အပိုင်း ၅၄
Viewers 12k

Chapter 54


ကိုယ့်ကို သွေးဆောင်နေတာလား။


ဆိုလိုသည်မှာ ပြဿနာအသေးအမွှားအနေနဲ့ပြီးသွားမှာမဟုတ်ပေ။သတင်းက အရမ်းနာမည်ကြီးခဲ့တာကြောင့် ဝူခဲ့လည်း အဲဒီအကြောင်းနည်းနည်းပါးပါးတော့သိသည်။ အစပိုင်းမှာ သူကပြဿနာတွေကိုစတင်ခဲ့ပေမဲ့ အခုတော့ချက်ချင်းငြိမ်ကျသွားရသည်။


ထိုအခြေအနေမှာ သူသက်တောင့်သက်သာဖြစ်မနေချေ။ ချူကော်ပိုရေးရှင်းကပြုလုပ်တဲ့ ဇာတ်လမ်းတွဲတွေအများစုမှာသူမပါဝင်နိုင်တော့ပေ။ ဤလောက,ကအရမ်းကျယ်ပြောသည်။ ချူကောပိုရေးရှင်းသည် ရင်းနှီးမြုပ်နှံသူဖြစ်သည်ဆိုပေမယ့် သူဆိုသည်မှာကလည်း သူ့ကိုလိုချင်တဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေအများကြီးရှိပြီး ရွေးစရာများလွန်း၍ ရွေးရခက်သည်အထိပင်။


ယခု သူ့ရဲ့ယုံကြည်မှုက ယခင်အခြေအနေအတိုင်းပြန်ဖြစ်သွားခေပြီ။


လီမင်က အတင်းပြုံးလိုက်ပြီး "ဒါရိုက်တာချူ အာ ဒီမှာရှိနေတာပဲ ကြိုပြီးတော့ပြောထားတာမဟုတ်ဘူး လျိုလေး ဒါရိုက်တာချူအတွက် ခုံသွားယူပေးပါအုံး"


ချူယင်းက အမူအရာမပြောင်းလဲဘဲပြောလာသည်။


 "အစီအစဥ်ကို ပြန်ပြောင်းဖို့မလိုဘူး တကယ်လို့ ကောင်းကောင်းမွန်မွန်မရိုက်ဘူးဆို ဖြတ်ထုတ်လိုက်တော့"


အားလုံးငြိမ်သက်သွားကြပြီး စုယိတစ်ယောက်သာလျှင် ပြုံးနေ၏။သူတို့ဘာအကြောင်းဆွေနွေးနေလဲဆိုတာ သူမ မကြားချင်တော့ပေ။ အဖျားကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘဲ ထိုလူက တကယ်ကြီးသူမကိုလာရှာတာဖြစ်၏။ ချူယင်းက သူမ အရူးတစ်ယောက်လို ပြုံးနေတာကိုကြည့်ပြီး သူမနည်းတူပြန်ပြုံးပြလိုက်၏။


"အမျိုးသားဇာတ်လိုက်ရဲ့အပိုင်းကို ဖျက်လိုက် ဇာတ်ညွှန်းဆရာက အဲဒီအခန်းကို ပြန်ရေးနိုင်တယ် ပြီးတော့ ဇာတ်ကွက်ကိုရုပ်လုံးပေါ်ဖို့ နည်းလမ်းအသစ်လည်းရှာလို့ရတယ်"


သူ့စကားတွေက အားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။


လီမင်က ခြောက်သွေ့စွာရယ်လိုက်ပြီး "ဘယ်လို ကျွန်မနားမလည်..."


"ဟုတ်တယ်" 


ဇာတ်ညွှန်းရေးဆရာက သူ့ရဲ့ပေါင်ကိုရိုက်လိုက်ပြီး "ငါလည်း ဒါကိုအမြဲတမ်းပြောင်းချင်နေခဲ့တာ ငါရေးနေကတည်းက ချိုးကျီရဲ့ခံစားချက်တွေကို အမျိုးသားဇာတ်ဆောင်ကရှာတွေ့မလား အမျိုးသမီးဇာတ်ဆောင်ကရှာတွေ့မလားဆိုတာ မဆုံးဖြတ်နိုင်ခဲ့ဘူး မတုန့်ပြန်နိုင်ရင်တောင် အစကနေအဆုံးထိ အမျိုးသားဇာတ်ဆောင်က အဲခံစားချက်တွေကို မသိဘူးဆိုရင် ပိုပြီး စိတ်ပျက်စရာကောင်းတယ်မလား"


