အပိုင်း ၂၆
Viewers 10k

Chapter 26


“ငါ နတ်ဘုရားတားမြစ်ဇုံ3 ရဲ့ စတူဒီယိုဆီ ရောက်ခဲ့တယ်... ကောင်းစန်က အရမ်းချောလွန်းလို့ သူ့ကို တွေ့လိုက်တဲ့အချိန်မှာ ငါ့ကိုယ်ထဲက သွေးကန်ကြီး ပေါက်ထွက်တော့မလိုပဲ... ငါ အသက်ပြန်ရှုလာတော့... သူတို့ စပြီး REPO လုပ်နေကြပြီ"


(REPOက ရုပ်ရှင် ရိုက်ကွင်းပြန်စနေပြီလို့ ပြောချင်တာပါတဲ့)


“မှတ်ထားလိုက်ပြီ"


“ပိုစ့်ပိုင်ရှင် သခင်ကြီး ဒီအသံအနေအထားက နည်းနည်း အာ...← _ ←”


“ပိုစ့်ပိုင်ရှင်က ငါတို့အားလုံးကို လှည့်စားဖို့ ဒီမှာ ရှိနေတာ မဟုတ်လောက်ပါဘူးနော်”


“နင်တို့ရဲ့ နတ်ဘုရားမှာလေ ချစ်ခြင်းမေတ္တာစိတ် တစ်လက်မလေးတောင် မရှိဘူး... သူက တိရစ္ဆာန်ငယ်လေးတွေကိုတောင် အနိုင်ကျင့်တတ်သေးတယ်... နင်တို့ ယုံနိုင်ကြရဲ့လား" 



“နေ့တိုင်း ကဒ်ကို ဆွဲနေမယ်... ကျန်းဇီက အရမ်းချောတာပဲ... ဟီးဟီး”


“[ပုံ] ← နေ့တိုင်း သုံးကြိမ် လျက်ပြီးရင် အိပ်လို့ ရပြီ ”


“ငါက အသစ်လေးပါ..


ဒီတစ်ကြိမ်က ငါ ပထမဆုံးအကြိမ် ကဒ်ဆွဲတာပဲ... ကျေးဇူးပြုပြီး အကြံလေးတွေ ပေးကြပါ (* / ω \ *)”


“နင်တို့ရဲ့ နတ်ဘုရားမှာလေ ချစ်ခြင်းမေတ္တာစိတ် တစ်လက်မလေးတောင် မရှိဘူး... သူက တိရစ္ဆာန်ငယ်လေးတွေကိုတောင် အနိုင်ကျင့်တတ်သေးတယ်... နင်တို့ ယုံနိုင်ကြရဲ့လား" 



အားယောင် မော့ကျန်း၏ ဂုဏ်သတင်းဆိုးများကို ဖိုရမ်တဝိုက် ဖြန့်ဖြူးပြီးသွားပြီးနောက် ဆွေးနွေးမှုထဲမှ ကျန်းဇီဖန်လေးများမှာ အလွန် ဒေါသထွက်လာကြလေသည်။ 


[ဆာဒါကိုလို့ ခေါ်တဲ့ ကောင်မ လာခဲ့ ... ငါနင့်ကို သေလောက်တဲ့အထိ မရိုက်ဘူးလို့ ကတိပေးတယ်]


အားယောင်က ပိုစ့်အားလုံးကိုအင်တိုက်အားတိုက် လိုက်ဖတ်နေခဲ့ပြီး သူမ paste keyကို မတော်တဆ နှိပ်လိုက်ချိန်၍ မော့ကျန်း၏ အနက်ရောင်ပေါင်ဒါမှုန့်များ မဖြန့်ရသေးသည့် ပိုစ့်များကို လိုက်ရှာနေခဲ့သည်။ 


(အနက်ရောင်ပေါင်ဒါမှုန့် = နာမည်ကျော်တွေကို မုန်းတီးပြီး မကောင်းပြောကြတာပါ)


အားယောင်က မျက်တောင်လေးများ ပုတ်ခပ်ပုတ်ခပ် လုပ်ကာ နောက်ထပ်ပိုစ့်တစ်ခုကို paste လုပ်လိုက်သည်။ 


"နင်ဖိုရမ်ထဲမှာ အလိုအလျောက် စာပြန်တဲ့ စနစ် လုပ်ထားတာနဲ့ပဲ ငါနင့်ကို ကြောက်မယ် ထင်နေတာလား"


အားယောင်: “…”


သူမ ဘယ်တုန်းက အလိုအလျောက် စာပြန်တဲ့စနစ် လုပ်ထားလို့လဲ... သူက copyနဲ့ paste လုပ်ဖို့ အရမ်း အလုပ်ကြိုးစားထားရတာ အသိသာကြီးကို...


