အပိုင်း ၅၅
Viewers 12k

Chapter 55


ညသန်းခေါင်အချိန်မှာ ရေဆာသောကြောင့် စုယိ နိုးလာခဲ့သည်။ သူမမှတ်ဥာဏ်တွေ ရှုပ်ထွေးနေတာကြောင့် မျက်တောင်များကိုခတ်ကာ စဥ်းစားလိုက်သည်။ ပြန့်ကျဲနေသောမှတ်ဥာဏ်တွေကို ပြန်စုစည်းဖို့ အချိန်ခဏလောက်ယူလိုက်ရသည်။


တစ်ညလုံးနီပါး သူမကိုဖက်ထားသော လက်မောင်းတစ်ဖက်သည် အလွန်နွေးထွေးလွန်းလှသည်။အချိန်အတော်ကြာအောင် အချိန်ဆွဲပြီးနောက် သူမဂရုတစိုက်ဖြင့် ထထိုင်လိုက်ပြီး ဘေးနားတွင်ရှိသောရေခွက်ကို လှမ်းယူဖို့ပြင်လိုက်သည်။


သို့ပေမယ့် ရေခွက်ကိုမထိခင်မှာဘဲ သူမခါးနေရာတစ်ဝိုက်က နွေးခနဲဖြစ်သွားသည်ကို ခံစားမိသည်။ ထိုသူက သူမခါးကိုဆွဲထားပြီး လေသံလေးနဲ့ပြောလာသည်။


"မင်း ဘာလုပ်ချင်လို့လဲ"


စုယိအသံတိုးတိုးလေးဖြင့် "ကျွန်မကြောင့်နိုးသွားတာလား ရေသောက်ချင်လို့ "


သူမခါးကိုဖက်ထားသောလက်မောင်းရဲ့အားက လျော့မသွားပေ။ ချူယင်းက ထထိုင်လိုက်ပြီး အိပ်ယာဘေးရှိ ရေခွက်ကိုလှမ်းကြည့်လိုက်သည်။


 "အဲ့ဒီရေက အေးနေပြီ ဒီမှာပဲ လှဲနေလိုက် ကိုယ်ရေနွေးသွားကျိုပေးမယ်"


စုယိ နာနာခံခံဘဲ အိပ်ယာပေါ်မှာ ပြန်ထိုင်နေလိုက်သည်။ချူယင်းသည် အတွင်းခံကိုသာဝတ်ဆင်ထား၏။ သူ့ရဲ့ခြေတံတွေက ရှည်လျားပြီး သူလမ်းလျှောက်လိုက်တိုင်း ကြွက်သားလိုင်းတွေကို အနည်းငယ်မြင်နိုင်ကာ သူမအခြားကိုအကြည့်မလွှဲနိုင်သည်အထိ စုယိရဲ့အကြည့်တွေကို အခိုင်အမာ ဆွဲဆောင်ထားနိုင်ပေသည်။


သူတို့ငှားနေတဲ့ဟိုတယ်က အထက်တန်းစားဟိုတယ်မဟုတ်ပေ။ ပြီးတော့ သူမယူထားသောအခန်းကလည်း ပုံမှန်အခန်းပင်ဖြစ်သည်။ ထို့ကြောင့် အခန်းထဲတွင် လျှပ်စစ်ရေနွေးအိုး တစ်လုံးသာရှိပြီး ထိုသည်ကအလုံအလောက်ကောင်းမည့်ပုံမပေါ်ပေ။


ပလပ်ထိုးပြီးနောက် ချူယင်းသည် ပြန်လျှောက်လာပြီး လက်တစ်ဖက်ကို သူမရဲ့ခေါင်းအနောက်မှာထားပြီး ကျန်လက်တစ်ဖက်ကို သူမနှဖူးပေါ်တင်လိုက်သည်။


