Chapter 57
ဖောက်ပြန်ခြင်းလား။
စုယိသည် ချူယင်းလက်ဖဝါးထဲရှိပုဝါပေါ်မျက်နှာအပ်ကာသုတ်လိုက်ပြီးမှ ပုဝါကိုဆွဲယူလိုက်သည်။ သူမသည် အတွင်းခံအဝတ်အစားများကိုသာ ဝတ်ထားပေ၏။ သူမသည် အခုလေးတင်မျက်နှာသစ်ထားတာဖြစ်သဖြင့် သူမ၏ရှေ့ဆံပင်တွေသည် စိုစွတ်ကာ ပါးပေါ်တွင်ကပ်နေပြီး ရေစက်များမှာလည်း ထိုဆံပင်မှတစ်ဆင့် သူမရဲ့သေးပြီးနူးညံ့သောမေးစေ့အထိစီးကျနေသည်။ သူမနှုတ်ခမ်းတွေသည်လည်းစိုစွတ်နေ၏။
သူမ သူ၏လက်ပေါ်တွင် စက်ဝိုင်းတစ်ခုဆွဲလိုက်သည်။
"ဗိုလ်ကြီးယင်း"
သူမသည် ဖြားယောင်းသွေးဆောင်လိုသော အသံဖြင့် "နောက်ထပ် ရေထပ်ချိုးချင်သေးလား"
သူ မျက်ခုံးပင့်လိုက်ပြီးနောက် တစ်ဆက်တည်းဆိုသလိုမျက်လုံးတွေကလည်းမည်းနက်သွားသည်။
ခဏလောက်ကြာတော့ "မစနဲ့တော့ ဒါမှမဟုတ်ရင် မင်းပြန်ပြီးဖျားသွားလိမ့်မယ်"
စုယိ သူ့လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး "ကျွန်မ နေကောင်းနေပြီ တကယ်ပြောနေတာ"
သူမ အဆွဲလွန်သွားတာကြောင့် ဖြူဖွေးပိန်သွယ်သောသူမလက်မောင်းတစ်ခုလုံးက အပြင်ဘက်သို့ပေါ်ထွက်လာသည်။ ရေစက်အနည်းငယ်တောင် လက်မောင်းပေါ်၌ရှိနေသေးသည်။
သူ တုန့်ပြန်မှုမရှိတာကိုတွေ့တော့ သူမကဆက်ပြောသည်။
"တကယ်ပြောတာ ရှင်မယုံရင် ကျွန်မကိုလာစမ်းကြည့်လှည့်"
သူမ၏နဖူးကိုဆန့်ထုတ်ပေးလိုက်သည်။ သူမ၏အတွင်းခံအဝတ်အစားတွေသည် သူမ၏ခန္ဓါကိုယ်အပေါ်ပိုင်းရှိကောက်ကြောင်းများကို ထင်ရှားပေါ်လွင်နေစေသည်။
ချူယင်းမျက်လုံးများကိုမှိတ်လိုက်သည်။ သူ၏ အာဒမ်ပန်းသီးက အထက်အောက်လှုပ်ရှားသွားပြီး ကိုယ်ကိုကွေးကာ သူမနှဖူးကိုထိလိုက်သည်။
'အရမ်းအေးတယ်'
"မပူတော့ဘူး ဟုတ်တယ်-"
ထို့ထက်ပိုပြီးထိန်းမထားနိုင်တော့ပေ။
သူမစကားပြောမပြီးခင်မှာပင် ချူယင်းသည် သူမမေးစေ့ကိုဆွဲမော့ကာ သူမနှုတ်ခမ်းတွေကိုပိတ်လိုက်သည်။ မနူးညံ့ မကြမ်းတမ်းလွန်းဘဲ သူမနှုတ်ခမ်းတွေကို စုပ်ယူလိုက်သည်။
