အပိုင်း ၂၅
Viewers 10k

Chapter 25


သဝန်တိုတယ်


QAQ


ကျွမ်းကျင်အဆင့် အချိန်ပြည့် နာနီ... အဟွတ်... ရွှေအဆင့် အေးဂျင့် တစ်ယောက် ဖြစ်သော ထန်ချန်းမှာ မော့ကျန်း၏ အိမ်အတွက် အချိန်အတော်ကြာအောင် အစားအသောက်များ ဝယ်မပေးရသေးသည်ကို နောက်ဆုံး၌ သတိရသွားသည်။ ထို့ကြောင့်ဧကရာဇ်မော့၏ သစ္စာရှိ အထိန်းတော်တစ်ယောက် ဖြစ်သော ထန်ချန်းမှာ အစားအသောက် အိတ်များစွာသယ်ကာ မော့ကျန်း၏ အိမ်သို့ ရောက်လာခဲ့သည်။


သို့သော်လည်း သူထင်မထားမိသည်မာ တံခါးဖွင့်လိုက်သည်နှင့် ထိုမြင်ကွင်းကို တွေ့ရမည် ဆိုသည်ကိုပင်။ 


ကြောင်ကလေးတစ်ကောင်က ကြက်တောင်ပံတွေကို တတိတိ ကိုက်ဝါးနေတယ်...


ထန်ချန်းမှာ သူ့သုံးဖက်မြင် အမြင်က အတော်လေး မကောင်းဟု ခံစားနေရသည်။ ကြောင်များက တစ်ခါတစ်ရံတွင် အသားစားတတ်ကြသော တိရစ္ဆာန်များ ဖြစ်ကြသော်လည်း ကြက်တောင်ပံကို တိုက်ရိုက် ကိုင်ရင်း ကိုက်ဝါးနေသည့် ကြောင်တစ်ကောင်မူကား... ဒါကြီးက အရမ်း တမူထူးခြားနေတဲ့ ကြောင်တစ်ကောင်ပဲ ဖြစ်ရမယ်...


"မင်းမိသားစုက ကြောင်က အရမ်း ထူးခြားတာပဲ... ကြက်တောင်ပံတောင် ကိုက်နိုင်သေးတယ်... ဟားဟားဟား" ထန်ချန်းမှာ သူ့ဘဝ၏ အလေးချိန်ကို ရုတ်တရက် တောင့်မခံနိုင်တော့သဖြင့် သူ့လက်ထဲမှ ပလပ်စတစ်အိတ်များမှာ ပို၍ လေးလံလာသလို ပင်ခံစားလိုက်ရသည်။ 


ကံကောင်းစွာဖြင့် မော့ကျန်းက ထိုပလပ်စတစ်အိတ်များမှာ သူ့အတွက် အထူးတလှယ် ဝယ်ယူလာခဲ့သော အစားအသောက်များဖြင့် ပြည့်နေသည်ကို တွေ့သွားသောအခါ ၎င်းတို့ကို ထန်ချန်း၏ လက်ထဲမှစေတနာ့ဝန်ထမ်းလုပ်၍ လွှဲယူလိုက်သည်။


 "မင်းက ခိုက်ဟွမ်းရဲ့ အချိန်ကိုက်မိုး လူသားလို့ ခေါ်တာ အံ့သြစရာ မရှိတော့ဘူးပဲ...


ထန်ချန်း၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားသည်။ ထိုစကားက သူ့ကို ချီးကျူးသည့်စကား မဟုတ်ကြောင်း သိရသည်အထိ သူ မော့ကျန်းကို အချိန်အကြာကြီး လုံလုံလောက်လောက် သိကျွမ်းခဲ့ပြီးဖြစ်လေသည်။


 "မော့ကျန်း... မင်း ဘယ်တုန်းက ကြောင်စမွေးလိုက်တာလဲ"


"အခုလေးတင်ပဲ" မော့ကျန်းက ရေခဲသေတ္တာဆီ လျှောက်လာပြီး ပလပ်စတစ်အိတ်ထဲမှ ပစ္စည်းများကို ရေခဲသေတ္တာအတွင်းသို့ ရွှေ့လိုက်သည်။


ထန်ချန်းက အားယောင်ကို မိန်းမောတွေဝေစွာဖြင့် ဆက်ကြည့်နေလေသည်။ ဒီကြောင်က ကြက်တောင်ပံတောင် စားနိုင်သေးတယ်... အရမ်း ကျွမ်းကျင်တာပဲ... 