စုယိသည် ထိုလက်အကြီးကြီးရဲ့နွေးထွေးမှုကိုခံစားမိ၏။ 


"လက်နဲ့တိုင်းတာထက် နှဖူးနဲ့တိုင်းတာက ပိုတိကျတယ်"


"အဓိပ္ပါယ်မရှိလိုက်တာ"


ထိုသို့ပြောပေမယ့်လည်း ချူယင်းသည် ခေါင်းငုံ့လိုက်ပြီး သူ့နှဖူးကို သူမနှဖူးပေါ်ထိကပ်လိုက်သည်။ နည်းနည်းတော့ ပူနေသေးသည်။


စုယိပြုံးကာ သူ့နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။ သို့သော်လည်း သူမလုပ်ခဲ့တာအတွက် ချက်ခြင်းနောင်တရသွားသည်။


သူမပါးစပ်ကို အုပ်ပြီး "နမ်းလိုက်တဲ့အတွက် ရှင့်ကိုအဖျားကူးသွားပြီလား ကျွန်မမေ့သွားတယ်"


ချူယင်း မရယ်မိအောင်ကြိုးစားပြီး "ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က အဲလောက်ထိ အားမနည်းဘူး"


ရေနွေးဆူသံကိုကြားသည့်အခါ သူပြန်သွားပြီး အဖုံးကိုဖွင့်ပြီး လောင်းထည့်လိုက်သည်။ ထို့နောက် လှည့်လာပြီး ရေချိုးခန်းထဲသို့ဝင်သွား၍ သွန်ပစ်လိုက်သည်။


"ဘာလို့သွန်ပစ်လိုက်တာလဲ" 


စုယိလည်းဘယ်လိုမှမတတ်နိုင်ဘဲ ထလာပြီး ရေချိုးခန်းတံခါးကိုမှီထားလိုက်သည်။ 


"သယံဇာတတွေကို ဖြုန်းတီးနေတာပဲ"


"ဒီဟိုတယ်ရဲ့ လျှပ်စစ်ရေနွေးအိုးက အရမ်းညစ်ပတ်လွန်းတယ်" 


ရေနွေးအိုးအပူကထွက်လာတဲ့ရေအရောင်ကိုကြည့်ပြီး ချူယင်းမျက်မှောင်ကြုတ်လိုက်သည်။ 


နှစ်စက္ကန့်လောက်နေတော့ သေချာစဥ်းစားပြီး "ရေသန့်သောက်လေ"


ဟိုတယ်အခန်းထဲက ရေခဲသေတ္တာထဲမှာ ပုလင်းအချို့ရှိပေမယ့် ရေခဲသေတ္တာကဖွင့်မထားပေ။ ထို့ကြောင့်ရေက အခန်းအပူချိန်လောက်ပဲရှိပေလိမ့်မည်။


စုယိ ခွက်တစ်ဝက်ထက်ပိုသောက်ပြီး ကျန်တာကို ချူယင်းက အကုန်သောက်လိုက်သည်။အားလုံးပြီးတဲ့နောက် သူမအချိန်ကိုကြည့်လိုက်တော့ ငါးနာရီခွဲနေပေပြီ။


စုယိ ပင်ပန်းမှုကိုမခံစားရတော့ပေ။ သူမမျက်လုံးဖွင့်လျက်အချိန်အကြာကြီးလှဲပြီးသည့်တိုင်အောင် သူမခုထိအိပ်မပျော်သေးပေ။ ထို့ကြောင့် ဘေးကလူရဲ့ရင်ခွင်ထဲသို့ လှိမ့်ဝင်လိုက်သည်။


"အိပ်လို့မပျော်ဘူး"


ချူယင်းက မျက်လုံးမဖွင့်ဘဲ သူ့လက်နှင့် သူမခေါင်းကို အကြိမ်အနည်းငယ် ပွတ်လိုက်သည်။ 


"ဒါဆို ဘာလုပ်ချင်လို့လဲ"


