Chapter 29
မော့ကျန်းက အမှန်တကယ်ပင် ကန်စီနီ ဗီလာ၏ အိမ်အနေအထားကို သဘောကျနေသည်ဟူသော အချက်ကို မဆိုထားနှင့် ထိုကမ်းလှမ်းချက်တို့မှာ လူအများစု အလွန်အမင်း ယူချင်သွားရန် ဆွဲဆောင်နေကြသည့် အခြေအနေများ ဖြစ်ကြလေသည်။ ပတ်ဝန်းကျင်၏ ထူးခြားချက်များစွာတို့မှာ ဗီလာတစ်ဝိုက်တွင် ခိုင်ခံ့သော လုံခြုံရေးနှင့် အကြွင်းမဲ့ ကွယ်ဝှက်ထားချက်များ ရှိထားရန်အတွက် အလေးပေးကာ ဒီဇိုင်းထွင်ထားခြင်းဖြစ်ပြီး ၎င်းကမော့ကျန်း အလိုချင်ဆုံးဖြစ်သည်။
သို့သော်လည်း ယခု ထိုအဆင်ပြေမှုတို့မှာ အလွန် ရယ်စရာကောင်းနေပေသည်။ အကြောင်းမှာ ၎င်းကပင် လူအများကို အပြင်မှာ ဖြစ်ပျက်နေသော အရာများကို သတိမမူမိစေခဲ့ပေ။ သူသာ ကြောင်များ ပျောက်ဆုံးမှုများနှင့် သရဲခြောက်နေသော ကောလဟာလများကို စောစောကြားခဲ့ပါက အားယောင်ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့မည် မဟုတ်ပေ။
မော့ကျန်းက သူ့ဖုန်းနှင့် ကားသော့ကို ဆွဲယူကာ ဗီလာဧရိယာတဝိုက်ကို ရှာရန် ဦးတည်လိုက်သည်။ သူ တံခါးအပြင်ကို လမ်းလျှောက်၍ ထွက်မိသွားသောအခါ တံခါးဘေးမှ အနီရောင်စာပုံးလေးကို တွေးမိသွားသည်။ ထိုစာပုံးလေးက စာများလက်ခံရန် သုံးသည် မဟုတ်ဘဲ ၎င်း လက်ခံရသော စာများမှာ ကန်စီနီ အိမ်ခြံမြေကော်ပိုရေးရှင်းမှ သတင်းများ၊ ထုတ်ပြန်ချက်များသာ ဖြစ်ပေသည်။
စာပုံးထဲ၌ စာသုံးစောင် ရှိနေပြီး နှစ်စောင်မှာ ဆက်စပ်မှု မရှိသော စာများဖြစ်ကာ ကျန်တစ်စောင်မှာမူ အိမ်ခြံမြေကော်ပိုရေးရှင်းမှ ဖြစ်ပြီး နေထိုင်သူများကို ကြောင်ပျောက်ဆုံးမှု မြင့်တက်နေသဖြင့် ပိုင်ရှင်များအား သူတို့အိမ်မှ ကြောင်များကို သေချာစောင့်ရှောက်ထားကြရန် သတိပေးထားသည်။
မော့ကျန်းက ရက်စွဲကို ကြည့်လိုက်သောအခါ ၎င်းက လွန်ခဲ့သော တစ်ပတ်ကမှပေးပို့လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ မော့ကျန်း သိချင်နေတာက မတွေးနိုင်တော့ပေ။ ကန်စီနီ ဗီလာက ခပ်ရှက်ရှက်ဖြင့် အမှားကြော်ငြာထားသော အရာများစွာ ရှိနေသော်လည်း လုံခြုံရေး အစီအမံများကမူ အလွန် ပြည့်စုံနေဆဲပင်။ ဒီပျောက်နေတဲ့ ကြောင်တွေကတော့... ကမ္ဘာပေါ်က ဘယ်သူကများ သူတို့ကို ခိုးသွားရပါလိမ့်...