"မြောင်" ထန်ချန်း၏ အကြည့်က သူမ၏ စားချင်စိတ်ကို နှောက်ယှက်လိုက်ဟန်တူသည်။ အားယောင်က ခေါင်းကလေးကို မော့၍ သူ့ကို ကြည့်လိုက်သည်။


၎င်းက ကြည့်ရုံသာ ကြည့်ခြင်း ဖြစ်သော်လည်း ထန်ချန်း၏ နှလုံးသားထဲမှ ရေခဲများ အားလုံးကို အရည်ပျော်သွားစေခဲ့သည်။


ချစ်စရာ ကောင်းလိုက်တာ...


"မင်း နာမည်က ဘာတဲ့လဲ" ထန်ချန်းက ကိုယ်ကိုငုံ့ကာ ကြောင်လေးကို ပွေ့တော့မည်အပြုတွင် သူ့လက်ထဲမှ ကြောင်ငယ်လေးက ရုတ်တရက် ဆွဲယူခံလိုက်ရသည်။


"ကြောင်မှာ သန်းတွေ ရှိနေတယ်.... လက်လွတ်စပယ် မထိနဲ့" 


ထိုကဲ့သို့သော အသံအနေအထား... ထန်ချန်း မော့ကျန်း ထိုအသံအနေအထားဖြင့် ပြောသည်ကို အရင်က အကြိမ်များစွာ ကြားခဲ့ဖူးသည်။


သို့သော်လည်း ယခုအကြိမ်၌မူ အခြားအကြိမ်များနှင့် အနည်းငယ် ကွဲပြားနေသည်ဟု ခံစားနေရသည်။ ကြည့်ရတာ ... သဝန်တိုနေတဲ့ပုံ ဖြစ်နေလားလို့..


ထန်ချန်း၏ စိတ်အခြေအနေက သူစဥ်းစားမိသော အထင်အမြင်နှစ်ခုအကြား အလွန် မတည်မငြိမ် ဖြစ်နေခဲ့သည်။ မော့ကျန်းက ကြောင်ကို သဝန်တိုနေတာလား... ဒါမှမဟုတ် သူ့ကိုပဲ သဝန်တိုနေတာလား... ထန်ချန်းက နောက်ကတစ်ခုကိုသာ ခြွင်းချက်မရှိ ရွေးချယ်လိုက်သည်။


ရုတ်တရက်ပင် သူ့ကျောရိုးထဲမှ ဆူးချွန်ချောင်းကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားနေရသည်။


သူက တော်တာ်လေး ဆွဲဆောင်မှု ရှိတယ်လို့ ခံစားရပေမယ့်လည်း... ဒါပေမယ့်လည်း သူက ယောကျ်ားတွေကို မကြိုက်ဘူးလို့... ဒါပေမယ့် မောကျန်းလို တစ်ယောက်ယောက်နဲ့သာ ဆိုရင် သိပ်တော့ မကောင်းလောက်ဘူးလားလို့


#JQ က အမြဲတမ်း ထိပ်ဆုံးမှာ#


(T/N JQ總是在誤會中萌芽 အမြဲတမ်း အထင်မှားတာနဲ့ပဲ ကြုံနေတယ် )


ထန်ချန်းက မော့ကျန်းကို ကြည့်လိုက်ပြီး သူ့မျက်နှာ အမူအယာများက အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ "မော့ကျန်း... ဒါနဲ့ ပတ်သက်ပြီး သေချာပြီလား"


“ဘာကိုလဲ" မော့ကျန်း၏ လက်များက အားယောင်၏ ခြေထောက်များကို ဆွဲယူထားရင်း ထန်ချန်း၏ ဘေးတွင် ရပ်ကာ ပဟေဠိ ဖြစ်နေသော အမူအယာဖြင့် သူ့ကို ကြည့်နေသည်။ 


အားယောင်က လတ်တလောတွင် လေထဲ၌ တွဲလောင်းကျနေခဲ့သည်။ ထိုအနေအထားက အတော်လေး သက်တောင့်သက်သာ ဖြစ်မနေသော်လည်း အားယောင်ကမူ စိတ်ကျေနပ်စွာ သန်းဝေနေဆဲ ဖြစ်သည်။


