Chapter 64
အိမ်ခြေယာမဲ့လေး။
စင်ပေါ်မှ ဆင်းပြီးနောက်တွင် ပတ်ပတ်လည်ရှိလူများက ဂုဏ်ယူကြောင်းပြောနေခဲ့ကြပြီး စုယိက ခေါင်းလေးညိတ်ပြကာ ထိုလူများထံမှ ချီးကျူးမှုအား အသိအမှတ်ပြုလိုက်၏။ထို့နောက်တွင် စုယိမှာ သူမ၏ထိုင်ခုံရှိရာသို့ ပြန်သွားခဲ့သည်။
ဆုလက်ခံပြီးချိန်မှစ၍စုယိမှာ အာရုံပျံ့လွင့်နေခဲ့ပြီး ဖြစ်ပျက်သမျှကို သတိမထားမိတော့ချေ။
ထိုအရာကိုသတိထားမိသော ချူယင်းက အခမ်းအနားပြီးဆုံးသောအခါတွင် စုယိအား ခပ်တိုးတိုးမေးလာသည်။
" ဘာဖြစ်လို့လဲ "
" ကျွန်မရလိုက်တာက တခြားတစ်ယောက်ရဲ့ ဆုထင်တယ် "
ချူယင်း၏ရုတ်တရက်ဆန်သောပွဲတက်ရောက်လာမှုကြောင့် ပွဲစီစဉ်သူများက ဆုစာရင်းကို ပြောင်းလဲပစ်လိုက်သည်မှာ သေချာသည်။စကားအဆုံးတွင် ချူယင်းက ခေတ္တငြိမ်သက်သွားခဲ့ပြီး ထို့နောက်တွင် သူက စုယိ၏ဆံပင်များကို ညင်ညင်သာသာကလေးပွတ်သပ်၍ နူးညံ့စွာပြောလာခဲ့လေသည်။
"မင်းအပြစ်မဟုတ်ပါဘူး... စိတ်မကောင်းမဖြစ်နဲ့တော့နော်"
စုယိက သက်ပြင်းအနည်းငယ်ချကာ ခေါင်းညိတ်လိုက်၏။ထို့နောက် ကားပေါ်သို့တက်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ယောက်က သူမ၏နာမည်အား အော်ခေါ်လာခဲ့သည်။
"စုယိ...."
ထိုသူမှာ ချန်းယန်ပင်။
ချန်းယန်မှာ လက်ထဲ၌ ဆုဖလားကိုကိုင်ထားဆဲဖြစ်ပြီး စုယိအား ညင်သာစွာ ပြုံးပြနေသည်။
"စကားပြောချင်လို့...အချိန်ရလား"
စုယိသည် ထူးထူးခြားခြားပင် မျက်နှာပူလာတော့၏။
" ဟုတ်ရပါတယ်.... ကားထဲကစောင့်နော် "
သူမက ချန်းယန်အားပြန်ဖြေလိုက်ပြီးနောက် ချူယင်းဘက်သို့လှည့်၍တစ်ဆက်တည်းပြောသည်။
သို့သော်လည်း စိတ်ပူနေပုံရသောချူယင်းက တစ်ချက်ကလေးမှမရွေ့ပေ။
" ခဏပဲကြာမှာပါ...နော် "
******
ပွဲကျင်းပသောကွင်းအနီးတွင် မြစ်တစ်စင်းရှိပြီး ဘေး၌မူလမ်းလျှောက်ရန်အလွန်သင့်တော်သော လမ်းသွယ်ကလေးတစ်ခုရှိသည်။
ခပ်လှမ်းလှမ်းသို့ ရောက်လာချိန်တွင် စုယိကအချိန်ဆွဲမနေဘဲ ပြောစရာရှိသည်ကိုပြောလိုက်တော့၏။
"ယန်ကျဲ... ဒီည ဘာတွေဘယ်လိုဖြစ်သွားမှန်းမသိလိုက်ဘူး...တောင်းပန်ပါတယ်"
"ဘာဖြစ်သွားမှန်းမသိဘဲ ဘာလို့တောင်းပန်နေတာလဲ... ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး...ငါလည်း စိတ်ထဲသိပ်မထားဘူး....ပြီးတော့ နင့်ကိုလာရှာတာက အဲ့ကိစ္စပြောဖို့မဟုတ်ဘူး... " ချန်းယန်က ပြုံးလျက်ဆို၏။
