်းသာ ဖြစ်ချေသည်။

 

သူမ၏ အကျိုးအတွက်သာ အမှန်တကယ်လုပ်ခဲ့မည်ဆိုပါက လင်းရန်မှာ ဒေါသကြီးခြင်း၊ စိတ်ကြီးဝင်ခြင်း၊ ပျင်းရိခြင်း၊ မသိတတ်ခြင်း စသည့် အကျင့်ဆိုးအမျိုးမျိုးဖြင့် ပြုစုပျိုးထောင်ဖို့အတွက် မည်သို့ ဖြစ်နိုင်မည်နည်း။

 

အထင်ရှားဆုံးအချက်မှာ သူတို့ မိသားစုအဖြစ်ရှိနေသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သော်လည်း စုန့်ဝေ့သည် လင်းရန် ကို အဖေ ဟု နာမည်ပြောင်းခေါ်ရန် မတောင်းဆိုခဲ့ပေ။ သူက ဤသို့သာ ပြောခဲ့ချေသည်။

 

ငါတို့အားလုံးက မိသားစုတွေပဲဖြစ်လို့ ဒီလိုခေါင်းစဉ်တွေကို ဂရုမစိုက်ဘူး

 

ကောင်းပြီ။ ဒါက တကယ်ကို သဘောထားကြီးလွန်းတာပဲ။

 

လင်းရန်သည်ကတော့ ဤသည်ကိုဖတ်ပြီးနောက်တွင် မျက်လုံးကိုသာလှန်လိုက်မိသည်။

 

ဇာတ်လမ်း၏နောက်ဆက်တွဲဖြစ်လာခဲ့သည်များက သူမ၏ မှန်းဆချက်များမှန်ကန်ကြောင်းကို အတည်ပြုပေးခဲ့သည်။

 

စုန့်ဝေ့မှ သူ့၏မယားပါသမီး လင်းရန်အပေါ်  အလွန်ကောင်းမွန်ရခြင်းအတွက် အကြောင်းရင်းမှာ သူ့၏မယားပါသမီးအား အရှုံးသမားဖြစ်အောင် ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ချက်တစ်ခုကြောင့်သာ ဖြစ်ပြီး နောင်အနာဂတ်တွင် မိသားစု ပိုင်ဆိုင်မှုအတွက် စုန့်စစ်ယွီနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိစေရန်သာ ဖြစ်ပေသည်။

 

ကလေးတစ်ယောက်ပါလာသည့်လီရှို့လီအား လက်ထပ်ခဲ့ရသည့် အကြောင်းအရင်းမှာ : ပထမအချက်က သူ့သမီးအား အခက်အခဲဟူသည်ကို စောစီးစွာ ခံစားစေလို၍ဖြစ်ပြီး ဒုတိယအချက်မှာ သူအပြည့်အဝထိန်းချုပ်နိုင်ပြီး သူ့၏ သမီးအပေါ် သစ္စာစောင့်သိနိုင်သော ဇနီးကို လိုအပ်၍သာဖြစ်ချေသည်။

  

 

လီရှို့လီဟူသော အမျိုးသမီးမှာ ပညာမတတ်၊ တုံးအပြီး အလွယ်တကူ အရူးလုပ်နိုင်သည်။ သူက သူမကိုလှည့်စားရန်အတွက် သူမ၏ရှေ့တွင် ထိုကဲ့သို့ပြုမူပြခဲ့ပြီး နောက်ကွယ်တွင်တော့ သူ့၏သမီးဖြစ်သူကို ချစ်လွန်းသောကြောင့် လက်ဖဝါးမှာတောင် ထည့်ထားချင်နေခဲ့သည်။

 

ဤနည်းအားဖြင့် သူ၏ ပန်းတိုင်နှစ်ခုကို အလွယ်တကူ အောင်မြင်နိုင်ခဲ့သည်။

 

သူ့ဆီမှ ပစ်ပယ်ခံထားရသောမယားပါသမီးကိုတော့ အနာဂတ်တွင် သူမအား  ဆိုးဆိုးရွားရွား ဆက်ဆံမည်မဟုတ်ဘဲ သင့်လျော်သောအိမ်ထောင်ရေးတစ်ခုကို ရှာပေးလိမ့်မည်။  ဤသည်က သူမအတွက် လျော်ကြေးအနည်းငယ်ဟု မှတ်ယူနိုင်သည်။

