Chapter 5
ရိုက်ကူးရေး
မော့ကျန်းက စိုက်ကြည့်လိုက်ကာ စောင်ကို ဖယ်ထုတ်လိုက်ပြီး အိပ်ရာပေါ်မှ လူးလဲ၍ ထလာခဲ့သည်။
"ဒုတိယ ထပ်ကို တက်လာဖို့ မင်းကို ဘယ်သူ ခွင့်ပြုလို့လဲ"
အားယောင်၏ အပြုံးက တစ်ခဏမျှ တောင့်တင်းသွားပြီး သူမ၏ နှုတ်ခမ်းပေါ်က အကွေးလေးက နေရာတကျ ရှိနေဆဲပင်။
"ကျွန်မက ဂွတ်မောနင်းလို့ ပြောချင်ရုံလေးတင်ပါ"
“ဘယ်သူကမှ မျက်လုံးပွင့်ပွင့်ချင်း သရဲတစ်ကောင် လာနှုတ်ဆက်တာကို မမြင်ချင်ကြဘူးကွ" မော့ကျန်းက ဗီရိုဆီသွားကာ တံခါးကို ဖွင့်လိုက်ပြီး ကြည့်လိုက်သည်။
"ငါ အင်္ကျီလဲတော့မှာ... ဒါကြောင့်မို့ ထွက်သွားပေးလို့ ရပြီ"
အားရောင်က မော့ကျန်း၏ ရှည်လျားဖြောင့်တန်းလှသော ကျောပြင်ကျယ်ကြီးကို ကြည့်ကာ မျက်တောင်ခတ်လိုက်သည်။
"ရှင့် ခန္ဓါကိုယ်က အတကယ် ကြည့်ကောင်းပါတယ်... သူများတွေ မြင်သွားမှာ စိုးရိမ်စရာ မလိုပါဘူး"
မော့ကျန်း၏ ညာလက်က ချိတ်ကိုယူကာ အဖြူရောင် ရှပ်အင်္ကျီကို ဖြုတ်လိုက်ပြီး အားယောင်ကို လှည့်ကြည့်လိုက်သည်။ "ငါ့ခန္ဓါကိုယ် ကြည့်ကောင်းတာ ဘယ်လိုသိတာလဲ"
“ကျွန်မ မြင်ဖူးလို့လေ"
“ဘယ်မှာ မြင်ဖူးတာလဲ"
“တီဗီမှာလေ" မနေ့ညက သူမ "နတ်ဘုရားတားမြစ်ဇုံ1"ကို ကြည့်ခဲ့ပြီး ဇာတ်ကွက်တစ်ခု၌ ဒေါက်တာကောင်းစန်က ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု တစ်ခု လုပ်နေပြီး အပေါ်ပိုင်း အဝတ်အစားမဲ့နေသည့် ခန္ဓါကိုယ်ကို ကင်မရာတွင် ဖော်ပြလာခဲ့သည်။ သူမ သေသေချာချာ ရှင်းရှင်းလင်းလင်းကြီးကို မြင်လိုက်ရတာ... ရင်အုပ်တောင့်တောင့်ကြီး မဟုတ်ရင် ဗိုက်ကြွက်သား ရှစ်မြှောင်း ပဲ...