လီမင် ရယ်ရမလား ငိုရမလား မသိတော့ပေ။ ဇာတ်ညွှန်းရေးဆရာက ဇာတ်ကောင်တွေရဲ့စိတ်ခံစားချက်အကြောင်းပြောရတော့မည်ဆို သူ့ရဲ့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်သော အမျိုးသမီးဇာတ်ပို့ကို အမြဲတမ်းတိုက်ရိုက် ရည်ညွှန်းပြောဆိုတတ်တာကို သူမမေ့သွားခဲ့၏။ခုနက အဲလောက်ထိဝုန်းဒိုင်းကြဲပစ်တာ အံ့ဩစရာမရှိပေ။ ရလဒ်အနေနဲ့ ဝူခဲ့ ထင်ထားသလိုဖြစ်မလာခဲ့ပေ။ 


'သူတို့က ငါ့အပိုင်းကိုဖျက်ပစ်ဖို့လုပ်နေကြတာလား'


"မဟုတ်ဘူး..."


ဝူခဲ့ စကားမဆုံးခင်မှာဘဲ ဇာတ်ညွှန်းရေးဆရာက သူ့စကားလမ်းကြောင်းကို အကြင်နာမဲ့စွာဖြတ်ချပစ်၏။


"အဲဒါဆို ငါတို့ဒီမှာတင်အဆုံးသတ်လိုက်ပြီနော်" 


သူကပြောပြီးသည်နှင့် မြန်မြန်ဆန်ဆန် ထရပ်လိုက်သည်။ 


"ဘယ်လိုပြောင်းရမလဲဆိုတာ အရင်စဥ်းစားလိုက်အုံးမယ် မင်းက ဇာတ်ဆောင်မင်းသားနဲ့ မင်းသမီးအပိုင်းတွေကို အရင်ရိုက်ထားလိုက်အုံး ချိုးကျီအပိုင်းကို ဒီညအပြီးပြင်ထားပေးမယ် ပြီးတော့ အနည်းဆုံး မင်းကို သဘက်ခါလောက်ပေးမယ်"


"...ရတယ်လေ" 


လီမင်ကပြုံးပြီးပြောလိုက်သည်။ 


"အဲဒါအဆင်ပြေတယ် စုယိလည်းမနက်ဖြန်နားတယ်ဆိုတော့ စောင့်လို့ရပါတယ်"


ထိုကိစ္စက ဆုံးဖြတ်ပြီးသွားပေမယ့် စုယိကစကားတစ်လုံးတောင်မဟခဲ့ချေ။ ပြီးတော့ ချူယင်းဆီအပြေးလေးလျှောက်သွားလိုက်သည်။


ထိုလူသားက သူမရဲ့ခေါင်းကို ကြင်နာစွာ ပုတ်လိုက်ပြီး "အိမ်ပြန်ကြစို့"


…စုယိ သူမအိတ်ကို ကားထဲသို့ထားဖို့ အတော်ကြိုးစားယူလိုက်ရသည်။သူမရိုက်ကူးနေတုန်းက မခံစားမိပေမယ့် ယခုထိုင်လိုက်သည့်အချိန်တွင် သူမရဲ့ခေါင်းကပိုပြီးလေးလာသည်ဟု ခံစားနေရသည်။ အသက်ရှူရလည်း ခက်ခဲလာသည်။ ချူယင်းကိုကြည့်လိုက်သော်လည်း သူမမျက်လုံးတွေကမမြင်ရပေ။ ပါးတွေနီနေတာက ရှက်တာကြောင့်ပဲလား ဒါမှမဟုတ် အဖျားကြောင့်ပဲလားဆိုတာ ပြောဖို့ပင်ခက်နေ၏။ 


ချူယင်းက လက်ကိုဆန့်ထုတ်ပြီး လက်ချောင်းတွေနဲ့ အကြိမ်အနည်းငယ်ပွတ်သပ်ပေးသည်။သူမမျက်တောင်တွေကတုန်ရီနေပြီး မျက်လုံးတွေကပိတ်ထားဆဲပင်။ သူမအိတ်ကိုဖြည်းဖြည်းချင်းဖွင့်ပြီးရှာလိုက်သည်။


 "ဘယ်သွားနေတာလဲ အခန်းကတ်က အိတ်ထဲမှာရှိတယ်"