ထိုအကြောင်းကို တွေးမိသည်နှင့် ဖုန်းကိုထုတ်ကာ အိမ်ခြံမြေကော်ပိုရေးရှင်းရုံးကို ခေါ်လိုက်ပြီး သူ့အိမ်မှ အနီးဆုံး စောင့်ကြည့်ကင်မရာကို ကြည့်ချင်သည့်အကြောင်း ပြောလိုက်သည်။
ကန်စီနီ ဗီလာ၏ လုံခြုံရေး ခေါင်းဆောင်က ရုံးချုပ်မှ အသိပေးစာကို လက်ခံရရှိသောအခါ အခြားသော လုံခြုံရေး ဝန်ထမ်းများကို ခပ်မြန်မြန်ပင် ထိန်းချုပ်ခန်းကို ရှင်းလင်းထားရန်နှင့် လက်ဖက်ရည်အိုးကောင်းကောင်လေးတစ်လုံး ဖျော်ထားပြီး ကြီးကျယ်မြင့်မြတ်လှသော ဧကရာဇ်မော့အား ဝင်ပေါက်တွင် စောင့်နေကြရန်အတွက် အမိန့်ပေးထားခဲ့သည်။
အိမ်ခြံမြေကော်ပိုရေးရှင်းက မော့ကျန်းကို ထိန်းချုပ်ခန်းဆီ ကားမောင်းပို့ပေးခဲ့သည်။ ထိန်းချုပ်ခန်းကို ဗီလာ၏ အလုံးစုံသော စတိုင်နှင့် ကိုက်ညီစေရန်အတွက် ဥရောပပုံစံ အဆောက်အအုံငယ်လေးအဖြစ် တည်ဆောက်ထားခဲ့သည်။ မော့ကျန်း အဆောက်အအုံသို့ ရောက်သောအခါ လုံခြုံရေးအဖွဲ့က နှစ်ဖက်လုံးတွင် တန်းစီနေခဲ့ကြသည်။ သူတို့က မတ်မတ်ရပ်ကာ မည်သည်ကိုမှ မသိကြသော်လည်း ခေါင်းဆောင်က သူတို့ကို စစ်ဆေးရန် လာမေးသည်ဟုသာ တွေးနေခဲ့ကြသည်။
သို့သော်လည်း သူတို့နှလုံးသားထဲမှ ဝေဒနာများကို သူတို့ဘာသာ သိမ်းထားနေရသည်။ထိုနေ့များ၌ လူပေါင်းများစွာ သူတို့၏ ကြောက်ပျောက်ဆုံးမှုများအတွက် တိုင်ကြားခဲ့ကြပြီး သူတို့၏ စောင့်ကြည့်ကင်မရာများ စစ်ဆေးကြည့်ချင်ကြောင်း ပြောလာလာကြသည့် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ရသည်။ ယနေ့တွင် ဧကရာဇ်မော့ကပါ ရောက်လာလေပြီ... လွန်ခဲ့သော ရက်များက သူကြောင်တစ်ကောင် စမွေးနေသည်ကို သူတို့ ကြားသိခဲ့ရသည်။
လုံခြုံရေးအဖွဲ့၏ နှလုံးသားများမှာ မျက်ရည်များ ပေါက်ထွက်လာလုနီးပါးပင်။ အဖွဲ့ခေါင်းဆောင်သည်ပင် ကွန်ပျူတာ မျက်နှာပြင်ပေါ်မှ စောင့်ကြည့် ဗီဒီယိုကို ဖွင့်နေရင်းဖြင့် စတင် တုန်ယင်လာတော့သည်။
