အပိုင်း ၅၉
Viewers 13k

Chapter 59


ဘယ်သူမှဖုန်းမကိုင်တဲ့အတွက် ဖုန်းကအလိုအလျောက်ကျသွားပြီး စာစောင်အချို့ကို မျက်နှာပြင်ပေါ်မှာမြင်လိုက်ရသည်။ စုယိ မထင်မှတ်ဘဲ အားလုံးကိုတွေ့သွားပြီး နှလုံးခုန်တွေမြန်လာသလိုပင်ခံစားလိုက်ရသည်။ 


"သူ နင့်ကိုစာတွေအများကြီးပို့ထားတယ် 'တောင်းပန်ပါတယ် ဒါပေမဲ့ ငါတကယ်ချစ်တာမင်းပါ' 'ဒီလိုနည်းနဲ့ ငါ့ကိုသေချင်စိတ်ပေါက်အောင်လုပ်နေတာပဲ'...သူ ဘာလို့ဒီလောက်တောင် ဆိုးရွားနေတာလဲ"


ဝူရွှယ် မဲ့ပြုံးပြုံးလိုက်ပြီး "သူ သေသေရှင်ရှင် ဘယ်သူက ဂရုစိုက်လို့လဲ"


သူမစကားပြောပြီးပြီးချင်း ဖုန်းကနောက်ထပ်မြည်လာပြန်သည်။


"ဖုန်း ချလိုက် ပြီးတော့ ငါ့ကိုကူပြီး blockပေးဦး" ဝူရွှယ်ပြောလိုက်သည်။


စုယိ ဖုန်းချဖို့လုပ်လိုက်ပေမဲ့ မျက်နှာပြင်ပေါ်က နာမည်ကိုမြင်ပြီး ရပ်သွားသည်။ 


"ရွှယ်ရွှယ်လေး ဒါက အဲဒီအရူးမဟုတ်ဘူး လျိုရှီးတဲ့"


ဝူရွှယ်၏ အမူအရာပြောင်းသွားပြီး "...ဘာပဲဖြစ်ဖြစ် ဖုန်းချလိုက်"


စုယိ သူမပြောသည့်အတိုင်း လုပ်လိုက်ပြီး သူမဘာသာတိုးတိုးလေးပြောလိုက်သည်။


 "ချူယင်းဆီမှာလည်း နာမည်တူသူငယ်ချင်းရှိတယ်"


"အဲဒါ တစ်ယောက်တည်းအတူတူပဲ"


“ဟမ်”


“… အဲဒီလျိုရှီးပေါ့”


တစ်ခါတုန်းက လျိုရှီးအပေါ် သူမသဘောထားကို လေ့လာကြည့်သည်။ မကြာခင်မှာပဲ သူမအမူအရာက နည်းနည်း...ပြောပြဖို့ခက်ခဲလာသည်။


"နင် ဘာကိုတွေးနေလဲဆိုတာ ငါသိတယ်"


ဝူရွှယ်နောက်စာမျက်နှာကိုလှန်ကာ ဖြည်းဖြည်းချင်းဆက်ကြည့်နေပြီး 


"ရတယ် ငါတို့ကြားမှာဒီထက်ပိုပြီး အဆက်အဆံလုပ်စရာမရှိတော့ဘူး"


စုယိတစ်ခုခုကိုပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် မပြောဖို့ဘဲဆုံးဖြတ်လိုက်သည်။


'ဒါ ဘယ်လိုမျိုးအမှိုက်တွေပါလိမ့်'


သူမ မကူညီနိုင်ရင်တောင်မှ လသာဆောင်ကိုသွားပြီး ချူယင်းကိုဖုန်းခေါ်ပြီးမေးလိုက်သည်။


 "အို ဟုတ်သားပဲ ရှင့်သူငယ်ချင်း...လျိုရှီးလို့ခေါ်တဲ့တစ်ယောက်က ဘယ်လိုလူမျိုးလဲ"


