Chapter 53
ထိုသည်ကို စုယိလို့ခေါ်သည်။
လီမင်က နောက်ရိုက်ကူးရေးမစခင်ထိ သူ့ကို မကျေမနပ်ဖြင့်ပြစ်တင်ပြောဆိုနေလိုက်သည်။ နောက်တစ်ကြိမ်တွင်လည်း အစပိုင်းစကားပြောခန်းက ပြီးလုနီးပါးဖြစ်ခဲ့ပေမယ့် အဆုံးမှာတော့ လီမင်က ဇာတ်ညွှန်းစာရွက်ကိုဝှေ့ယမ်းလိုက်ပြီး "ရပ် ဝူခဲ့ မင်းနေရာယူတာမှားနေတယ် ကင်မရာကိုကျောပေးထားတယ်"
ဝူခဲ့ကအလျင်အမြန်ဘဲ သူ့အမှားကိုဝန်ခံသည်။
"တောင်းပန်ပါတယ် နောက်တစ်ခေါက်ပြန်ရိုက်ကြတာပေါ့"
လွန်ခဲ့သောရက်တွေတုန်းက စုယိက သူ့ကို ဝါကြီးတဲ့ စီနီယာတစ်ယောက်အနေနဲ့ အကြွင်းမဲ့လေးလေးစားစားနဲ့ ဂရုစိုက်ဆက်ဆံပေးခဲ့သည်။ သို့ပေမယ့် ယခုသူမခေါင်းကချာချာလည်နေသည်။ ပြီးတော့ ရိုက်ကူးရေးအတွက် သူမရဲ့ပုံမှန်စွမ်းအင်ထက် ပိုပြီးအသုံးပြုခဲ့ရပေမယ့် အဲဒါက တစ်စုံတစ်ယောက်ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်ကြောင့် အရာမထင်ခဲ့ပေ။
ထို့ထက်ပိုပြီး သည်းမခံနိုင်တော့ပေ။
"ဒီမှာရှိတဲ့သူတွေထဲမှာ ရှင်ကစီနီယာအကျဆုံးပဲ"
သူမက လက်ပိုက်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
"အရင်ရက်တွေအတွင်း ရှင်လုပ်ခဲ့တဲ့အမှားတွေက အရင်နှစ်ကရှင်လုပ်ခဲ့တာတွေတွေထက်တောင်ပိုများသေးတယ် မဟုတ်လား နေရာယူတာမှားတယ် စာသားမေ့တယ် ရိုက်ကူးနေတုန်းမှာရယ်တယ် အကုန်လုံးက အရမ်းလွယ်နေသလား"
ရုတ်တရက် သူမရန်ထတွေ့မယ်လို့ ဝူခဲ့မမျှော်လင့်ထားတာကြောင့် သူ့ရဲ့အမူအရာက မည်းမှောင်သွား၏။
"မကြာခင်က ငါလည်းအခြေအနေမကောင်းဘူး ဒါပေမဲ့ အဲဒါကို အပြစ်တင်ဖို့က မင်းကိစ္စမဟုတ်ဘူး"
လီမင်က "မင်းတို့ဘာတွေငြင်းခုန်နေကြတာလဲ"
"တောင်းပန်ပါတယ်"
ဝူရွှယ် အလျင်အမြန်တောင်းပန်လိုက်သည်။
"သူမဒီနေ့ဖျားနေတာကြောင့် ဒေါသနည်းနည်းထွက်နေတာပါ"
စုယိရဲ့အမူအရာက အေးစက်စက်ဖြစ်နေပြီး ဘာမှမပြောပေ။
လီမင်ကခေါင်းညိတ်ပြီး "ဒါဆို ဒီနေ့ပြန်ပြီးနားလိုက်လေ ငါတို့နောက်မှ ရိုက်ကူးရေးဆက်လုပ်တာပေါ့"
လီမင်ကဘာတွေဖြစ်နေလည်းဆိုတာ မသိတာတော့မဟုတ်။ ဒါရိုက်တာတစ်ယောက်အနေနဲ့ စုယိကသူမသဘောကျတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ဇာတ်ကောင်ရွေးချယ်သည့်အခါ စုယိအတွက် ခြွင်းချက်ထားပေးချင်ပေမယ့် သူမ မလုပ်ခဲ့ပေ။
စုယိအခန်းကိုပြန်ရောက်တော့ သူမပုံစံကလုံးဝဆိုးရွားနေပေသည်။
ချူရှီးကစိတ်ရှုပ်ထွေးသွားပြီး "ဘာဖြစ်လာတာလဲ"