" ဒါဆို ဘာလို့... "
“ငါက လူငယ်တွေနဲ့ စကားမပြောဖြစ်တာ ကြာပြီလေ...အဲ့ဒါကြောင့် ဆုံတုန်းလေး စကားစမြည်ပြောမလားလို့... မနှောင့်ယှက်မိဘူးမလား"
ချန်းယန်က စုယိဘက်မှအဖြေကိုမစောင့်ဘဲ ဆက်တိုက်ဆက်ပြောလာသည်။
"ဟိုတလောကမှ ' ပျိုမျစ်ချိန် ' ဆိုတဲ့ဇာတ်ကားကိုပြန်ကြည့်ခဲ့တာ...နင်က သရုပ်ဆောင် တော်တော်ကောင်းတာပဲ "
တစ်ဖက်လူမှာ မည်သည်ကိုဦးတည်ပြောနေမှန်း မမှန်းဆနိုင်သောစုယိက အနည်းငယ်စိုးထိတ်နေလေ၏။
"ကျေးဇူးတင်ပါတယ် ညီမလည်း ကျဲရဲ့ဇာတ်ကောင်ကို အရမ်းသဘောကျတယ် "
"နင့်ကောင်လေးစိတ်ပူနေမှာစိုးလို့ လိုရင်းကိုပဲပြောတော့မယ်....အခုငါ ဒီနယ်ပယ်ရဲ့နောက်ကွယ်ကနေ အလုပ်လုပ်မလို့တွေးထားတယ်....ရှင်းရှင်းပြောရရင်တော့ တီဗီဇာတ်လမ်းတစ်ခုရိုက်မလို့ပေါ့... လောလောဆယ် သရုပ်ဆောင်တွေရှာနေတာ ... နင့်ကိုဇာတ်ညွှန်းပို့ပေးလိုက်တယ်...ဖတ်ပြီးပြီလား... ဘယ်လိုလဲ စိတ်ဝင်စားလား "
" ဘယ်ဇာတ်ကောင်လဲမသိဘူးကျဲ "
“အထက်တန်းကျောင်းသားဘဝကို ကျောထောက်နောက်ခံပြုထားတဲ့ဇာတ်လမ်းက ခေါင်းဆောင်မင်းသမီးနေရာ... နင်သရုပ်ဆောင်ဖူးတဲ့ ဇာတ်ရုပ်တွေကနေ ကွဲထွက်နေတဲ့တစ်ခုပဲ...ဘယ်လိုလဲ စိန်ခေါ်ကြည့်ချင်လား "
“….... ”
ခဏအကြာတွင် စုယိမှတ်မိသွားသည်။ဤသည်မှာ ဝူရွှယ်ပြောပြခဲ့ဖူးသောဖြူစင်အပြစ်ကင်းသည့် အထက်တန်းကျောင်းသူ ခေါင်းဆောင်မင်းသမီးဇာတ်ရုပ်ပင်။
****
ကားထဲတွင်ထိုင်နေသောချူယင်းမှာ မေမေချူထံမှ ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိခဲ့သည်။
ဖုန်းကိုင်လိုက်သည်နှင့်ချက်ချင်းပင် တစ်ဖက်မှ မေးခွန်း ပေါင်းများစွာကို စတင်မေးမြန်းလာခဲ့၏။
"မင်းဘာဖြစ်နေတာလဲ...ဘယ်လောက်ထိကြာကြာတွဲရသေးလို့ လူတွေသိကုန်တာလဲ...ငါတို့ချူမိသားစုဝင်တွေက သိုသိုသိပ်သိပ်ပဲနေကြတာ...မင်း-မင်းကတော့ တွဲနေတုန်းပဲရှိသေးတယ် သတင်းထိပ်စီးပိုင်းတွေမှာတစ်နေ့တစ်မျိုးမရိုးအောင်ကို ပါပါလာတယ်....တစ်နေ့နေ့ မင်္ဂလာဆောင်ရင်လည်း မင်းအဖေနဲ့ငါ့ကို သတင်းကနေတစ်ဆင့်ပဲ အသိပေးမလို့လား ဟမ် "
ထိုအခါ ချူယင်းက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းငေးရင်း အေးအေးလူလူပင် ပြန်ဖြေသည်။
" အဲ့လိုလည်းမဟုတ်ပါဘူး "
“…...”