“2333333 ပိုစ့်ပိုင်ရှင်ကို ဆဲကြပါ~ ~ ~”


“ရေပန်စားတဲ့ tweet ဖြစ်မလာခင် မက်ဆေချ့်တွေ ချန်ထားကြရအောင်”


“ဆာဒါကို.. ဖိုရမ်ထဲမှာ အလိုအလျောက်စာပြန်တဲ့စနစ်ကို ဘယ်လိုလုပ်ထားတာလဲ”


“သူက ပုန်းနေတုန်းလို့ ထင်နေခဲ့တာ”


“ကျန်းဇီက အရင်က တစ်ခါမှ အိမ်မွေးတိရစ္ဆာန် မမွေးဖူးဘူး... သူက ဘယ်လိုလုပ် သူတို့ကို အနိုင်ကျင့်နိုင်မှာလဲ... အနက်ရောင်ပေါင်ဒါမ အနည်းဆုံးတော့ IQလေး ရှိစမ်းပါ"


“အပေါ်ထပ်ကလူတွေ ကြည့်ကြစမ်း... ပိုစ့်ပိုင်ရှင်ဆီကနေ နောက်ပိုင်းကျ အမှန်ကို သက်သေပြမဲ့ ဓါတ်ပုံတစ်ပုံ ထွက်လာလိမ့်မယ်လို့ ခန့်မှန်းရတာပဲ... သစ်သီးပူတင်း မတော်တဆမှုကို မှတ်မိသေးရဲ့လား”


အားယောင်က ကွန်ပျူတာ မျက်နှာပြင်ထက်မှ ပြန်စာများကို ကြည့်လိုက်ပြီး ပိုပို၍ ဒေါသထွက်လာသဖြင့် တမြာင်မြောင်အော်ဟစ်ကာ မျက်နှာပြင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ 


“မယုံရင် ပုံတင်ပြီး သက်သေပြပေးမယ်”


ထိုအကြောင်းကို စဥ်းစားမိသည်နှင့် သူမက ကီးဘုတ်ပေါ်မှ paste ခလုတ်ကို မတော်တဆ ထပ်နှိပ်မိသွားသည်။


“နင်တို့ရဲ့ နတ်ဘုရားမှာလေ ချစ်ခြင်းမေတ္တာစိတ် တစ်လက်မလေးတောင် မရှိဘူး... သူက တိရစ္ဆာန်ငယ်လေးတွေကိုတောင် အနိုင်ကျင့်တတ်သေးတယ်... နင်တို့ ယုံနိုင်ကြရဲ့လား" 


“…”


“…”


“…”


နောက်ထပ် ဆယ်ထပ်မှာလည်း ပို၍ တိတ်ဆိတ်သွားခဲ့လေသည်။


“ဆာဒါကိုရဲ့ IP ပိတ်သွားပြီ”


“စည်းကမ်းထိန်းက တော်လိုက်တာ"


“ဓါတ်ပုံ ~ ခရမ်းသီး ~”


“ဟားဟားဟား ဒီဖိုရမ်ရဲ့ စည်းကမ်းထိန်းက ကျန်းဇီရဲ့ ဖန်အကြီးစားပဲ"


အားယောင်: “…”


သူမ၏ ခေါင်းကို အခြားပိုစ့်များထဲ ပုတ်ထည့်ရန် ကြိုးစားခဲ့သော်လည်း ကွန်ပျူတာမျက်နှာပြင်၏ အောက်ဆုံးတွင်ရှိနေသော ပြန်စာပုံးလေးမှာ အမှန်တကယ်ပင် ကွယ်ပျောက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။



သောက်ကျိုးနဲ... ဘယ်လောက်တောင် တုံးလိုက်တဲ့ ဖိုရမ်လဲ... ဒီလို ဘန်းခံရတာ တရားမမျှတဘူးလို့... သူမ ဒီဖိုရမ်ပေါ်ရောက်လာဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ မသိကြဘူးလား... သူတို့က သူမရဲ့IPကိုတောင် ပိတ်လိုက်သေးတယ်... အခုတော့ သူမကိုယ်သူမတောင် နောက်ထပ် မဖျော်ဖြေပေးနိုင်တော့ဘူး...