ထိုဗီဒီယိုက ပြနေသည်မှာ 6:59 pmတွင် ကြောင်နက်လေး တစ်ကောင်က မော့ကျန်းအိမ်၏ တံခါးမှ လျှောထွက်လာပြီး ကန်စီနီ အိမ်ယာ၏ ဂိတ်အပြင်ဘက်သို့ ပြေးထွက်သွားသည်။ ၎င်းက ခပ်ဝေးဝေးကို ရောက်သွားသဖြင့် ကင်မရာများကလည်း ဆက်ပြီးစောင့်မကြည့်နိုင်တော့ပေ။
ခေါင်းဆောင်ဖြစ်သူက မော့ကျန်း၏ မဲမှောင်နေသော မျက်နှာကို ကြည့်ကာ ဂရုတစိုက် တံတွေးမျိုချလိုက်သည်။ "မော့.... ဧကရာဇ်မော့... ဒီရက်ပိုင်းထဲ မိသားစုအတော်များများ စောင့်ကြည့်ကင်မရာကို လာကြည့်ကြတယ်... အချိန်တိုင်းက သူတို့မိသားစု ကြောင်တွေအားလုံး သူတို့ဘာသာ ပြေးသွားတာတွေ ချည်းပဲ"
ခေါင်းဆောင်က သူမည်မျှပင် ကြိုးစားကြည့်ပါစေ နားမလည်နိုင်တော့။ ဒီကြောင်တွေ ရူးသွားတာ များလား... သူတို့က စေတနာပါပါနဲ့ အိမ်ကနေ ထွက်ပြေးပေးလိုက်ကြသေးတယ်... ပိုပြီး မုန်းဖို့ကောင်းတာက ခေါင်းဆောင်ဘက်က ရဲတွေကို ကြောင်ပျောက်တဲ့အကြောင်းကို အကြောင်းကြားလိုက်တိုင်း ရဲတွေက လတ်တလော ပတ်ဝန်းကျင်မှာ ကြောင်ဂိုဏ်း (ကြောင်သူခိုး)တွေ ရှိနေတယ်လို့ပဲ အကြောင်းပြန်လာပြီး လူတွေကို ပိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတာပဲ...
ထိုအကြောင်းကို စဥ်းစားလိုက်သည်နှင့် ချက်ချင်းပင် ခေါင်းဆောင်ဖြစ်သူမှာ သူ့ပုခုံးပေါ်မှ တဖြန်းဖြန်း မြင့်တက်လာသော ကြက်သီးများကိုပင် ခံစားနေရသည်။ ကြောင်ပျောက်မှုကို ထပ်ပေါင်းရလျှင် လတ်တလော ဗီလာတွင် သရဲခြောက်သည့်အကြောင်း လူပြောများနေသည့် ကောလဟာလ တစ်ခုလည်း ရှိသေးသည်။ ထိုနှစ်ခုကို ဆက်စပ်ကြည့်ပါက ၎င်းက အမှန်တကယ် ထိတ်လန့်ဖွယ် ဖြစ်သွားပေမည်။
မော့ကျန်းက စောင့်ကြည့် မျက်နှာပြင်ကို ထပ်ကြည့်လိုက်သည်။ ခေါင်းဆောင်၏ ဖြူဖြူဖြူ ဖျော့ဖျော့ဖျော့ ဖြစ်နေသော မျက်နှာကို လျစ်လျူရှုထားပြီး သူက ထိန်းချုပ်ခန်းမှ တိတ်တဆိတ် ထွက်သွားလိုက်သည်။
ဗီဒီယိုအရ အားယောင်က လွင်တီးခေါင် တောင်ကုန်းလေးထံ ပြေးသွားခဲ့သည်။ အခြားမိသားစုမှ ကြောင်များက အဘယ်ကြောင့် ထွက်ပြေးသွားကြသည်ကို သူမသိသော်လည်း အားယောင်ကမူ ဘယ်တော့မှ အိမ်က ထွက်ပြေးလိမ့်မည် မဟုတ်ဘဲ ဆိုလိုနေသည်မှာ ထိုအတောအတွင်း၌ တစ်ခုခု ဖြစ်ပွားခဲ့ရသည်ဟုပင်။
