အပိုင်း ၅၈
Viewers 13k

Chapter 58


သူထွက်သွားသည်ကိုမြင်တော့ ချူရှီးသည် တိုးတိုးလေးပြောလာသည်။ 


"ငါ ဖုန်းခေါ်တဲ့သူကိုမြင်လိုက်တယ် အဲဒါအဖေလေ သေချာပေါက် သူ့ကိုမြန်မြန်ပြန်လာဖို့ ဖုန်းလှမ်းဆက်တာဖြစ်ရမယ်"


စုယိ 'အမ်-ဟမ်'လို့သာ ပြန်ဖြေပြီး ဂရုမစိုက်စွာဖြင့် နို့ဆန်ပြုတ်ကိုဆက်သောက်နေလိုက်သည်။


သူမ ဒီလိုဖြစ်နေတာမြင်ပြီး ချူရှီးမမေးဘဲမနေနိုင်တော့ပေ။ 


"ဘာလို့လဲ နင်မသိဘူးလား"


“မသိဘူး”


"နောက်လာမဲ့ရက်အနည်းငယ်အတွင်းမှာ ယန်ရော့လင်ရဲ့အဖိုးက မွေနေ့ပွဲအကြီးအကျယ်ကျင်းပလိမ့်မယ်" ချူရှီးပြောလိုက်သည်။ 


"ငါ့အစ်ကိုကို တွေ့ချင်တယ်လို့ ယန်မိသားစုက ပွင့်ပွင့်လင်းလင်းဖိတ်ထားတယ်လို့ ငါကြားခဲ့တယ်"


သူမ မျက်လုံးကိုပင့်လိုက်ပြီး "ဘာအတွက်လဲ"


"ဒါပေါ့ သူက အစ်ကို့ကို သူတို့ရဲ့မြေးမလေးနဲ့ ငယ်ဘဝအမှတ်တရလေးတွေ ပြန်မှတ်မိစေချင်လို့နေမှာပေါ့"


စုယိမျက်ခုံးကိုပင့်လိုက်ပေမဲ့ ဘာမှတော့မပြောပေ။


ချူရှီး နောက်ဆုံး၌သဘောပေါက်သွားကာ "LDRSဆက်ဆံရေးမျိုးက တကယ် စိတ်ပျက်စရာကောင်းလား"


"အဆင်ပြေပါတယ်"


စုယိနောက်ကိုမှီလိုက်ပြီး ယောင်ယောင်လေးပြုံးလိုက်သည်။ 


"ငါတို့အမြဲတမ်းမရနိုင်တဲ့ပျော်စရာအချို့တော့ ရံဖန်ရံခါရှိပါတယ်...မင်းက ငယ်သေးတယ် နားလည်မှာမဟုတ်ဘူး"


ချူယင်းဝင်လာတော့ စုယိကစားပြီးသွားပြီဖြစ်သည်။ သို့ပေမယ့် နို့ဆန်ပြုတ်ကပန်းကန်တစ်ဝက်ကျော်ကျန်နေသေးသည်။


သူထိုင်လိုက်ပြီး မေးသည်။ "ဘာလို့နည်းနည်းလေးပဲစားတာလဲ"


"ဗိုက်ပြည့်နေပြီ ရှင် ဘယ်အချိန်ပြန်ဖို့ စီစဥ်ထားလဲ"


"ကိုယ်တို့ နေ့ခင်းပြန်မှာ ကုမ္ပဏီမှာကိစ္စလေးရှိလို့"


အစက သူသည် ရက်အနည်းငယ်လောက်နေပြီးမှ ပေကျင်းကိုပြန်ဖို့စီစဥ်ထားသည်။ သို့ပေမယ့် ဖေဖေချူက သူ့ကိုအခုချက်ချင်းပြန်လာရန်နှင့် ကုမ္ပဏီခွဲအကြောင်းဆွေနွေးရန် ဖုန်းခေါ်ခဲ့သည်။