ဝူရွှယ်ကတံခါးကိုပိတ်လိုက်ပြီး ရေနွေးတစ်ခွက်ကမ်းပေးသည်။
"အဲလိုလူမျိုးအတွက်စိတ်ထဲထားမနေနဲ့ သူတို့ကမတန်ဘူး"
ပုံမှန်အားဖြင့် စုယိသည် ထိုသို့သောကိစ္စမျိုးကို အသာလေးဖြေရှင်းနိုင်ပေသည်။ သူမသည်လည်း အနုပညာလောကထဲသို့ ဝင်လာခဲ့သည်မှာ အတော်ကြာနေပြီဖြစ်သည်။
အရင်က ထိုကဲ့သို့သော မင်းသားမျိုး မတွေ့ခဲ့ဖူးပေ။ သို့ပေမယ့် နေမကောင်းတဲ့အခါကျ လူတစ်ယောက်ရဲ့ဒေါသတွေကစုပုံလာ၏။ ထိုသည်ကိုထိန်းထားဖို့ခက်ခဲလာပြီး ဖွင့်ထုတ်လိုက်မှသာနေရသက်သာစေသည်။သူမရေကိုတစ်ကျိုက်တည်းသောက်ပြီး အခန်းထောင့်မှာသွားထိုင်လိုက်၏။
"ငါဘာမှမဖြစ်ဘူး တစ်ယောက်တည်း ခဏလောက်နေချင်တယ်"
သူမထိုင်ပြီးမကြာခင်မှာပဲ ချူယင်းဆီက စာတစ်စောင်ဝင်လာသည်။
[ ချူယင်း : ဘာလုပ်နေလဲ ]
[ နတ်ဘုရားမ စုယိ : ရိုက်ကွင်းမှာရိုက်ကူးရေးလုပ်နေတယ် ]
ပြန်စာမြန်မြန်ရောက်လာသည်။
[ ချူယင်း : ဘာဖြစ်လို့လဲ ]
စုယိအနည်းငယ်အံ့ဩသွား၏။
[ ဘယ်လိုသိတာလဲ… ]
[ ချူယင်း : အီမိုဂျီ မပို့ခဲ့ဘူးလေ ]
[ ချူယင်း : ဘာဖြစ်တာလဲ ကိုယ့်ကိုပြောလေ ]
သူမ နှာရှုံ့လိုက်သည်။
[ နတ်ဘုရားမ စုယိ : ဖျားနေတယ် ]
[ နတ်ဘုရားမ စုယိ : အပြင်းဖျားနေတာ ကြောက်ဖို့ကောင်းတယ် ]
[ နတ်ဘုရားမ စုယိ : (အော်ဟစ်ငိုနေသောပုံ) ]
သူမစာပို့ခဲသည်။အရင်တုန်းက ဖျားလို့ ဒါမှမဟုတ် အလုပ်နဲ့ပတ်သတ်တဲ့ကိစ္စတစ်ခုခုရှိတိုင်း သူမဘေးကလူတွေကို ဘယ်တော့မှပြောမပြတတ်ပေ။ ဘာကြောင့်လဲဆိုတော့ ထိုအရာတွေက သူမတစ်ယောက်တည်းသာ ဖြေရှင်းမှရမည်ဆိုတာ သိသောကြောင့်ပင်။ သူမရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုကူညီဖြေရှင်းပေးဖို့ ဘယ်သူ့မှာမှတာဝန်မရှိပေ။
သို့ပေမယ့် ချူယင်းနှင့်တွေ့သည့်အခါ သူမ ထိန်းချုပ်ထားလို့မရပေ။
[ နတ်ဘုရားမ စုယိ : ပြီးတော့ ဒီတစ်ပါတ် ရှင့်ကိုမတွေ့ရတော့ဘူး ]
သူမပိုပြောလေလေ ပိုပြီးမထိန်းချုပ်နိုင်လေလေဖြစ်လာ၏။ သူမစာအတွဲလိုက်ကို တစ်ခါတည်းရိုက်ပို့လိုက်သည်။ သူမဖုန်းကိုကိုင်ထားပြီး ပြန်စာကိုနာနာခံခံစောင့်နေလိုက်သည်။ ငါးမိနစ်ကြာပြီးတဲ့အထိ ဖုန်းကလင်းမလာခဲ့ပေ။ သူမ မယုံကြည်နိုင်စွာဖုန်းမျက်နှာပြင်ကိုစစ်ကြည့်လိုက်ပေမဲ့ စာလုံးတစ်လုံးတောင် ပြန်ပို့မထားပေ။ သူမ ခဏလောက်တွေးလိုက်ပြီး စာပို့သည့်နေရာကိုနှိပ်လိုက်ကာ 'အလုပ်ရှုပ်နေလား'လို့ ရိုက်လိုက်သည်။