“တီဗီကလား" မော့ကျန်း ပြုံးလိုက်သည်။
"ဘယ်နေရာမှာ တီဗီ ကြည့်တာလဲ"
အားယောင်: “…”
“အာ... ဟား ဟား ဟား ရှင်အခု အဝတ်အစား လဲတော့မလို့လား... ဒါဆို မနှောက်ယှက်တော့ဘူးနော်... အေးဆေးလုပ်"
အားယောင်က မော့ကျန်း၏ အခန်းထဲမှ မြန်မြန် ရွှေ့ပြောင်းသွားပြီး သူမနောက်မှ တံခါးကိုလည်း တိတ်တိတ်လေး ပိတ်ပေးထားလိုက်သေးသည်။ အားယောင် သက်ပြင်းချမိသည်။ သူမ၏ အိမ်ရှင်ကြီးက စိတ်သဘောထား ကောင်းပုံမရပေ။ နောက်ဆို သူမ သတိပေးမှရမည်။ သူသာ ဒီလို တစ်ချိန်လုံး ဆက်ပြီး ဒေါသထွက်နေပါက အရေးအကြောင်းများ ထွက်လာလိမ့်မည်ပင်။
အားယောင် မျောလွင့်သွားသည်ကို ကြည့်၍ မော့ကျန်းက အခန်းထဲထိ လင်းထိန်နေသော မနက်ခင်း နေရောင်ကို စိုက်ကြည့်မိသွားသည်။ မော့ကျန်းက ခပ်မြန်မြန် အဝတ်အစားလဲကာ မျက်စိဖမ်းစားဖွယ် အနက်ရောင် ဘန်ထလေကားကို ဂိုထောင်ထဲမှ မောင်းထွက်လာခဲ့ချိန်၌ ခြောက်နာရီခွဲသာ ရှိသေးသည်။
“ဟေး ဒီနေ့ ရှင်မောင်းတဲ့ ကားက မနေ့ကနဲ့လည်း မတူပါဘူး" အားယောင်က သိလိုစိတ် ပြင်းပြစွာဖြင့် ကားထဲတွင် လှည့်ပတ် ကြည့်ရှုနေပြီး သူမ၏လက်က အောက်မှ ကူရှင်ကို ရဲရဲရင့်ရင့် ပုတ်နေခဲ့လေသည်။ သေချာပေါက် သူမက ၎င်းမှလွဲ၍ အခြားအရာများကို မထိရဲပါချေ။
မော့ကျန်း သူမအား လျစ်လျူရှုထားသည်ကို တွေ့သောအခါ အားယောင်က ဆက်မေးလိုက်သည်။
"မနက်စာ မစားတော့ဘူးလား... ရှင်မနေ့က ညစာကို သံပရို တစ်ခြမ်းပဲ စားထားတာလေ"
မော့ကျန်းက သူ့ခုံဘေးမှ ပွစိပွစိ ပြောနေသော အားယောင်ကို ကြည့်ကာ သူ့လက်များက မသိလိုက် မသိဘာသာဖြင့် စတီယာရင်ကို တင်းတင်းကြပ်ကြပ် ကိုင်မိသွားသည်။ "ဘာလို့ ငါ့နောက် လိုက်လာတာလဲ"
အိမ်တွင် သူတစ်ယောက်တည်းသာ ရှိ၍ သူ ပြောဆိုနေ၍ ရသေးသော်လည်း လီကိုဟိုင်သာ အပြင်မှာ သူ့နောက် ဆက်လိုက်လာပါက အခြားသူများက သူရူးနေပြီဟုသာ တကယ်ကြီး ထင်သွားကြလိမ့်မည်။
“ကျွန်မ ပြောပြီးသားလေ... ကျွန်မ ဘယ်သူဆိုတာ မမှတိမိမချင်း ရှင့်နောက် ဆက်လိုက်နေမှာ" အားယောင်က သမာသမတ် ကျကျ ပြောလိုက်လေသည်။
မော့ကျန်းက စတီယာရင်ကို ကိုင်ထားရင် နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်ပြီးနောက် အသက်ပြင်းပြင်းရှုကာ သူ့ကိုသူ စိတ်တည်ငြိမ်သွားရန် သတိပေးလိုက်သည်။ သူတို့က အခု အပြင်မှာ ရောက်နေတာ... သူ သရဲနဲ့ တောင်စဥ်ရေမရ ငြင်းခုံနေလို့ မရသေးဘူး...