မေမေချူသည် နဖူးပေါ်လက်တင်ကာ အတတ်နိုင်ဆုံးစိတ်ထိန်းနေရှာ၏။
"သူ့အကြောင်းကောင်းကောင်းသိလား...ချိန်းတွေ့တာရော ဘယ်လောက်ကြာပြီလဲ...သူ့မိသားစုကရော...ပညာရေးကရော ဘယ်အဆင့်လဲ... ယင်းလေး အမေက သဘောမတူတာမဟုတ်ဘူး...ဟင့်အင်း... ငါသဘောမတူနိုင်ဘူး "
မေမေချူ၏လေသံမှာ ခက်ထန်နေသည်။
" အဲ့တစ်ယောက်က တီဗီဇာတ်ကားတိုင်းမှာ တော်တော်ကို ဆိုးဆိုးရွားရွားပဲ...အပိုးကျိုးမဲ့ပုံလည်းမပေါ်ဘူး... မင်းသူ့ကိုလက်ထပ်ရင် ငါတို့က ဆိုးဆိုးရွားရွားကိုမတည့်တဲ့ ယောက္ခမနဲ့ချွေးမဆက်ဆံရေးဖြစ်လာမှာ"
ချူယင်းသည် 'ယောက္ခမနဲ့ချွေးမဆက်ဆံရေး' ဟူသော စကားလုံးအား သဘောကျစွာဖြင့် ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး ပြန်ဖြေလေ၏။
“ သူကအမေနဲ့ ငြင်းခုံနေမှာမဟုတ်ဘူး...ကျွန်တော်တို့အိမ်ထောင်ပြုပြီးရင် အိမ်ဟောင်းမှာလာမနေပါဘူး...စိတ်လျှော့ပါ "
" ...... "
ချန်းယန်ထွက်သွားပြီးနောက် စုယိက လမ်းလျှောက်၍ ကားရှိရာဆီသို့ပြန်လာခဲ့သည်။သူမသည် အပြန်လမ်းတွင် ဝူရွှယ်ထံသို့ ဇာတ်ညွှန်းအား print ထုတ်ထားရန် မက်ဆေ့ခ်ျလှမ်းပို့နေ၏။
ယနေ့တွင် ချူယင်းမှာ ယာဉ်မောင်းတစ်ဦးကို ခေါ်ဆောင်လာပြီး Rover မဟုတ်ဘဲ Benz limousine အမျိုးအစားကားဖြင့် လာရောက်ခဲ့လေသည်။
စုယိ ကားနောက်ခန်းထဲသို့ဝင်သွားချိန်တွင် ချူယင်းက လက်ထဲမှဖိုင်ကိုချကာ "စကားပြောပြီးပြီလား "ဟု မေးသည်။
"အင်း...ပြောပြီးပြီ "
ကားထဲတွင် အပူပေးစက် ဖွင့်ထားသဖြင့် စုယိက အပေါ်ဝတ်ကိုချွတ်ပြီး ချူယင်းထံသို့ပေးလိုက်၏။
ထိုအခါ ချူယင်းက အပေါ်ဝတ်အင်္ကျီအား စုယိ၏ခြေတံများပေါ်သို့ပြန်လည်ခြုံလွှမ်းပေးလိုက်ပြန်လေသည်။
" ဦးလေး...မောင်းလို့ရပါပြီ "
" ဟုတ်ပါပြီ "
ဒရိုင်ဘာဦးလေးကြီးက အရှေ့ကိုမျှော်ကြည့်ကာ ကားအားဖြည်းညင်းစွာ စတင်မောင်းထွက်လိုက်တော့၏။
စုယိက ချူယင်း၏လက်မောင်းကိုမှီလိုက်ပြီး ချူယင်းကလည်း မငြင်းဆန်ပေ။သူက ဖတ်လက်စ စာရွက်စာတမ်းများကို ဆက်ကြည့်နေလေ၏။
မကြာမီ၌ပင် ဝူရွှယ်မှ replyပြန်လာခဲ့သည်။
[ ဝူရွှယ် : ဇာတ်ညွှန်းက နင့်အခန်းထဲမှာရှိတယ်...အခုဘယ်မှာလဲ...အားရင် Weibo မှာ တောင်းပန်စာသွားတင်ချေ ]
[ နတ်ဘုရားမ စုယိ : ဘာကိုလဲ ]