သူမ question mark(?)ကို ထည့်လို့မပြီးခင်မှာပဲ နဖူးပေါ်ကအေးစက်တဲ့ခံစားမှုကို သူမ ရလိုက်သည်။ အရမ်းသက်တောင့်သက်သာရှိတာပဲ။ကြီးမားသည့်လက်တစ်ဖက်က သူမနဖူးကိုဖုံးအုပ်ထားပြီး ထိုလူသားက လေသံတိုးတိုးဖြင့်စကားမပြောခင်အထိ သူမတုန့်ပြန်နိုင်စွမ်းးမရှိသေးချေ။
"အတော်ပူနေတာကို ဘာလို့ရိုက်ကူးရေးလုပ်နေသေးတာလဲ"
အဖျားကြောင့် သူမရဲ့တွေးခေါ်နိုင်စွမ်းက အနည်းငယ်နှေးနေသည်။ ခေါင်းကိုဖြည်းညှင်းစွာလှည့်ဖို့ သူမအချိန်အတော်ယူလိုက်ရသည်။သူမနောက်ကလူသည် သူမချစ်သူနှင့်အတော်ကြီးကိုတူသည်။
မဟုတ်ဘူး မဟုတ်ဘူး သူကတကယ်ကို သူမကောင်လေးအတိုင်းပဲ။ ချူယင်း သူမတွေဝေနေတာတွေ့လိုက်တော့ မျက်မှောင်ကြုတ်လိုက်ပြီး လက်ကိုအောက်ချကာ သူမမျက်နှာပေါ်သို့တင်လိုက်၏။
"အထုပ်အပိုးပြင်တော့ ကိုယ်တို့သွားရအောင်"
သူမမျက်လုံးတွေကနီရဲလာပြီး ဘယ်လိုပဲကြိုးစားပြီးထိန်းချုပ် ထိန်းချုပ် မျက်ရည်တွေကချက်ခြင်းကျလာ၏။သူမခေါင်းငုံ့ကာ မျက်ရည်တွေသုတ်နေရသည့်အလုပ်ရှုပ်သွားသည်။အကျိုးအကြောင်းမဆီလျော်မှန်း သူမသိသည်။ သို့ပေမယ့် သူမ အလွန်ကိုပျော်ရွှင်နေမိ၏။
ချူယင်းသည် မျက်မှောင်တင်းကြပ်စွာ ကြုတ်လိုက်သည်။စုယိ မျက်ရည်တွေကိုအလျင်အမြန်သုတ်လိုက်ပြီး ပုံမှန်အသံနေအသံထားနှင့်ပြောလိုက်သည်။
"ခဏစောင့်အုံး ဒီနေ့အတွက် ရိုက်ကူးရေးက မပြီးသေးဘူး"
သို့ပေမယ့် ထိုအမျိုးသားက အလျင်အမြန်ဘဲ ငြင်းပယ်၏။
"မရဘူး"
"ရိုက်ကွင်းကိုကြိုးကြိုးစားစားဆင်ပေးတဲ့ အလုပ်သမားတွေရဲ့ အားထုတ်မှုကို မဖြုန်းတီးသင့်ဘူးလေ"
သူမ မျက်ရည်စိုနေတဲ့မျက်လုံးတွေနဲ့မော့ကြည့်လိုက်ပြီး "ရိုက်ကူးရေးပြီးမှ ပြန်ကြရအောင်လေ"
သူမစကားပြောပြီးပြီးချင်း အချိန်ကိုက်ပဲ ဝန်ထမ်းတစ်ယောက်ရောက်လာပြီး တံခါးခေါက်လာသည်။
"ယိကျဲ အမ်...ဒါရိုက်တာလီက အစ်မအနားယူပြီးသွားပြီလားလို့မေးခိုင်းလိုက်တယ်"
စုယိထွက်သွားပြီးနောက် ချူယင်းက နေရာမှာဘဲရပ်နေပြီး ဆိုဖာကိုမျက်မှောင်ကြုတ်ကာကြည့်နေ၏။
"အခု ဘာဖြစ်နေတာလဲ"
ချူရှီး သူမခေါင်းကိုအလျင်အမြန်ခါရမ်းလိုက်ပြီး "ညီမ မိတ်ကပ်လိမ်းတဲ့အခန်းထဲမှာပဲ တစ်ချိန်လုံးရှိနေခဲ့တာ"
ချူယင်း မပျော်မရွှင်ဖြစ်သွားပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ဘာအတွက် နင်ဒီမှာရှိနေတာလဲ"
ချူရှီး: “???”