“မော့ကျန်း... မင်းက ငါ့အနားမှာ အမြဲ ရှိနေခဲ့လို့ မင်းဒီလိုမျိုးတွေ စပြီး ခံစားရတာဖြစ်မယ်... ဒါပေမယ့်... မင်း ယုံထားလိုက်... မင်းရဲ့ အဲ့ဒီ ခံစားချက်တွေက တကယ့် အစစ်အမှန် ခံစားချက်တွေ မဟုတ်ဘူး"



မော့ကျန်းက သူ့ကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ရိုးရိုးသားသား ဆိုလိုက်သည်။ 


"ထန်ချန်း... ငါထင်တာ မင်း ဒိတ်လုပ်ဖို့ တစ်ယောက်ကို သွားရှာသင့်တယ်"


ထန်ချန်း: “…”


ဒါက ဘာကို ပြောချင်တာလဲ... သူတို့ စပြီး ဒိတ်လုပ်သင့်တယ်လို့ စောင်းပါးရိပ်ခြည် ပြောချင်နေတာလား...


ထန်ချန်းက ဒေါသတကြီး မျက်မှောင်ကြုံ့လိုက်သည်။ "မော့..."


“ထန်ချန်း ငါ ဘယ်လောက်ပဲ ယောကျ်ားကို ကြိုက်ကြိုက် မိန်းမကို ကြိုက်ကြိုက် မင်းကတော့ ငါ့မျက်လုံးထဲ ဘယ်တော့မှ ဝင်လာမှာ မဟုတ်ဘူး... အရမ်း နောက်မကျခင် မင်းရဲ့ ခံစားချက်တွေကို ဖျောက်ပစ်လိုက်တာ ကောင်းမယ်"


ထန်ချန်း: “…”


# မေမေရေ... သားတော့ ဘယ်တော့မှ ထပ်ပြီး အချစ်ကို မယုံတော့ပါဘူး QAQ#


“ငါ့ အစားအသောက်တွေ ပြန်ပေး" ထန်ချန်းက သူ့ညာလက်ကို လေထဲတွင် မြှောက်ကာ မော့ကျန်းရှေ့တွင် ဖြန့်ပြလိုက်သည်။


“ဘာလဲ" အစားအစာများကို ရေခဲသေတ္တာထဲတွင် သိမ်းထားလိုက်ပြီ ဖြစ်သည့်အတွက် မော့ကျန်း ပြန်ပေးရန်အတွက် နည်းလမ်း မရှိတော့ပေ။


“လမ်းခွဲကြေးလေ”


မော့ကျန်း “…”


အဆုံးတွင် ထန်ချန်းက ဂေါ်ဖီထုပ်တစ်ထုပ်နှင့် ကြက်သွန်နီ နှစ်လုံးကိုသာ ကမ်းပေးခံလိုက်ရပြီး ကြေကွဲနေသော နှလုံးသားလေးကို သယ်ကာ အိမ်ထဲမှ ထွက်သွားသည်။ 


အားယောင်က သူမ၏ ကြက်သားကို စား၍ ပြီးသွားချေပြီ။ အလွန်ကျေနပ်သွားဟန်ဖြင့် သူမက လေချဥ်တက်လိုက်သေးသည်။ ကြောင်များက သန့်ရှင်းရေး လုပ်ရသည်ကို နှစ်ခြိုက်ကြသဖြင့် သူတို့၏ ပိုင်ရှင်များက သူတို့ကို မသန့်ရှင်းပေးလျှင်တောင် သူတို့၏ အမွှေးနုလေးများကို တောက်ပြောင်ချောမွတ်နေစေရန် ထိန်းသိမ်းထားမည် ဖြစ်သည်။ သို့သော်လည်း မော့ကျန်းက တဘက်အစို တစ်ခုကို ဆွဲကာ အားယောင်၏ ခန္ဓါကိုယ်ကို သန့်ရှင်းရေးလုပ်ပေးနေဆဲ ဖြစ်ပြီး ထို့နောက်တွင် သူမကို လွှတ်ပေးလိုက်သည်။ 