အစက စုယိမှာ အကြံအစည်အများကြီးမရှိပေမယ့် သူပြောပြီးတဲ့နောက် သူမစိတ်ဝင်စားသွားသည်။ ကိုယ်ကိုလှည့်လိုက်ပြီး သူမရဲ့တောက်ပသောမျက်ဝန်းတွေနဲ့ သူ့ကိုတည့်တည့်စိုက်ကြည့်လိုက်သည်။


တစ်ဖက်ကဘာမှပြန်မပြောသောကြောင့် ချူယင်းမျက်လုံးဖွင့်လိုက်ပြီး သူမကိုကြည့်လိုက်သည်။သူမရဲ့အတွေးတွေသည် စကားလုံးနှင့်မဖော်ပြလျှင်တောင်မှ ရှင်းရှင်းလင်းလင်းသိနိုင်သည်။


ချူယင်းသည် ခက်ခက်ခဲခဲထိန်းချုပ်လိုက်ပြီး သူမလည်ကုပ်ကိုကိုင်ကာ သူ့ပခုံးပေါ်သို့မှီချစေလိုက်ပြီး "အဲဒါကို စဥ်းတောင်မစဥ်းစားနဲ့"


"ဘာလို့လဲ" 


စုယိသည်လက်မလျော့လိုဟန်ဖြင့် သူ့ပခုံးကိုကိုက်လိုက်သည်။


 "ကျွန်မက ဆွဲဆောင်မှုမရှိတော့လို့လား"


သူ ပြန်မဖြေတာမြင်တော့ သူမဒေါသထွက်သွားပြီး စိတ်ရှုပ်ထွေးသွားသည်။ သူမအဝတ်အစားတွေကျွတ်သည်အထိ သူ့ကိုပွတ်သပ်ကာ နှိုးဆွပေးသည့်လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ထိုသည်က အတော်လေးအန္တရာယ်ရှိတယ်လို့ ချူယင်းခံစားနေရသည်။ 


သူ မလှုပ်ရှားဘဲ သူမကိုပွတ်သပ်ခွင့်ပေးထားလိုက်၏။ 


"စုယိ"


“ဘာလဲ”


"မင်း ကိုယ့်ကိုသွေးဆောင်နေတာလား"


“?”


"မင်း ပြန်သက်သာသွားပြီဆို ကိုယ်တို့ အစားပြန်လုပ်ကြမယ်လေနော် လိမ္မာတယ်"


**သူတို့ ၅နာရီခွဲကနေ ၇နာရီထိအချိန်ဖြုန်းလိုက်ကြသည်။ အဆုံး၌ ချူယင်းသည် ထကာ ရေအေးဖြင့်ရေချိုးရန် ထွက်သွားလေသည်။မယုံနိုင်ဖွယ်အောင်ပွဲတစ်ခုကို အနိုင်ရသကဲ့သို့ စုယိမျက်နှာကအပျော်တွေနှင့်ပြည့်နေပြီး ဖျားနေတဲ့သူနဲ့ နည်းနည်းလေးမှမတူတော့ပေ။


သူမအိပ်ယာပေါ်ပြန်ခွေနေပြီး ချူယင်း၏ Tabletဖြင့် ဟာသပဒေသာရှိုးကိုကြည့်နေလိုက်သည်။သူမစိတ်လှုပ်ရှားနေချိန်မှာ ခေါင်းအုံးဘေးရှိဖုန်းက နှစ်ကြိမ်မြည်လာခဲ့သည်။


 သူမရယ်နေရင်း ဖုန်းကိုကောက်ကိုင်ကြည့်လိုက်သည်။


[ ဝူရွှယ် : နင် နိုးနေပြီလား ငါပေကျင်းကိုအရင်ပြန်သွားနှင့်ပြီ အခုလေဆိပ်မှာ ]


[ နတ်ဘုရားမ စုယိ : ??? ]


[ ဝူရွှယ် : အဖျားပျောက်သွားပြီလား ]