ခရီးသည်ခုံတွင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေသော အားယောင်မှာ စပြီး အထွန့်တက်တော့သည်။
"ရှင်မောင်းတာ အရမ်းမြန်လွန်းတယ်... မကြာခင် ကျွန်မ အမှီလိုက်နိုင်တော့မှာ မဟုတ်ဘူး" သရဲက ခန္ဓါကိုယ်အစစ် မရှိသဖြင့် ကားပေါ်တွင်လည်း ထိုင်မလိုက်နိုင်ဘဲ တစ်ချိန်လုံး ထိုင်နေသည့် ပုံစံဖြင့် လွင့်မျော နေရခြင်းပင်။ ၎င်းက ကားက သူမကို သယ်ပေးသွားသည့် ပုံစံ အလား ဖြစ်နေလေသည်။
မော့ကျန်းက သူမပြောသည့်စကားကို နားထောင်ပြီး အလျင်အမြန် လှုပ်ရှားကာ ကားကို အရှိန်တင်၍ ကားက လမ်းပေါ်တွင် မြှားတစ်ချောင်း ပြေးနေသကဲ့သို့ ဖြစ်သွားစေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကား၏ အဆုံးပိုင်းက အားယောင်၏ ခန္ဓါကိုယ်ကို ကျော်ဖြတ်သွားကာ သူမက ထိုင်နေသည့်အနေအထားအတိုင်း လေပေါ်တွင် ပေါလောပေါ်လျက် ကျန်နေခဲ့လေသည်။
…
ထိုထိုင်နေသည့်ပုံစံက တကယ်ပင် စိတ်ရှုပ်ဖို့ ကောင်းလှသည်။
အားယောင်က မတ်မတ်ရပ်ကာ ဘန်ထလေ မောင်းသွားသည့် ဦးတည်ရာအတိုင်း ကြည့်လိုက်သည်။ သူမ သူ့ကို အရှိန်မတင်ဖို့ သတိမပေးခဲ့ဘူးလား...
မော့ကျန်းက နောက်ကြည့်မှန်မှ အားယောင်၏ ပုံရိပ်ကို တွေ့လိုက်ချိန်တွင် အလွန်လျင်မြန်စွာ မောင်းသွားလေသည်။ သူက လီဗာပေါ်တွင် ခြေချရန် ပြင်လိုက်သော်လည်း ကင်းလှည့်နေသော ယာဥ်ထိန်းရဲများကို တွေ့လိုက်ရသဖြင့် ထိုအကြံကို မြန်မြန် စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ရသည်။
ဘန်ထလေက ကျယ်ပြောလှသည့် မြေတို့ ဝန်းရံထားသော မြေပြောင်ပြောင်နေရာသို့ ရောက်ရှိသွားပြီး ၎င်းတွင် တိမ်များကလည်း အနည်းငယ်သာ ရှိနေပေသည်။
ပုံမှန်အားဖြင့် ထိုနေရာ၌ နေထိုင်သူ များစွာ မရှိသော်လည်း ယခုတွင်မူ လူများစွာ ရောက်ရှိနေပေသည်။
မီတာတစ်ရာခန့် အကွာအဝေး၌ မော်ဒယ် လှလှလေးများ၊ စိတ်လှုပ်ရှားနေသော သတင်းထောက်များနှင့် သူထွက်ပေါ်လာမည်ကို စောင့်နေကြသော ကားပေါင်းများစွာလည်း ရှိနေသည်။
သို့သော်လည်း ထိုလူအများစုက ထောင့်တွင်သာ ကပ်နေကြရသဖြင့် မော့ကျန်း၏ ဘန်ထလေကားက လုံခြုံရေးများ ခြံရံလျက် ရှုတင်နေရာသို့ ချောချောမွေ့မွေ့ ရောက်သွားသည်။
“ဝိုး ဒီနေရာက နတ်ဘုရား တားမြစ်ဇုံ ရိုက်မဲ့နေရာပဲ... ငါလည်း စတားတွေကို တွေ့နိုင်လောက်တယ်" အားယောင်က မော့ကျန်းဘေးတွင် ပေါလောပေါ်နေကာ သူမမျက်နှာက စိတ်လှုပ်ရှားမှု အပြည့် ဖြစ်နေသည်။
မော့ကျန်းက မျက်ခုံးပင့်လိုက်သည်။ နာမည်အကြီးဆုံး စတားက မင်းဘေးမှာကွ... ဘယ်သူ့ကို တွေ့ချင်နေသေးတာလဲ...