အားယောင်က လုံးဝ သန့်ရှင်းပြီးသွားသည်နှင့် ဒုတိယထပ်ကို ပြေးတက်သွားသည်။ မော့ကျန်းက သူမနောက်ကိုသာ လိုက်ကြည့်နေလိုက်ပြီး လက်ဆေးကန်ထဲက ပန်းကန်များ အားလုံးကို ဆေးပြီးမှ အပေါ်ထပ်သို့ ဦးတည်သွားခဲ့သည်။ 


အိပ်ခန်းထဲသို့ ဝင်သွားပြီးနောက် အားယောင်က သူ့ကို စောင့်နေရင်း အလွန်ထူးဆန်းသော ကိုယ်နေဟန်ထားဖြင့် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ "မြောင် ဝူး" 


မော့ကျန်း: “…”


မော့ကျန်းမှာ ထိုကြောင်နက်လေးကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ အနည်းငယ် ပြုံးမိသွားသည်။


“မင်းကို ဘယ်သူက ဒီပေါ်ကို တက်လို့ရတယ်လို့ ပြောထားလို့လဲ


“မြောင် ~ ~ ~”


“ငါ ကြောင်တစ်ကောင်နဲ့ မအိပ်ချင်ဘူး"


"မြောင် ဝူး... QAQ”


“သနားစရာကောင်းတဲ့ ပုံနဲ့ သရုပ်ဆောင်ပြတာ အလုပ်မဖြစ်ဘူး... အောက်ဆင်းခဲ့"


“မြောင်” အားယောင်က တတွတ်တွတ် အော်လိုက်ပြီးနောက် သူ့ကို လျစ်လျူရှုထားကာ အိပ်ရာပေါ်တွင် ကွေးကွေးလေး လဲကာ မျက်လုံးများကို ပိတ်၍ သေဟန်ဆောင်လိုက်သည်။ 


မော့ကျန်း: “…”


ကြောင်ဖြစ်လာပြီးမှ သူမရဲ့ အရှုက်မရှိတဲ့ နှုန်းက ဖြောင့်ဖြောင့်ကြီး တိုးလာပါလား...


သူ့ခေါင်းအုံးဘေးမှ အနက်ရောင် သားမွှေးအစုအထွေးလေးကို ကြည့်ကာ မော့ကျန်းမှာ သူမကို ပစ်ထုတ်ရန်အထိ နှလုံးသားမမဲ့ခဲ့ပေ။


ကွန်ပျူတာတွင် ထိုင်ချလိုက်ရင်းမှ မော့ကျန်းက ကွန်ပျူတာကို ဖွင့်၍ သူ့ deskstopပေါ်မှ ပင်ဂွင်းပုံလေးကို နှိပ်လိုက်သည်။


မော့ကျန်း၏ QQ သူငယ်ချင်းများမှာ အလွန် နည်းပါးသည်။ တုတုမှာသာ QQ မရှိပါက ထိုဆော့ဖ်ဝဲကို အချိန်အတော်ကြာကတည်းက သူ့ကွန်ပျူတာထဲမှ ဖျက်လိုက်မည် ဖြစ်သည်။


သို့သော်လည်း လတ်တလောတွင် ထိုဆောဖ်ဝဲ အသုံးပြုမှုက အလွန် မြင့်မားနေပြီး အများစုမှာ သူနှင့် နတ်ဘုရားတောင်ဝှေးတို့ အကြား စကားပြောခန်းကြောင့်ပင် ဖြစ်သည်။


“ဆရာသခင်... သရဲတွေ တစ်ယောက်ယောက်ကို ဝင်ပူးမိသွားရင် ဘယ်လို ပြန်ထွက်နိုင်လဲ"


“…ဒီမေးခွန်းက ဗန်ပိုင်းယားတွေ ဘယ်လို အသက်ရှင်ကြသလဲလို့ မေးတာနဲ့ တူတယ်" 


နတ်ဘုရားတောင်ဝှေးထံမှ ရီပလိုင်းက အတော်လေး မြန်ပြီး အလွန်မြန်လွန်း၍ မော့ကျန်းမှာ အစက သူ လူမှားပြီး မက်ဆေချ့် ပို့မိသည်လားဟု တွေးမိသွားသည်။ 


စကားပြောခန်းမှ နတ်ဘုရားတောင်ဝှေး၏ အမည်ကို သေသေချာချာ ပြသနေသည်ကို အတည်ပြုပြီးမှ မော့ကျန်း ဆက်ပြောလိုက်သည်။ "ဆရာ ကျွန်တော် မေးတာကိုပဲ ဖြေဖို့လိုတယ်... ဒါအကုန်ပဲ..."