ချူယင်း သူ့လက်တွေရပ်တန့်သွားပြီး "သူ မင်းကိုဒုက္ခပေးပြန်ပြီလား"


"မဟုတ်ပါဘူး"


စုယိဂရုတစိုက်ပြောလိုက်ပြီး "သူက ကျွန်မသူငယ်ချင်းကို ပိုးပန်းနေပုံထင်လို့ မေးကြည့်တာ"


"သူက မဆိုးပါဘူး" 


ချူယင်း ပြောပြီး ခဏလောက်ရပ်လိုက်ကာ "သူက အိတ်တွေပေးရတာကို ကြိုက်ရုံပါပဲ"


“…”


He's Mine Chapter-46 [ Edit ]


Zack Z.U.March 22, 2023


He's Mine Chapter-46


February 26, 2023


အခန်း-၄၆။ လူလိမ်မလေး။


လိမ်လည်လှည့်ဖြားခဲ့သမျှအရာအားလုံးက ဤနေရာမှာတင် အဆုံးသတ်သွားလေပြီ။ဝူရွှယ်တစ်ယောက် လုပ်စရာအလုပ်များကြား မအားလပ်ဖြစ်နေခဲ့ပြီး သူမ၏စိတ်မှာ တည်ငြိမ်အေးချမ်းနေသည်။


ဝူခဲ့မှာ အရှုပ်တော်ပုံငြိမ်သက်သွားကတည်းက စုယိ့ စိတ်အနှောင့်အယှက်ဖြစ်အောင် ထပ်မလုပ်တော့ပေ။


****


အလှပြင်ခန်းတွင်ဖြစ်သည်။


ဝူရွှယ်က စုယိလဲလှယ်ထားသော ချီဖောင်ဝတ်စုံအား ကိုင်ထားရင်း ပြောလေ၏။


"သူ့ဘဝနဲ့တူတဲ့အမှိုက်ပုံလိုကိစ္စထဲမှာ နင်ပါလာရင်ပိုပြီးပြဿနာကြီးမှာမလို့ နင့်ကိုဆက်ပြီး နှောင့်ယှက်ရဲတော့မှာ မဟုတ်ပါဘူး..."


"ဘယ်သူကရော ဝင်ပါချင်နေလို့လဲ... ငါက ဒီအတိုင်း ပွဲကြည့်ပရိတ်သတ်သာသာပဲ...ဒါပေမဲ့ ဒီလိုဖြစ်သွားတော့လည်း ကောင်းတာပဲလေ... ရိုက်ကူးရေးကလည်း အရှိန်ရနေပြီဆိုတော့..."


စုယိက သူမ၏ နှုတ်ခမ်းနီအား တစ်သျူးဖြင့်သုတ်လိုက်ပြီးနောက် ပန်းသီးကို တစ်ကိုက် ကိုက်နေရင်း ပြောသည်။


ထိုအချိန်တွင် ချူရှီးက ကုလားထိုင်ပေါ်တွင်ထိုင်လျက် မကျေမချမ်းဖြစ်နေသည်။လွန်ခဲ့သည့်နှစ်ရက်အတောအတွင်း၌ သူမသည် အလွန်တရာပင်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရ၏။ ယန်မိသားစု၏မွေးနေ့ပွဲကို ရောက်နိုင်ရန်အတွက် လက်မှတ်ကြိုတင်ဖြတ်ကာ ပြန်လာရန် သူမအား ဖေဖေချူက အတင်းတိုက်တွန်းနေခဲ့သည်။