မော့ကျန်းက ကန်စီနီ ဗီလာ၏ ဂိတ်ပေါက်မှ လမ်းလျှောက်၍ ထွက်လာခဲ့ပြီး လွင်တီးခေါင် တောင်ကုန်းလေးထံ တည့်တည့်တက်သွားသည်။
လွင်တီးခေါင် တောင်ကုန်းလေးက အမှန်တကယ်ပင် မဖြစ်ထွန်းနိုင်ပေ။ မြေပေါ်ရှိ သစ်ကိုင်းခြောက်များနှင့် ပေါင်းပင်များကို ထည့်တွက်ရလျှင် အမှန်တကယ် ရှိနေသည့် တစ်ခုတည်းသောအရာမှာ စွန့်ပစ်ထားသော ကုန်လှောင်ရုံလေးသာ ဖြစ်သည်။ ကုန်လှောင်ရုံလေးက အလွန် အမြော်အမြင်ရှိရှိ ဆောက်ထားခဲ့သည်။ လွင်တီးခေါင်တောင်ကုန်းများတွင် စွန့်စားခန်းထွက်ရန် ရှန်းယွမ်ဇယ် သူ့ကို ဆွဲခေါ်လာခဲ့ဖူးသည်ကြောင့်သာ မဟုတ်ပါက ၎င်း၏ တည်ရှိမှုကို သူ ဘယ်တော့မှ ရှာတွေ့လိမ့်မည် မဟုတ်ပါပေ။
မော့ကျန်းက ကုန်လှောင်ရုံမှာ မူလက မည်သာ်အတွက် တည်ဆောက်ထားခြင်းကို မသိရသော်လည်း အားယောင်က ထိုဘက်ကို ပြေးသွားသည့်အတွက် သူမ ဤနေရာသို့ လာနိုင်သည်ဟူသည့် ဖြစ်နိုင်ချေ တစ်ခု ရှိနေသည်။
တစ်နေ့တာက မှောင်စပြုနေပေပြီ။ သူ အားယောင်ကို ယနေ့ညမှာပင် မရှာနိုင်ခဲ့ပါက ရဲခေါ်ရန် နည်းလမ်းရှာမှ ဖြစ်ပေလိမ့်မည်။
သူ ကုန်လှောင်အိမ်လေးနှင့် နီးကပ်လာသည်နှင့် လေထဲ၌ သွေးနံ့ခပ်ဖျော့ဖျော့ ရနေခဲ့သည်။ ရံဖန်ရံခါ၌ သိုလှောင်ရုံလေးထံ ဦးတည်နေသည့် သွေးစွန်းကွက်လေးများကိုလည်း တွေ့ရသည်။
မော့ကျန်းက ရပ်လိုက်ကာ တစ်ခဏမျှ တွေးလိုက်ပြီးနောက် မျက်မှောင်ကြုံ့မိသွားသည်။ ထို့ကြောင့် မြေပေါ်မှ အတော်လေး သန်မာပြီး ခိုင်ခံ့သော တုတ်ချောင်းတစ်ချောင်း ကောက်ယူကာ သိုလှောင်ရုံလေး၏ သံမဏိဂိတ်တံခါးထံ လျှောက်သွားလိုက်သည်။
သိုလှောင်ရုံ၏ တံခါးကို ခပ်ဖွဖွ တွန်းဖွင့်လိုက်သည်နှင့် လတ်လတ်ဆတ်ဆတ် သွေးနံ့ခပ်ပြင်းပြင်း ရလိုက်သည်ကြောင့် မော့ကျန်း မသိလိုက်မသိဘာသာ မျက်မှောင်ကြုံ့မိသွားသည်။ သိုလှောင်ရုံက အလွန် မှောင်မဲနေပြီး အလင်းရောင် တစ်စွန်းတစ်စသည်သာ မျက်နှာကျက်နှင့် နီးကပ်နေသော ပြတင်းပေါက်လေးတစ်ခုမှ ကျရောက်နေခဲ့သည်။ မော့ကျန်းက သေနေပြီ ဖြစ်သော ကြောင်လေးတစ်ကောင်၏ သနားဖွယ်ကောင်းသော ကိုယ်ခန္ဓါကို မတွေ့မီအထိ ခြေလှမ်းအနည်းငယ်မျှ ဆက်လျောက်သွားလိုက်သည်။