“မင်းမိသားစုက သရဲလေးက တစ်ယောက်ယောက်ကို ဝင်ပူးမိသွားပြီး မထွက်နိုင်ဘူးပေါ့လေ... ဟားဟားဟား... ဘယ်လောက်တုံးလိုက်လဲ... [ရယ်နေတဲ့ အီမိုဂျီ]"


မော့ကျန်း: “…”


ဟုတ်ပါတယ်လေ... မော့ကျန်းလည်း ဒါကို တကယ် တုံးတာပဲလို့ တွေးမိပေမယ့်... ဒီလိုကြီး ရယ်လိုက်ဖို့ လိုအပ်လို့လား"


“ဆရာ hack ခံနေရတာလား"


“မဟုတ်ပါဘူး... ငါအဲ့လိုမျိုး ရယ်စရာကောင်းတဲ့ တစ်ခုခုကို မကြားရတာ တော်တော်ကြာနေပြီမို့"


“…”


“ငါအခုတော့ သူ မင်းအပေါ်မှာ တကယ်ကြီး ဆိုးဝါးတဲ့ ရည်ရွယ်ချက်တွေ မရှိဘူးဆိုတာကို ယုံသွားပြီ... သူ့မှာ IQတောင် လုံလုံလောက်လောက် မရှိလို့ပဲ"


“…”


“သူ ဝင်ပူးမိသွားတာ ဘယ်သူလဲ"


“ကြောင်ရိုင်းတစ်ကောင်”


“…”


ဤတစ်ကြိမ်၌ နတ်ဘုရားတောင်ဝှေးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စာပြန်လာခဲ့သည်။ "အတော်လေး ထိုးထွင်းဥာဏ် ရှိတာပဲ"


မော့ကျန်း: “…”


ထို့နောက်တွင် နတ်ဘုရားတောင်ဝှေးက အားယောင်ကို ချီးကျူးလိုက်ပြီးနောက် လိုင်းပေါ်မှ တိတ်တိတ်လေး ဆင်းသွားခဲ့သည်။


မော့ကျန်း: “…”


ဒါဆို ဘာလို့များ ပထမဆုံးနေရာမှာ လိုင်းပေါ်တက်လာခဲ့ပါလိမ့်...


ကွန်ပျူတာကို ပိတ်လိုက်ပြီးနောက် မော့ကျန်းက နူးနူးညံ့ညံ့ အိပ်မောကျနေသည်မှန်း သိသာနေသည့် ထိုအနေအထားအတိုင်း ကွေးကွေးလေး အိပ်နေခဲ့သော အားယောင်ကို ပြန်ကြည့်လိုက်သည်။


သူ့ခြေသံများကြောင့် သူမလန့်နိုးသွားမည်ကို စိုးရိမ်သည့်အလား မော့ကျန်းက မီးပိတ်လိုက်ပြီး မသိလိုက်မသိဘာသာဖြင့် ခြေလှမ်းများကို ဖော့၍ လျှောက်သွားလိုက်သည်။ သူ့ဆံပင်များက ခေါင်းအုံးနှင့် ထိလိုက်သည်နှင့် နူးညံ့သော အရာလေးတစ်ခုက သူ့လည်ပင်းကို လာပွတ်နေပြီး ၎င်းကသူ့လည်ပင်းကို အနည်းငယ် ယားယံသွားစေခဲ့သည်။ 


မော့ကျန်းက မျက်လုံးကို ဖွင့်ကာ သူ့ရင်ဘတ်ကို ကြည့်လိုက်သည်။ အားယောင်က သူ့ရင်ဘတ်ပေါ်တွင် လဲလျောင်းနေကာ သူမ၏ အမြီးလေးက လှုပ်ယမ်းနေပြီး သူမ မျက်လုံးများက သူ့ကို မော့ကြည့်နေခဲ့သည်။


ဒီအကောင်လေးက အိပ်ပျော်မသွားသေးဘူးပဲ... သူမက ကြောင်တစ်ကောင် ဖြစ်နေလျှင်တောင် သူမ၏ သရုပ်ဆောင်စကေးက အတော်လေး စကေးမြင့်နေဆဲ ဖြစ်သည်။ 


