အပိုင်း ၃၁
Viewers 10k

Chapter 31


ဂုဏ်ပြုစာတန်း


အချိန်ကို ကြည့်လိုက်သောအခါ ဆယ်နာရီ ထိုးလုပြီဖြစ်လေသည်။ မော့ကျန်းက လေထဲတွင် မျောလွင့်နေသော သရဲမနှစ်ယောက်ကို ကြည့်၍ ပြုံးပြလိုက်သည်။


 "မိန်းကလေး ဖြောင်ဖြောင်... နောက်ကျနေပြီဆိုတော့ မင်း အိမ်ပြန်သင့်ပြီ ထင်တယ်" 


ဧည့်သည်တစ်ယောက်ကို အညှာအတာမရှိ ကန်ထုတ်နေသောကြောင့် အားယောင်မှာ ပြင်းပြင်းထန်ထန် အလိုမကျ ဖြစ်သွားကာ ခုန်ထွက်လာသည်။


 "ကျန်းကျန်း ဖြောင်ဖြောင်က ကျွန်မရဲ့ သူငယ်ချင်းလေ" 


သူ ဘယ်လိုများ အေးတိအေးစက် အမူအရာနဲ့ နှင်ထုတ်လွှတ်နိုင်ရတာလဲ...  


မော့ကျန်း၏ မျက်လုံးများက အားယောင်ဆီသို့ ရွေ့သွားသည်။ "သူနေခဲ့လို့ ရတယ်... မင်းထွက်သွားလိုက်" 



အားယောင်က ဖြောင်ဖြောင်ကို ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက အလွန် ရိုးသားနေသည်။


 "ဖြောင်ဖြောင် ဂွတ်ဘိုင်"  


ဖြောင်ဖြောင်: “…”


လွယ်လွယ် သစ္စာဖောက်ခံလိုက်ရတာပဲ...


  


Aမြို့၏ မြို့တော် ဆေးရုံ ကော်ရစ်ဒါခုံတန်းလျား တစ်ခု၌ လူနှစ်ယောက်က ဘေးချင်းယှဥ်၍ ထိုင်နေကြသည်။ ရှန်းယွမ်ဇယ်က သူ့လက်ထဲမှ နို့ဘူးကို အလွယ်တကူ ချေမွလိုက်ပြီး အနီးအနားရှိ အမှိုက်ပုံးထဲသို့ ပစ်လွှင့်လိုက်သည်။ 


"မိန်းကလေးချန်း နောက်တစ်ခါကျ မင်း ငါ့ကို ဖုန်းခေါ်လာတဲ့အခါ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြပေးဖို့ ဒုက္ခပေးရတော့မှာပဲ... ငါ လန့်လွန်းလို့ သေတော့မတတ်ပဲ"


ချန်းချင်းယန်၏ မျက်နှာက မဲမှောင်နေသည်။.


"ကျွန်မက စာပေ ကျောင်းသူတစ်ယောက်လေ" သူမ၏ တိုးမြင့်တက်လာသော အသံနှင့် အမြင့်သံတို့က ၎င်းကို ညွှန်ပြနေပေသည်။ "ဒါ ကျွန်မ အမှားမဟုတ်ဘူး"


ရှန်းယွမ်ဇယ်က သူမကို ခေါင်းလှည့်ပြီး ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ချန်းချင်းယန် စာပေအနုပညာနှင့် ပတ်သက်ပြီး ဆင်ခြေပေးသည်က ပြက်လုံးတစ်ခု ဖြစ်နေပေသည်။


 "စာပေအနုပညာကျောင်းသားတိုင်းက စုံထောက် ဝတ္ထုတွေ ဘယ်လို ရေးရမလဲ ဆိုတာကိုရော လေ့လာရတာပဲလား"


ချန်းချင်းယန်က ရှန်းယွမ်ဇယ် ပြောသည့် စကားများကို မကျေမနပ် ဒေါသထွက်ရန် အချိန် သုံးပုံတစ်ပုံကိုသာ သုံးလိုက်ရသည်။ ကျန် သုံးပုံ နှစ်ပုံမှာကား သူမ တွေးမိသွားလေသည်။ 