သူ့နှလုံးသားက ထိတ်လန့်မှုတို့ဖြင့် ရုတ်တရက် ခုန်ပေါက်သွားသည်။ သူ ထိုအလောင်းကို ထပ်မကြည့်ရဲတော့ပါသော်လည်း ၎င်းက အားယောင် မဟုတ်သည်ကို အတည်ပြုနိုင်နေဆဲပင်။
အနည်းငယ် စိတ်သက်သာရာ ရသွားသော မော့ကျန်းက အထဲသို့ ဆက်ဝင်သွားခဲ့သည်။ လမ်းတလျှောက်တွင် နောက်ထပ် ကြောင်လေး အနည်းငယ်တို့၏ ခန္ဓါကိုယ်များ တွေ့လိုက်ရသည်။ တုတ်ချောင်းကို ဆက်ကိုင်ထားသော မော့ကျန်း၏ လက်များ ရုတ်တရက် တင်းကြပ်သွားလေသည်။
ကုန်လှောင်အိမ်က တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ပြီး အထဲ၌ လူရှိမနေပုံပင်။ မော့ကျန်းက မြေပေါ်တွင် ရှိနေသော သစ်သားပုံးကြီး တဝိုက် လျှောက်ပတ်နေခဲ့ပြီး သူ့ရှေ့မှ မြင်ကွင်းကြောင့် နေရာမှာပင် ချက်ချင်း ကြက်သေသေသွားလေသည်။
လူငယ်များနှင့် မိန်းမငယ်လေး အချို့က မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။ ပြတင်းပေါက်မှ ဖြတ်သန်းလာသော အလင်းရောင်ခပ်မှုန်မှုန်က သူတို့ပေါ် ဖြာကျနေသည်။ အလွန် တိတ်ဆတ်နေကြသဖြင့် အလောင်းကောင်များနှယ်ပင်...
မော့ကျန်းက နှုတ်ခမ်းကို ကိုက်ကာ အနီးအနားကို ရှာကြည့်လိုက်ပြီး သစ်သားပုံး အပုံများအကြား သူ ခေါ်လိုက်သည်။ "အားယောင်"
"မြောင်" ကြောင်နက်လေး၏ ပုံရိပ်က သစ်သားပုံးပေါ်၌ ပေါ်လာခဲ့သည်။ အောက်တ့င်ရှိနေသော လူကို မြင်လိုက်ရသည့်အခါ ၎င်းက ကျွမ်းကျွမ်းကျင်ကျင် ခုန်ဆင်းကာ မော့ကျန်း၏ လက်မောင်းများထဲသို့ ပျံဝဲလာခဲ့သည်။
"မြောင် ဝူး ~ ~” အားယောင်က သူမ၏ ခေါင်းလေးကို မော့ကျန်း၏ လက်မောင်းများအကြား အဆက်မပြတ် ပွတ်သပ်နေပြီး မော့ကျန်းလက်ထဲမှ တုတ်ချောင်းမှာလည်း မြေပေါ်သို့ ကျသွားပြီး ဖြစ်လေသည်။ ကြောင်လေး၏ လက်သည်းလေးများကို ကိုင်ကာ မော့ကျန်းက ဂရုတစိုက် ထပ်စစ်ဆေးကြည့်လိုက်သောအခါ မည်သည့် ဒဏ်ရာကိုမှ မတွေ့ခဲရပေ။ သူမေးရုံသာ မေးနိုင်ခဲ့သည်။ "မင်း အဆင်ပြေရဲ့လား"