ချူယင်းကသူ့ရဲ့လက်ကိုပြန်ရုပ်လိုက်ပြီး ကားကို စတင်၍မောင်းလိုက်သည်။ 


"ကိုယ်တို့ဟိုတယ်ကိုပြန်နေတာမဟုတ်ဘူး"


စုယိခေါင်းညိတ်လိုက်ပြီး သူတို့ဘယ်သွားနေလဲဆိုတာမမေးတော့ဘဲ အသံတိုးတိုးလေးဖြင့် 'အင်း'လို့သာပြောလိုက်သည်။


ထိုလူသားကက နှုတ်ခမ်းများကိုစေ့လိုက်ကာ ကားကိုအရှိန်တင်လိုက်သည်။မကြာခင်မှာပဲ စုယိသည်ကားထဲတွင် နေသားကျသွား၏။သူမ ချူယင်းကိုမှီထားပြီး ဝေဝေဝါးဝါးဖြင့် မျက်လုံးများဖွင့်လိုက်သည်။ အဆောက်အဦးကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည့်အခါ မသဲမကွဲရေရွတ်လိုက်သည်။ 


"ဆေးရုံလား"


ချူယင်းက ဟုတ်ကြောင်းပြောလိုက်ပြီး ကားတံခါးကို 'ဘန်း'ခနဲနေအောင်ပိတ်လိုက်၏။ ထို့နောက် သူမခါးကို သူ့လက်မောင်းတွေနဲ့တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပြီး လျှောက်လာခဲ့သည်။အပူပေးစက်တစ်လုံးကို ကိုင်ထားရသလို သူခံစားနေရသည်။ လွန်ခဲ့သည့်နာရီပိုင်းတုန်းက သူမအပေါ်စိတ်ပျော့ပြီး ဇာတ်ကားဆက်ရိုက်ခွင့်ပေးခဲ့သည့်အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။


" 38°C ထက်နည်းနည်းကျော်ရုံလေးပါ ဆေးသောက်လိုက်ရုံနဲ့ ပြန်ကောင်းသွားမှာ ဆေးရုံကိုလာဖို့မလိုပါဘူး...အနံ့လေးက ကောင်းလိုက်တာ အဲဒါ ကျွန်မရေချိုးဆပ်ပြာနံ့ပဲ"


သူမရဲ့စကားတွေက ဆက်စပ်မှုမရှိပေ။ ချူယင်းက သူ့ရဲ့ခြေလှမ်းတွေကိုအရှိန်တင်လိုက်သည်။ ဤဆေးရုံမှာရှိသည့် သူငယ်ချင်းကိုဖုန်းကြိုဆက်ထားပြီး အသိပေးထားသည်။ ထို့ကြောင့် လူနာအလှည့်စောင့်ဖို့ သူအချိန်ဖြုန်းစရာမလိုတော့ပေ။


အရေးပေါ်လူနာအခန်းထဲသို့ သူတို့ဝင်လာတာကို တွေ့သည်ဆိုရင်ပဲ ဆရာဝန်က မေးလာ၏။


"အရေးကြီးလား"


"အင်း" ချူယင်းကပြောလိုက်သည်။


 "ဖျားနေတယ်"


ဆရာဝန်"...မင်း အဖျားတစ်ခုလေးအတွက် ငါ့ကိုအချိန်ကုန်အောင်လုပ်တယ်ပေါ့"


ချူယင်းက မျက်ခုံးကိုပင့်လိုက်ပြီး "အဖျားက အရေးမကြီးဘူးလား"


"အရေးကြီးပါတယ် အရေးကြီးပါတယ်"


 သူ ချူယင်းကိုသိလာတာကြာပြီဖြစ်သည်။ သို့ပေမယ့် သူ့ဆီကိုလှမ်းဆက်သွယ်တာ ဤသည်ကပထမဆုံးအကြိမ်ပင်။ အရေးပေါ်ကိစ္စဖြစ်မည်ဟု သူထင်ထားခဲ့တာဖြစ်သည်။သာမိုမီတာကိုထုတ်လိုက်ပြီး စုယိကိုအဖျားတိုင်းကြည့်လိုက်သည်။ 


"39.3°C တော်တော်ပြင်းထန်တာပဲ"


"အရင်ဆုံးပြောထားရဦးမယ် ငါတို့ဆေးထိုးမှာမဟုတ်ဘူး" 