[ ဝူရွှယ် : ' အဲ့ဒါငါ့အရေးလား' ဆိုတဲ့ဟာအတွက် PR ဌာနက လူတွေက နင့်ကို တောင်းပန်စေချင်နေကြတယ်....သူတို့က ငါ့ဆီကို နမူနာတောင်းပန်စာဗားရှင်းတွေ ရေးပို့ထားတယ်.... နင့်ဘာနင်ရေးမလား... ငါဝင်တင်ပေးရမလား ]
[ နတ်ဘုရားမစုယိ : ငါ့ဘာငါရေးတင်မယ် ]
သူမက Weibo ကိုဖွင့်ပြီး မျက်မှောင်ကြုတ်လျက် ခေတ္တစဉ်းစားနေသည်။ရေးလိုက် ဖျက်လိုက်နှင့် သံသရာလည်နေပြီး စာကြောင်းအနည်းငယ်ပင် ဖြစ်ဖြစ်မြောက်မြောက် ရမလာသေးချေ။
စုယိက သက်ပြင်းချလိုက်သည်။
ထိုအခါ ချူယင်းက စုယိ၏ဆံနွယ်များကို နားရွက်နောက်သို့ ညှပ်ပေးလျက် နူးညံ့စွာမေးလာတော့၏။
" ဘာဖြစ်လို့လဲ "
“ဘာမှမဟုတ်ပါဘူး ... ကားထဲမှာ ဖုန်းကြည့်တော့ မူးနောက်နောက်ဖြစ်လာလို့ပါ "
ကား၏အရှိန်မှာချက်ချင်းဆိုသလိုပင်နှေးကွေးသွားပြီး ဒရိုင်ဘာဦးလေးကြီးက စိုးရိမ်တကြီးမေးတော့သည်။
“ ဦးလေးမောင်းတာ အရမ်းကြမ်းသွားလို့လား ”
“မဟုတ်ပါဘူး...ကျွန်မကိုက ကားမူးတတ်တာပါ "စုယိက ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်၏။
ဒရိုင်ဘာက စိတ်သက်သာရာရသွားသော်လည်း ကားအရှိန်မှာတော့ ဖြေးညင်းနေဆဲဖြစ်၏။
ထိုအချိန်တွင် ချူယင်းသည် စုယိ၏ဖုန်းထဲမှအကြောင်းအရာကိုမြင်သွားခဲ့ပြီး သူကအဝေးသို့အကြည့်လွှဲကာ ခပ်တိုးတိုးပြောလေသည်။
" ဒါဆို အိမ်ပြန်ရောက်မှ ဆက်ရေးလေ "
"ပြီးခါနီးပါပြီ"
စုယိမှာ တောင်းပန်စာအား သုံးကြိမ်စစ်ဆေးပြီးနောက် sendကို နှိပ်လိုက်သည်။ထိုအချိန်တွင် နံဘေး၌ရှိနေသူ၏ဖုန်းမှ ' ဒင် ' ဟူသောအသံပါ တစ်ခါတည်း ထွက်ပေါ်လာသည်။
ချူယင်းက ဖုန်းထုတ်ပြီး တက်လာသောစာကိုတစ်ကြောင်းချင်းဖတ်နေ၏။
[ စုယိv: အားလုံးပဲ မင်္ဂလာပါ....စုယိပါ...ဩဂုတ်လ ၂၇ ရက်နေ့က မသင့်လျော်တဲ့ မှတ်ချက်အတွက် ဒီနေရာကနေ တောင်းပန်ချင်ပါတယ်... public figure တစ်ယောက်ဖြစ်ပြီးတော့ စိတ်ခံစားချက်တွေကို ကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်... နောက်နောင်မှာ အပြောအဆိုနဲ့ အမူအကျင့်တွေကို သတိထားပြီး ပြုပြင်ပါ့မယ်....စောင့်ကြည့်ပေးကြပါဦး...ဒါပေမဲ့ မီဒီယာတွေဘက်ကလည်း မဆိုင်တဲ့ကိစ္စမှာ ကျွန်မကိုအတင်းဆွဲထည့်နေတာကို ရပ်ပေးကြပါ...လောလောဆယ် ရိုက်ကူးရေးကိုပဲအာရုံစိုက်နေရတာမလို့ ဒီလိုကိစ္စတွေကိုဖြေရှင်းဖို့ တကယ်ကိုအားမရှိပါဘူး...အရေးတယူဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်....ကျေးဇူးပါ ]