ယန်မိသားစုမှာ လွန်ခဲ့သောဆယ်စုနှစ်ကာလ၌ အလွန်အင်အားကြီးမားခဲ့သော်လည်း မိသားစု၏အကြီးဆုံးသား ရာထူးကျဆင်းသွားချိန်မှစပြီး နောက်ကောက်ကျန်ခဲ့သည်။ တစ်ဖက်တွင်လည်း ချူမိသားစု၌ အရည်ချင်းကောင်းများစွာရှိနေပြီး လက်ရှိမျိုးဆက်မှာ ယခင်ကထက် ပင် ပိုမို အင်အားတောင့်တင်းနေလေသည်။ လက်ရှိအချိန်၌ မိသားစုနှစ်စု၏အခြေအနေမှာ များစွာကွာဟနေ၏။


သို့သော်လည်း ယခင်မျိုးဆက်အချင်းချင်း အလွန်ရင်းနှီးခဲ့ကြသည်ဖြစ်ရာ အဘိုးချူကွယ်လွန်သွားသော်လည်း အဘိုးယန်မှာ ချူမိသားစုအားခင်တွယ်နေဆဲဖြစ်ပြီး မွေးနေ့ပွဲသို့တက်ရောက်ရန်ဖိတ်ကြားခဲ့ခြင်းဖြစ်လေသည်။ ဖေဖေချူကလည်း ထိုကမ်းလှမ်းချက်အား အလွယ်တကူပင် လက်သင့်ခံခဲ့၏။


"မနက်ဖြန် ပြန်ရတော့မယ်...ရှန်ဟိုင်းရောက်လာတဲ့ တစ်လျောက်လုံး ဘာမှမလုပ်ခဲ့ရဘူး... ရိုက်ကွင်းမှာပဲ နင်တို့နဲ့အတူတူနေခဲ့ရတာ "


ချူရှီးက သူမ၏ဘင်တိုအား နည်းနည်းစီစားနေရင်းပြောလေသည်။


" နင့်ဆီမှာ လေအေးပေးစက်လည်းရှိတာပဲ...သောက်ချင်တိုင်း သောက်လို့ရတဲ့ အအေးဘူးတွေရော အစားသောက်တွေရော ရှိနေတာကိုဘာတွေလာပြောနေတာလဲ...ငါတို့က နင့်ကို ဘယ်လိုများနှိပ်စက်ဖူးလို့လဲ..."


"ဟိုပြန်ရောက်သွားရင် ဒီကိုပြန်လာခိုင်းမှာ မဟုတ်တော့ဘူး..." ချူရှီးက မကျေမနပ်ဖြစ်နေသောလေသံဖြင့် ဝမ်းနည်းပက်လက်ပြောလေ၏။


" အဲ့မှာပဲနေလိုက်ပေါ့ ဒါဆိုလည်း... ငါကတော့ ပေကျင်းကိုပြန်ရဖို့ မစောင့်နိုင်တော့ဘူး..." စုယိက ဟင်းရည်ပူပူလေးတစ်ငုံသောက်ရင်း ပြန်ပြောသည်။ 


ယနေ့၌ ချူယင်းသည် ဘင်တိုများအား ရိုက်ကွင်းသို့ လူကြုံဖြင့်ပို့ပေးခဲ့၏။အခြားသူများက အပိုထပ်ယူ‌နေကြချိန်တွင် စုယိမှာ အသား ၊ ဟင်းသီးဟင်းရွက်များနှင့် ဟင်းရည်အချို့ကို စားသုံးနေခဲ့သည်။


ဤသည်မှာ ရိုက်ကူးရေးပြီးချိန်၌အပြင်ထွက်ပြီး ပါဆယ်ထုပ်၍ရသောဆိုင်ကို တကူးတကလိုက်ရှာမနေရစေရန်အထူးတလည် ပို့ပေးလိုက်ခြင်းပင်။


ဝူရွှယ် စား‌နေစဥ်၌ သူမ၏ဖုန်းက ထမြည်လာသည်။ယခုရက်ပိုင်း၌ ဝူရွှယ်မှာဖုန်းသံကြားလျှင်ပင် အလိုလိုရင်ထိတ်နေ၏။အချိန်အနည်းငယ်ခန့်ကြာပြီးနောက်တွင် ဝူရွှယ်မှာ ရုံးဖုန်းမဟုတ်စေရန် ဆုတောင်းလျက် ခေါ်ဆိုမှုကိုဖြေကြားလိုက်သည်။


"တစ်ခုခုဖြစ်လို့လား..."