 

တကယ်တမ်းတွင် ထိုလျော်ကြေးဟု ခေါ်သော အရာမှာလည်း သူ့သမီးအရင်းအတွက် လမ်းခင်းပေးရန်ရည်ရွယ်ချက်နှင့်သာ ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက  “လင်းရန်” အား စက်ရုံမှ တခြားကေဒါတစ်ဦး၏သားနှင့် အတူရှိစေခဲ့ကာ ထိုကေဒါမှာ စက်ရုံ၏ လူသစ်စုဆောင်းခြင်းလုပ်ငန်းတစ်ခုလုံးကို တာဝန်ယူရသူလည်း ဖြစ်နေခဲ့သည်။

  

နောက်ပိုင်းတွင်  စုန့်စစ်ယွီနှင့်လင်းရန်တို့မှာ ညီအစ်မများဖြစ်နေသည်ဟူသောအချက်ကြောင့် သဘာဝကျစွာနှင့် စုန့်စစ်ယွီအား အလုပ်ပိုမိုလွယ်ကူသော ရာထူးသို့ ပြောင်းရွှေ့ခံလိုက်ရသည်။ နောက်ပိုင်းတွင် စုန့်စစ်ယွီအား စက်ရုံဒါရိုက်တာ၏သားနှင့် သွယ်ဝိုက်သောနည်းအားဖြင့် တွေ့ဆုံခွင့်ပေးခဲ့သည်။

 

ထို့နောက်တွင်တော့ သူတို့နှစ်ဦးက ချစ်ကြိုက်သွားခဲ့ကြပြီး စုန့်စစ်ယွီက စက်ရုံ၏ဒါရိုက်တာဖြစ်လာသည့် ထိုသူနှင့် လက်ထပ်ခဲ့သည်။သူမက အိမ်၊ အလုပ်အကိုင်နှင့် အချစ်ရေး အားလုံးကို ကောင်းချီးပေးခံခဲ့ရသည်။

လင်းရန် သည်ကတော့ အိမ်တွင်းအကြမ်းဖက်မှု အလေ့အထရှိသည့် ကေဒါ၏အိမ်တွင် အိမ်ထောင်ကျခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်ဆုံးမခြင်း၊ ကြိမ်းမောင်းခြင်း၊ အရှက်ခွဲခြင်းတို့ကို ခံခဲ့ရသည်။

 

ထိုအချိန်တွင် သူမက စုန့်ဝေ့ဆီသို့ အကူအညီတောင်းရန် အိမ်ကိုပြန်သွားခဲ့သည်။

 

စုန့်ဝေ့က သူမအား ဤသို့သော လေးနက်သည့် စကားလုံးများဖြင့် ဖြောင်းဖြခဲ့ချေသည်:

 

ဟေး၊ ဒါတွေက လင်နဲ့မယားကြားက ပဋိပက္ခတွေပါပဲ၊ စိတ်ရှည်ရှည်နဲ့နေပေးလိုက်ပါ၊ မကြာခင် ပြီးသွားလိမ့်မယ်၊ အသေးအဖွဲ ပြဿနာ မရှိတာက ဘယ်သူမှ မရှိပါဘူး...

 

နောက်ဆုံးတွင်တော့ အမြောက်စာခံဇာတ်ကောင် လင်းရန်က သူမ၏  နောက်ဆုံး တာဝန်ကို ပြီးမြောက်ခဲ့ပြီး အသက်သုံးဆယ်အရွယ်တွင် ခင်ပွန်းဖြစ်သူ၏ လက်သီးဖြင့် ထိုးကြိတ်ခံရကာ သေဆုံးသွားခဲ့သည်။

 

လင်းရန် ကွယ်လွန်ချိန်တွင်တော့ ဇာတ်လိုက်မ စုန့်စစ်ယွီနှင့် သူ့အဖေကြားက ခံစားချက်အထုံးအဖွဲ့ကို အပြည့်အဝ ဖွင့်ဟနိုင်ခဲ့ကြသည်။