စုယိ လန့်ဖြန့်သွားပြီးနောက်ဆုတ်လိုက်ပေမဲ့ ချူယင်းက သူမ မေးစေ့ကိုဆွဲထားပြီး သူ့လျှာဖြင့် သူမပါးစပ်ထဲသို့ တိုးဝင်လာခဲ့သည်။
စုယိ မနေ့တုန်းကလိုမျိုး သူမတစ်ကိုယ်လုံးပူခြစ်တောက်နေသည်ကိုခံစားမိသည်။ သူမခြေထောက်တွေ ဂျယ်လီလိုမျိုးပျော့ခွေသွားသည်အထိ အနမ်းခံခဲ့ရသည်။ မတ်တပ်ရပ်နိုင်ဖို့ တံခါးလက်ကိုင်ကို သူမလက်တွေနဲ့ကိုင်ထားရပြီး ထိုအနေအထား အရမ်းရှက်စရာကောင်းလှသည်။
"...ဝင်ခဲ့တော့ ပင်ပန်းနေပြီ"
သူမဖျားသည့်အခါဖြစ်စေ ငိုသည့်အခါဖြစ်စေ သူမအသံသည်ပြောင်းမသွားပေ။ ထိုကဲ့သို့ အချိန်မျိုးမှာသာလျှင် သူမအသံကဩရှရှလေးဖြစ်သွားပြီး နားထောင်ရတာဆွဲဆောင်မှုရှိစေသည်။ သူမစကားအဆုံးသတ်အသံလေးက အနည်းငယ်တုန်ခါနေသည်။
သူ ဘာမှမပြောတော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ရေချိုးခန်းထဲသို့ဝင်သွားသည်။
နှစ်ယောက်သား အချိန်ကြာမြင့်စွာနင့်နင့်သည်းသည်းနမ်းခဲ့ကြပြီး သူ့လက်တွေသည် အထက်အောက်ဖြည်းဖြည်းချင်းရွှေ့ကာ ဂရုတစိုက်လှည့်ပတ်ပွတ်သပ်နေသည်။
စုယိ နံရံကိုမှီထားရ၏။ မကြာခင်မှာပင် သူမခန္ဓာကိုယ်တစ်ခုလုံးက ရွှံ့စေးလိုမျိုးပျော့ပျောင်းသွားပြီး သူမကိုယ်အလေးချိန်တစ်ခုလုံးကို နံရံပေါ်၌လုံးဝမှီထားရပြီး သူ့လက်တွေက သူမကို ထိန်းပေးထားရသည်။
သူမမျက်နှာသည် နီရဲနေ၏။ ရေပိတ်ဖို့သူမလက်လှမ်းလိုက်သည်။ တကယ်လက်တွေ့၌ သူမသည်ရေကိုဖွင့်ချလိုက်သည်။ သူမရေချိုးဖို့ရေချိုးခန်းထဲသို့လာခဲ့ခြင်းဖြစ်တာကြောင့် သူမအချိန်မဆွဲချင်ပေ။
ထိုလူသည် သူမဒူးနှစ်ဖက်ကြားထဲသို့ ရုတ်တရက်ရောက်သွားလိမ့်မည်ဟု သူမ မထင်းမိပေ။ ဘာမှမတုန့်ပြန်နိုင်ခင်မှာပင် သူမလုံးဝရပ်တန့်ခြင်းခံလိုက်ရသည်။
ဤတစ်ကြိမ်၌ သူမလှုပ်ဖို့အရမ်းကြောက်သွားပြီး သူမလက်တွေကို အလိုအလျောက် သူ့လည်ပင်းတစ်ဝိုက်တွင်ထားလိုက်သည်။
"အောက်...အောက်ချပေး"
ချူယင်း သူမနှုတ်ခမ်းအပေါ် နောက်တစ်ကြိမ် စုပ်ယူလိုက်သည်။ "ကိုယ့်ကို စနောက်နေတာကြာပြီ နောက်ဆုံးတော့ မင်းကြောက်ရကောင်းမှန်းသိပြီလား"