မနက်စာစားပြီးနောက် ချူယင်းက သူတို့နှစ်ယောက်ကို ရိုက်ကွင်းဆီမောင်းပို့ပေးခဲ့သည်။


ချူယင်းက ပါကင်ထိုးလိုက်ပြီးပြောလိုက်သည်။ 


"ချူရှီး နင်အရင်သွားနှင့်"


ချူရှီးကလည်း "မသွားပါဘူး ငါကယောင်းမလေးကို စောင့်ချင်သေးတယ်"


“ထွက်သွားစမ်း” 


ချူရှီး ဒေါသထွက်ထွက်ဖြင့် ကားထဲမှထွက်သွားတော့သည်။


သူမအဝေးကိုရောက်သွားတာတွေ့တော့ စုယိ ခါးပတ်ကိုဖြုတ်ပြီး သူမဘေးရှိသူ့ကို နမ်းရန်ရှေ့တိုးလိုက်သည်။


"ဒီမနက် ရှင့်ကို မုတ်ဆိတ်ကူရိတ်ပေးချင်ခဲ့တာ" 


သူ့မေးစေ့ကိုပွတ်သပ်လိုက်ပြီး "စိတ်မကောင်းစရာက ဟိုတယ်မှာ ဓါးမရှိဘူး"


“တစ်ခုသွားဝယ်ရအောင်”


“ဟမ်” သူမ သူ့ကို နားမလည်နိုင်သလိုကြည့်လိုက်သည်။


"နောက်တစ်ကြိမ်ပေါ့" 


သူပြောရင်း သူ့ဆီမှနောက်ပြန်ဆုတ်သွားသော သူမခန္ဓါကိုယ်လေးကို လက်ဆန့်ထုတ်ကာ လှမ်းဆွဲလိုက်ပြီး နောက်တစ်ကြိမ်ထပ်နမ်းလိုက်သည်။


ငါးမိနစ်ကြာပြီးနောက် စုယိကားထဲမှထွက်လာတော့ သူမနားရွက်တွေက လုံးဝနီရဲနေသည်။


 သူမ လက်ပြလိုက်ပြီး "ကားကိုလည်း ဂရုတစိုက်မောင်းဦး"


“အင်း”


ကားထွက်သည့်အခါမှသာ အနားတွင်အချိန်ဖြုန်းနေသောချူရှီးက သူမဘေးနားရောက်လာပြီး "နင်တို့တွေဘာလို့ အရမ်းနှေးနေရတာလဲ"


ကားမှန်တွေကို အရောင်ထည့်ထားသောကြောင့် အတွင်းထဲ၌ဖြစ်ပျက်နေသည်များကို အပြင်ဘက်မှ ရှင်းရှင်းလင်းလင်းမြင်ရဖို့ဆိုတာ မဖြစ်နိုင်ပေ။


စုယိပြန်မဖြေဘဲ မေးလိုက်သည်။


 "ဘာလို့ အရင်မဝင်နှင့်တာလဲ"


"ငါက နင့်အတွက်စိုးရိမ်တာရော မဖြစ်နိုင်ဘူးလား" 


ချူရှီးကပြောလိုက်သည်။ 


"မနေ့က Weiboပေါ်မှာအဲကိစ္စဖြစ်ပြီးနောက် ဝူခဲ့က နင့်ကိုဒုက္ခပေးမှာကို စိုးရိမ်တယ်"


"ဘာမှ စိုးရိမ်စရာမရှိဘူး" 


စုယိလက်ကိုမြှောက်ပြီး သူမခေါင်းကိုဖွလိုက်သည်။


 "သွားစို့"


သူမတို့ရိုက်ကွင်းကို အတူဝင်သွားသည်နှင့် စုယိ အနည်းငယ်ရုန်းကန်လိုက်ရသည်။


ဝူခဲ့သည် ထိုမှာကြိုရောက်နှင့်နေ၏။ သူ့အမူအရာက အကောင်းကြီးမဟုတ်ပေ - သူ မနေ့ညကမအိပ်ခဲ့ရတာဖြစ်နိုင်သည်။ ဇာတ်ကွက်အကြောင်း လီမင်ရှင်းပြတာကို ငြိမ်ငြိမ်လေးနားထောင်နေသည်။ စုယိကိုတွေ့တော့ အေးစက်စွာတစ်ချက်နှာမှုတ်လိုက်ပြီး ဘာမှတော့မပြောပေ။


