အပိုင်း (၁၂၆)
Viewers 31k

Part 126


ယွမ်ရှ သားအဖနှစ်ယောက်လုံးကို လျစ်လျူရှု၍ သူတို့အရှေ့မှနေလျောက်သွားလိုက်သည်။


အိမ်အကူ အန်တီက မနက်စာလုပ်ပေးဖို့ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်။


 တံခါးမှ ခေါင်းလောင်းသံ မြည်လာချိန်တွင် ယွမ်ရှက တံခါးနှင့် ပိုနီးသောကြောင့် သူမ ထသွားလိုက်သည်။ လုံခြုံရေး ကင်မရာမှတဆင့် အသက်ငယ်သော လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ အိမ်တွင် တစ်ခြားလူများလည်း ရှိနေသည်ကို တွေးပြီး နောက်ထပ် မစစ်ဆေးတော့ဘဲ တံခါးဖွင့်ပေးလိုက်သည်။


ထိုလူ၏ နာမည်ကို မမေးရသေးခင် သူ့က်ထဲတွင် နှင်းဆီပန်းစီး ကိုင်ထားသည်ကို တွေ့လိုက်ရသောကြောင့် သူမ အလွန်ပင် အံ့ဩသွားသည်။ ထိုပန်းစည်းတွင် နှင်းဆီ ပန်းပွင့် အနည်းဆုံး ၉၉ပွင့် ရှိသည်ဟု သူမခန့်မှန်းလိုက်မိသည်။


ထိုလူသည် ပန်းစည်းကို ကိုင်ထားရတာ အခက်အခဲ ဖြစ်နေသည့် ပုံပေါက်နေပြီး ကဒ်သေးသေးလေးကို ကြည့်၍ စစ်ဆေးလိုက်ပြီး မေးလိုက်သည်။ “ခနလောက်ပါ..ဒီမှာ မစ္စ ယွမ် နေတာလားဗျ”


ယွမ်ရှသည် အံ့ဩစွာဖြင့် ကြောင်တောင်တောင် ရပ်နေမိပြီးမှ ပြန်ဖြေလိုက်သည်။


 “ဟုတ်တယ် အဲ့ဒါကျွန်မဘဲ”


ပစ္စည်းပို့သော ကောင်လေးက ပြုံးလိုက်ပြီး ကဒ်ကို လက်မှတ်ထိုးရန် သူမအား ပေးလိုက်သည်။ “မစ္စယွမ် ..ကျေးဇူးပြု၍ လက်မှတ်လေးထိုးပေးပါ”


ယွမ်ရှ ကောင်လေးဆီမှ ကဒ်ကိုယူလိုက်သည်။ ကဒ်တွင် ပန်းစည်း ပို့လိုက်သော သူကို မရေးထားပေ။ ပစ္စည်းပို့ ကောင်လေး၏ တိုက်တွန်းမှုကြောင့် သူမ လက်မှတ်ထိုးလိုက်သည်။


ကြီးမားသော ပန်းစည်းကို ကိုင်၍ သူမသည် တွေဝေစွာဖြင့် လှည့်ထွက်လာသည်။ သူမသည် ပထမဆုံး အတွေးသည် စုန့်ထင်ရှန်း ကိုမေးရန် ဖြစ်သည်။ “ဒါကို ရှင်ပို့တာလား”


သူမ ထိုမေးခွန်းကို မေးပြီးပြီးချင်းမှာ ပင် နောင်တရသွားသည်။ 


စုန့်ထင်ရှန်းက သူမကို ပန်းစည်းပို့ရန် အကြောင်းမရှိပေ။ သူက ထိုကဲ့သို့သော အရာကို လုပ်လေ့ရှိသူ မဟုတ်ပေ။


သူမ သူ့ကိုမေးမိသည်က ခနတာ ဦးနှောက် ချို့ယွင်းတာဘဲ ဖြစ်ရမယ်


စုန့်ထင်ရှန်းက သူမကိုင်ထားသော ပန်းစည်ကို သံသယမျက်လုံးဖြင့် ကြည့်၍ ခေါင်းရမ်းလိုက်သည်။ “ မပို့ပါဘူး”


ယွမ်ရှ သူမ၏ ခေါင်းထဲတွင် လှန်လှောရှာဖွေသော်လည်း ဖြစ်နိုင်သည့်သူ တစ်ယောက်မျှ မရှိပေ။ သူမသည် လူအနည်းငယ်ကို တွေးလိုက်သည်။ သူမကို အရင်က စိတ်ဝင်စားသော သူများသည် သူမမှာ ယောကျာ်းရှိသည်ကို သိကြသူများဖြစ်သည်။ သူမသည် လက်ထပ်ပြီးရုံသာမက သူမလက်ထပ်သော သူမှာ စီးပွါးရေးလောကတွင် ကျွမ်းကျင်သည့် စုန့်ထင်ရှန်း ဖြစ်သည်။ ထို့ကြောင့် အတိတ်က သူမကို စိတ်ဝင်စားသော သူများသည် ပေါ်တင် သူမနောက် လိုက်ရဲမည်မဟုတ်ပေ။