"မြောင် ဝူး~”အားယောင်က လေထဲတွင် တွဲလွဲ ဖြစ်နေပြီး သူမ၏ လက်ချောင်း ခြေချောင်း လေးချောင်းမှာလည်း ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့သည်။ ယခုတွင်မူ မော့ကျန်း တင်းကြပ်နေသောအာရုံကြောများမှာ လုံးဝ ငြိမ်သက်သွားပြီ ဖြစ်ပြီး သူ့နောက်မှ သစ်သားပုံးကို တွန့်ဆုတ်ဆုတ်ဖြင့် မှီထားလိုက်သည်။ အားယောင်က မော့ကျန်း၏ လက်မောင်းထဲတွင် ဆက်ကာ တမြောင်မြောင် အော်နေခဲ့ပြီး မော့ကျန်းက သူမကို သူ့မျက်နှာအနား ကပ်ကာ သူမ၏ နှာခေါင်းလေးကို ခပ်ဖွဖွ နမ်းလိုက်လေသည်။
အားယောင်၏ ကြောင်ခန္ဓါကိုယ်လေးမှာ ချက်ချင်း တောင့်တင်းသွားပြီးနောက် သူမ ခေါင်းလေးကို မော့ကျန်း၏ လက်မောင်းများအတွင်း ပွတ်သပ်ကာဖြင့် တအီအီအော်နေကာ ပို၍ တိုးဝင်နေချင်သလိုပင်။ သူမ၏ အသံက အတော်လေး စိတ်လှုပ်ရှားနေ၍ ဖြစ်မည်။ မြေပေါ်တွင် လဲနေကြသော လူများမှာ စတင်နိုးလာကြတော့သည်။
မော့ကျန်းက သူ့အနားရှိ မြေပြင်ပေါ်မှ လှုပ်ရှားမှုကို ပထမဦးစွာ သတိထားမိသူ ဖြစ်နေသည်။ သူ မတ်မတ် ရပ်လိုက်သည်နှင့် အဝေးမှ ရဲကားများ၏ အချက်ပေးသံများ မြည်လာလေသည်။
ရဲများ အပြေးအလွှား ဝင်ရောက်လာသည်နှင့် မြေပေါ်မှ အကျွမ်းကျင်ဆုံးလူ ထရပ်လာခဲ့သည်။ သိုလှောင်အိမ်အတွင်းမှ အခြေအနေများမှာ သူတို့နောက်တွင် ရှိနေသည်ကို တွေ့လိုက်ရသောအခါ ရဲသုံးယောက်က အထို လူငယ်၊ မိန်းကလေးငယ်များဆီ အပြေးသွားပြီး ထိုသူတို့ကို သူတို့ရှေ့မှောက်မှာပင် ဖမ်းဆီးလိုက်သည့်အချိန်တွင် အခြား ရဲသားတစ်ဦးက မော့ကျန်းထံရောက်လာပြီး ခက်ခက်ခဲခဲ မေးလိုက်သည်။
"မစ္စတာမော့ ခင်ဗျား အဆင်ပြေရဲ့လား"
မော့ကျန်းက ခေါင်းငြိမ့်ပြရင်း ပဟေဠိ ဖြစ်နေသော အမူအယာဖြင့် မေးလိုက်သည်။
"ကျွန်တော် ဒီမှာ ရှိမှန်း ဘယ်လိုလုပ် သိတာလဲ"
မျက်နှာချင်းဆိုင်နေရာ၌ ရပ်နေသော ရဲမှာ တစ်ခဏမျှ အေးခဲသွားလေသည်။ ထိုသူက မော့ကျန်းကို ကြည့်လာပြီးနောက် ပြောလိုက်သည်။