ချူယင်းက ထိုပို့စ်ကို likeနှိပ်လိုက်ပြီး ဘေးသို့လှည့်ကြည့်လိုက်သည့်အခါ စုယိမှာ ခေါင်းငိုက်စိုက်ချ၍ ဖုန်းကြည့်ပြီး ပြုံးဖြီးနေလေသည်။
" ခေါင်းမူးတယ်ဆိုပြီး ဖုန်းဆက်ကြည့်နေတုန်းလား "
"မဟုတ်ဘူး...ဒါဖတ်ကြည့်"
စုယိက သူမ၏ဖုန်းထဲမှ weiboမှတ်ချက်တစ်ခုကို ချူယင်းအားပြလာသည်။
[ချူယင်းက တစ်စက္ကန့်အတွင်း likeနှိပ်သွားတယ်... သူ့ Weibo ထဲဝင်ကြည့်ရင် စုယိရဲ့ သတင်းအချက်အလက်ပြန်ကြားရေးနေရာကြီးတစ်ခုလိုပဲ...စုယိတင်သမျှ shareသမျှကို အကုန် likeလုပ်ထားတာ...လုံးဝရှယ်ဂရုစိုက်တာနော်...အချစ်စစ်ဆိုတာကိုယုံသွားပြီ ငါကတော့ ]
ထိုကွန်မန့်ကိုဖတ်ပြီးသွားသော ချူယင်းက မျက်ခုံးပင့်လျက်ပြောလေသည်။
“ဟုတ်ပြီ.... ဆက်မကြည့်နဲ့တော့ ”
“ကောင်းပြီလေ....ရှင်လည်းစာရွက်စာတမ်းတွေ မဖတ်သင့်ဘူး....ကားထဲမှာ မှောင်နေတယ် မျက်လုံးအတွက် မကောင်းဘူး "
စုယိက ဖုန်းကိုအိတ်ထဲထည့်လိုက်ပြီး ပြန်လည်အကြံပြု၏။
နှစ်ဦးသား ပစ္စည်းများကို ကိုယ်စီသိမ်းလိုက်ကြပြီး စုယိက ချူယင်း၏လက်မောင်းကိုဖက်တွယ်ကာ တစ်ဖက်လူထံမှလက်ချောင်းများကို သူမ၏လက်ဖြင့် ယှက်နွှယ်လိုက်လေတော့သည်။
****
အိမ်ပြန်ရောက်ပြီးနောက် တံခါးပိတ်ပြီးပြီးချင်းတွင် ချူယင်းသည် စုယိအား အနောက်မှနေ၍ သိုင်းဖက်လာခဲ့၏။
ထိုအခါ စုယိကလည်း သဘောတကျပြုံးလျက် တစ်ဖက်လူ၏လက်များကို အုပ်မိုးလိုက်ပြီး ခပ်တိုးတိုးမေးလေသည်။
" ဘာဖြစ်လို့လဲ....ယားတယ် "
ခပ်ဖွဖွအနမ်းများက သူမ၏နားရွက်ဖျားပေါ်သို့ နယ်ကျွံလာခဲ့၏။
"မနက်ဖြန်ပြန်တော့မှာလား"
" အင်း....အရင်လွှတ်ဦး ကျွန်မရေမချိုးရသေးဘူး "
စုယိ့ခမျာ အူယားစရာကောင်းအောင် နားနားကပ်ပြောနေသော ခပ်ရှရှလေသံအား ခံနိုင်ရည်မရှိရှာပေ။
"အတူတူချိုးရအောင်"
စုယိမှာ သွေးဆောင်ခံနေရသလို ခံစားသွားရပြီး သူမ၏ပါးပြင်များက နီရဲနေသည်။
" အရမ်းကြီးမကြမ်းဘူးမလား " စုယိက မဝံ့မရဲမေးလိုက်၏။
ထိုအခါ ချူယင်းက စုယိ၏လည်ဂုတ်သားကို ခပ်ဖွဖွဆွဲကိုက်ရင်း ပြောလာလေသည်။
" အရင်တစ်ခေါက်က သက်တောင့်သက်သာမဖြစ်လို့လား "
"...... "
' ဒီနေ့မှဘာလို့အရမ်းကဲနေရတာလဲ '