"မကြောက်ပါဘူး"
စုယိမျက်နှာသည် နီရဲနေပြီး မတ်တပ်ရပ်ရန်ရုန်းကန်နေရဆဲပေ။
"ရှင် အဲဒါကိုကိုင်တွယ်မဖြေရှင်းနိုင်မှာပဲ စိုးရိမ်တာ-"
'ကောင်းပြီ'
သူမ၏စကားတွေသည် ဗိုလ်ကြီးယင်းကို လုံးဝ ဒေါသထွက်စေ၏။
မကြာခင်မှာပင် စုယိတစ်ယောက် သူမစိုက်ပျိုးတဲ့အသီးကို သူမပြန်စားသုံးလိုက်ရသည်။ သူမတို့နာရီဝက်ကျော်ကြာအလုပ်ရှုပ်နေစဥ်အတွင်း၌ သူမသည်နံရံပေါ်တွင်ဖိထားခြင်းခံခဲ့ရသည်။ သူမသည် ပင်လယ်ပြင်ထဲတွင် ကြီးမားသောလှိုင်းလုံးကြီးများနှင့်တွေ့ကြုံနေရသည့် ဦးတည်ချက်မရှိသောလှေငယ်လေးလိုပင်။ သူမလုပ်နိုင်သည့်အရာမှာ လှိုင်းလုံးတွေက သူမကို ဘယ်နေရာပဲဖြစ်ဖြစ်ယူဆောင်ခွင့်ပြုရုံသာတတ်နိုင်သည်။
သူ့ပခုံးပေါ်မှီထားသောသူမမျက်နှာပေါ်တွင် မျက်ရည်စလေးတွေရှိနေသေးသည်။ သူမခေါင်းကိုယမ်းပြီး မသိစိတ်ဖြင့် မသဲမကွဲရေရွတ်နေသည်။
မုန်တိုင်းပြီးသွားပြီးနောက် စုယိ သူမရဲ့အားအင်တွေအကုန်လုံးကုန်ခမ်းသွားပေပြီ။ အခြားတစ်ဖက်မှာတော့ ချူယင်းက လုံးဝအားသစ်အင်သစ်ဖြစ်နေပြီး သူမကိုအိပ်ယာပေါ် အသာလေးသယ်သွားပေးသည်။
"ခုနက ရေချိုးခန်းထဲမှာ ကိုယ်ကဘာဖြစ်တယ်လို့ မင်းပြောလိုက်တာလဲ"
သူအသံမှာ စနောက်လိုစိတ်အပြည့်ဖြစ်နေပြီး သူ့လက်မှာလည်း ဦးတည်ချက်မရှိလျှောက်သွားနေသည်။
စုယိ သင်ခန်းစာရသွားပြီမလို့ သူ့ကို သွေးမဆောင်ရဲတော့ပေ။
သူမဝေါဟာရစကားလုံးအချို့ကို အမှတ်တမဲ့သတိရသွားပြီး "ရှင်ကတိုက်ပွဲပေါင်းတစ်ရာကိုတိုက်ရရင်တောင် မရှုံးနိုင်ဘူး စွမ်းအားကြီးလွန်းတယ်လို့ ပြောတာ"
"ကိုယ်ကစွမ်းအားကြီးတယ် "
ချူယင်းက အသာပြုံးလိုက်ပြီး သူမနားရွက်ဖျားကိုကိုက်ကာ "ဒါပေမဲ့ တိုက်ပွဲတစ်ရာကိုတိုက်တာတော့မဟုတ်ဘူး"
သူတိုးတိုးလေးပြောလိုက်သည်။
"မင်းတစ်ယောက်တည်းအတွက်ပဲ"
ခဏလောက် စုယိ အသံတိတ်သွားပြီး ရင်ထဲအရမ်းထိသွားသည်။ ပြီးနောက် လျှောက်သွားနေသောလက်ကို သူမဖမ်းဆွဲလိုက်သည်။