"အိုး ဘုရားရေ... ရှင် ကျွန်မရဲ့ ဝတ္ထုတွေ ဖတ်ထားတာလား"


“ငါ မဖတ်မိခဲ့ဖို့ ဆုတောင်းပါတယ်" ရှန်းယွမ်ဇယ်က လှည့်လိုက်သည်။ သူက နာကျင်ဖွယ် အမှတ်တရများကို ပြန်ပုံဖော်နေသည့်အလား ပြောလိုက်သည်။


 "မင်းဝတ္ထုထဲက ရူပဗေဒ သီအိုရီတွေက တကယ့် အခြေအနေမှာ မဖြစ်နိုင်လုနီးပါးပဲ"


ချန်းချင်းယန်: “…”


ရူပဗေဒ စာမေးပွဲကို တစ်ခါမှ မအောင်ဖူးသော လူတစ်ယောက် အနေဖြင့် ရူပဗေဒနှင့် ပတ်သက်သော ဝတ္ထုများ ရေးရဲသေးသည်။ သူမက သူမ၏ ရှာဖွေ စမ်းသပ်ရန်အတွက် စိတ်အားထက်သန်မှုများက ချီးကျူးမြှောက်ပင့်မှုများနှင့် စင်စစ် ထိုက်တန်သည်ဟု ခံစားနေရသည်။


“အဲ့ဒါက ဇာတ်ကြောင်းက လိုအပ်လို့လေ... အဲ့ဒါက စာပေ ဖန်တီးမှုရှင့်... စာပေ... ရှင် နားလည်ရဲ့လား" 


ဆက်တိုက်လာသော အာမေဋိတ် အမှတ်အသား သုံးခုတို့ဖြင့် အခြားသူကို အယုံသွင်းရန် ကြိုးပမ်းနေသော ချန်းချင်းယန်၏ အမူအယာက အလွန်ခိုင်မာနေပြီး ရှင်းလင်းနေသည်။


“ငါ ရူပဗေဒကိုပဲ နားလည်တယ်" ရှန်းယွမ်ဇယ်က ထိုင်ခုံကျောဘက်ကို အနည်းငယ် မှီကာ ပေါ့ပါးပြီး အလေးအနက် မထားသော အမူအယာဖြင့် ထိုစာကြောင်းကို ပစ်လွှတ်လိုက်သည်။


ချန်းချင်းယန်: “…”


သူမ ဘယ်လိုလုပ် မေ့သွားရတာလဲ.. ဒီလူက ရူပဗေဒ ပါမောက္ခလေ...


# ဒီလိုလူမျိုးတွေနဲ့ ကောင်းကောင်းမွန်မွန် စကားပြောလို့မရဘူး #


ချန်းချင်းယန်က ထောင့်လေးမှာပဲ တိတ်တဆိတ်နေနေကာ လက်ထဲမှ နို့ဘူးကို ရှန်းယွမ်ဇယ်အလား မှတ်ထားလိုက်ပြီး ခါးသီးစွာ ခြေမွလိုက်သည်။ ရှန်းယွမ်ဇယ်က သူမလက်ထဲမှ ကျိုးကြေနေသော နို့ဘူးလေးကို ကြည့်ကာ မျက်လုံးပင့်မိသွားသည်။ "မိန်းကလေးချန်း... စာပေကို ကောင်းကောင်း နားလည်သူ တစ်ယောက်အနေနဲ့ ငါတို့ကြားမှာ ပြဿနာ တစ်ခုခု ရှိနေတယ်လို့ ခံစားနေရလား"


ချန်းချင်းယန်: “…”


ကောင်းပြီလေ... ရှန်းယွမ်ဇယ်ကို အထင်မှားအောင် လုပ်မိတာ သူမ ကိုယ်တိုင်ရဲ့ အမှား ဆိုပေမယ့်လည်း တာဝန် ပေါ့သွားအောင် လုပ်တာကလည်း သူမရဲ့ ကျွမ်းကျင်မှုတွေထဲက တစ်ခုပါပဲလေ...