မောင်နှမနှစ်ယောက် ထူးဆန်းတဲ့နည်းနဲ့ နှုတ်ခွန်းဆက်ပြီးသွားသည့်အခါ ဝူရွှယ်က ဖြစ်ကြောင်းကုန်စင်အားလုံးကို အမှန်တိုင်းအတိအကျ ပြောပြဖို့ရောက်လာခဲ့သည်။
ချူယင်း ငြိမ်နားထောင်နေပြီး အဆုံးမှာတုံးတိကြီးပြောလာသည်။
"ပြီးပြီလား"
ဝူရွှယ် အထက်လူကြီးကို အစီရင်ခံနေရသကဲ့သို့ ထူးထူးဆန်းဆန်းခံစားနေရပြီး "ဟုတ်ကဲ့" လို့အလိုအလျောက်ပြန်ဖြေမိ၏။
ချူယင်းက ခေါင်းညိတ်ပြပြီး တစ်ဖက်လှည့်ကာ ခြေလှမ်းကျဲကြီးတွေဖြင့် မိတ်ကပ်အခန်းအပြင်ဘက်သို့ ထွက်သွားတော့သည်။
"နင့် အစ်ကိုကဘာလို့ စိတ်ဆိုးနေရတာလဲ"
ဝူရွှယ်ကတိုးတိုးလေးလေးပြောလိုက်သည်။
"အခုအဲဒီနေရာမှာတင် ဒေါသကြောင့် ငါသေသွားနိုင်တယ်"
အဆူခံလိုက်ရသောချူရှီးက "အစ်ကိုဒေါသထွက်တာကိုတွေ့ခဲ့တာအတော်ကြာပြီ အဲဒါကအခုထိကြောက်ဖို့ကောင်းနေတုန်းပဲ"
“…”
ချူယင်း လက်ကိုအိတ်ကပ်ထဲထည့်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ကင်မရာနောက်ကိုလျှောက်သွားလိုက်သည်။ သူရပ်လိုက်သည်ဆိုရင်ပဲ စုယိဖျားသည်ဖြစ်စေ ငိုသည်ဖြစ်စေ သူမအသံကသိပ်မပြောင်းလဲသွားဘူးဆိုတာသိလိုက်ရသည်။ ပြောရမည့်စာသားများကို သူမရဲ့ဆွဲဆောင်မှုရှိတဲ့အသံနဲ့ သဘာဝကျကျချောချောမွေ့မွေ့ ပြောနေပြီး ဝတ်ထားတဲ့ရိုးရာဝတ်စုံက သူမရဲ့ကောက်ကြောင်းအလှကို ပေါ်လွင်စေသည်။ ပျော်ရွှင်ဖွယ်အလှတရားများနဲ့ရစ်ပတ်ထားတဲ့ အံ့ဩဖွယ်အချိန်တွေကိုပြန်သတိရသွားပြီး ချူယင်းမျက်လုံးများက နူးညံ့သွားရ၏။
ရိုက်ကူးရေးတစ်ဝက်လောက်မှာ ဝူခဲ့ကရုတ်တရက်ရပ်သွား၏။
စက္ကန့်အနည်းငယ်အကြာမှာ သူကရီပြီးပြောလိုက်သည်။
"အခုဖြစ်ခဲ့တာတွေကြောင့် ကျွန်တော် ဇာတ်ကောင်နေရာမှာဝင်ခံစားလို့ရမယ် မထင်ဘူး ဒါရိုက်တာလီ ရိုက်ကူးရေးကိုနောက်တစ်ကြိမ်ရွှေ့လိုက်ရင်ရော ဒါမှမဟုတ် အတူရိုက်ရမဲ့အပိုင်းတွေကို ဖျက်ချပစ်လိုက်ရင်ရော ဘယ်လိုလဲ အဲဒါက အရေးကြီးတဲ့အပိုင်းတွေဖြစ်မဲ့ပုံလည်းမပေါ်ပါဘူး"
'ဘယ်လိုဟာသပါလိမ့်'