"ဟုတ်တယ်... စုယိက ရှန်ဟိုင်းမှာ ဇာတ်ကားရိုက်နေတာ.."


"သိပ်တော့မကြာတော့ပါဘူး... ပြီးတော့မှာ...သန်ဘက်ခါလား....အချိန်မရလောက်ဘူးထင်တယ် ဘာကိစ္စမလို့လဲ "


” ဘာလို့ စော‌စောတည်းက မပြောတာလဲ...အခု sceneတွေအကုန် စီစဉ်ပြီးသွားပြီ... နောက်ဆုံးအချိန်မှ ကပ်ပြီး ထွက်လာစေချင်နေတာလား..."


"ပြီးတာပဲ သူ့ကိုပြောကြည့်လိုက်မယ်..."


ဝူရွှယ်ဖုန်းချလိုက်ပြီးနောက်တွင် စုယိက မေးလာသည်။


"ဘာဖြစ်တာလဲ..."


ဝူရွှယ်မှာ အနည်းငယ်စိတ်အလိုမကျဖြစ်နေပြီး သူမ၏လေသံက တုန်ယင်နေသည်။ 


"ဆုပေးပွဲတစ်ခုရှိတယ်ပြောတယ်...သဘက်ခါ ညနေတဲ့...အခုမှလာပြောတယ်...အလုပ်ကိုဘယ်လိုလုပ်နေကြမှန်းကိုမသိဘူး... သွားရလာရတာကို အိမ်ရှေ့နဲ့အိမ်နောက်ဖေးကူးသလောက်လွယ်တယ်လို့ ထင်နေကြတဲ့ပုံပဲ ....နင်မသွားချင်ရင် ငါအခုပဲငြင်းလိုက်မယ်...ဒါကတော့ သူတို့ဘက်ကလွန်တာပဲ ...နင်မသွားလည်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး "


ထိုအခါစုယိ၏မျက်ခမ်းစပ်တွင် အလင်းရောင်ကလေးတစ်ခု မသိမသာဖြာထွက်လာတော့သည်။


"ပွဲက ဘယ်မှာ လုပ်မှာတဲ့လဲ..."


"ပေကျင်းမှာတဲ့...ပွဲက သိပ်ပြီး ကြီးကျယ်တာတော့မဟုတ်ဘူး....ပေးမဲ့ဆုတွေကတော့ များတယ်...ပွဲတက်တဲ့သူ‌တွေ အကုန်လုံးနီးပါး နှစ်သိမ့်ဆု ဒါမှမဟုတ် တခြားဆုတစ်ခုခုတော့ ရကြမှာ... ဒါပေမဲ့ အဲ့လူတွေက ဘာမှမဟုတ်တဲ့သူတွေ... ဒီအွန်လိုင်း ပလက်ဖောင်းရှိုးက ကြည့်ရှုသူအရေအတွက်များအောင် ဂွင်ဖန်နေတာ...ငါကတော့ မသွားစေချင်ဘူးရယ် "ဝူရွှယ်က ကုမ္ပဏီမှပို့လိုက်သောမက်ဆေ့ခ်ျအား ဖတ်ရင်း ပြောသည်။


" သွားမယ်...လက်မှတ်သွားဖြတ်ပေးတော့ " စုယိက ပြောလိုက်၏။


"ဟဲ့..နင် ဘာဖြစ်နေတာလဲ ဆုပေးပွဲသေးသေးလေးအတွက် ရိုက်ကူးရေးကို အနှောင့်နှေးခံမလို့လား…"


ထိုအခါ စုယိက သူမ၏အစီအစဥ်ကို ထုတ်ပြောလာသည်။


"မနှောင့်နှေးစေရဘူး... မနက်ဖြန် ပိတ်ရက်မလား... ငါ ဒါရိုက်တာကို ရိုက်ကူးရေးအချိန်ပြောင်းပေးဖို့သွားပြောလိုက်မယ်..."