ချူယင်း သူ့သဘောထားကိုရှင်းရှင်းလင်းလင်းပြောလိုက်သည်။


"ဟုတ်ပါပြီ ငါလည်းဆေးထိုးဖို့ မတိုက်တွန်းပါဘူး ငါသောက်ဆေးတစ်ညွှန်းလိုက်မယ် - သူမ ဒီလိုမကြာခဏဖျားတတ်လား"


ခုနက သူမအိတ်ဖွင့်လိုက်တုန်းက ဆေးတွေနဲ့ပြည့်နေတာကို ချူယင်းသတိရသွားပြီး "အင်း ခဏခဏပဲ"


"ခဏခဏတော့မဟုတ်ပါဘူး..." စုယိ တိုးတိုးလေးပြောလိုက်သည်။


"ငါတို့ သူမကိုသွေးစစ်ကြည့်ရင်ရော ဘယ်လိုလဲ"


 သူပြောပြီးပြီးချင်း ဘောပင်ကိုယူလိုက်ကာ ဆေးအညွှန်းကို ရေးချတော့သည်။ ရေးနေတုန်းမှာပဲ အခြားလက်တစ်ဖက်နဲ့ တစ်ခါသုံး နှာခေါင်းစည်း(mask)အသစ်တစ်ခုကို ကမ်းပေးသည်။ 


"သူမက လူသိများတယ်လေ မင်းသူမကို ဒီအတိုင်းခေါ်သွားလို့မရဘူးမလား အရင်ဆုံး ဒါကိုတပ်ထားလိုက် အနည်းဆုံးတော့ ရောဂါမကူးတော့ဘူးပေါ့"


သူ့စကားအဆုံး၌ စုယိသည် ယူ၍တပ်ထားလိုက်သည်။ 


နှာခေါင်းစည်း(mask)ကြောင့်သူမအသံကပိုတိုးသွားသည်။ 


"ကျေးဇူးတင်ပါတယ် ဒေါက်တာ"


ဆေးညွှန်းရေးပြီးနောက် ဆရာဝန်ကပြုံးပြီးပြောသည်။


 "ငါ့မိန်းမက မင်းကိုအရမ်းကြိုက်တာ ဒါကြောင့် မင်း ငါ့ကိုလက်မှတ်ထိုးပေးလို့ရလား"


ချူယင်းက မျက်လုံးစွေကြည့်ပြီး ငြင်းလိုက်ခါနီးမှာပင် စုယိက ဘောပင်ကိုယူပြီး နာမည်ကိုဂရုတစိုက်ချရေးလိုက်သည်။


ချူယင်း: “…”


ဆရာဝန်ခေါင်းဆောင်က နှုတ်ခမ်းကိုမဲ့လိုက်ပြီး "တကယ်ပါပဲ မြန်မြန်သွားပြီးဆေးသွားယူတော့"


ချူယင်းက ပြုံးပြီးဆေးညွှန်းကိုယူကာ ထွက်သွားဖို့ပြင်လိုက်သည်။ သူတံခါးနားရောက်တော့ ရပ်ပြီးမေးလိုက်သည်။


 "ဟွေ့ဇီရဲ့မိန်းမရောဘယ်လိုနေလဲ"


"သူမနဲ့ကိုက်တဲ့ ရိုးတွင်းခြင်ဆီကို ငါတို့ရှာတွေ့ထားပြီးပြီ အချိန်တိုအတွင်းမှာပဲ ခွဲစိတ်လိမ့်မယ်"


ချူယင်း ခေါင်းအသာညိတ်လိုက်ပြီး "ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦး"


"ရပါတယ် ငါသိပါတယ် ငါတို့က သူငယ်ချင်းတွေပဲလေ"


အားလုံးပြီးသွားသည့်အခါ ဆေးရုံထဲက ခုံတန်းရှည်တစ်ခုတွင် ချူယင်းက ထိုင်လိုက်ပြီး ဆေးတွေကို တစ်ခုပြီးတစ်ခုထုတ်ကာ စုယိလက်ထဲသို့ထည့်ပေးသည်။


"ဆေးသောက်လိုက်အုံး"


စုယိက နာခံစွာ ဆေးအားလုံးကို တစ်ခါတည်းသောက်လိုက်သည်။


"အိုး ဟုတ်သားပဲ ရှင်ဘာလို့ဒီမှာရှိနေတာလဲ မနက်ဖြန်ကျရင်တစ်ခုခုလုပ်စရာရှိတယ်လို့ ပြောထားတယ်မလား"


သူမတုန့်ပြန်ဖို့ အချိန်အတော်ကြာယူလိုက်ရ၏။


"အင်း" 