 

ထိုအချိန်မှစ၍ စုန့်စစ်ယွီမှာ ဖခင်ဖြစ်သူက သူမနှင့် မယားပါသမီးဖြစ်သူကို ငယ်စဉ်ကလေးဘဝကတည်းက ခြားနားစွာဆက်ဆံရခြင်းအကြောင်းမှာ သူမ၏အဖေမှ သူမအပေါ် မေတ္တာတရားနက်ရှိုင်းမှုကြောင့်သာဖြစ်ကြောင်းကို လုံးလုံးလျားလျားနားလည်လာခဲ့သည်။

 

သူမက အရင်တုန်းက သူမ၏အဖေကို မှားယွင်းပြီး စွပ်စွဲအပြစ်တင်နေခဲ့မိကြောင်းကို သဘောပေါက်သွားခဲ့သည်။

 

 

နားလည်မှုလွဲမှားခြင်း ပြေလည်သွားပြီးနောက်တွင် အဖေနဲ့သမီးက လက်ဆွဲနှုတ်ဆက်ပြီး တစ်ယောက်ကိုတစ်ယောက် မျက်ရည်များဖြင့် ပွေ့ဖက်လိုက်ကြသည်။

 

အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာကို ပျက်ပြားစေခဲ့တဲ့ ထိုဈေးပေါလွန်းသည့်ညီမအတွက်ကတော့ ထိုအချိန်တွင် မည်သူကမျှ မမှတ်မိတော့ပါချေ။

 

လင်းရန် ၏မိခင်အရင်း လီရှို့လီ သည်ကား လင်းရန် သေဆုံးချိန်တွင် မျက်ရည်နှစ်စက်သာ ကျခဲ့ပြီး၊ နောက်ပိုင်းတွင် သူမ၏ လင်ပါသမီးဖြစ်သူ စုန့်စစ်ယွီကိုသာ စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်ခဲ့ပြီး သူမ တစ်ဦးတည်းအပေါ် ပံ့ပိုးကူညီသွားခဲ့တော့သည်..

 

ထိုအချိန်မှစပြီး မိသားစုက အတူ ပျော်ရွှင်စွာ နေထိုင်သွားခဲ့ကြသည်။

 

ပျော်ရွှင်စရာအဆုံးသတ်လေး~~

 

ဤစာအုပ်၏ ဇာတ်ကွက်အားလုံးကို ဖတ်ပြီးနောက်တွင် လင်းရန်မှာ လင်းရန် အတွက် စိတ်ရင်းဖြင့် သနားခဲ့ကာ မျက်ရည်ကျမိခဲ့သည်။

 

ဒီတစ်ယောက်က ဆိုးဆိုးရွားရွား ဆက်ဆံခံခဲ့ရတာပဲ။

 

သို့သော်လည်း စာအုပ်ထဲကို ကူးပြောင်းသွားပြီးနောက်တွင်တော့ သူမက  စာနာစိတ်နဲ့ မျက်ရည်ကျခဲ့မိသည်မှာ အချိန် စောသွားကြောင်းကို  သိရှိလိုက်ရတော့သည်။

 

အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် အသနားသင့်ဆုံးသူမှာ သူမကိုယ်တိုင်သာဖြစ်နေကြောင်း သိသွားခဲ့ရသောကြောင့်ပင်။

 

သူမ၏ ယခင်ဘဝတွင် ဟင်းချက်ကျွမ်းကျင်မှုကို အားကိုးကာ ဆိုင်တစ်ဆိုင်ဖွင့်လိုသည့် ရည်ရွယ်ချက်ဖြင့် ပိုက်ဆံစုရန် အလွန်ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်မှာ ထင်ရှားပါသည်။ နောက်ဆုံးတွင် လိုအပ်သည်ကို စုဆောင်းနိုင်သွားပြီး သူမက သူဌေးလေးတစ်ယောက်အဖြစ် ပြောင်းလဲပြီး ပျော်ရွှင်စရာဘဝကို ရရှိနိုင်ခါနီးအချိန်သို့ ရောက်ရှိလာခဲ့သည်။

 