အားယောင်က ဖိုရမ်မှ ဒေါသတကြီး ထွက်လိုက်ပြီး ကွန်ပျူတာကို ပိတ်ကာ ဆိုဖာပေါ်သို့ ခုန်တက်၍ သေချင်ယောင်ဆောင်လိုက်သည်။


မော့ကျန်းက စတူဒီယိုမှ ပြန်လာပြီးနောက်တွင် အားယောင်တစ်ယောက် ဆိုဖာပေါ်တွင် အိပ်မောကျနေလေသည်။ ဆိုဖာသို့ မသွားခင် မော့ကျန်းက အိပ်ပျော်နေသော ကြောင်လေးကို ငုံ့ကြည့်ကာ သူ့နှုတ်ခမ်းထောင့်လေးများက မတတ်နိုင်ဘဲ မြင့်တက်သွားလေသည်။


ဒီအကောင်လေးက အိပ်နေတဲ့အချိန်တော့ အရမ်း ချစ်ဖို့ကောင်းတာပဲ...


မော့ကျန်းက အိတ်ထဲမှ ဖုန်းကို ထုတ်ကာ ကင်မရာကို ရွေးလိုက်ပြီး ကြောင်ငယ်လေး၏ ပုံကို ရိုက်ကာ ဝေ့ပေါ်တွင် တင်လိုက်သည်။


#အားယောင်လို အဘန်းမခံကြပါနဲ့


#ငါအရင်ကလည်းဘန်းခံရဖူးတယ်ဒါစစရာမဟုတ်ဘူးနော်


မော့ကျန်း၏ ဝေ့ပေါ်ပိုစ့်တွင် စာမပါဘဲ ကြောင်လေး၏ပုံသာ ပါနေသော်လည်း သူ့ဖန်များ၏ စူးရှသော မျက်လုံးတို့မှာ လွယ်လွယ်ကူကူပင် သဲလွန်စ ရှာတွေ့သွားကြသည်။ 


“အာ.... ဒီဆိုဖာကို ငါသိနေတယ်... ဒါက ကျန်းဇီအိမ်က ဆိုဖာပဲ”


“အာ တွေ့ပြီ... ကျန်းဇီ အရင်က ပုံတင်ထားဖူးတယ်လေ... ဒါပေမယ့် ကံမကောင်းချင်တော့ သူဘယ်မှာနေလဲဆိုတာကို ရှာလို့ မရနိုင်ဘူး”


“(⊙ o ⊙) ငါ့နတ်ဘုရားလေးက ဘယ်တုန်းက ကြောင်မွေးထားတာလဲ"


“ငါလည်း ငါ့နတ်ဘုရားရဲ့ ကြောင်ဖြစ်ချင်တယ်လို့”


“နေကြအုံး... ဟေ့ နင်တို့ ဖိုရမ်ကို သွားကြည့်ကြအုံး... နင်တို့ ဆာဒါကိုကို မှတ်မိကြတယ်တဲ့လား”


"ဖိုရမ်"နှင့် "ဆာဒါကို" ဟူသော စကားလုံးများက မော့ကျန်း အလွန်အမင်း ဆတ်ဆတ်ထိ မခံသော စကားလုံးများပင်။ သူက အားယောင် ဆိုဖာပေါ်တွင် အိပ်နေဆဲ ဖြစ်သည်ကို တွေ့သွားသောအခါ စားပွဲဆီသို့ သွားပြီ ကွန်ပျူတာကို ဖွင့်လိုက်သည်။ 


သူက အသုံးပြုခဲ့သည်များကို ကြည့်ရန်အတွက် ctrl+ Hကိုသာ တိုက်ရိုက် နှိပ်လိုက်ပြီး တူညီသော ဖိုရမ်လင့်များက တစ်ခုပြီးတစ်ခု အတန်းလိုက် သပ်သပ်ရပ်ရပ် ပေါ်လာခဲ့သည်။