“အပြင်ဘက်မှာ ငါ့ကို စကားမပြောစမ်းနဲ့" မော့ကျန်းက အားယောင်ကို သတိပေးလိုက်ကာ ဘန်ထလေကားကို ကားရပ်သည့်နေရာ၌ ပါကင်ထိုးလိုက်သည်။
ထန်ချန်းက မော့ကျန်း ရောက်လာသည်ကို တွေ့သောအခါ လက်ထဲတွင် သရေစာအိတ်တစ်ခုကို ကိုင်လျက် မော့ကျန်းကို အလျင်စလို နှုတ်ဆက်လိုက်သည်။
"မင်း မနက်စာ လွတ်သွားလို့ မဖြစ်ဘူးနော်... ငါ ဘယ်နှကြိမ်လောက် ပြောပြီးပြီလဲ... မနက်စာက တစ်နေ့တာမှာ အရေးအကြီးဆုံး အစားအသောက်ပါဆို"
မော့ကျန်းက ထန်ချန်း၏ လက်ထဲမှ နို့ဘူးကို ယူကာ ပိုက်ထည့်လိုက်သည်။ "မင်း ဒီစကားတွေ နေ့တိုင်း ပြောနေတာ မမောသေးဘူးလား"
ထန်ချန်းက ပြောစရာ မဲ့သွားသည်။ "ငါ ဘယ်လောက် ပြောပြော မင်းဘယ်တော့မှ နားမထောင်ဘူး... ဘာဖြစ်ဖြစ် မင်းရဲ့ ကိုယ်ပိုင်ခန္ဓါကိုယ် ဖြစ်နေတာတောင် သေချာ ဂရုမစိုက်ဘူး"
“ထန်ချန်း မင်းက ကြောက်စရာကောင်းတဲ့ အေးဂျင့်အစား နာနီ တစ်ယောက် ဖြစ်နေပြီ" မော့ကျန်းက သူ့ဘက်ကို လာနေသော ဒါရိုက်တာနှင့် လက်ထောက် ဒါရိုက်တာကို တွေ့သောကြောင့် နို့ဘူးကို မြန်မြန် သောက်လိုက်သည်။
အားယောင်က မော့ကျန်းရှေ့တွင် လွင့်မျောနေကာ သူ့ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုပ်လိုက်သည်။ "သူပြောတာ မှန်တယ်... ည စောစော အိပ်တာနဲ့ မနက်စာ စောစောစားတဲ့ အလေ့အကျင့်ရှိတာက ခန္ဓါကိုယ်အတွက် ကောင်းတယ်"
မော့ကျန်း: “… …”
ညစောစောအိပ်ပြီး မနက်စောစော ထတဲ့အလေ့အကျင့်က လူတစ်ယောက်အတွက် ကောင်းတယ်ဆိုတဲ့ စာကြောင်းက သူတို့ ပြောခဲ့ဖူးသလားလို့...
အားယောင်က ဒါရိုက်တာအနားတွင် တလွင့်လွင့်ဖြစ်နေသဖြင့် မော့ကျန်းကအပြေးသွားပြီး ဒါရိုက်တာနှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။
၎င်းက ချွီထောင်နှင့် မော့ကျန်းတို့ အတူတူ အလုပ်လုပ်ကြရသည့် ပထမဆုံးအကြိမ်မဟုတ်ဘဲ သူတို့ကလည်း အချင်းချင်း အလွန် ရင်းနှီးကြပြီးသား ဖြစ်သည်။ သို့ရာတွင် စီနီယာကျခြင်းက ဖျော်ဖြေရေးလောကတွင် အလွန်အရေးကြီးလှသဖြင့် ထိုနှစ်ယောက်ကို သူကိုယ်တိုင်ကိုယ်ကျ သွားနှုတ်ဆက်ရန် လိုနေသေးသည်။ ပြီးတော့လည်း ယနေ့က ရိုက်ကူးရေး ပထမဆုံးနေ့ ဖြစ်နေသေးသည်လေ။