[ နတ်ဘုရားမ စုယိ : မပျောက်သေးဘူး ပြန်မယ်ဆိုတာ ဘာလို့မပြောတာလဲ ဘာတွေအလျင်လိုနေတာလဲ ကိစ္စတစ်ခုခုရှိလို့လား ]


[ ဝူရွှယ် : အသေးအဖွဲကိစ္စလေးပါ မနက်ဖြန်ရှန်ဟိုင်းကိုပြန်လာခဲ့မယ် အခု အခန်းမှာ ချူရှီးတစ်ယောက်ထဲ နေတယ် သူမကိုဂရုစိုက်ပေးလိုက်ဦး လျှောက်လည်းမသွားစေနဲ့ ]


'ဒါဆို အန်းရွှမ်က တစ်ယောက် သူမ ကောင်းလေးကို သွားရှာတာဖြစ်ရမယ်'


[ နတ်ဘုရားမ စုယိ : သိပြီ ဒါဆိုနင့်ကိစ္စသာ သွားပြီးဖြေရှင်းလိုက်ပါ ပြဿနာရှိရင် ငါ့ကိုလာရှာလှည့် ]


[ ဝူရွှယ် : အင်း အစပ်တွေမစားနဲ့ ပြီးတော့ လေတိုက်တဲ့နေရာတွေမှာမနေနဲ့ လေအအေးပေးစက်ကိုလည်း 25° အထက်မှာထားဖို့မမေ့နဲ့ ဟိုတယ်မှာ အခန်းဝန်ဆောင်မှုရှိတာကြောင့် အပြင်မထွက်ရင်အကောင်းဆုံးပဲ ]


ဤစကားဝိုင်းကို အဆုံးသတ်ဖို့အတွက် စုယိသည် 'အင်း' 'ဟုတ်ပြီ' 'ရပြီ'လောက်ပဲ အနည်းငယ် ပြန်ပြောဖြစ်တော့သည်။


သူမဖုန်းကိုပိတ်လိုက်သည့်အခါ ချူယင်းထွက်လာခဲ့သည်။ သူဆံပင်ကစိုစွတ်နေကာ ရေတစ်စက်စက်ကျနေပြီး ခါးတွင်ပုဝါတစ်ထည်ကို လျော့ရဲရဲချည်ထားပေ၏။


စုယိ ပဒေသာရှိုးကိုပင် အာရုံစိုက်မကြည့်နိုင်တော့ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြင့် "အဲ...အဲဒါ လက်စားပြန်ချေတာလား"


ချူယင်း ဖွဖွလေးရယ်လိုက်ပြီး ဆိုဖာလက်ရန်းပေါ်တွင်တင်ထားသော အဝတ်အစားတွေကို ကောက်ယူလိုက်သည်။ ထို့နောက် ပြန်လှည့်ကာ ရေချိုးခန်းထဲသို့ဝင်သွားသည်။သူနောက်ထပ်ပြန်ထွက်လာတော့ အဝတ်အစားလဲပြီးသွားချေပြီ။ 


"မနက်စာသွားဝယ်မလို့ ဘာစားချင်လဲ"


စုယိ ခေါင်းမော့လိုက်ပြီး "ကျွန်မလည်းအတူလိုက်မယ်"


"မရဘူး" 


ချူယင်းတစ်ခါတည်းငြင်းလိုက်သည်။


 "အပြင်မှာ လေအရမ်းတိုက်လွန်းတယ်"


ဆက်ပြောလို့ရမည့်ပုံမပေါ်ပေ။


စုယိ ခဏလောက်စဥ်းစားပြီး "နို့ဆန်ပြုတ်ဆိုရင်ရော ဘယ်လိုလဲ အောက်ထပ်လေးတင် နည်းနည်းလောက်ပဲသွားရမှာ"