"မနက်ဖြန် ဇာတ်ကားရိုက်စရာရှိတယ်"
သူမလက်ကို သူ့ခါးပေါ်ထားလိုက်ပြီး "ကျွန်မ အရှုံးပေးပါတယ်"
ချူယင်းသည် လုံးဝမလုံလောက်သေးပေမယ့် အရမ်းတော့အလျင်မလိုပေ။ သူ့မလက်ကိုဘေးသို့ချလိုက်ပြီး ထလိုက်ကာ မီးပိတ်လိုက်သည်။ ထို့နောက် သူမကိုဆွဲပြီး တင်းကျပ်စွာဖက်ထားလိုက်သည်။
"အိပ်တော့"
……
ညအချိန်တွင် အိပ်ယာဘေးတွင်ရှိနေသောဖုန်းက မိုးပြိုမတက် ကျယ်လောင်စွာမြည်လာသည်။
စုယိ မျက်လုံးကိုဖွင့်လိုက်သည့်အခါ သူမဘေးနားရှိလူသည်နိုးနေပြီး သူမအတွက်ဖုန်းချပစ်လိုက်သည်။ သူမကြည့်လိုက်တော့ မြည်နေတဲ့ဖုန်းက သူမဖုန်းဖြစ်နိုင်သည်။
သူမပြန်လှဲလိုက်ပြီး မေးလိုက်သည်။
"ဘယ်သူလဲ"
"မသိတဲ့နံပါတ်" ချူယင်းပြန်ဖြေလိုက်သည်။
သူပြောပြီးနောက် ဖုန်းကနောက်ထပ်မြည်လာပြန်သည်။
စုယိသူ့ခြေထောက်ကို လှမ်းထိလိုက်ပြီး "ဖုန်းကိုင်ပေးစမ်းပါ အဲဒါအလုပ်ကိစ္စဖြစ်နိုင်တယ်"
ချူယင်းဖုန်းကိုင်လိုက်ပြီး စက္ကန့်အနည်းငယ် နားထောင်လိုက်သည်။
စုယိမေးလိုက်သည်။ "ဘယ်သူလဲ၊ ဘာတွေပြောနေတာလဲ"
"မင်း အေးဂျင့်ရဲ့ခင်ပွန်းလောင်းထင်တယ်"
ချူယင်းပြောလိုက်သည်။
"သူမက ဖောက်ပြန်နေတယ်လို့ပြောနေတယ်"
စုယိ သူ့မျက်လုံးများကိုပိတ်လိုက်ပြီး ခဏလောက်တိတ်သွားသည်။
သူမဖုန်းကို ယူ၍ပြောလိုက်သည်။
"ဟယ်လို"
လျှိုမင်ဟောင်သည် အလျှင်လိုနေသောအသံဖြင့် "ယိလေးလား ငါက လျှိုမင်ဟောင်ပါ ဒီတစ်ကြိမ်တော့မင်း ငါ့ကိုကူညီရမယ် ဝူရွှယ်က ငါ့အပေါ်ဖောက်ပြန်နေတယ် သူမ ကောင်လေးတစ်ယောက်နဲ့ ဟိုတယ်ထဲဝင်သွားတာကို ငါ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာ"
စုယိမျက်ခုံးများကိုကျုံ့လိုက်ပြီး နှစ်စက္ကန့်လောက် တွေးလိုက်ပြီး သူမအသံကိုနှိမ့်၍ပြောလိုက်သည်။
"ရှင် ဖုန်းမှားနေတယ်"
သူမဘေးနားရှိချူယင်းသည် ခပ်ဖွဖွရယ်လိုက်၏။
"ဘာ"
အခြားတစ်ဖက်လူသည် ကြောင်သွားသည်။ ဖုန်းနံပါတ်ကိုပြန်စစ်နေတာဖြစ်နိုင်၏။
"ဖုန်းမှားတာ မဖြစ်နိုင်..."
တီ!