သို့သော်လည်း သူမမှာ မတော်တဆကားတိုက်မှုထဲတွင် ပါဝင်သွားခဲ့ရပြီး သူမနိုးလာသည့်အချိန်တွင် ကူးပြောင်းသွားခဲ့ပေပြီ။

 

.. သို့သော်ငြား လင်းရန်အနေဖြင့် ကံကြမ္မာအား အလိုက်သင့် လက်ခံလိုက်ဖို့က လုံးဝမဖြစ်နိုင်သလို ဇာတ်ကြောင်းရဲ့အတိုင်းလိုက်ပါဆောင်ရွက်ဖို့က ပို၍တောင် မဖြစ်နိုင်ပါချေ။

 

ကံကောင်းထောက်မစွာဖြင့် သူမ ဤနေရာသို့ ရောက်လာသည်မှာ ရက်အတော်ကြာနေခဲ့ပြီး ဇာတ်ကွက်နဲ့မကိုက်ညီသည့် လုပ်ရပ်တချို့ကို ရည်ရွယ်ချက်ရှိရှိ လုပ်ပြီးသည့်နောက်တွင် သူမက ပလော့ကန့်သတ်ချက် သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခံရခြင်းဟု ခေါ်သည့် မည်သည့်အရာကိုမျှကြုံတွေ့ရခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် လင်းရန်တစ်ယောက် ထွက်ပြေးဖို့အတွက် စိတ်ကူးကို စတင်တွေးတောလာခဲ့သည်။

 

သူမသာ ဤနေရာတွင်ဆက်ရှိနေခဲ့ပါက ထိုစျေးပေါသည့်ပထွေးက သူမကို မနှစ်မြို့စေရန် နည်းလမ်းမည်မျှနဲ့လုပ်ဆောင်လာဦးမည်လဲကို မပြောနိုင်ပေ။

 

  ...

 

  

မင်းမှာ အိပ်နေဖို့အတွက် အာရုံရှိနေသေးတာလား! အခုချက်ချင်း ထပြီး ဒါက ဘာကိုဆိုလိုတာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောစမ်း!  မင်းကို ဘယ်သူက ကျေးလက်ကို သွားဖို့ လျှောက်လွှာတင်ခိုင်းလိုက်တာလဲ၊ မင်းရဲ့မိသားစုက မင်းအတွက် စားစရာမရှိလို့လား! မင်းအတွက် အဝတ်အစားမရှိလို့လား! မင်းက ကျေးလက်ကို သွားချင်နေတယ်ပေါ့လေ!

 

စုန့်စစ်ယွီ စကားပြောစမ်း!

 

လင်းရန်တစ်ယောက် အတွေးများတွင် နှစ်မျောနေစဥ်တွင် စုန့်ဝေ့၏   မိုးခြိမ်းသံအလား အော်ဟစ်သံက ဘေးဘက်အခန်း၏တံခါးဝမှ ထွက်ပေါ်လာခဲ့ပြန်သည်။

 

လီရှို့လီ အထဲကို ဝင်သွားလိုက်ချိန်တွင် ခုတင်ပေါ်တွင် ငေးမောစွာရှိနေပြီး သူတို့နှစ်ဦးအား သူစိမ်းများကိုကြည့်နေသကဲ့သို့ ဗလာဖြင့်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ရုတ်တရက် စိတ်ပူသွားခဲ့သည်။

 

သူမက ခုတင်ဘေးသို့ အမြန်သွားခဲ့ပြီး စုန့်စစ်ယွီ၏နဖူးကို ထိလိုက်လေ၏။  ပူပြင်းသော ခံစားချက်က သူမကို ထိတ်လန့်သွားစေပြီး သူမ၏ မျက်လုံးများက ရုတ်တရက် နီရဲလာခဲ့သည်။

 

စုန့်ဝေ့ ! ရှင်က ရောက်လာတာနဲ့ ကလေးကို အော်ငေါက်နေတာပဲ၊ ဒီမှာ စစ်ယွီ ဖျားနေတာကို မမြင်ဘူးလား၊ ကလေးရဲ့ ကျန်းမာရေးထက် ဘယ်အရာကမှ ပိုအရေးမကြီးဘူး၊ အခု စစ်ယွီကို မြန်မြန် ဆေးရုံကို အရင်ပို့ရမယ်!