မော့ကျန်းက မျက်လုံးကို မှေးကျဥ်း၍ သူ့လည်ပင်းကို သဘာဝအလျောက် လှုပ်မိသွားသည်။ အားယောင်က မကျေမနပ် ဖြစ်သွားပြီး အော်သံ ထွက်လာကာ အမေနို့သောက်ချင်နေသော ကလေးတစ်ယောက်ကဲ့သို့ သူမ၏ လည်ပင်းလေးကို ဆန့်ကာ မော့ကျန်း၏ နှုတ်ခမ်းပေါ်တွင် အနမ်းပေးလိုက်သည်။ 


မော့ကျန်း: “…”


သူမ အောင်မြင်သွားသောအခါ အားယောင်၏ နှလုံးသားက အတော်လေး ပျော်ရွှင်သွားလေပြီး သူမ၏ အမြီးလေးကို မော့ကျန်း၏ ရင်ဘတ်ပေါ်သို့ ထပ်ယမ်းလိုက်သည်။


အားယောင်က ယခုလောလောဆယ်တွင် ကြောင်တစ်ကောင် ဖြစ်နေ၍ ဖြစ်မည်။ သူမက သူ့ကို နမ်းခဲ့လျှင်တောင် မော့ကျန်းတွင် အကျိုးသက်ရောက်မှု တစ်ခုမှ မခံစားရပေ။ သူ့ဘေးတွင် ကွေးကွေးလေး လဲလျောင်းနေသော ကြောင်ငယ်လေးကို ကြည့်ရန်အတွက် သူ့မျက်နှာကို ရွှေ့လိုက်ရင်း မော့ကျန်းက သူ့လက်ညှိုးကို ထုတ်ကာ ကြောင်ငယ်လေးကို ပုတ်လိုက်သည်။ "နည်းနည်းလောက် ရွှေ့ပေး"


"မြောင်” အားယောင်က သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး သူမဘေးမှ လူကို လုံးဝ လျစ်လျူရှုထားပုံပေါ်သည်။


“အိပ်နေရင်း မင်းကို ဖိမိမှာစိုးလို့" မော့ကျန်းက သူမကို ပုတ်လိုက်သည်။ သူမ၏  အမွေးဖွာနေသော ဦးခေါင်းငယ်လေးကို ပုတ်ရခြင်းက ထူးဆန်းသော အကြောင်းအရင်းအချို့ကြောင့် အလွန် စွဲလမ်းမိသွားစေသည်။


အားယောင်က နောက်ဆုံးတွင် သူမ၏ မျက်လုံးများကို မပျော်မရွှင် ဖွင့်လိုက်ပြီး မော့ကျန်းကို တစ်ချက်ကြည့်ကာ စင်တီမီတာ အနည်းငယ်မျှ အကွာအဝေးသို့ ရွှေ့ပေးလိုက်သည်။


မော့ကျန်း: “…”


ထားလိုက်တော့... ဘာမှမရှိတာထက်တော့ တစ်ခုခု ရှိတာ ပိုကောင်းသေးတယ်... ဘာပဲဖြစ်ဖြစ် ဖိမိမဲ့ သူက သူမှ မဟုတ်ဘဲ...


အားယောင်က သူမတွင် အတောင်ပံတစ်စုံရှိနေပြီး တိမ်များ အကြား လွင့်မျောနေသည့်အလား ကျေနပ်အားရစွာ အိပ်ပျော်နေသည်။ မော့ကျန်းက အိပ်နေရင်း သူမကို ဖိမိမသွားခဲ့ဘဲ အမှန်တကယ်မှာလည်း သူက အမြဲတမ်း အအိပ်ဆိုးသူတစ်ယောက် မဟုတ်ခဲ့ပေ။


ထန်ချန်းနှင့် မော့ကျန်းက မနေ့က "လမ်းခွဲ" ခဲ့ကြသော်လည်း မနက်ပိုင်း ဖုန်းခေါ်ဆိုမှုက အမြဲတမ်းကဲ့သို့ပင် အချိန်မှန်ရောက်လာခဲ့သည်။ မော့ကျန်း ဆေးကြော သန့်စင်ပြီးသွားသောအခါ အားယောင်မှာ မျက်လုံးဖွင့်ရန်အတွက် ရုန်းကန်နေရဆဲပင်။ မော့ကျန်းက အဝတ်လဲပြီး ထိုကြောင်လေးဆီ လျှောက်သွားကာ ထိလိုက်သည်။ "မင်း ဒီနေ့လည်း အိမ်မှာပဲနေခဲ့"