"မစ္စတာမော့... ရဲကို ဖုန်းဆက်လာတာ ခင်ဗျား မဟုတ်ဘူးလား"
မော့ကျန်းက တစ်ခဏမျှ အံ့သြသွားရသည်။ "ကျွန်တော်လား"
ရဲက ခေါင်းငြိမ့်ပြလိုက်သည်။ သူ့နှလုံးသားထဲ၌မူ ထိုဓါးတစ်ထောင်ဂိုဏ်းက ဧကရာဇ်မော့အား ထိုကဲ့သို့ ရှုပ်ထွေးသွားစေသည်အထိ မည်ကဲ့သို့ ခြောက်လှန့်လိုက်သည်ကို တွေးတောနေခဲ့သည်။
သူက နံပါတ်အတွဲလိုက်ကို ရွတ်ပြလိုက်ပြီး ၎င်းက အမှန်တကယ်ပင် မော့ကျန်း ဖုန်းနံပါတ်ဖြစ်နေခဲ့သည်ကို အတည်ပြုလိုက်သည်။ သူ့လက်မောင်းထဲ လဲလျောင်းနေသော အားယောင်ကို ကြည့်ကာ မော့ကျန်း ခေါင်းငြိမ့်ပြလိုက်ပြီး ဆိုသည်။ "တောင်းပန်ပါတယ်... ကြည်ရတာ ကျွန်တော် ရဲကို အကြောင်းကြားမိသွားပုံပဲ"
"ကိစ္စ မရှိပါဘူး... ခင်ဗျားရဲ့ကြောင် အဆင်ပြေရဲ့လား" မော့ကျန်းနှင့် ပတ်သက်၍ ရဲအရာရှိက သူ့လက်ထဲမှ ကြောင်လေး၏ အခြေအနေကို မေးရန် လှုပ်ရှားလိုက်သည်။
ဆိုရိုးစကားများ ပြောကြသည့်အတိုင်းပင် သင်သာ တစ်ယောက်ယောက်၏ ခွေးကို အနိုင်ကျင့်မိပါက သူ့ပိုင်ရှင်ကိုလည်း သင် ရင်ဆိုင်ရမည် ဖြစ်သည်။ ကန်စီနီဗီလာ၏ နေထိုင်သူများအားလုံးမှာ Aမြို့၏ အရေးကြီးသော မြို့မျက်နှာဖုံးများ ဖြစ်ကြပေသည်။ ကြောင်နှစ်ကောင်က ဆက်တိုက်ပျောက်ဆုံးသွားခဲ့ပြီး ထိုအမှုက ကြောင်ခိုးဂိုဏ်းတစ်ခုနှင့်ပင် ပါဝင်ပတ်သက်နေသေးသည်။ ရဲများက ဖိအားအချို့ ရှိနေရသည်မှာ မလွဲဧကန်ပင်။
"မြောင် ဝူး" ရဲအရာရှိ၏ မေးခွန်းကို ပြန်ဖြေသည့်အလား အားယောင်က သူမ ရှေ့လက်လေးများကို လှုပ်ကာ ခေါ်လိုက်သည်။ ထိုရဲမှာ မသိလိုက်မသိဘာသာဖြင့် ကြောင်လေး၏ ခေါင်းကို ထိရန် လက်ထုတ်မိပါသော်လည်း မော့ကျန်း၏ မီးတောက်နေသော မျက်လုံးများကို တွေ့ရသောအခါ တန့်သွားလေသည်။
သူ့ညာလက်ကို ပြန်သိမ်းကာ သူ့လုပ်ဖော်ကိုင်ဖက်များ၏ မျက်နှာများထက်မှ အပြုံးတို့ကို တွေ့လိုက်ချိန်၌ သူကပြောလိုက်သည်။
"ဒီအမှု ဖြေရှင်းဖို့ အကူအညီပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ"