သူမနှလုံးသားထဲမှ ခံစားချက်များကို ခပ်မြန်မြန် စုစည်းပြီးနောက် ချန်းချင်းယန်က တာဝန်များ အားလုံးကို ဒေါက်တာ၏ ခေါင်းပေါ်သို့သာ ပုံချလိုက်ရန် ဆုံးဖြတ်လိုက်ပြီး ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ 


"ရှင်လည်း ဒေါက်တာဖန်ကို သိတာပဲ... သူ့ပါးစပ်က ထွက်လာတဲ့ ပညာရပ် ဝေါဟာရတွေက ဘုရားကျောင်းက ဆရာတော်တွေ ကျမ်းစာရွတ်တာနဲ့ တစ်ထပ်တည်း တူနေတာ... ကျွန်မ နားမလည်နိုင်ဘူးလေ"


ရှန်းယွမ်ဇယ်၏ နှုတ်ခမ်း လှုပ်ရှားသွားပြီး ပြန်ဖြေတော့မည့်ဆဲဆဲတွင် ချန်းချင်းယန်က ဝင်ပြောလိုက်သည်။ 


"ဒါပေမယ့်.. ကျွန်မ သူ့ရဲ့ မျက်နှာ အမူအယာ အသေးစိတ်ကိုတော့ ဖတ်နိုင်ပါတယ်"


ရှန်းယွမ်ဇယ်: “…”


သူ ပါးစပ်ပိတ်နေတာပဲ ကောင်းပါတယ်လေ...


"ကြုံ့ထားတဲ့ သူ့မျက်ခုံးတွေ... ထူးထူးဆန်းဆန်း သိလိုစိတ် ပြင်းပြနေတဲ့ မျက်လုံးတွေ... ဒါတွေက အလုံးစုံ အခြေအနေတွေက မကောင်းနေဘူးတာကို ကျွန်မကို ပြောပြနေတဲ့ သဲလွန်စတွေပဲ... ပြီးတော့နောက်ထပ် ပြောလာတဲ့ဟာမှာလေ သူ ပြောတဲ့ စကားတစ်ခုလုံးမှာ ကျွန်မက "ထူးဆန်းနေတယ်"၊ "မူမမှန်ဘူး" ဆိုတဲ့ စကားလုံးတွေပဲ နားလည်လိုက်တာ... ဒေါက်တာဖန်ရဲ့ ပါးစပ်ကနေ ဒီစကားလုံးနှစ်လုံး ထွက်လာမှတော့ ကျန်မ ရှင့်ကို ဘယ်လိုလုပ် မပြောပြဘဲ နေနိုင်မှာလဲ"


ရှန်းယွမ်ဇယ်: “…”


သို့သော်လည်း သူမက သူ့ကိုသာ ခေါ်လာခဲ့ပြီး လီမိသားစု တစ်ခုလုံးကို ခေါ်ရန် မေ့သွားသည့်အတွက် ကျေးဇူးတင်မိသည်။ မဟုတ်လျှင် သူတို့ လီယန်၏ မိသားစုဝင်အားလုံးကို ညလယ်ခေါင်ကြီး ဆေးရုံသို့ ရောက်လာကြရန် နှိုးမိသွားပေမည်။ သူ ၎င်းကို ကျော်ဖြတ်၍ ရှင်သန်စရာ လမ်း ရှိမည် မဟုတ်တော့။ 


“ဒေါက်တာဖန်ရဲ့ မျက်နှာအမူအယာ အသေးစိတ်ကို အဖြူရောင်မုသားများ အနေဖြင့် ဘာသာ ပြန်ခြင်း"၏ အမှန်တရားမှာ "လူနာမှာ ရှင်းလင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်ချက် ရှိခဲ့တယ်... အဲ့ဒါက မြန်မြန် ပြန်တည်ငြိမ်သွားပေမဲ့ သူ မကြာခင်မှာပဲ နိုးလာဖို့ အလားအလာ ရှိတယ်" 