သူ့နှလုံးသားတွင် ရယ်မောရင်းဖြင့် မော့ကျန်းက ဖိုရမ်လင့်ကို နှိပ်ကာ ပိုစ့်ကို ရှာရန် အောက်သို့ ဆွဲချလိုက်သည်။ “နင်တို့ရဲ့ နတ်ဘုရားမှာလေ ချစ်ခြင်းမေတ္တာစိတ် တစ်လက်မလေးတောင် မရှိဘူး... သူက တိရစ္ဆာန်ငယ်လေးတွေကိုတောင် အနိုင်ကျင့်တတ်သေးတယ်... နင်တို့ ယုံနိုင်ကြရဲ့လား"


IDကို ကြည့်လိုက်သောအခါ အမှန်တကယ်ပင် ဆာဒါကို ဖြစ်နေလေသည်။ 


ထိုဆိုက်ဘ်မှ ထွက်ပြီးသွားသောအခါ မော့ကျန်းက အသုံးပြုထားသော စာရင်းမှ လင့်တိုင်းကို ဝင်ကြည့်လိုက်သည်။ သူ လင့်များအားလုံးကို ဖွင့်ကြည့်ပြီးသွားသောအခါ ဆာဒါကိုက သူနှင့်ပတ်သက်သော အထပ်များ အားလုံးတွင် ကွန်မန့်များ ဝင်မန့်ထားသည်ကို တွေ့လိုက်ရသည်။ ပိုပြီး ထူးဆန်းတာကလေ ... တစ်ခုစီမှာ တစ်ထပ်တည်း တူတဲ့စာတွေကိုပဲ မန့်ထားတာ..


မော့ကျန်းက သူမ၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် အနည်းငယ်ပင် ထိရှသွားခဲ့သည်။


မော့ကျန်းက အသက်ပြင်းပြင်းရှု၍ ကွန်ပျူတာကို ပိတ်ကာ ရေချိုးရန်အတွက် ဒုတိယထပ်ဆီ တက်သွားသည်။


အားယောင်က အဆုံးတွင် ထိုလှုပ်ရှားမှုကြောင့် လေးတိလေးတွဲ မြောင်အော်သံဖြင့် နိုးလာခဲ့ပြီး လှေကားထပ်သို့ တက်သွားသော မော့ကျန်း၏ ကျောပြင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ အားယောင်က ဆိုဖာပေါ်မှ ခုန်ထွက်ကာ ဒုတိယထပ်ကို တက်သွားသည့် သူမ၏ ခြေသံများမှာ ပေါ့ပါး၍နေသည်။ မော့ကျန်း၏ အိပ်ခန်းတံခါးက ပိတ်ထားသော်လည်း အားယောင်က တနည်းနည်းဖြင့် တံခါးအဟလေးမှ တိုးဝင်သွားနိုင်ခဲ့သည်။ သူမ မော့ကြည့်လိုက်သောအခါ မော့ကျန်းက ညအိပ်ဝတ်စုံများကို ထုတ်ကာ ရေချိုးရန် ပြင်ဆင်နေလေသည်။ 


“မြောင် ~” မော့ကျန်း သူမကို ငုံ့ကြည့်လာသောအခါ အားယောင်က ချစ်စရာကောင်းစွာ အော်လိုက်သည်။ သူက ညဝတ်အင်္ကျီကို ကြမ်းပြင်ပေါ်ချကာ အားယောင်ကို ချီရန်အတွက် ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။ 


“မြောင် ~ ~” မော့ကျန်းက သူမကို စ၍ ပွေ့ချီလိုက်သည်ကြောင့် ဖြစ်မည်ထင်။ သူမ၏ တမြောင်မြောင် အော်သံက ယခင်ကထက်ပင် ပို၍ ကျယ်လောင်လာပြီး ဘဝင်ကျနေဟန် ဖြစ်လာသည်။ 


မော့ကျန်းက သူမကို ပြုံးပြလိုက်ပြီး သူမကို လက်ထဲတွင် ချီ၍ တံခါးဆီသို့ လျှောက်သွားကာ သူမကို ကြမ်းပြင်ပေါ်ချ၍ တံခါးကို ပိတ်ကာ လော့ချလိုက်သည်။


အားယောင်: “…”


သောက်ကျိုးနဲ... ဘာတွေ ဖြစ်နေတာတုန်း...


အားယောင် စိတ်ဓါတ်ကျသွားရသည်။ နေ့လည်တုန်းက ဖိုရမ်ထဲက လူတွေက သူမကို အနိုင်ဝိုင်းကျင့်ခဲ့ကြပြီးတော့ စည်းကမ်းထိန်းကလည်း သူမရဲ့ IPလိပ်စာကို ပိတ်ချလိုက်သေးတယ်... အခုတော့... သူမရဲ့ ကျန်းကျန်းကပါ အခန်းထဲက ကန်ထုတ်လိုက်ပြီ... ဘဝကြီးက ဘာလို့ခက်ခဲနေတာလဲ...