အားယောင်က စိတ်လှုပ်ရှားနေသော လူအုပ်ကြီးနှင့် ရောနှောသွားလေသည်။ သူမက ဒါရိုက်တာနှင့် မော့ကျန်းဘေးနားတွင် အကြိမ်အတော်များများ မျောလွင့်နေခဲ့သည်။ မော့ကျန်းက အမှန်တကယ်ပင် အလွန်တော်သော သရုပ်ဆောင် တစ်ယောက် ဖြစ်ပေသည်။ သရဲမတစ်ကောင်၏ မျက်နှာက သူ့ကို နှောက်ယှက်နေခဲ့သော်ငြား သူက ချွီထောင်ကို နှုတ်ဆက်ကာ စကားစမြည် ပြောဆိုနေဆဲပင်။
“မော့တာ့ရန်" အမျိုးသမီး တစ်ယောက်၏ အသံက ဆန့်ကျင်ဘက်နေရာမှ ထွက်ပေါ်လာခဲ့သည်။ အားယောင်က ၎င်းကို ကြားသည်နှင့် လှည့်ကြည့်လိုက်ရာ အရပ်ရှည်ရှည်နှင့် မိန်းမလှလေး တစ်ယောက် သူတို့ရှိရာ လျှောက်လာနေကြောင်း တွေ့လိုက်ရသည်။ သူမက မီးရောင် ရဲရဲတောက်နေသည့် ဝတ်စုံကို ဝတ်ထားပြီး သူမ၏ စကပ်က တိုလွန်းလှသဖြင့် မော့ကျန်းဆီ လျှောက်လာသည့် တလျှောက်လုံး ခြေသံသွယ်သွယ်တို့က ယိမ်းခါ၍ နေပေသည်။
“ရှစ်ရှုံး ကျွန်မရဲ့ အဝတ်လဲခန်းထဲမှာ ရှင့် လည်စည်းမေ့ကျန်ခဲ့လို့" သူမက ညှို့အားပြင်းစွာဖြင့် အနက်ရောင် ဆံနွယ်ရှည်များကို နားနောက်သို့ သပ်တင်လိုက်ရင်း မော့ကျန်းကို ပြုံးပြနေခဲ့သည်။
[T/N ရှစ်ရှုံး စီနီယာ]#
စုန့်နီ ထွက်ပေါ်လာမှုကြောင့် လေထုက ပို၍ စိတ်ဖိစီးသွားရသလိုပင်။
ချွဲထောင်က စုန့်နီလက်ထဲမှ စက္ကူအိတ်ကို ကြည့်လိုက်ပြီး သူ့ပါးစပ်ကို မြန်မြန် ပိတ်လိုက်သည်။
စုန့်နီက ခိုက်ဟွမ်း၏ တက်သစ်စလေး ဖြစ်ပြီး သူမက ခိုက်ဟွမ်း ဥက္ကဌ၏ တရားမဝင် သမီး ဟူ၍ လည်းကောင်း မော့ကျန်း၏ တိတ်တိတ်ပုန်း ချစ်သူ ဟူ၍ လည်းကောင်း ကောလဟာလများလည်း ရှိသေးသည်။ ထိုကောလဟာလများမှ အမှန်ဖြစ်လား မဖြစ်လား မသိရသော်လည်း ခိုက်ဟွမ်းက ယခုတလောတွင် သူမအား အတော်လေး တန်ဖိုးမြှင့်နေသည်မှာ အမှန်ပင် ဖြစ်သည်။ စုန့်နီအတွက် ဇာတ်ကောင်တစ်ခု ဖန်တီးရန်အတွက် "နတ်ဘုရားတားမြစ်ဇုံ3"၌ ဂဏန်း ရှစ်လုံး ပမာဏကို မတုံ့ဆိုင်းဘဲ ရင်းနှီးမြှုပ်နှံခဲ့သေးသည်။
ပြီးတော့ ထိုဇာတ်ကောင်က ဇာတ်လိုက်၏ အမျိုးသမီးလက်ထောက် ဖြစ်ပေသည်။
သူ ပွဲဦးထွက်ချိန်မှ ယနေ့ချိန်အထိ မော့ကျန်းက အလွန်သန့်ရှင်းသော ကိုယ်ပိုင်ဘဝကို ထိန်းသိမ်းခဲ့ပြီး အရှုပ်တော်ပုံကြီးများတွင် ပါဝင်ပတ်သက်ခြင်းလည်း မရှိခဲ့ပေ။ သို့သော်လည်း ဤတစ်ကြိမ်၌ သူနှင့် စုန့်နီတို့၏ အချစ်ရေး ကောလဟာလက အတော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။ ချွီထောင်က စုန့်နီလက်ထဲမှ အိတ်ကို မသိမသာ ကြည့်လိုက်သည်။ အခုအခြေအနေက ဘာလဲဟ... ကောလဟာလတွေက အမှန်ပဲလား...