စုယိလည်း သူ့ကိုကြည့်မနေဘဲ လီမင်တစ်ယောက်တည်းကိုပဲ နှုတ်ဆက်လိုက်သည်။


 "ဒါရိုက်တာကြီး morning"


သူမတို့ရဲ့ အတုအယောင်ဆက်ဆံရေးက ပြတ်ပြတ်သားသား ပျက်စီးသွားချေပြီ။ ရူးနေတဲ့သူကသာ ယဥ်ယဥ်ကျေးကျေးအမူအရာတွေကို ဆက်ပြီးလုပ်နေမှာပင်။


"Morning" 


လီမင် သူမတို့နှစ်ယောက်ကို တိတ်တိတ်လေးကြည့်လိုက်ပြီး "ဒီနေ့ ရောက်လာတာစောသားပဲ"


"ဟုတ်တယ် ဟိုတယ်မှာလည်း ဘာမှလုပ်စရာမရှိဘူး ဒါကြောင့်ဇာတ်ညွှန်းအသစ်ကို ကြည့်ဖို့လာခဲ့တာ"


"ဇာတ်ညွှန်းအသစ်က တကယ်တော့အရမ်းကြီးပြောင်းမသွားပါဘူး ဝူခဲ့နဲ့အတူရိုက်ရမဲ့နေရာလောက်ပဲ ပြောင်းသွားတာ"


လီမင်သည် ဇာတ်ညွှန်းအသစ်ကို သူမဆီလှမ်းပေးသည်။


 "စာကြောင်းအနည်းငယ်နဲ့ အမူအရာအချို့လောက်ပါပဲ ငါတို့နောက်မှရိုက်မလား ဒါမှမဟုတ် နင် ဒီထက်အချိန်ပိုလိုသေးလား"


"မလိုဘူး ခဏလောက်ဆိုရတယ်" 


စုယိအချိန်ဇယားကိုကြည့်လိုက်ပြီး "နှစ်နာရီလောက်ပဲ အဲဒါဆိုလုံလောက်တယ်"


လီမင်က ခေါင်းညိတ်လိုက်ပြီး "အိုကေ"


မိတ်ကပ်အခန်းကိုရောက်သည့်တိုင်အောင် ငြိမ်းငြိမ်းချမ်းချမ်းပင်။


စုယိ ဇာတ်ညွှန်းကိုဖွင့်ပြီး ကြည့်လိုက်သည်။ လီမင်ပြောသလိုပင် ပြောင်းသွားတာတွေက အရမ်းမသိသာပေ။ ယနေ့ဇာတ်ညွှန်းအတွက် စာသားအနည်းငယ်လောက်ပဲ ပြောင်းသွားပေ၏။ သူမအတွက် အလွတ်ပြန်ကျက်မှတ်ဖို့ လုံလောက်ပေသည်။


ဝူရွှယ်ဝင်လာချိန်တွင် စုယိသည် eyelinerဆွဲနေ၏။ တံခါးဖွင့်သံကြောင့် eyelinerဆွဲနေသော မိတ်ကပ်ဆရာကလန့်သွားပြီး ရလဒ်အနေနဲ့ မျဥ်းကြောင်းက သူမမျက်ခုံးပေါ်ရောက်သွားသည်။


"တောင်းပန်ပါတယ် တောင်းပန်ပါတယ်...လန့်သွားလို့ပါ"


"ရပါတယ်"


 စုယိ မျက်လုံးဖွင့်ကြည့်လိုက်ပြီး မျဥ်းကြောင်းက အရမ်းရယ်စရာကောင်းတယ်လို့ ထူးထူးဆန်းဆန်းတွေးမိသည်။ သူမဓါတ်ပုံရိုက်လိုက်ပြီး ချူယင်းဆီပို့လိုက်သည်။


ဝူရွှယ်သည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပင်ပန်းနေချေပြီ။ အိတ်တွေအများကြီးကို သူမလက်နဲ့သယ်ထားပြီး စုယိဘေးနားဝင်ထိုင်လိုက်သည်။