ချူယင်းက သူမအတွက် ရေနွေးတစ်ခွက်လောင်းထည့်ပေးလိုက်ပြီး "အဲဒီလုပ်စရာကိစ္စကို စုယိလို့ခေါ်တယ်လေ"


ထိုစကားတွေကြောင့် သူမရဲ့ခန္ဓာကိုယ်အပူချိန်က ဒီဂရီအနည်းငယ်လောက်မြင့်တက်သွားတယ်လို့ စုယိခံစားလိုက်ရသည်။


ဆေးသောက်ပြီးနောက် နှစ်ယောက်သား ဟိုတယ်သို့ပြန်လာခဲ့ကြသည်။ စုယိသည်အိပ်ယာပေါ်တွင်လှဲလိုက်ပြီး ချူယင်းရဲ့လက်မောင်းတစ်ဖက်ကိုဖက်ထားကာ သူမခေါင်းနဲ့ပွတ်သပ်နေလိုက်သည်။ 


သိပ်မကြာခင်မှာပဲ သူမနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။ချူယင်းက သူမကိုဖက်ခွင့်ပေးထားလိုက်ပြီး သူ့ရဲ့ကျန်လက်တစ်ဖက်ဖြင့် Tabletတစ်လုံးကိုလှမ်းယူ၍ ပို့ပေးထားသော ကော်ပိုရေးရှင်းရဲ့အချက်အလက်ဖိုင်တွေကို စစ်ကြည့်နေလိုက်သည်။ 


ပထမဆုံးနှစ်တန်းကိုစစ်ပြီးနောက် Tabletက အသံမြည်လာပြီး စကားလုံးအတွဲလိုက်လည်း မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။


[ မဒမ်ချူ : Video Call ]


သူ့ဘေးနားကသူသည် တစ်ခုခုခံစားမိသကဲ့သို့ အိပ်ယာမှမနိုးလာပေမယ့် သူ့လက်မောင်းကို သူမမျက်နှာနှင့်အကြိမ်အနည်းလောက် ပွတ်သတ်လာသည်။


ချူယင်း video callကိုလက်မခံဘဲ စာပို့သည့်နေရာကိုဖွင့်လိုက်သည်။


[ မဒမ်ချူ: မင်းဘယ်မှာလဲ Video Call ခေါ်တာကို ကိုင်စမ်း ]


သူ အချိန်အတော်ကြာစဥ်းစားကြည့်လည်း မေမေချူသည် သူ့ရဲ့ WeChatသူငယ်ချင်းစာရင်းထဲ ဘယ်လိုလုပ်ရောက်နေလဲဆိုတာ ချူယင်းမသိတော့ပေ။ 


စုယိနှင့်မတွေ့ခင်က အခြေခံအားဖြင့် ကုမ္ပဏီအတွင်းစာပို့သည့်appနှင့် SMSလောက်ကိုသာ သူသုံးခဲ့သည်။


[ ချူယင်း : ရှန်ဟိုင်းရောက်နေတာ video callပြောဖို့အဆင်မပြေဘူး ]


[ မဒမ်ချူ : မင်း အစည်းအဝေးခန်းထဲမှာလား ကားမောင်းနေလို့လား ဘာလို့အဆင်မပြေတာလဲ ]


[ ချူယင်း : တစ်ခုမှမဟုတ်ဘူး ]


တစ်ဖက်က နောက်တစ်ခါထပ်ပြီး video callထပ်ခေါ်ပြန်သည်။ ချူယင်းလည်း နောက်တစ်ခေါက် ထပ်ငြင်းလိုက်ပြန်သည်။မဒမ်ချူသည် stickerတစ်ခုပေးပို့လာသည်။ ထိုသည်ကရုပ်ရှင်တွေထဲမှာလိုမျိုး သစ်တော်ပွင့်တွေကြွေကျနေတဲ့အောက်မှာ ငိုနေသော အမျိုးသမီးတစ်ယောက်ပုံဖြစ်သည်။ ပြီးတော့ ထိုငိုနေတဲ့အမျိုးသမီးက ယခုသူ့ဘေးမှာအိပ်နေလေသည်။


( စုယိပုံstickerကို မားမားကမှားပို့မိတာ )


သူ နှစ်စက္ကန့်လောက် ငြိမ်ကျသွားချိန်ပြီး ထိုပုံကို သူသိမ်းမထားမိလိုက်ခင်(save)မှာပင် ပုံကချက်ခြင်းပျောက်သွားသည်။


[ ပေးပို့သူသည် စာကိုပြန်ဖျက်ပြီးသွားပါပြီ ]


ချူယင်း : “?”