မော့ကျန်းက စုန့်နီလက်ထဲမှ စက္ကူအိတ်ကို ယူကာ အထဲကို ကြည့်လိုက်သည်။ အဟုတ်ပင် သူ့လည်စည်း ဖြစ်နေသော်လည်း စုန့်နီဘေးတွင် ထားခဲ့မိသည်အား မမှတ်မိတော့ပေ။ သူက စုန့်နီကို လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် ဒေါသအလွှာ ပါးပါးလေးတစ်ခု ရှိနေခဲ့သည်။ ထန်ချန်းက ဘေးဘီကို မြန်မြန် လှမ်းကြည့်လိုက်ပြီး မော့ကျန်း၏ ပွက်ပွက်ဆူနေသော အပြုံးကို ကြည့်လိုက်သည်။ ဧကရာဇ်မော့... ထိန်းထားနော်... မင်းထိန်းထားမှ ဖြစ်မယ်...
မော့ကျန်းက သူ့နှုတ်ခမ်းကို ကိုက်ကာ ထန်ချန်းလက်ထဲသို့ အိတ်ကို ပစ်ပေးလိုက်ပြီး စကားပြောမလာခဲ့ပေ။
မော့ကျန်း၏ အကြည့်က အတော်လေး အေးစက်နေသည်ကို တွေ့သောအခါ စုန့်နီက အကြိမ်အနည်းငယ်မျှ တီးတိုး ရယ်မောလိုက်သည်။ သူမက ရှေ့တိုးကာ သူ့ဘေးတွင် မှီလိုက်ပြီး သူ့လက်မောင်းကို ရင်းရင်းနှီးနှီး ဆွဲကိုင်လိုက်ကာ မော့ကျန်းကို လွတ်မြောက်ခွင့် မပေးခဲ့ပေ။
“ရိုက်ကူးရေးစဖို့ မခေါ်ခင်အထိ ငါ ကားထဲမှာပဲ ဇာတ်ညွှန်းဖတ်နေမလို့"မော့ကျန်းက ဖော်ရွေမှု မရှိဘဲ ပြန်ဖြေလေသည်။
စုန့်နီ၏ အပြုံးက တစ်ခဏမျှ တောင့်တင်းသွားပြီး မော့ကျန်း၏ လက်မောင်းကို မြဲမြဲ ကိုင်ထားသည့် လက်များအား လွှတ်ပေးလိုက်ရသည်။ ထန်ချန်းက ဒါရိုက်တာကို မြန်မြန် နှုတ်ဆက်ကာ ကားဆီသို့ သွားနေသော မော့ကျန်း နောက်သို့ လိုက်သွားလေသည်။
မော့ကျန်းက ကျောမှီကာ ဇာတ်ညွှန်းကြည့်နေခဲ့သည်။ သူ့မျက်နှာ အမူအယာအရ သူ့စိတ်အခြေအနေ အလွန် ဆိုးဝါးနေပုံပင်။ ထန်ချန်းက ခြောက်သွေ့နေသော သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ကာ မော့ကျန်းဘေးမှ လွတ်နေသော ခရီးသည်ခုံတွင် ဝင်ထိုင်ကာ ကားတံခါးကို ခပ်မြန်မြန် ပိတ်လိုက်သည်။
“လည်စည်းက ဘယ်လို ဖြစ်တာလဲ" မော့ကျန်းမှာ ဇာတ်ညွှန်းကို စိုက်ကြည့်နေဆဲ ဖြစ်သော်လည်း ထန်ချန်းက သူ့ဘေးမှ လူက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည်နေသည်ဟု ခံစားလိုက်ရသည်။
“အဲ့ဒါက မင်းရဲ့ အဝတ်လဲခန်းထဲမှာ ကျန်ခဲ့ပုံပဲ"
ကုမ္ပဏီ နားနေခန်း၌ မော့ကျန်း၏ ကိုယ်ရေးကိုယ်တာ ပစ္စည်းများစွာ ရှိသဖြင့် လည်စည်းတစ်ခု ရှာတွေ့ရန် ခဲယဥ်းမည်မဟုတ်ပေ။