စုယိက သူမလက်ကိုကြည့်လိုက်ပြီး "အိတ်အကြီးရော အသေးရော အစုံပဲ ဘာတွေများယူလာတာလဲ"


"ဘာမှမဟုတ်ပါဘူး" 


သူမလေယာဥ်ပေါ်မတက်ခင် သူလုပ်နိုင်သလောက်အားလုံး သူမကိုပေးဖို့ အကောင်းဆုံးကြိုးစားနေတဲ့ ကောင်လေးအကြောင်းတွေးမိပြီး ဝူရွှယ်ခေါင်းမယမ်းဘဲမနေနိုင်ပေ။ ပြီးမှ သူမအိတ်တွေကို သူမဘေးချလိုက်သည်။


"ရွှယ်ရွှယ်လေး မနေ့ကဘာလို့ ရုတ်တရက်ကြီးပြန်သွားရတာလဲ"


ချူရှီးမေးလိုက်သည်။


 "ငါတစ်ယောက်တည်းနေရတာ ကြောက်လွန်းလို့ သေသွားတော့မလို့ပဲ"


"အသက်ဘယ်လောက်ရှိပြီလဲ ဟိုတယ်မှာတစ်ယောက်တည်းနေရတာကို ကြောက်တုန်းလား" ဝူရွှယ်ပြောလိုက်သည်။


မိတ်ကပ်ဆရာထွက်သွားပြီးနောက် စုယိအဓိကအကြောင်းအရင်းကို ပြောလိုက်သည်။


"မနေ့က လျိုမင်ဟောင် ငါ့ဆီကိုဖုန်းခေါ်တယ်"


ဝူရွှယ်မျက်မှောင်ကြုတ်လိုက်ပြီး "ဘယ်အချိန်ကလဲ သူဘာပြောသေးလဲ"


"ညသန်းခေါင်"


 သူမပြောပြီးနောက် စုယိ မျက်လုံးမလှိမ့်ဘဲမနေနိုင်ပေ။ 


"နင် ဖောက်ပြန်နေတယ်ဆိုပြီး ငါ့ကိုပြောတယ်"


ဝူရွှယ်လှောင်ပြုံးပြုံးလိုက်ပြီး "ကျပ်မပြည့်တဲ့အရူး သူ့မှာနင့်ကိုရှာဖို့ အရှက်ရှိသေးတယ်ပေါ့"


စုယိမေးလိုက်သည်။ "ဒါဆို ဘာဖြစ်တာလဲ"


"ဘာမှမဖြစ်ဘူး" 


ဝူရွှယ်သည် တကယ်ကြီးပေါ့ပေါ့ပါးပါးနှင့်အလွယ်တကူပြောလာသည်။


 "ငါတို့တစ်ယောက်အပေါ်တစ်ယောက် ဦးထုပ်စိမ်းဆောင်းကြရုံလောက်ပဲ"


[ T/N ဦးထုပ်စိမ်းဆောင်းတယ်ဆိုတာ ဖောက်ပြန်တာကိုပြောတာပါ ]


ထိုစကားကြောင့် နည်းနည်းမှစိတ်မဝင်းစားတဲ့ ချူရှီးတောင် နားစိုက်ထောင်လာသည်။


စုယိ အမူအရာက ရှုပ်ထွေးနေ၏။


 အချိန်အတော်ကြာမှ အရေးကြီးသည့်အချက်ကို ရသွားပြီး "ဘယ်သူအရင်ဖောက်ပြန်တာလဲ"


ဝူရွှယ်သည် အနာကိုတုတ်နှင့်အထိုးခံရသလို သူမသွားတွေကိုကြိတ်ကာ "သူ"


“…”


"အရင်ထဲက သံသယတွေရှိတယ် ဒါပေမဲ့ ငါ့မှာလုပ်ရမဲ့အလုပ်တွေ အများကြီးရှိတာ နင်သိတဲ့အတိုင်းပဲ - ငါကိုယ်တိုင်ဖြေရှင်းရမဲ့ကိစ္စတွေ အများကြီးပဲ - ဒါကြောင့် စစ်ဆေးဖို့ အချိန်မရှိဘူး" 