ယခင်က မုတ်ဆိတ်ဦးလေးကြီးကြောင့် အားယောင်မှာ အိမ်တွင်သာ နေရန် တစ်ခဏမျှ တားမြစ်ခံခဲ့ရသည်။ သို့သော်လည်း မုတ်ဆိတ် ဦးလေးကြီးက သရဲဖမ်းရန်အတွက် စတူဒီယိုသို့ လာခြင်းကို လက်လျှော့လိုက်ပြီ ဖြစ်သော်ငြား ယခုတွင်မူ အားယောင်က ကြောင်တစ်ကောင် ဖြစ်နေသည်။


အနှစ်ချုပ်ရလျှင် သူမ ထိုကြောင်၏ ကိုယ်ထဲမှ မည်သို့ ထွက်ရမည်ကို အဖြေရှာတွေ့သည်အထိ အိမ်ထဲမှာသာ နေရမည်ဖြစ်သည်။ 


အားယောင်က ထိုဆုံးဖြတ်ချက်ကို အလွန်တရာ ဆန့်ကျင်နေခဲ့သည်။ သို့သော်လည်း သူမ သူ့ကို မည်မျှပင် မျက်နှာလို မျက်နှာရ လုပ်ပါစေ မော့ကျန်းက သူ့စိတ်ကို ပြောင်းရန်အတွက် ငြင်းဆန်နေသည့်အတွက် သူမက သေနေသည့်အလား ကြမ်းပြင်ပေါ်တွင် လဲနေလိုက်သည်။ 


မော့ကျန်းက အမြဲတမ်း ကဲ့သို့ပင် စောစော ထွက်သွားပြီး နောက်ကျမှသာ ပြန်လာရသည်။ သူအိမ်မှာ မရှိသည့် အတောအတွင်းတွင် အားယောင်က ကွန်ပျူတာ မျက်နှာပြင် ရှေ့တွင်သာ လဲလျောင်းနေလေ့ရှိပြီး မော့ကျန်း၏ အချက်အလက်များကို အင်တာနက်ပေါ်တွင် လှန်လှော ရှာဖွေနေလိုက်သည်။


ထောင့်လေးတွင် သူမ ပထမဆုံးနှိပ်လိုက်သည့် အရာက ဖိုရမ် ဖြစ်နေဆဲပင်။ အားယောင်က [ဆာဒါကို] ID သို့ လော့အင်ဝင်ကာ သူမတွေ့သမျှ ပိုစ့်တိုင်းတွင် လုံ့လဝီရိယရှိစွာဖြင့် မော့ကျန်း၏ ဂုဏ်သိက္ခါကို နင်းခြေရန် စတင်ကြိုးစားလိုက်သည်။ 


“နှစ်ဆုံးမှာ ကျန်းဇီလေး အယ်ဘမ်အသစ် ထုတ်လာတော့မယ်... ငါအကြာကြီး စောင့်နေခဲ့ရတာΦ (≧ ω ≦ *)”


“╰ (* ° ▽ ° *) ╯ငါကြားထားတာ အဓိက သီချင်းရဲ့ စာသားတွေက မော့ကျန်းကိုယ်တိုင် ရေးထားတာ ဖြစ်လိမ့်မယ်တဲ့... ဘယ်လောက် အံ့သြဖို့ကောင်းလိုက်လဲ ”


“ကျန်းဇီရဲ့ တစ်ဘဝလုံးက ရှင်းမပြနိုင်လောက်အောင်ပဲ”


“နင်တို့ရဲ့ နတ်ဘုရားမှာလေ တစ်လက်မလေးတောင် ချစ်ခြင်းမေတ္တာစိတ် မရှိဘူး... သူက တိရစ္ဆာန်ငယ်လေးတွေကိုတောင် အနိုင်ကျင့်တတ်သေးတယ်... နင်တို့ ယုံနိုင်ကြရဲ့လား" 



Xxx