အခုလေးတင်စုယိ သူ့ကိုပြစ်တင်ရှုံ့ချတာကို ဒီအတိုင်းကျော်သွားမှာ မဟုတ်ဘူးဆိုတာပြလိုက်တာပင်။ ဘယ်လိုတောင်အဆင့်မရှိလိုက်လဲ။ ထိုမတိုင်ခင်တုန်းက သူပေးတဲ့သင်ခန်းစာကနည်းနည်းပါးပါးပဲရှိသေးတယ်ဆိုတာ စုယိကို သိစေချင်သည်။သူသာအလိုရှိတယ်ဆို သူမရဲ့အပိုင်းတွေကို သူ့စိတ်ကြိုက်အချိန်မရွေးဖျက်ချပစ်နိုင်သည်။စုယိအခြေအနေက အတော်ကြီးကောင်းမွန်နေပြီဖြစ်တာကြောင့် တိတ်တိတ်လေးပဲနေလိုက်သည်။ ဒေါသနဲ့မကျေနပ်မှုတွေကိုထိန်းထားဖို့ သူမစိတ်ထဲမှာတိတ်တိတ်လေး ရေရွတ်နေလိုက်သည်။အမျိုးသမီးတစ်ယောက်က သူမရဲ့အချိန်ကိုစောင့်ပြီး လက်စားချေဖို့အခွင့်ကောင်းကိုစောင့်ရမည်။
['君子报仇,十年不晚’ လို့ခေါ်တဲ့ပြဇာတ်တစ်ပုဒ်ဖြစ်သည်။ အင်္ဂလိပ်ဘာသာမှာဆို 'လူတစ်ယောက်သည် လက်စားချေဖို့အခွင့်ကောင်းကို စောင့်သင့်၏။' ဆိုပြီးသိကြသည်။]
အခုချိန်မှာတော့ ဝူခဲ့နဲ့ထိပ်တိုက်တွေ့ဖို့ စိတ်မပါသလို ဖျားလည်းဖျားနေ၏။ သို့ပေမယ့် အနာဂတ်မှာတော့ သူမထိပ်တိုက်မတွေ့ဘူးလို့ မဆိုလိုချေ။ ထိုကဲ့သို့သောလူမျိုးတွေကိုလက်စားချေနိုင်ဖို့ ကံကြမ္မာကတစ်ပတ်ပြန်လည်လာမှာပင်။
အရင်ရက်တွေတုန်းကကိစ္စအတွက် သူမ လင်းရှကိုလက်စားမချေရသေးပေ။ သေချာတာပေါ့ သူမအဲဒီအကြွေးကို ရအောင်တောင်းမည်ဖြစ်၏။
"ဘယ်လိုလုပ် ဒီအခန်းကိုပြောင်းလို့ရမှာလဲ"
လီမင်မပြောရသေးခင် သူမဘေးမှာထိုင်နေတဲ့ သက်လက်ပိုင်းလူတစ်ယောက်က အရင်ဆုံးပြောလိုက်သည်။
"ဒီအပိုင်းက ဇာတ်လမ်းရဲ့တစ်စိတ်တစ်ပိုင်းပဲ ပြီးတော့ သူတို့ပထမဆုံးတွေ့တဲ့အခါ ချိုးကျီရဲ့ခံစားချက်ကိုဖော်ပြဖို့အတွက် အရေးကြီးဆုံးအချိန်ပဲ ချန်ထားခဲ့လို့မရဘူး သေချာပေါက် ပြောင်းရိုက်လို့လည်းမရဘူး"
သက်လက်ပိုင်းလူကတော့ ဇာတ်ညွှန်းရေးဆရာဖြစ်သည်။ အရင်က ရင်းနှီးမြုပ်နှံသူတွေက အပိုဇာတ်ရုပ်အတွက် ကြောက်စရာကောင်းလောက်အောင်တွန်းအားပေးခဲ့သည်။ လဝက်ကျော်ကျော် ဝုန်းဒိုင်းကြဲပြီးနောက် ဘာမှမတတ်နိုင်ဘဲ ရိုက်ကူးရေးအဆုံးသတ်ဖို့ ဒီနေ့ရောက်လာခဲ့ရသည်။
သူရောက်ရောက်ချင်း ဒီလိုကိစ္စမျိုးဖြစ်လိမ့်မယ်လို့ထင်မထားချေ - အရင်က ရင်းနှီးမြုပ်နှံသူတွေက သူကိုဆန့်ကျင်ကြသည်။