ဝူရွှယ် ရေအချို့ကို သောက်လိုက်ပြီး "ငါတို့ barကိုသွားခဲ့တာ မှတ်မိသေးလား"


“မဖြစ်နိုင်တာ …”


"အင်း သူကလူအုပ်ကြီးနဲ့ အဲဒီနေရာမှာ ရှိနေပြီး အဲဒီမိန်းမက သန့်စင်ခန်းသွားနေတာကြောင့် ငါမဖမ်းမိခဲ့ဘူး ငါနောက်မှသိခဲ့ရတာ"


 ဝူရွှယ်သည် ကုလားထိုင်လက်ရန်းကို မရိုက်ဘဲမနေနိုင်ဘဲ "ဒီမိန်းမကြီးက သူအရက်အသောက်လွန်ပြီး ပြဿနာဖြစ်မှာစိုးရိမ်လို့တောင် ညသန်းခေါင်ကြီး သူ့ကိုခေါ်ဖို့ အဲဒီနေရာကို အပြေးသွားခဲ့ရတာ"


ချူရှီး ထိုထက်ပိုထိန်းမထားနိုင်တော့ဘဲ ရှေ့တိုးပြီး စပ်စုစွာမေးလိုက်သည်။ 


"နောက်ဆုံး ဘယ်လိုသိသွားတာလဲ"


ဝူရွှယ်က အေးစက်စက်ပြောလိုက်သည်။


 "သူ့အမေ ငါ့ကိုဖုန်းခေါ်ပြီး သူ့သားကိုလက်လွှတ်ပေးနိုင်မလားမေးတာ သူကိုအေးအေးချမ်းချမ်းနဲ့ လက်ထပ်ခွင့်ပြုဖို့ပေါ့"


မိတ်ကပ်အခန်းက စက္ကန့်အနည်းငယ်လောက်တိတ်သွားသည်။


"နင်သိလား တကယ်တော့ သူ့အမေက ငါ့ကိုဘယ်တုန်းကမှ သဘောမကျခဲ့ဖူးဘူး ငါက မိဘတစ်ယောက်တည်းရှိတဲ့ မိသားစုကဖြစ်တာကြောင့်လို့ပြောတယ်" 


သူမလှောင်ပြုံး ပြုံးလိုက်ပြီး "သူမက ငါပေးတဲ့လက်ဆောင်တွေလက်ခံနေတုန်းမှာ သူ့သားကို blind dateတွေ့ဖို့စီစဥ်ပေးနေခဲ့တာ"


စုယိ ဒေါသထွက်လွန်းတာကြောင့် ဘာမှမပြောနိုင်ပေ။ အချိန်ကြာမှာ စာကြောင်းတစ်ကြောင်းလောက်ဘဲ ဖြစ်ညှစ်ပြောနိုင်သည်။ 


"နင်တို့က လက်ထပ်တော့မှာလို့ မပြောလိုက်ဘူးလား"


"သူ့လက်မှာဝတ်ထားတဲ့ စိန်လက်စွပ်အတွက်ပြေစာကို ငါတွေခဲ့တယ်"


 ဝူရွှယ် ကိုယ့်ကိုယ်ကို စိတ်ပျက်စွာရယ်လိုက်သည်။ 


"အဲဒါက ငါ့အတွက်မဟုတ်ဘူးလို့ ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး ငါအရမ်းတွေစိတ်လှုပ်ရှားနေခဲ့ပြီး ငါတို့အိမ်ကိုလည်း ပြန်ပြုပြင်ခဲ့တယ် အရူးတစ်ယောက်လိုမျိုးပဲ"


"ဒီနေ့ည ပေကျင်းပြန်ဖို့ လက်မှတ်နှစ်စောင်ဖြတ်လိုက်" စုယိပြောလိုက်သည်။


ဝူရွှယ် ကြောင်သွားပြီး "ဘာအတွက်လဲ?"