ကြောင်လေး ခွေးလေးများကို သတ်ခြင်းက ဤနိုင်ငံအတွင်း၌ ပြစ်မှုမမြောက်သော်လည်း တစ်ယောက်ယောက်၏ ပစ္စည်းဥစ္စာကို တမင်သက်သက် ဖျက်ဆီးမှု အတွက် တရားစွဲခံရမည် ဖြစ်သည်။ အညှာအတာ မရှိ အသတ်ခံခဲ့ရသော ကြောင်လေးများမှာ အလွန်အမင်း တန်ဖိုးရှိသော မျိုးစိတ်များ ဖြစ်၍ အလွန်စျေးကြီးလှသဖြင့် တန်ဖိုးမြင့် ပိုင်ဆိုင်မှုများ ဖြစ်ကြလေသည်။ ကောင်းပြီလေ... ဧကရာဇ်မော့လက်ထဲက ကြောင်လေးကတော့ ကြောင်ရိုင်းလေး တစ်ကောင် ဖြစ်မဲ့ပုံပေါ်ပေမယ့်လည်း ရဲအရာရှိကတော့ သေချာပေါက် ဒီကြောင်က သူတစ်ခါမှ မမြင်ဖူးတဲ့ တော်ဝင်မျိုးစိတ်ပဲ ဖြစ်ရမယ်လို့ ယုံထားလိုက်ပြီ... အမူအယာတွေ ကြည့်ရုံနဲ့တင် သူသေချာပေါက် သိသွားတာ...
"မစ္စတာမော့ ထပ်ပြီး ကျေးဇူးတင်ပါတယ်ဗျာ" ရဲတပ်သားက မော့ကျန်းလက်ကို ဆွဲကာ နှုတ်ဆက်လိုက်သည်။
"ဒါပေမယ့် နောက်ထပ် ဒီလိုမျိုး ထပ်မလုပ်ပါနဲ့... အန္တရာယ် များတယ်ဗျ" မော့ကျန်း သူ့ကြောင်လေးအတွက် စိုးရိမ်သည်ကို သူနားလည်ပါသော်လည်း ညှင်းပန်းခံထားရသော ကြောင်လေးများ၏ အာရုံကြောဆိုင်ရာ ရောဂါက ၎င်းတို့ လုံခြုံမှု မရှိဟု ခံစားရသည်နှင့် အခြားသူကို အန္တရာယ် မပြုပါဟု အာမမခံနိုင်ပေ။
"အိုး...အမ်..." မော့ကျန်းက မပြတ်မသား အသံပြုလိုက်သည်။ ကောင်းပြီလေ... သူလည်း ဒီလူတွေ ဘာဖြစ်ခဲ့လဲဆိုတာကို မသိခဲ့ပါဘူး...
သို့သော်လည်း အားယောင်ကတော့ သိလိမ့်မည်။ ထို့ကြောင့် သူအိမ်ပြန်ပြီး သေချာ စစ်မေးရပေမည်။
ရဲများက မော့ကျန်းထံမှ ရိုးရိုးရှင်းရှင်း ထွက်ဆိုမှု မှတ်တမ်းတစ်ခုကိုသာ ယူလိုက်ကြပြီး ပါဝင်ခဲ့ကြသည့် ရဲများက သူ့ကို ပြန်ရန် ခွင့်ပြုလိုက်ကြသည်။ မော့ကျန်းက အားယောင်ကို ပွေ့ကာ အိမ်ထဲသို့ ဝင်လာပြီး သူမ ကိုယ်ပိုင်စားပွဲပေါ်သို့ ချပေးလိုက်သည်။
"ကောင်းပြီ... ဘာတွေ ဖြစ်ခဲ့တာလဲ"
"မြောင် ~” အားယောင်၏ ဝှေ့ယမ်းနေသော လက်များက ကွန်ပျူတာကို ဖွင်တော့မည်အပြုတွင် မရင်းနှီးသော အမျိုးသမီးအသံတစ်သံက အိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
"အဲ့မေးခွန်းက ကျွန်မကို မေးတာလား"
Xxxxx