" နင်နဲ့အတူတူတွဲရိုက်မဲ့လူကျတော့ရော....ဝူခဲ့က သဘောတူပေးမယ်ထင်လို့လား "


"ငါနဲ့ ဝူခဲ့ရဲ့ sceneတွေက အကုန်ပြီးသွားပြီ... တခြားသူတွေနဲ့ရိုက်စရာပဲ ကျန်တာ... အန်းနန်နဲ့ထင်တယ်...သူ့ကို အခုပဲ သွားပြောလိုက်မယ်..."


စုယိက စကားဆုံးအောင်ပြောပြီးနောက်တွင် စားလက်စများကိုထားခဲ့ကာ ဖုန်းကိုယူလျက် အခန်းထဲမှ ထွက်သွားတော့၏။


ဤအချိန်တွင် အဖွဲ့တွင်းရှိ မည်သည့်သရုပ်ဆောင်ကမှ အခြားရှိုးတစ်ခုကို တွဲဖက်ရိုက်ကူးနေခြင်းမရှိပေ။


ကြော်ငြာရိုက်ကူးရေးရှိသူများနှင့် စုယိကဲ့သို့ ဆုပေးပွဲတက်ရောက်ရမည်ဖြစ်၍ မအားလပ်သူများမှလွဲ၍ ကျန်သရုပ်ဆောင်များမှာ ဇာတ်ဝင်ခန်းရိုက်စရာရှိလျှင် ရိုက်ကွင်းသို့လာကြပြီး မရှိချိန်တွင် ဟိုတယ်၌သာ နားနားနေနေ နေကြသည်။ဤသို့ဖြစ်၍ အချိန်ဇယားညှိရန် သိပ်မခက်ခဲလှဘဲ လီမင်နှင့် အခြားအရံဇာတ်ကောင်များပူးပေါင်း၍ လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြ၏။


စုယိက ချန်အန်းနန်၏မိတ်ကပ်အခန်းရှေ့၌ ရပ်ပြီး တံခါးခေါက်လိုက်သည်။ခဏကြာပြီးနောက် တံခါးပွင့်လာခဲ့ပြီး ချန်းအန်းနန်၏လက်ထောက်က စုယိအားမြင်ချိန်တွင် ကပျာကယာ နှုတ်ဆက်လာခဲ့၏။


"မင်္ဂလာပါ...ယိကျဲ စားပြီးပြီလား..."


" အင်း...စားပြီးခဲ့ပြီ... အန်းနန်ရှိလား " စုယိက ပြုံးလျက်မေးလိုက်၏။


အခန်းတွင်းရှိချန်အန်းနန်မှာမူ အလွန်ပင်အံ့ဩနေရှာသည်။


"ယိကျဲ ဘာကိစ္စရှိလို့လဲ..."


"ညီမလေးနဲ့ ပြောစရာလေးရှိလို့ အခုပြောလို့ အဆင်ပြေလား..."


"ပြေတာပေါ့...ထိုင်ပါဦးကျဲ..."


ချန်းအန်းနန်က ဆိုဖာပေါ်မှဖုန်းကိုလှမ်းယူလိုက်ပြီး စုယိအတွက် ‌ထိုင်စရာနေရာဖယ်ပေးသည်။


စုယိသည်လည်း ဆိုဖာပေါ်သို့ဝင်ထိုင်လိုက်ပြီး လာရင်းအကြောင်းကိုသာ ဒဲ့တိုးဦးတည်လိုက်တော့၏။


"ဒီလိုပါ မနက်ဖြန် ပိတ်ရက်မလား....ဒါပေမဲ့ ရုတ်တရက်ကြီး သဘက်ခါမှာ ကိစ္စလေး.... "