[ မဒမ်ချူ : အဲဒါငါ ဒီအတိုင်းကျပန်း ဒေါင်းထားတဲ့sticker ]


သူ့အမေ သူ့ဘာသာသူ အတင်ငြင်းဖို့ကြိုးစားနေတာကိုကြည့်ရတာ ပျော်စရာကောင်းလှသည်။ 


ချူယင်းလည်း 'ဟမ်'လို့ပို့လိုက်သည်။


[ မဒမ်ချူ : မင်း ဘယ်အချိန် အိမ်ပြန်လာမှာလဲ ]


[ ချူယင် : ဘာကိစ္စရှိလို့လဲ အခုပြောလိုက်လို့မရဘူးလား ]


[ မဒမ်ချူ : နောက်နှစ်ရက်ဆို ယန်မိသားစုအကြီးအကဲမွေးနေ့ အဲဒါ မင်းအဖေက သူနဲ့အတူ သူ့မွေးနေ့ပွဲကိုသွားစေချင်နေတယ် ]


[ ချူယင်း : ကျွန်တော်မအားဘူး ]


[ မဒမ်ချူ : ငါတို့ကမိတ်ဆွေတွေလေ အခုကသူ့အသက် ၈၀ပြည့်မွေးနေ့ ဘာအကြောင်းပဲရှိရှိ မင်းလာကိုလာရမယ် နားလည်လား ]


[ ချူယင်း : ကျွန်တော်ပြန်မလာခင် ရှန်ဟိုင်းမှာ ရက်အတော်ကြာနေအုံးမှာ ]


[ မဒမ်ချူ : အလုပ်ကြောင့်ဆို တစ်ယောက်ယောက်နဲ့ ခဏလောက်လွှဲထားခဲ့လိုက် နေ့တစ်ဝက်လောက်လေးကို ဘာတွေအဲလောက်ခက်ခဲနေရတာလဲ ]


[ ချူယင်း : အလုပ်ကြောင့်မဟုတ်ဘူး ]


[ ချူယင်း : အမေ့ရဲ့အနာဂါတ်ချွေးမလောင်းလေးက နေမကောင်းဖြစ်နေလို့လေ ]


မဒမ်ချူလည်း ဘယ်လိုမှမတတ်နိုင်ပေ။ သူမ video callတောင်မခေါ်နိုင်တော့ဘဲ တိုက်ရိုက်ဖုန်းခေါ်လေသည်။ သို့ပေမယ့် ချူယင်းကလည်း အလျင်အမြန်ဖုန်းချလိုက်ပြီး အကုန်လုံးကို အသံပါပိတ်ပစ်လိုက်သေးသည်။


ဘာကြောင့်လဲတော့မသိ ထိုစာကိုပို့ပြီးတဲ့နောက် သူ့ရဲ့စိတ်အခြေအနေက လွန်ကဲစွာကောင်းမွန်လာသည်။ ထိုအချိန်မှာပဲ တစ်ဆက်တည်းဆိုသလို တစ်ခုခုကိုသတိရမိသွားသဖြင့် ထထိုင်လိုက်သည်။ 


ထို့နောက် လသာဆောင်ဘက်သို့သွားကာ သူ့လက်ထောက်ကို ဖုန်းခေါ်လိုက်သည်။ သူပြန်ဝင်လာချိန်တွင် သူ့မျက်နှာအမူအရာကအေးစက်စက်ဖြစ်နေသည်။ 


ထိုနေရာမှာထိုင်နေစဥ် စာရွက်စာတမ်းတချို့ကိုကြည့်ပြီးနောက် Tabletကို ဘေးနားတွင်ရှိသောစားပွဲသို့တင်လိုက်ကာ စောင်ထဲသို့ဖြည်းညှင်းစွာဝင်လိုက်သည်။သူ့ဘေးတွင်ရှိနေသောသူသည် သူ့လက်ကို အလျင်အမြန်ပြန်ဆွဲယူသွားသည်။


သူလက်ဆန့်ထုတ်လိုက်ပြီး သူမရဲ့မျက်နှာကိုထိကြည့်သည်။အရင်ကလောက် မပူတော့ချေ။ သူအခြားလက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဘေးနားရှိမီးအိမ်ကို ပိတ်လိုက်သည်။


___________________________________________