စုယိ လျှင်မြန်စွာဖုန်းချပစ်လိုက်သည်။
ချူယင်းသည် ခပ်ဖွဖွပြုံးနေပြီး "အဲဒါဘာလဲ မင်းသူငယ်ချင်းအတွက် ကာကွယ်ပေးထားတာလား"
"အင်း"
စုယိချက်ချင်းဘဲဝန်ခံလိုက်ပြီး ဖုန်းကိုစားပွဲပေါ်တင်လိုက်သည်။
"ကျွန်မသူ့ကို မယုံတာမဟုတ်ဘူး ကျွန်မသူငယ်ချင်းကို ကျွန်မယုံတာ"
နောက်တစ်နေ့မနက်စောစော၌ သူမအိပ်ယာထထချင်းမှာပင် ဝူရွှယ်ဆီမှစာတစ်စောင်ရောက်လာသည်။
【 ဝူရွှယ် : ငါဖောက်ပြန်မိသွားတယ် 】
…
စုယိ သူမပါးပြင်တွေ အနည်းငယ်ရောင်ရမ်းဖောင်းကားလာသည်ကို ခံစားလိုက်ရသည်။
[ T/N - မျက်နှာဖြတ်ရိုက်ခံရခြင်းကိုဆိုလို ]
သူမမေးလိုက်သည်။ "ဘာဖြစ်တာလဲ"
သူမ တကယ်တော့ သူမသူငယ်ချင်းကို ကာကွယ်ပေးချင်လို့မဟုတ်ပေ။ ဝူရွှယ်ဖောက်ပြန်လိမ့်မည်မဟုတ်ဟု သူမတွေးခဲ့ရုံသာ။
လျိုမင်ဟောင်၏မိသားစုသည် သာမန်လူတန်းစားဖြစ်ပြီး သူ့၏လစာသည်လည်း မမြင့်ပေ။ အရင်က သူတို့အားလပ်ရက်ရောက်တိုင်း သူ့မိဘတွေအတွက် ကျန်းမာရေးပစ္စည်းတွေကိုဝယ်ဖို့ ငွေအမြောက်အများကို ဝူရွယ်သုံးလေ့ရှိသည်။ ထို့အပြင် လျိုမင်ဟောင်၏အစ်ကို လက်ထပ်တုန်းကတောင်မှ ဝူရွယ်သည် လျိုမိသားစုကို ငွေပမာဏအများအပြားပေး၍ ကူညီခဲ့သည်။ တောင်းဆိုခဲ့တာက လျိုမင်ဟောင်ဖြစ်သော်လည်း ဝူရွှယ်ကိုယ်တိုင်ကလည်း ကြည်ကြည်ဖြူဖြူပေးခဲ့သောကြောင့် သူတို့နှစ်ယောက်ကြား၌ ပြဿနာမရှိပေ။
ဝူရွှယ်လက်အောက်မှာအလုပ်လုပ်နေသော အမျိုးသားအနုပညာရှင်အနည်းငယ်ရှိသည်။ သို့ပေမဲ့ သူမသည် မည်သူနှင့်မဆို အလုပ်သဘောအရဆက်ဆံရေးထက်မပိုခဲ့ပေ။ အရှင်းဆုံးပြောရလျှင် ဝူရွှယ် လျိုမင်ဟောင်ကို တကယ်ချစ်သလားဆိုတာတောင် စုယိမသိဘူး။ သို့ပေမယ့် ဝူရွှယ်သည် သူမ၏အချစ်ရေးအပေါ်အရမ်းအလေးအနက်ထားသည်ဆိုတာကိုတော့ စုယိသိပေ၏။
ဝူရွှယ် ခဏအသံတိတ်သွားပြီး "ငါ ဒါကိုဖုန်းနဲ့ရှင်းပြလို့မရဘူး ရှန်ဟိုင်းကိုပြန်ရောက်မှ ပြောပြမယ်"
လေယာဥ်ကွင်းမှ အသံလွှင့်သံကို ဖုန်းမှတစ်ဆင့်ကြားရသည်။
စုယိအချိန်ကိုကြည့်လိုက်ပြီး "၈နာရီပဲရှိသေးတယ် ပြန်လာနေပြီလား"
"အင်း" ဝူရွှယ်ပြောလိုက်သည်။
"ငါ့ပြဿနာတွေကို ဖြေရှင်းပြီးပြီ ပြီးတော့ နင့်မှာလက်ထောက်မရှိဘူး ဟုတ်ပြီ ဖုန်းချလိုက်တော့မယ်။း ငါလေယာဥ်ပေါ်တက်ရတော့မယ်"