" ယိုချီရဲ့ ဆုပေးပွဲလား "ချန်အန်းနန်က စကား ဖြတ်ကာ ပြောလိုက်သည်။


"ဟုတ်တယ်...အဲ့ဒါကြောင့် ရိုက်ကူးရေးတစ်ရက်လောက် ပျက်မယ် အဆင်ပြေလား " စုယိက ပြုံးလျက်ဆိုလိုက်သည်။


" ရတာပေါ့....မဟုတ်တောင် ဒီရက်ပိုင်းအားနေတာ... ဆုပေးပွဲတွေအကုန်လုံးက ကျဲကိုဖိတ်ကြတာပဲ...ကျဲက အရမ်းအံ့ဩစရာကောင်းလိုက်တာ..."ချန်းအန်းနန်က ချက်ချင်းပင် သဘောတူညီလိုက်ကာ ပြုံးပြုံးလေးပြောလာ၏။


"ဘယ်ကလာ...ဘာက အံ့ဩဖို့ကောင်းလို့လဲ...ဒီတော့ အဆင်ပြေတာလား" စုယိက ရယ်မောရင်း ဆက်မေးလိုက်သည်။


" ပြေတာပေါ့ "


ထို့နောက်တွင် ချန်းအန်းနန်သည် တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ဘေးဘီကိုကြည့်နေပြီး သူမ၏ပါးပြင်များက နီရဲလာ၏။


"ဒါနဲ့...ကျဲရဲ့လက်မှတ်လေးရနိုင်မလား..."


ချန်းအန်းနန်၏စကားကြောင့် စုယိခမျာ ထရပ်တော့မည့်‌ဆဲဆဲမှ ရပ်တန့်လိုက်ရသည်။


"ငါတို့ WeChat အကောင့်ချင်းလဲပြီးပြီမဟုတ်ဘူးလား...အဲ့ဒါကို လက်မှတ်က ထပ်ယူဦးမလို့လား..."


"မတူဘူးလေ...ရနိုင်မယ်မလားလို့ ...ဟင် " 


ချန်းအန်းနန်က အတည်ပေါက်ပုံစံဖြင့် တောင်းဆိုလာလေ၏။


စုယိ သဘောတူညီလိုက်သောအခါ ချန်းအန်းနန်က သူမ၏ပိုက်ဆံအိတ်ထဲမှ တစ်စုံတစ်ခုကိုလှန်လှောရှာပြီး ထုတ်ယူလာတော့သည်။ထိုအရာမှာ အခြားမဟုတ်ဘဲ စုယိ မျက်နှာဖုံးပုံရိုက်ထား‌သောမဂ္ဂဇင်းစာ‌အုပ်ပင်ဖြစ်‌လေသည်။


ထိုအချိန်၌ စုယိမှာ ချန်းအန်းနန်က သူမ၏ဖန်အကြီးစားကြီး ဖြစ်ကြောင်းကို ယုံကြည်သွားတော့သည်။


ချန်အန်းနန်၏အိတ်ထဲတွင် စုယိ မျက်နှာဖုံးပုံရိုက်ထားသောမဂ္ဂဇင်း အနည်းဆုံးသုံးလေးအုပ်ခန့်ရှိနေ၏။


ကိစ္စအဝအဝမှာအဆင်ပြေသွားပြီး ဝူရွှယ်က ညပိုင်းလက်မှတ်ကို ဘိုကင်တင်လိုက်သည်။


ချူရှီးမှာမူ ရုတ်ချည်းပြောင်းလဲသွားသောအဖြစ်အပျက်များကြောင့် ဝမ်းသာအားရဖြစ်သွားပြီး သူမ ပြန်မည့်လေယာဉ်အား စုယိတို့နှင့် တစ်စင်းတည်းဖြစ်အောင် လိုက်ပါပြောင်းလဲရန် ဖုန်းခေါ်ဆိုလိုက်တော့၏။