 

လီရှို့လီမှာ စုန့်စစ်ယွီ ဖျားနေသည်ကိုမြင်တွေ့လိုက်ရချိန်တွင် သူမ၏နှလုံးသားကို အပိုင်းပိုင်းဖြတ်တောက်ခြင်းထက် ပို၍နာကျင်နေခဲ့သည်။

 

ထိုစကားကိုကြားလိုက်ရချိန်တွင် စုန့်ဝေ့၏ ဒေါသများမှာ စိုးရိမ်ပူပန်မှုများအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း သူသည်ကား စုန့်စစ်ယွီအပေါ်တွင် အလွန်တင်းကျပ်စွာသာ ဆက်ဆံလေ့ရှိသောကြောင့် စိုးရိမ်စကားများ မပြောနိုင်ခဲ့ဘဲ အဆုံးတွင် လက်သီးတွေကို တင်းတင်းဆုပ်ထားကာ ကြမ်းတမ်းသည့်စကားကိုသာပြောနိုင်ခဲ့သည်။

 

မင်း ပိုကောင်းလာတဲ့အချိန်ကျရင် ငါ မင်းနှင့် စာရင်းရှင်းမယ်

 

ထို့နောက်တွင် သူတို့နှစ်ယောက်က စုန့်စစ်ယွီအား စုန့်ဝေ့၏ ပုခုံးပေါ်တွင်သယ်ရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ ဆေးရုံသို့သွားဖို့ အမြန်ဆင်းလာခဲ့ကြသည်။

 

သို့သော်လည်း တံခါးဝနားသို့ ရောက်လာသည့်နောက်တွင် လီရှို့လီက သူမတွင် သမီးတစ်ယောက်ရှိနေသေးကို ရုတ်တရက် သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည် ။

 

ဒီကောင်မလေး လင်းရန်က နိုးနေပြီလား မသိဘူး၊ ကျွန်မအပေါ်ကို သွားပြောလိုက်ဦးမယ်

 

မိသားစုအိမ်မှာ လုံခြုံသော်လည်း သူတို့က မည်သည့်အချိန်တွင် ပြန်လာနိုင်မည်ကို မသိသောကြောင့် လင်းရန်နိုးလာပြီးနောက်တွင် လူတွေကိုလှည့်ပတ်ပြီး ရှာဖွေနေမညာကို သူမ  စိုးရိမ်နေခဲ့သည်။

 

  

ထိုစကားကိုကြားသည်တွင့် စုန့်ဝေ့၏ မျက်လုံးများက ဒေါသတရားများဖြင့် အရောင်လက်သွားခဲ့သော်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကာ ပြောလာချေသည်။

 

ဟုတ်တယ်၊ ရန်ရန်က အိမ်မှာရှိနေတုန်းပဲ၊ ကောင်မလေးတစ်ယောက်တည်းကို ဘယ်လိုလုပ် အိမ်မှာထားခဲ့လို့ အဆင်ပြေမှာလဲ၊ မင်းဘာလို့ အိမ်မှာသူမနဲ့ မနေ...

 

သူမက အသက် (18)နှစ်လောက်ရှိပြီ၊ အိမ်မှာ တစ်ယောက်တည်း နေရတာ ဘာမှ မဖြစ်ပါဘူး၊ ကျွန်မ သူမကို သွားပြောလိုက်မယ်

 

စုန့်ဝေ့က သူမအား လင်းရန်အား စောင့်ရှောက်ပေးရန် တောင်းဆိုဖို့လုပ်နေသည်ကို ကြားပြီးနောက် လီရှိ့လီက သူ့ကို အလျင်အမြန် ဖြတ်ပြောလိုက်တယ်။

 

သို့သော်လည်း သူမ လင်းရန်ကိုရှာရန် အပေါ်ထပ်ကို တက်ခါနီးအချိန်၌ လှေကားထိပ်နားတွင် ပေါ်လာသည့်  လင်းရန်ကို တွေ့လိုက်ရတော့သည်။

 

**