ချူယင်း ဆေးကြောပြီးထွက်လာသည့်အခါ သူမဖုန်းကိုငေးစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး"
စုယိ သူတို့ မနက်စာသွားစားမှာကို သတိရသွားပြီး ထလိုက်ကာ ဗီရိုထဲမှ သူမအဝတ်အစားတွေကိုယူလိုက်သည်။
"ကျွန်မ အဝတ်အစားလဲတာကိုစောင့်ဦး ချူရှီးက အခန်း 1212မှာရှိတယ် ကျွန်မတို့ အဲ့ဒီကိုခဏနေရောက်မယ်လို့ ဖုန်းခေါ်လိုက်ဦး"
ချူယင်းမျက်ခုံးကြုတ်လိုက်ပြီး "ကိုယ့်တို့ သူ့ကို မခေါ်ဘူး"
သူစကားပြောပြီးပြီးချင်းမှာပင် အခန်းတံခါးက မြည်လာသည်။
ချူရှီးသည် သူမအထဲကိုဝင်လာလာချင်းပြောလိုက်သည်။
"စုယိ အဲဒါ အရမ်းမိုက်တာပဲ"
ချူယင်းက "သူမကို ယောင်းမလို့ခေါ်"
“… ယောင်းမ”
စုယိ ရေချိုးခန်းထဲ၌ အဝတ်အစားလဲပြီးပြီဖြစ်ပြီး သူမဆံပင်ကို ponytailပုံစံစုစည်းလိုက်သည်။
"နင် ယုံချင်မှယုံလိမ့်မယ် ဒါပေမဲ့ အဲဒီသတင်းက တကယ် အမှားကြီး"
ချူရှီးပြုံးလိုက်ပြီး "အခု ဒီလိုဖြစ်သွားပြီဆိုတော့ အဲဒီအဖွားအိုကြီး သေသွားမှာစိုးရိမ်ရတယ်"
သူမဘယ်သူ့ကိုပြောသည်ဆိုတာသိသောကြောင့် "သူက ကုမ္ပဏီမှာ ပြဿနာရှာတတ်တဲ့ အနုပညာရှင်တစ်ယောက်သာသာပဲ အဲဒီအဆင့်ထိမရောက်သေးဘူး သူမလက်အောက်မှာ နာမည်ကျော်အနုပညာရှင်တွေအများကြီးရှိသေးတယ်"
ဤအနုပညာနယ်ပယ်သည် ထိုသို့ပင်ရက်စက်၏။ အရှုပ်တော်ပုံတစ်ခု၌ ကုမ္ပဏီက ကယ်တင်ချင်ရင် သူတို့ကြိုးစားကယ်တင်လိမ့်မည်။
သို့ပေမယ့် သူတို့အေးအေးဆေးဆေးပြီးမသွားစေချင်လျှင်တော့ ရေအောက်ကို မင်းဖြည်းဖြည်းချင်းနစ်မြုပ်သွားတာကို သူတို့ထိုင်ကြည့်နေကြလိမ့်မည်ဖြစ်၏။ ထိုအရှုပ်တော်ပုံတွင်မူ ဝူခဲ့ပါဝင်နေခဲ့ပြီး သူ့ကုမ္ပဏီကလည်း သူ့ကိုအဆုံးရှုံးခံမည်မဟုတ်ပေ။ ထို့ကြောင့် ထူကျင့်လန်သည် ဤကိစ္စထဲမှသန့်ရှင်းစွာထွက်သွားဖို့မဖြစ်နိုင်ပေ။
သူတို့စကားပြောရင်း ဟိုတယ်မှထွက်လာကြပြီး နို့ဆန်ပြုတ်ဆိုင်ထဲသို့ဝင်လိုက်သည်။
စုယိ နို့ဆန်ပြုတ်နည်းနည်းသောက်လိုက်ပြီး သူမဘေးရှိ သူ့ကိုမေးလိုက်သည်။
"ရှင် ဘယ်အချိန်ပြန်မှာလဲ"
ချူယင်းသည် သူမဆံပင်ကိုထိုးဖွလိုက်ပြီး ပြန်ဖြေခါနီး၌ စားပွဲပေါ်ရှိဖုန်းက မြည်လာသည်။
ဖုန်းခေါ်ဆိုသူကို လှမ်းကြည့်လိုက်သည်။ ဖုန်းကိုယူလိုက်ပြီး ဆိုင်အပြင်ရောက်မှသာ ဖုန်းကိုင်လိုက်သည်။
___________________________________________