ချူယင်းထွက်သွားပြီးနောက် သူမစောင်ကို အနည်းငယ်ဆွဲတင်လိုက်ပြီး ဟာသပဒေသာရှိုးကို ဆက်ကြည့်နေလိုက်သည်။


Weiboက သူမကို notiတစ်ခုပို့မလာခင်အထိ သူမပျော်ပျော်ရွှင်ရွှင်ပဲကြည့်နေခဲ့သည်။


[ #ဝူခဲ့# ညအချိန်မတော် အမျိုးသမီးတစ်ယောက်နှင့် ဟိုတယ်တွင် ချိန်းတွေ့ခြင်း ထိုအမျိုးသမီးသည် တက်သစ်စမင်းသမီးတစ်လက်ဖြစ်ဖွယ်ရှိ #ထူကျင့်လန်#? ]


စုယိမျက်ခုံးပင့်လိုက်ပြီး ပဒေသာရှိုးကို ချက်ချင်းပိတ်လိုက်ကာ သတင်းတွေကို ဖွင့်ကြည့်လိုက်သည်။


"မကြာသေးမီက အချို့မီဒီယာဌာနတွေကဆန်းကြယ်တဲ့ အမျိုးသမီးတစ်ယောက်နှင့် ဟိုတယ်အခန်းထဲဝင်သွားသည့် ဝူခဲ့ရဲ့ဓါတ်ပုံကို ရိုက်ကူးမိခဲ့ကြတယ် နောက်တစ်နေ့ နံနက် ၆နာရီလောက်တွင် ထိုအမည်မသိအမျိုးသမီးက ဆံပင်များရှုပ်ပွလျှက်ပြုံး၍ ထိုအခန်းထဲမှ ထွက်လာခဲ့တယ် အနီးကပ်လေ့လာစုံစမ်းကြည့်တော့ ထိုအမျိုးသမီးက ဝူခဲ့နှင့်အတူတူရိုက်ကူးနေတဲ့ မင်းသမီး ထူကျင့်လန်နှင့် ဆင်တူကြောင်း ကျွန်တော်တို့ရဲ့ အွန်းလိုင်းမိတ်ဆွေများက ရှာတွေ့ခဲ့ကြတယ် ကောလဟာလတွေအရ ဒီနှစ်တွေအတွင်းမှာ ဝူခဲ့က တိတ်တဆိတ် လက်ထပ်ထားခဲ့တယ်လို့ ဆိုကြတယ် အဲဒါက အလိမ်အညာတစ်ခုလား"


gifs(ဓါတ်ပုံ၊ ဗီဒီယိုအတိုလေးတွေ)လည်း အောက်မှာပူးတွဲပြထားသေးသည်။ သူတို့ရိုက်ထားသောဓါတ်ပုံအနေအထားသည် အလွန်တော်လွန်းသည်။ ကင်မရာကို မြေကြီးပေါ်မှာထားပြီးရိုက်ထားသည်နှင့်တူသည်။ ပုံရဲ့အရည်အသွေးကတော့ မကောင်းပေမယ့် ထူကျင့်လန်ရဲ့မျက်နှာကိုတော့ အတော်လေးရှင်းလင်းအောင်ရိုက်ကူးနိုင်ခဲ့သည်။


အစမှ အဆုံးထိ ငြင်းဆန်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်ပေ။ ထိုWeiboက သတင်းသည် ညသန်းခေါင်လောက်ကတည်းက ပိုစ်တင်ခဲ့တာဖြစ်ပြီး noti က နည်းနည်းတောင်နောက်ကျနေသေးသည်။


ထိုသို့ သတင်းကြီးမျိုးကို ဝူရွှယ်မသိတာလား ဒါမှမဟုတ် သူမကိုပြောဖို့မေ့နေတာလား။ လူပြောများနေသော commentsတွေကို ကြည့်ဖို့ သူမအောက်သို့ဆွဲကြည့်လိုက်သည်။


[ အနုမြူနာရီလေးက လှလား ]