ရိုက်ကူးရေးပြီးဆုံးပြီး အချိန်သိပ်မကြာမီမှာပင် သုံးယောက်သား ရိုက်ကွင်းမှ ထွက်ခွာလာခဲ့ကြသည်။


ဟိုတယ်သို့အပြန်လမ်းတွင် စုယိက နှာခေါင်းစည်းကို ခပ်တင်းတင်းဝတ်‌ဆင်နေရင်း ပြောသည်။


"နင်တို့ အရင်သွားနှင့်...ငါ ကုန်စုံဆိုင် ဝင်စရာရှိသေးလို့.."


"မသွားပါနဲ့...နင်လိုတာပြော... ငါသွားဝယ်ပေးမယ်..."


" ရတယ် ...ငါ့ဘာသာငါသွားပါ့မယ် "


စုယိက ဝူရွှယ်၏ကမ်းလှမ်းချက်ကို လက်မခံဘဲ လက်ပြလျက် ထွက်ခွာသွားလေသည်။


ရိုက်ကူးရေးအပြီး နောက်တစ်နေ့ နေ့လည်ခင်းတွင် စုယိတို့သုံးယောက်သားက လေဆိပ်သို့ သွားရန် ‌ကားတစ်စီးငှားခဲ့ကြပြီး ကားအတွင်းသို့ရောက်ချိန်၌ ချူယင်းက စုယိအား ဖုန်းဆက်လာခဲ့သည်။


ခေါ်ဆိုသူဘက်ရှိပတ်ဝန်းကျင်မှာ တိတ်ဆိတ်ပြီး စာရွက်လှန်သံ တစ်မျိုးကိုသာ ကြားနေရ၏။


" ဘာလုပ်နေတာလဲ..." 


"ရိုက်ကွင်းမှာ...ရှင်ရော..."


စုယိသည် ချူယင်းအား စပရိုက်တိုက်ချင်သည့်အတွက် ပေကျင်းသို့ပြန်လာနေသည့်အကြောင်းအား အသိမပေးခဲ့ပေ။


"ရုံးမှာလေ...ဘင်တို ပို့ပေးလိုက်တာ စားကောင်းလား..."


"ကောင်းတယ်... ပွဲကအရမ်းကြီးတယ်...ရွှယ်ရွှယ်လေးက ကျွန်မကို ဝလာတယ်တဲ့ " စုယိက ကားပြတင်းပေါက်ပေါ် လက်တင်လျက်ဆိုလိုက်၏။


ဘေးနားတွင် အရှင်လတ်လတ်ငုတ်တုတ်ကြီးရှိနေသောဝူရွှယ်မှာ စုယိအား ငေးကြည့်နေရုံသာတတ်နိုင်လေသည်။


" ကိစ္စမရှိဘူး...ပိုတောင်ကောင်းသေးတယ် " ချူယင်းက စနောက်လိုက်၏။


' အခုထိရတာရော မကောင်းလို့လား '


စုယိက ကားဒရိုင်ဘာဦးလေးကြီးအား တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောလု‌ဆဲဆဲစကားလုံးများအား မြိုချလိုက်တော့သည်။


***


လေဆိပ်သို့ရောက်ပြီးနောက် ဖြတ်သန်းသွားလာခွင့်ရခဲ့ကြ၏။လေယာဉ်မထွက်ခွာမီတွင် အချိန်အနည်းငယ်ရသေးသည့်အတွက် သူတို့က အထူးနားနေခန်းသို့သွားရန် ဆုံးဖြတ်ခဲ့ကြသည်။