“ငါ့ရဲ့ အဝတ်လဲခန်းက ခွေးတွေ ကြောင်တွေ ဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာ ဖြစ်သွားပြီလား"
မော့ကျန်းက အေးစက်နေသော မျက်လုံးများဖြင့် သရော်လိုက်ကာ သူ့လက်များက ယခုတွင် တွန့်ကြေနေပြီဖြစ်သော ဇာတ်ညွှန်းစာအုပ်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားလေသည်။
ထန်ချန်းက မော့ကျန်းလက်ထဲမှ သနားစရာ ဇာတ်ညွှန်းလေးအား ကယ်တင်ရန် အလို့ငှာ ဝင်ရောက် ဖျန်ဖြေပေးလိုက်သည်။
"ဧကရာဇ်မော့... စိတ်လျှော့ပါအုံး... ငါတို့က စတူဒီယိုမှာ ရောက်နေတာလေ" ထန်ချန်းက မော့ကျန်းကို ဆယ်နှစ်ကျော် သိလာခဲ့ရသဖြင့် မော့ကျန်းကို ရည်မွန်သိမ်မွေ့သော အမျိုးကောင်းသားလေးဟု ရိုးရိုးသားသား ယုံကြည်နေကြသည့် ငယ်ရွယ်သော မော့ကျန်းဖန်လေးများကဲ့သို့ သေချာပေါက် ဟုတ်မနေခဲ့ပေ။
မော့ကျန်းက ထန်ချန်းကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းက မျဥ်းတစ်ကြောင်းကဲ့သို့ ဖြောင့်တန်းသွားလေသည်။
ထန်ချန်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး မော့ကျန်းကို ပြောလိုက်သည်။
"မင်းလည်း ဥက္ကဌနဲ့ စုန့်နီရဲ့ တကယ့် ဆက်ဆံရေးအကြောင်း ရိပ်မိနေတာပဲ... ဒါပေမယ့် ငါ ကုမ္ပဏီကို ဒီကိစ္စအတွက် ညှိနှိုင်းနေတုန်းပဲ... ရက်နည်းနည်းလောက်ပဲ ထပ်ပြီး သည်းခံရမှာ"
ကုမ္ပဏီက စုန့်နီ လူသိများလာစေရန် မော့ကျန်းကို ကူညီပေးစေချင်ကြသည်။ သို့သော်လည်း မျက်စိမမြင်နိုင်သောလူပင် ထိုအကြံကို ထွင်းဖောက်မြင်နိုင်သေးသည်။ မော့ကျန်း၏ အမူအကျင့်နှင့် လက်ရှိအနေအထားအရ သူတို့ တောင်းဆိုရုံမျှဖြင့် ချက်ချင်းသဘောတူလိုက်ရန် မဖြစ်ပေ။ ထန်ချန်းက ထိုကိစ္စအတွက် အခြားအမျိုးသား သရုပ်ဆောင်တစ်ယောက်အား ပြောရန် ကုမ္ပဏီကို အကြိမ်များစွာ တောင်းဆိုခဲ့သော်လည်း အဆုံးတွင်တော့ သူ့အားထုတ်မှုများက အချည်းနှီး ဖြစ်သွားခဲ့ရသည်။
အမှန်တကယ်တွင် ကုမ္ပဏီ၏ စီမံခန့်ခွဲရေးဌာနကလည်း အခက်တွေ့နေရသည်ပင်။ ခိုက်ဟွမ်းတွင် အမျိုးသား သရုပ်ဆောင် မရှားပါးသော်လည်း စုန့်နီမှာ သူမကလည်း မော့ကျန်းကိုသာ လိုချင်သည်ဟု အပြတ်ဆိုခဲ့သဖြင့် သူတို့မှာလည်း အလယ်တွင် ပိတ်မိနေပြီး ဘာမှ မလုပ်ပေးနိုင်ပေ။
Xxx