[ကိုယ့်ရည်ကိုယ်သွေးကိုရောင်းစားပြီးရင် ပြန်ပေးဆပ်ရမယ် သူ့ပရိတ်သတ်တွေကတော့ သနားစရာပဲ ]


[ အပေါ်ကလူ ခင်ဗျားက ဘယ်သူလဲ ဘယ်သူက ငါတို့ကိုလာသနားခိုင်းနေလို့လဲ လူအိုကြီးခဲ့ကဘာမှမပြောသေးဘူး ဒါကြောင့်ငါတို့အရမ်း အဆင်ပြေတယ် ငါတို့က ကောလဟာလတွေကို အယုံအကြည်မရှိဘူး! ]


[ အစုတ်အပြတ်မီဒီယာ ငါ မင်းတို့ကိုမေးစရာရှိလို့ပါ ပုံထဲမှာ ထူကျင့်လန်တစ်ယောက်တည်းလေ ဝူခဲ့က ဘယ်မှာလဲ ] 


ပိုက်ဆံပေးဝယ်ထားသော commentရေးသူများကြောင့် commentရေးသည့်နေရာသည် ဒေါသများနှင့်ဆူညံပွက်လောရိုက်ကာ ဖရိုဖရဲဖြစ်နေသည်။


အောက်ကိုဆက်ဆွဲကြည့်လိုက်တော့ commentတစ်ခုက သူမအာရုံကို လုံး၀ဆွဲဆောင်သွားနိုင်သည်။


"မကြာသေးခင်က ဝူခဲ့က ထူကျင့်လန်နဲ့ရိုက်ကူးရေးအဖွဲ့ချင်းတူတယ်ဆိုတာ ဟုတ်တယ် ဒါပေမဲ့ ထူကျင့်လန်လို့ ဘာလို့ပြောရတာလဲ ငါ့အထင် အဲဒါစုယိနဲ့ပိုတူတယ်လို့ထင်တယ်"


comment rank၏ထိပ်ပိုင်းတစ်ဝက်ကို ဝူခဲ့၏ပရိတ်သတ်များနှင့် သူငှားထားသောcommentရေးသူများက သိမ်းပိုက်ထားသောကြောင့် ထိုcommentသည် အဆင့်သတ်မှတ်ချက်စာရင်း၏အလယ်အလတ်လောက်တွင် ရှိနေသည်။


စုယိဒေါသထွက်လွန်းလို့ ရယ်တောင်ရယ်မိသည်။သူမနှင့်ထူကျင့်လန်သည် အဖြူနှင့်အမည်း၊ အရှည်နှင့်အတိုလိုမျိုး ဘယ်လိုနည်းနှင့်ဘဲကြည့်ကြည့် သူတို့ကလုံးဝမတူပေ။ အကယ်၍ တစ်စုံတစ်ယောက်က ထိုcommentရေးသူသည် ထူကျင့်လန်ရဲ့လခစားမဟုတ်ဘူးလို့ပြောရင်တောင် သူမ မယုံပေ။


အနည်းဆုံးတော့ ထိုcommentအတွက်ပြန်ဖြေမှုများတွင် သူမကို ကူညီပြီးပြောပေးသူများလည်းရှိနေသည်။


[ commentရေးသူရေ အခုမျက်စိအထူးကုဆရာဝန်နဲ့သွားပြဖို့ မင်းကိုတိုက်တွန်းချင်တယ်! ]


[ ငါဘယ်သူ့ဖန်မှ မဟုတ်ပါဘူး ဒါပေမဲ့ မင်းပြောတာကိုလက်မခံနိုင်ဘူး စုယိအကြောင်း ငါcommentမရေးဖူးဘူး ဒါပေမဲ့ သူမမျက်နှာက ဘယ်သူမှ ဘာမှအပြစ်ပြောစရာမရှိဘူး တကယ်လို့ တစ်နေ့မှာ ထူကျင့်လန်သာ စုယိနဲ့အကုန်လုံးတူအောင်လုပ်မယ်ဆိုရင် သူမမှာပလက်စတစ်ဆာဂျရီလုပ်ဖို့ တစ်နည်းဘဲရှိတော့တယ်… ]