"ငါတို့ သူ့ကိုသွားရိုက်ပြီး ပြန်လာမယ်" 


သူမလက်သီးဆုပ်ကို ပွတ်လိုက်ပြီး "သူ ငါအိပ်နေတာကို လာနှောင့်ယှက်တယ် ပြီးတော့ ငါ့သူငယ်ချင်းအပေါ် ဖောက်ပြန်တယ် ငါဒီအတိုင်းရပ်မကြည့်နေနိုင်ဘူး"


"အချစ်ဆုံးသူငယ်ချင်းရေ ငါနားလည်တယ် ငါလည်းသူ့အပေါ်သစ္စာဖောက်ပြီးပြီပဲ တော်ပြီ" 


ဝူရွှယ် သူမလက်ကိုရမ်းပြလိုက်ပြီး "နင် ခဏလောက် ငြိမ်ငြိမ်လေးနေပြီး ငါ့ကိုတစ်လလောက် ကောင်းကောင်းအနားယူခွင့်ပေးရင်ကို နင်အကောင်းဆုံးလုပ်နိုင်တာပဲ"


စုယိသည် "အဲ့အရူး လျိုမင်ဟောင် နင့်ကိုဖောက်ပြန်ရင်တောင် နင်အဲဒီနည်းအတိုင်းလက်စားချေလို့မရဘူးလေ နင့်ကိုယ်နင်ရှုပ်ထွေးအောင် လုပ်နေတာ...နေပါအုံး နင်ဘယ်သူနဲ့ ဖောက်ပြန်တာလဲ"


“ငါ့အချစ်ဦး”


“… ဘယ်တုန်းကတစ်ယောက်လဲ?”


“အထက်တန်းကျောင်းတုန်းက”


ချူရှီးတစ်ယောက် အံ့ဩစရာကောင်းတာတစ်ခုကို သင်ယူလိုက်ရသလိုပင်။


သို့သော်လည်း စုယိက သူမကို ချက်ချင်းသတိပေးသည်။


 "အဲလိုနည်းနဲ့ လက်စားချေတာက မှားတယ် နင် အဲဒါကိုအတုမယူနဲ့"


ဝူရွှယ်သည် ထိုအကြောင်းကို လုံးဝမပြောချင်တော့ပေ။ 


"နင် ဒီကိုလာတုန်းက ဝူခဲ့ တစ်ခုခုပြောသေးလား"


“မပြောဘူး”


"နင့်ကိုယ်နင်လည်း နည်းနည်းလောက်ထိန်းချုပ်ဦး သူတို့အဖွဲ့က လက်စားချေတဲ့နေရာမှာ နာမည်ကြီးတယ်"


ဝူရွှယ် စုယိ၏Weiboပေါ်က commentတွေကိုကြည့်လိုက်သည်။


 - ရေတပ်အဖွဲ့ကြီး*တစ်ခုလုံးရှိနေကြပြီး သူမကလိုက်နှောင့်ယှက်သူလို့ ပြောနေကြသည်။


 "နောက်ဆုံးအကြိမ်တုန်းက Vဆိုတဲ့ accountကြီးတစ်ခုကနေပြီး သူ့အတင်းအဖျင်းအကြောင်းတွေ ပို့စ်တင်ခဲ့တယ် နောက်ပြီး ရက်အနည်းငယ်တောင်မကြာဘူး ပို့စ်တင်တဲ့သူရဲ့accountက ပျက်သွားခဲ့တယ်"


[ T/N - *ရေတပ်အဖွဲ့ကြီး = အခကြေးငွေယူ၍commentရေးသူများPaid commentors ]


" လူ့အဖွဲ့အစည်း အာ ပျက်ယွင်းနေတဲ့ လူ့ဖွဲ့အစည်း"


 သူမ ထိုသို့ ပြောလိုက်ပေမယ့်လည်း သူမမျက်နှာ၌ နည်းနည်းလေးမှ ကြောက်ပုံပေါ်မနေပေ။ 


"ငါ အဝတ်အစားသွားလဲတော့မယ်"