ယခုတော့ မင်းသားတွေတောင်မှ သူ့ကိုဆန့်ကျင်ချင်နေကြပြီ။
ဝူခဲ့က 'အာ'လို့ပြောပြီးပြုံးလိုက်၏။
"ဒီမှာဘာလို့ရှိနေတာလဲ"
"အဲဒါကအကြောင်းမဟုတ်ဘူး"
ဇာတ်ညွှန်းရေးဆရာက အမှန်တကယ်ဒေါသထွက်နေပြီး "အခုက ဇာတ်လမ်းအကြောင်းကိုပြောရမဲ့အချိန်ပဲ"
"ဒီအပိုင်းကို ကျွန်တော်တို့ဖြတ်ချလို့မရဘူးဆိုရင် ဒါပေါ့ ဆက်ရိုက်ကြတာပေါ့"
ဝူခဲ့စိတ်မသက်မသာဖြစ်နေသော်လည်း ပြုံးထားဆဲပင်။
"စုယိက တိတိကျကျသရုပ်မဆောင်နိုင်ဘဲ ခင်ဗျားရဲ့မူလရည်ရွယ်ချက်ဆိုလိုရင်း ပျက်စီးသွားမှာကို ကျွန်တော်ကစိုးရိမ်တာပါ"
'ဟမ်' စုယိကအေးစက်စက်ပြောလိုက်သည်။ တစ်စုံတစ်ယောက်က သူမကိုရိုက်မချခင် တစ်ခုခုတော့ပြောဖို့လိုပြီ။
"စုယိက ဘာမှားလို့လဲ ငါ့အထင် သူမကောင်းကောင်းသရုပ်ဆောင်နေတာပါ"
ဇာတ်ညွှန်းရေးဆရာက လီမင်လိုမဟုတ် အဖွဲ့ထဲမှာရှိတဲ့ ပထမတန်းစားနဲ့ ဒုတိယတန်းစားဆက်ဆံရေးတွေကို ဂရုမစိုက်ပေ။ သူကပြောဖို့လိုအပ်တာမှန်သမျှအားလုံးကိုပြောသည်။
"အဲဒါမင်းလေ ဘယ်လိုတွေတောင်သရုပ်ဆောင်နေတာလဲ မင်းဇာတ်ရုပ်ကိုတောင် မင်းမနိုင်ဘူးပြီးတော့ သူမရဲ့အပိုင်းကိုဖြတ်ပစ်ချင်သေးတယ် မင်းရဲ့ပရော်ဖက်ရှင်နယ်စည်းကမ်းတွေကို ငါနားမလည်နိုင်ဘူး မင်းရဲ့အကြောင်းပြချက်ကိုလက်မခံနိုင်ဘူး"
လီမင်က အလျင်အမြန်ဖြန်ဖြေလိုက်သည်။
"အားလုံးတော်ပြီ မငြင်းကြနဲ့တော့ ငါတို့ဒီရိုက်ကူးရေးကို နောက်တစ်ကြိမ်ရွေ့လိုက်မယ်"
"မလိုဘူး"ချူယင်းရဲ့အေးစက်စက်အသံက ထွက်လာ၏။
အမည်းရောင်ဝတ်စုံဝတ်ထားသောလူတစ်ယောက်က ကင်မရာနောက်အမှောင်ရိပ်ထဲမှာရပ်နေတာ အခုမှအားလုံးကသတိထားမိကြသည်။ ယခုသူစကားပြောလိုက်မှပဲ သူ့တည်ရှိမှုအခြေအနေက တစ်ခါတည်းထွက်ပေါ်လာသည်။သူ့ကိုမြင်လိုက်သည့်အခါ လီမင်လည်းကြောင်အသွား၏။ ချူယင်းနဲ့စုယိရဲ့ ဆက်ဆံရေးအကြောင်း သူမသိသည်။ ပြီးတော့ ထိုသည်ကောင်းတဲ့နိမိတ်မဟုတ်မှန်းလည်း သူမစိတ်ထဲသိနေသည်။
___________________________________________