"မရဘူးနော်...ကျွန်-ကျွန်မက အမြင့်ကြောက်တယ် "
စုယိက ရောက်တက်ရာရာ ဆင်ခြေကိုပေးသော်လည်း ချူယင်းက ပြုံးလိုက်ပြီး " ကောင်းပြီလေ " ဟု ပြန်ဖြေ၏။
နောက်ဆုံး၌မူ မျက်နှာများနီရဲနေသောစုယိက ရေချိုးခန်းထဲတွင်ရှိနေခဲ့သည်။သူမ၏လက်များက ရေချိုးကန် ဘောင်ပေါ်တွင် ထောက်လျက်သားရှိနေပြီး ကျူးကျော်ခံရမှုတစ်ခုအားအရင်းတည်၍ သူမ၏နှုတ်ဖျားမှ ညဉ်းညူသံများ ထွက်ပေါ်လာတော့၏။အသားချင်းရိုက်ခတ်သံများက အခန်းထဲတွင် ပဲ့တင်ထပ်နေပြီး အလွန်ပင်ကြည်လင်နေလေသည်။စုယိက ရှက်သွေးဖြာနေပြီး အောက်နှုတ်ခမ်းကိုကိုင်လျက် မညဉ်းမိအောင်ကြိုးစား၏။
" မင်းအသံနားထောင်ရတာကို ကြိုက်တယ် " အနောက်ဘက်ရှိလူက စုယိအားပြောလာသည်။
အမျိုးစုံသောအသံများနှင့် ရေသံများကရောနှောသွားလေ၏။အရှိန်အနည်းငယ်မြန်လာပြီးနောက်တွင်မူ ပြီးမြောက်ခြင်းဆီသို့ ခရီးတွင်သွားကြတော့သည်။
စုယိမှာ တစ်ဖက်ယောက်ျား၏ရင်ခွင်ထဲ ခေါင်းဖွက်ထားပြီး မလှုပ်ချင်လောက်အောင်ကိုပင် မောပန်းနွမ်းနယ်နေလေ၏။သို့သော်လည်း ပူနွေးသွားသောရေက သူမအား သက်တောင့်သက်သာဖြစ်စေသည်။
ချူယင်း၏လက်တစ်ဖက်က စုယိ ခါးပေါ်တွင် ထိန်းကိုင်လျက်သားရှိနေပြီး ကျန်တစ်ဖက်ကမူ ပါးပြင်များအား ညင်သာစွာ ပွတ်သပ်ပေးနေလေသည်။
"မနက်ဖြန် လေဆိပ်လိုက်ပို့ပေးမယ်"
"မလိုပါဘူး...မနက်ဖြန် ပိတ်ရက်မှမဟုတ်တာ " စုယိက မျက်လုံးမဖွင့်ဘဲ တိုးတိုးကလေးပြော၏။
"ဒါဆို မင်းကို ဒရိုင်ဘာဦးလေး လိုက်ပို့ပေးလိမ့်မယ်....အရမ်းပင်ပန်းနေပြီလား "
လူဆိုးကောင်ကြီးပါပင်။
တစ်စုံတစ်ဦး ဆန္ဒမပြည့်ဝခင်တွင် သူမမှာ အကြိမ်အနည်းငယ်ခန့်ပြီးမြောက်ခဲ့ရသည်။ဤသည်မှာ လုံးဝမတရားပေ။
" ရိုက်ကူးရေးပြီးရင် gymကိုနေ့တိုင်းသွားမယ်...ရှင့်ကို ခြောက်သွေ့နေအောင်လုပ်ပစ်မယ် " စုယိက ခြိမ်းခြောက်ဖို့ကြိုးစားသည်။
ထိုအခါ ချူယင်းကပြုံးလျက် " Gym သွားစရာမလိုပါဘူး ...ကိုယ်မင်းကို တခြားနေရာခေါ်သွားနိုင်တယ် "
"ဘယ်နေရာလဲ "
"ကိုယ့်အိမ်လေ "
“…..... ”
"မိသားစုအိမ်ကိုမဟုတ်ပါဘူး...ဒီဘက်မှာ အိမ်နည်းနည်းရှိတယ်...မကြာခဏနေတဲ့အိမ်ကိုခေါ်သွားပေးမယ်...အဲ့မှာ မင်းလိုချင်သမျှ အကုန်ရှိတယ် "
သောက်ကျိုးနည်း အိမ်ခြေယာမဲ့ကလေး စုယိပါပင်။
___________________________________________