“မြောင်” အားယောင်က မော့ကျန်း၏ အိပ်ခန်းတံခါးကို သဲကြီးမဲကြီး ကုတ်ကာ သနားစရာ တံခါးလေးကို အစင်းကြောင်းထင်သွားစေခဲ့သည်။ သို့သော်လည်း သူမက အကူအညီမဲ့နေရသည်။ သူမ၏ လောလောလတ်လတ် ညှပ်ထားသော လက်သည်းများမှာ သေစေနိုင်လောက်သော အားမရှိခဲ့ပေ။ ထို့ကြောင့် အားယောင်က သူမ၏ မကျေနပ်မှုကို ဖော်ပြရန်အတွက် ဟိန်းဟောက်လိုက်ပြီး မကျေမနပ်ဖြင့် တမြောင်မြောင် အော်ရန်သာ တတ်နိုင်တော့သည်။


တံခါးတစ်ဖက်မှ မော့ကျန်းမှာ အားယောင်၏ ဒေါသတကြီး အော်သံကို လျစ်လျူရှုထားလိုက်သည်။ သူက တိရစ္ဆာန်ငယ်လေးတွေကို အနိုင်ကျင့်တယ်ဆိုပြီး သူမပဲ မပြောခဲ့ဘူးလား... သူမရဲ့ မျှော်လင့်ချက်တွေအတိုင်းပဲ နေခိုင်းလိုက်တော့မယ်...


တစ်ချိန်တည်းမှာပင် ဝတ်ရုံရှည်ဖိုရမ်၌ အလွန် အသက်ဝင်နေခဲ့သည်။


[အိုးမိုင်ဂေါ့... မော့ကျန်းရဲ့ နောက်ဆုံး ဝေ့ပေါ် ပိုစ့်ကို တွေ့ပြီးကြပြီလား... သူ့အိမ်မှာ တကယ်ကြီး ကြောင်တစ်ကောင် ရှိနေတယ်ဟ... အမှောင်ခန်းထဲက ဆာဒါကို... ဘာတွေ လုပ်နေလဲ]


(TN: အမှောင်ခန်းက ဘန်းခံရတာ ဘလော့ခံရတာကို ပြောတာပါ... စည်းကမ်းထိန်းက ကွန်မန့်မန့်လို့မရအောင် ဘန်းထားလိုက်တာကို ပြောတာပါ)


"ဒါကိုကြည့်ပြီးတော့ ကြောင်နက်လေးက ကောင်းကောင်းမွန်မွန် ပျိုးထောင်ခံနေရတယ်ဆိုတာ ပြောနိုင်တယ်... = V =”


“ပိုစ့်ပိုင်ရှင်ကြီး ပုံတစ်ပုံလောက် တင်ပေးပါလား... ပုံမရှိရင် ဘယ်ကနေ ညာအထိ မမြင်နိုင်ဘူး”


“စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်လေးမှာ ပုံကို မေ့ထားလိုက်ကြစမ်းပါ .... ဆောရီးနော်... _ (: ” ∠) _ [ပုံ]


“ဒါဆို ဆာဒါကို မှားနေတာပေါ့”


“ငါတို့ရဲ့ နတ်ဘုရားက ကြောင်မွေးထားပါတယ် ဆိုရင်တောင် တိရစ္ဆာန်တွေကို နှိပ်စက်တယ်လို့ သက်သေမပြနိုင်ဘူးလေ... ပုံကို ကြည့်လိုက် ကြောင်လေးက အရမ်း ကျန်းမာနေတဲ့ပုံ ပေါ်မနေဘူးလား”


“ဟီးဟီး... သူအနိုင်ကျင့်ခဲ့တဲ့ တိရစ္ဆာန်လေးတွေက ဒီတစ်ကောင်ပဲ မဖြစ်နိုင်လောက်ဘူးနော်... သူမွေးထားတဲ့ တိရစ္ဆာန်တွေ ဘယ်လောက်ရှိလဲ နင်တို့သိကြလို့လား"