[ စုယိရဲ့အခုချစ်သူကောင်လေးက အရမ်းမိုက်တယ် commentရေးသူရေ မင်းရေးထားတဲ့commentကိုဖျက်ပြီး မင်းဘဝကို ကယ်တင်ဖို့ အကြံပေးလိုက်ပါတယ် ]


ချူယင်းပြန်ရောက်လာသည့်အခါ အိပ်ယာပေါ်တွင်လှိမ့်ကာ ရယ်နေသောသူမကိုတွေ့လိုက်ရသည်။


"ကြည့်နေတာရပ်တော့ ဒီကိုလာပြီး နို့ဆန်ပြုတ်သောက်လိုက်ဦး"


စုယိသည် မကြာသေးမီကရေးထားသောcommentအားလုံးနီးပါးကို ကြည့်ပြီးပြီဖြစ်သည်။ သူမလည်းစိတ်ရှုပ်မခံတော့ဘဲ ဖုန်းကိုချကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် အိပ်ယာပေါ်ကဆင်းသွားလိုက်သည်။


ချူယင်းကိုမှီထားပြီး သူနို့ဆန်ပြုတ်ခွံ့ကျွေးမှာကို ငြိမ်၍စောင့်နေလိုက်သည်။


……


အခြားတစ်ဖက်တွင်မူ …လေယာဥ်ပေါ်ကဆင်းဆင်းချင်း ဝူရွှယ်သည် ဆေးရုံးသို့သွားရန် တက္ကစီငှားလိုက်သည်။ သူမကားထဲသို့ရောက်သည့်အချိန်မှသာ သူမဖုန်းကိုထုတ်ကြည့်မိသည်။


စာသားပေးပို့စာအတန်းလိုက်နှင့် appမှအသိပေးချက်အသံများက သူမကိုစောင့်ကြိုနေပေ၏။


[ လျိုရှီး : မင်းငါ့ကို တကယ်လာမတွေ့တော့ဘူးလား ]


[ လျိုရှီး : [ဓါတ်ပုံ] ]


[ လျိုရှီ : အဲဒါ သူ့ဆီကဟာအကုန်လုံးပဲ ငါအရမ်းနာကျင်ရတယ် ]


သူမအသက်ရှူထုတ်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲကာ 'ဖျက်သည်'ဆိုသည့် ခလုတ်ကိုနှိပ်လိုက်သည်။မကြာခင်မှာပဲ စာအချို့ မျက်နှာပြင်ပေါ်ကနေပျောက်သွားပြီး နောက်ထပ်စာများ တက်လာလေသည်။


[ #ဝူခဲ့# ညအချိန်မတော် အမျိုးသမီးတစ်ယောက်နှင့် ဟိုတယ်တွင် ချိန်းတွေ့ခြင်း အဲဒီအမျိုးသမီးသည် တက်သစ်စမင်းသမီးတစ်လက်ဖြစ်ဖွယ်ရှိ #ထူကျင့်လန်#? ]


[ #စုယိ#ဝူခဲ့ #ကြိုက်နေတယ် #အတင်းအဖျင်းတစ်ခု! အဲဒါကအမှားကြီးလား ဒါမှမဟုတ် အမှန်ဆိုတာကို ကြေငြာလိုက်တာလား? အယ်ဒီတာရဲ့သုံးသပ်ချက်ကို ကြည့်ရန်နှိပ်ပါ! [


ဝူရွှယ်တစ်ယောက် အခုလေးတင်ရှူထုတ်လိုက်သောလေသည် သူမလည်ချောင်းထဲသို့ ပြန်ဝင်သွားတော့သည်။


Xxxxxxxx