မည်သူက ဒီလို သနားစရာ ဆုံးဖြတ်ချက်နဲ့ သူမဆီကို ပန်းစည်း ပို့ရတာလဲ။ တစ်ခြားဘက်က ကြည့်မည်ဆိုလျှင် စုန့်ထင်ရှန်း စိတ်အနှောက်အယှက် ဖြစ်မည်ကို မစိုးရ်ိမ်ဘဲ ဘယ်သူက သူမနောက်ကို ခုလို လိုက်ရဲတာလဲ။


သနားစရာ ဆုံးဖြတ်ချက် ရှိသော လူများ အကြောင်း ပြောရင်းနှင့်..


ယွမ်ရှရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ ပို့သည့်သူက စိတ်ကြီးဝင်နေသော စိတ်ရောဂါ ခံစားနေရသည့် သွမ့်ချီ ဖြစ်နေမလား။


ဖြစ်နိုင်သော လူများထဲမှ သူသည် စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်သော အရာများကို ပြုလုပ်သူဖြစ်သည်။ ပြောရမည်ဆိုလျင် ထိုသူက စုန့်ထင်ရှန်၏ ရုံးကိုပင် လာခဲ့သည့် တစ်ယောက် ဖြစ်သည်။


ပန်းစည်းထဲတွင် ဖွက်ထားသော ကဒ်တစ်ခုကို ကြည့်လိုက်သည်။ ကဒ်ပေါ်တွင် “ဒါကို မလွှင့်ပစ်ပါနဲ့” ဟု ရေးထားသည်။ 


သူမ ပန်းစည်းကို ဧည့်ခန်းထဲသို့ ယူသွားပြီး ကော်ဖီ စားပွဲပေါ်တွင် ထားလိုက်သည်။ 


စုန့်ထင်ရှန်းက ပန်းစည်းပို့လိုက်သောသူကို မေးရန် အာရုံမရှိပုံပေါ်သည်။ အဲ့ဒီ့အစား သူသည် ဝမ်၏ လက်ကလေးကို ကိုင်၍ ထမင်းစားခန်းထဲသို့ ဝင်လာသည်။


ယွမ်ရှသည်လည်း သူတွေးနေသည့် အရာကို မခန့်မှန်းနိုင်ပေ။


သူ၏ တုံပြန်မှုအရ သူမကိုစိတ်မဆိုးပဲ ယုံကြည်မှုရှိပုံပေါ်လေသည်။ 


မနက်စာစားပြီးနောက် စုန့်ထင်ရှန်းတစ်ယောက် အလုပ်သွားဖို့ ပြင်ဆင်လိုက်သည်။


စုန့်ထင်ရှန်းက ဧည့်ခန်းကို ဖြတ်သောအခါ မြင်သာသော စားပွဲပေါ်ရှိ ပန်းစည်းကို မသိမသာ ကြည့်နေသည်ကို ယွမ်ရှ သတိမပြုမိပေ။


အိမ်အကူ အန်တီက ဟင်းချက်စရာများ ဝယ်ရန် အပြင်ထွက်သွားပြီးနောက် ယွမ်ရှသည် ဧည့်ခန်းသို့သွား၍ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

သူမသည် ကြီးမားသော နှင်းဆီပန်းစည်းကို ကြ ည့်၍ အနေခက်နေသည်။


သူမ ဝတ္ထုထဲက ဇာတ်လမ်းကို ယုံကြည်ခဲ့မိသည်။အကယ်၍ သွမ့်ချီသည် ဝတ္ထုထဲက အမြောက်စာဇာတ်ကောင် အဆင့်လောက်သာ ရှိမည်ဆိုလျှင် ယွမ်ရှ ဘဝတွင် ကိုယ်ထင်ပြလာမည် မဟုတ်ပေ။(ပော်လာမည်မဟုတ်)


သူမကို အနေခက်အောင် ပြုလုပ်နေသည်မှာ ပန်းစည်း မဟုတ်ပေ။ သူမ အဲ့ဒါကို အမှိုက်ပုံးထဲ လွှင့်ပစ်နိုင်သည်။ သို့သော် သူက မနက်ဖြန် သူမကို နောက်ထပ် ပန်းစည်း ထပ်ပို့ရင် ဘယ်လိုလုပ်မလဲ။


အဲ့ဒီလူက သူမဘဝကို အေးအေးချမ်းချမ်း ပေးမနေနိင်ဘူးလား...