ယနေ့ စုယိ၏ ဝူခဲ့နှင့်အတူရိုက်ရမည့်အခန်းတွေအားလုံးပြီးခါနီးပြီဖြစ်၏။ သူတို့စကားပြောတာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူ့ဇာတ်ကွက်အတွက် သူမက နောက်ခံမြင်ကွင်း၏အစိတ်အပိုင်းပဲဖြစ်ဖြစ် အဲလောက်ပဲကျန်တော့သည်။


သူတို့ စပြီးငြင်းခုန်ကြမှာကို လီမင်နည်းနည်းစိုးရိမ်မိသည်။ သို့ပေမယ့် သူတို့ပုံမှန်အတိုင်း သရုပ်ဆောင်တာမြင်ပြီး သူမအသက်ရှုထုတ်လိုက်သည်။ သူမ စုယိကိုတော့ယုံကြည်သည်။ သူမက အမြဲတမ်း အရည်အချင်းရှိသောကြောင့် သူမစိတ်အေးရသည်။ သို့သော်လည်း သူမတကယ်စိုးရိမ်နေတာက ဝူခဲ့ပင်ဖြစ်သည်။ သူက အရင်လိုအိုးကိုမွှေသလိုမျိုး ပြဿနာတွေဖန်တီးမှာ သူမကြောက်သည်။


မကြာခင်မှာပဲ သူမစိုးရိမ်တာကို ရပ်လိုက်သည်။ ဘာကြောင့်လဲဆိုတော့ ယနေ့ ဝူခဲ့က ရိုက်ကွင်းမှာ လုံးဝအချိန်မဆွဲချင်တာကြောင့်ပင်။ ထို့ကြောင့် အာလုံးကို တစ်ကြိမ်တည်းနှင့်ရိုက်ကူးပြီးသွားသည်။


ဝူခဲ့သည် အကြောင်းပြချက်မရှိဘဲ နာမည်ကြီးနေသည်တော့မဟုတ်။ အတင်းအဖျင်းစကားတွေ သူ့ဘေးနားဝန်းရံနေတာတောင်မှ သူ၏သရုပ်ဆောင်သည့် အရည်အချင်းကို ထိန်းထားနိုင်သည်။ ယနေ့ သူဇာတ်ကားရိုက်ပြီးပြီးချင်း သူ့ဝန်ထမ်းအုပ်စုနှင့်အတူ အလျင်အမြန်ထွက်သွားသည်။


ဟိုတယ်ကို ပြန်ရောက်တော့ စုယိအိပ်ယာပေါ် လှဲလိုက်ပြီး "ဝူခဲ့ရဲ့ သူ့မျက်ခုံးမွှေးမီးလောင်နေတဲ့ပုံကြည့်ရတာ အရမ်းပျော်စရာကောင်းတာပဲ"


တစ်ဖက်မှာတော့ ဝူရွှယ်သည် ကုမ္ပဏီကပို့ပေးလိုက်သည့် အချက်အလက်စာမျက်နှာများကို ဂရုတစိုက်လေ့လာနေသည်။ ထိုအမှိုက်စိန်လက်စွပ်အတွက်နဲ့ စုယိမှလွဲ၍ သူမလက်အောက်ရှိ အနုပညာရှင်များကို ကုမ္ပဏီသို့ပြန်ပို့ခဲ့သည်။ ယခု သူမ အသစ်တွေကိုထပ်ရွေးချယ်နေရသည်။ သူမရဲ့အချစ်ကသေဆုံးသွားပြီဖြစ်ပေမယ့် သူမရဲ့အသက်မွေးဝမ်းကြောင်းကိစ္စကိုတော့ ကောင်းကောင်းဂရုစိုက်ရပေမည်။


စုယိ ချူယင်းနှင့် video callပြောမည့်အချိန်၌ သူမဘေးနားရှိဖုန်းက မြည်လာသည်။


'ဝူရွှယ့်ဖုန်းပဲ'


"နင့်ဖုန်းမြည်နေတယ်"


ဝူရွှယ်ခေါင်းမမော့ဘဲ "ဘယ်သူလဲဆိုတာ ကြည့်လိုက်"


"...လျိုမင်ဟောင်"


___________________________________________