“အပေါ်က ပိုစ့်တွေ ဘယ်လောက် တည်ငြိမ်နေလဲ ဆိုတာကို တွေ့သွားတော့ နင်က အနီးအနားကနေ တိတ်တိတ်လေး ပေါ်လာပြီး ငြိမ်းချမ်းရေးကို ဖျက်ဆီးချင်လာတယ်ပေါ့... မှန်ရဲ့လား လီအာ့ကော်"


"လာမဆိတ်စမ်းပါနဲ့... ဆာဒါကိုက ဘယ်လိုလုပ်ပြီး မော့ကျန်းအိမ်မှာ ကြောင်မွေးထားမှန်း သိနေသလဲဆိုတာကို သိချင်နေတာ ငါပဲလားလို့... 


(TN: ဆိတ်တယ် =ရန်ဖြစ်တယ်)


“အပေါ်ထပ်ရေ... နင်တစ်ယောက်တည်း မဟုတ်ဘူးနော်... သစ်သီးပူတင်း မတော်တဆမှု ဖြစ်တုန်းက တစ်ယောက်ယောက်က ဆာဒါကိုကို မော့ကျန်းရဲ့ လက်ထောက်လို့ ပြောခဲ့သေးတယ်လေ"


(TN: အပေါ်ထပ်က သူ့အပေါ်မှာ ကွန်မန့်မန့်ထားတဲ့သူကို ရည်ညွှန်းတာပါ )


“…နင်ပြောချင်တာ ငါတို့က ကျန်းဇီရဲ့ လက်ထောက်ကို အမှောင်ခန်းထဲ ပိတ်ထားလိုက်တယ်လို့ ပြောချင်တာလား”



“စည်းကမ်းထိန်းရေ... စစ်ဆေးပြီးပြီလား”



“ပျားဖယောင်း” (TN: ပျားဖယောင်းလို့ပြောရင် အဲ့ဒီနေ့တွေ ရောက်လာပြီလို့ ပြောချင်တာပါတဲ့)


“ဒီတစ်ကြိမ်တော့ ပိုစ်ကို like ပေးလိုက်ကြပါ”


“Like.”


“Like.”


စည်းကမ်းထိန်း: “…”


 


ချန်းချင်းယန်က သူမ၏ ဖုန်းကို ပိတ်လိုက်ပြီး ရောင်းချသည့်စက်ထဲသို့ အကြွေစေ့ ထည့်လိုက်သည်။ သူမက အရောင်းစက်၏ အောက်ခြေအကန့်ထဲမှ နို့ဘူးနှစ်ဘူးကို ထုတ်၍ A ဆေးရုံ၏ အဝင်ပေါက်သို့ လမ်းလျှောက်သွားလိုက်သည်။ 


သူမ IPလိပ်စာတစ်ခုကို မပိတ်တာ အတော်ကြာပြီ ဖြစ်ပေမယ့်လည်း တကယ်တမ်း ပိတ်လိုက်တော့လည်း မော့ကျန်းရဲ့လက်ထောက်ကို ဘန်းမိသွားတယ်လား...  


ဒါက တကယ်ကြီးကို စိတ်မသက်မသာ ဖြစ်ရသည်။


ဖိုရမ်ထဲတွင်လည်း သူမကဲ့သို့ပင် လတ်တလော၌ စိတ်မသက်မသာ ဖြစ်နေရသော လူများစွာလည်း ရှိနေသေးသည်။ မတော်တဆမှု ဖြစ်ပြီးသွားကတည်းက ဆာဒါကိုက မော့ကျန်း၏ လက်ထောက်ဟူသော ကောလဟာလမှာ လျင်လျင်မြန်မြန် ပျံ့သွားခဲ့သည်။ အသုံးပြုသူများစွာကလည်း ပထမဆုံး တွေ့သည်နှင့် တိုက်ခိုက်ကြရန် ပြင်ဆင်နေရင်း ဖိုရမ်ထဲသို့ ဆာဒါကို ရောက်လာမည့်အချိန်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့က လပေါင်းများစွာတိုင် စောင့်ပြီးရင်း စောင့်ပါသော်လည်း ဆာဒါကိုက ဖိုရမ်ထဲတွင် ပေါ်မလာခဲ့ပေ။