နားနေခန်းအတွင်း၌ အနှိပ်ထိုင်ခုံများရှိပြီး စုယိသည်ထိုထဲမှ တစ်ခုံကိုရွေးချယ်ကာ ထိုင်ချလိုက်၏။ထို့နောက်သူမက နေကာမျက်မှန်ကိုတပ်လိုက်ပြီး တစ်မှေးမှေးရန်ကြံရွယ်လိုက်သည်။သိပ်မကြာမီ၌ပင် ကြမ်းပြင်ပေါ်သို့ လေးလံသောအရာတစ်ခုပြုတ်ကျသွားသံကို ကြားလိုက်ရပြီး စုယိ၏ခြေထောက်များက အနည်းငယ်အေးစက်သွားလေ၏။စုယိမှာ မျက်မှောင်ကြုတ်လျက် မျက်မှန်ကို ကမန်ကတမ်းထချွတ်ကာ ဘေးဘီကို ကြည့်လိုက်သည်။


ထိုအခါ အချိုးမပြေသောမျက်နှာထားရှိနေသည့်ထူကျင့်လန်က တောင်းပန်လာ၏။


"တောင်းပန်ပါတယ်...သေချာမကိုင်မိလိုက်လို့ပါ..."


ထူကျင့်လန်မှာ ခွက်ကိုကောက်ယူရန် အောက်သို့မငုံ့ရသေးမီမှာပင် စုယိနှင့်အကြည့်ချင်းဆုံမိသွားတော့သည်။ သူမက ပါးစပ်ကိုအနည်းငယ်ဟကာ အလွန်တရာ အံ့ဩသွားပုံဖြင့် ပလီပလာပြောလာ၏။


" ဟယ်…ယိကျဲ ဟုတ်တယ်မလား..."


အချင်းချင်းမတွေ့ရသည်မှာ ရက်အနည်းငယ်သာကြာသေးသော်လည်း ထူကျင့်လန်၏ သရုပ်ဆောင်စကေးက အလွန်ပင်ချဲ့ကားလွန်းနေသည်။စုယိသည် ထူကျင့်လန်အားလျစ်လျူရှုကာ ဝူရွှယ့်ထံမှတစ်သျူးယူလျက် စင်သွားသောရေများကိုသုတ်လိုက်ပြီးနောက် ထိုနေရာတွင်သာ ဟန်မပျက်ဆက်ထိုင်နေခဲ့၏။


ထူကျင့်လန်သည်လည်း ရှင်းရှင်းလင်းလင်း ထပ်မပြောချင်တော့ပေ။မကြာသေးမီကထွက်လာသော သူမနှင့်ပတ်သက်သည့် အရှုပ်တော်ပုံများကြောင့် ကြော်ငြာများပင်မဆိုထားနှင့် ယခင်က ရရှိခဲ့ပြီးသား အရင်းအမြစ်များသည်ပင်လျှင် အကြီးအကျယ် ထိခိုက်ခဲ့ရသည်။


ထူကျင့်လန်မှာ အမူမဲ့အမှတ်မဲ့မနေနိုင်ဘဲ ကြောက်လန့် တုန်လှုပ်နေမိ၏။ထို့ပြင် ဤကိစ္စများ ဖြစ်ပျက်လာသည်နှင့် တစ်ပြိုင်နက် လင်းရှမှာ သူမအား စိတ်ပျက်သည့်စကားတစ်ခွန်းတစ်လေမှမပြောဘဲနဲ့ပင် ဦးစွာစွန့်ပစ်သွားခဲ့သည်။ထို့ကြောင့်ပင် သူမတစ်ယောက်တည်း အံကြိတ်ပြီးရုံးသို့ပြန်ကာ ဖြေရှင်းနိုင်သောနည်းလမ်းရှာခိုင်းဖို့ရန်အတွက် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်၏။သို့သော်လည်း အလွန်အေးအေးလူလူဖြစ်နေသောစုယိနှင့် အမှတ်မထင်ဆုံမိရန် မျှော်လင့်မထားခဲ့ချေ။


စုယိ၏ " like " တစ်ချက်က အရှုပ်တော်ပုံ၏ရေပန်းစားမှုကို မြင့်တက်စေခဲ့သည်။


________________________________________