သို့သော်လည်း ၎င်းက အခြားဇာတ်လမ်းတစ်ခုဖြစ်နေသည်။


ချန်းချင်းယန်က လူနာဆောင် တံခါးဆီသို့ သွားလိုက်သည်။ သူမက ဆာဒါကိုက မော့ကျန်း၏ လက်ထောက် ဖြစ်နေသည်ဟူသော ပြဿနာကို အမှန်တကယ်ပင် ဖြေရှင်းမပေးချင်ပါပေ။ လူနာဆောင်၏ မှန်တံခါးကို ဖြတ်၍ကြည့်လိုက်သောအခါ ချန်းချင်းယန် မျက်ခုံးအနည်းငယ် ပင့်မိသွားသည်။


”ရှန်းကုန်းဇီ အရမ်းနောက်ကျနေပြီကို... အခုထိ မပြန်ရသေးဘူးလား" ချန်းချင်ယန်က ပြုံးနေရင်းဖြင့် တံခါးဖွင့်လိုက်ကာ ရှန်းယွမ်ဇယ်ထံသို့ နို့တစ်ဘူးကိုလက်လွတ်စပယ် ပစ်ပေးလိုက်သည်။


နွားနို့ဘူးက ရေခဲသေတ္တာထဲတွင် အချိန်အတော်ကြာ ရှိနေခဲ့သည့်အတွက် ဘူးအပေါ်တွင် ရေခဲလွှာလေး ဖုံးနေခဲ့သည်။ ရှန်းယွမ်ဇယ်က နို့ဘူးကို လက်ဖြင့်ဖမ်းကာ သူ့လက်ဖျားထိပ်များမှ သံဘူး၏ အအေးဓါတ်ကို ခံစားလိုက်ရသည်။ "အလှလေး အစားအသောက်လာပို့မှာကို စောင့်နေတာလေ... ဒါကြောင့် တမင်သက်သက် နေနေတာ"


ရှန်းယွမ်ဇယ်က နို့ဘူးကို ဆွဲဖွင့်ကာ ချန်းချင်းယန်ကို မျက်နှာချင်းဆိုင်၍ ပြုံးပြလိုက်သည်။ ချန်းချင်းယန်က သူ့ထံလျှောက်သွားကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။ 


"အခု ရှန်းကုန်းဇီကို အပြစ်တင်နေတာ မဟုတ်ဘူးနော်... ဒါပေမယ့် တလီရဲ့ ပုံစံကို စဥ်းစားကြည့်ရင် သူ့အပေါ် ရှင့်ရဲ့ ခံစားချက်တွေကို မပြောပြဘူးဆိုရင် သူနားလည်မှာ မဟုတ်ဘူး"


ရှန်းယွမ်ဇယ်၏ လက်များက တစ်ခဏမျှ ရပ်တန့်သွားသည်။ သူက သူမကို ဝန်ခံရန်အတွက် ဘွဲ့ရသည်အထိ စောင့်ခဲ့ချင်ပါသော်လည်း သူနိုင်ငံအတွင်းသို့ ပြန်လာသည်နှင့် ထိုက်စ္စဖြစ်ပွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။ နွားနို့ဘူးကို ကြည့်၍ သောက်လိုက်ပြီးနောက် ရှန်းယွမ်ဇယ် တီးတိုးပြောလိုက်သည်။ 


"ငါအရင်က အများကြီး ပြောပြခဲ့ဖူးပါတယ်... ဒါပေမယ့် သူနားလည်ပါ့မလားတောင် မသိဘူး... ပြီးတော့ သူ့ကို တလီလို့ မခေါ်နဲ့”


(TN: တ က ကြီး လို့ အဓိပ္ပါယ်ရပါတယ် လီယန်ကို တလီလို့ခေါ်တာ မြန်မာလို လီကြီးလို့ခေါ်တာပါပဲ..သန်မာတဲ့သူလို့လည်း အဓိပ္ပါယ်ရပါတယ် )


"သူက အမြဲတမ်း သန်မာနေတာပဲလေ... တက္ကသိုလ် တက်တဲ့အချိန်တုန်းက သူဘယ်လိုပုံစံမျိုးလဲဆိုတာ ရှင်မသိသေးလို့.." 


ချန်းချင်းယန်သည်လည်း သူမ၏ နို့ဘူးကို သောက်လိုက်သည်။ သို့သော်လည်း သူမ မည်သည်ကို ပြောလိုက်မိသည်အား သဘောပေါက်သွားသောအခါ သူမ၏ ပါးစပ်ကို ခပ်မြန်မြန် အုပ်လိုက်ရသည်။


  


Xx