ချန်းချင်းယန်: “…”


ဒေါက်တာဖန်၏ အမူအယာ အသေးစိတ်မှာ ဆန်းပြားလှပေသည်။


“မဟုတ်သေးပါဘူး... ဘာပဲဖြစ်ဖြစ် သူ နိုးလာတော့မယ် ဆိုတာ သတင်းကောင်းပဲလေ... ဂုဏ်ယူပါတယ်... ရှန်းယွမ်ဇယ်"


 ချန်းချင်းယန်က ညီအစ်ကိုကောင်း ပုံစံဖြင့် ရှန်းယွမ်ဇယ်၏ ပုခုံးကို ရိုက်၍ ဥာဏ်ပညာရှိရှိဖြင့် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ 


သူမက အရမ်း ဟာသဥာဏ် ရှိတာပဲ...


ရှန်းယွမ်ဇယ်က သူ့ပုခုံးပေါ်မှ လက်ကို ခါယမ်းလိုက်ပြီး ချန်းချင်းယန်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ မော့ကျန်း ထွက်သွားတုန်းက သူ့မျက်နှာ အမူအယာမှာ အတော်လေး ဆိုးရွားနေခဲ့သည်။ ချန်းချင်းယန်၏ ဖုန်းခေါ်ဆိုမှုကြောင့်သာ မဟုတ်ခဲ့ပါက မော့ကျန်းကို သူမပါဘဲ သေချာပေါက် လွှတ်ပေးလိုက်မည်မဟုတ်ပေ။


ယခုတွင်မူ လီယန်နှင့် အရေးကို ရှင်းလင်းပြီးပြီဖြစ်၍ သူ မော့ကျန်းကို ပို၍ စိတ်ပူနေသည်။


“နောက်ကျနေပြီ... မင်း စောစော ပြန်သင့်တယ်" ရှန်းယွမ်ဇယ်က ခုံပေါ်မှ ထရပ်ကာ ချန်းချင်းယန်ကို စကားတစ်ခွန်း ပြောကာ ခေါင်းလှည့်၍ပင် ပြန်လှည့်ကြည့်မလာဘဲ ထွက်သွားခဲ့သည်။


ချန်းချင်းယန်က အဝေးသို့ အပြေးသွားနေသော သူ့နောက်ကျောကို ကြည့်ကာ မျက်ခုံးကြုံ့မိသွားသည်။ ဒီလူက အခုထိ စိတ်ဆိုး မနေလောက်ပါဘူးနော်... သူက မိန်းမတွေထက်တောင် တွက်ကပ်နေသေးတယ်... 


ရှန်းယွမ်ဇယ်က ဆေးရုံတံခါးအပြင်ဘက်သို့ လျှောက်သွားကာ ကားဆီသို့ တည့်တည့်လျှောက်သွားလေသည်။ ဒါရိုက်ဘာခုံတွင် ထိုင်နေရင်းဖြင့် သူက ဖုန်းကိုထုတ်ကာ မော့ကျန်းကို ခေါ်ရန် အသင့်ပြင်လိုက်သည်။ သို့သော်လည်း တစ်ခဏမျှ စဥ်းစားပြီးနောက် ထိုအစား မက်ဆေ့ချ်ပို့လိုက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


“မင်းကြောင်လေး အဆင်ပြေရဲ့လား"


မက်ဆေချ့်ရောက်သွားပြီး မကြာခင်မှာပင် ပြန်စာတစ်ခု ပြန်ရလိုက်သည်။


 "ကိစ္စမရှိတော့ဘူး... သူပြန်ရောက်လာပြီ"


သူ ပြန်လာတယ်တဲ့လား... ရှန်းယွမ်ဇယ်က မျက်ခုံးပင့်မိသွားသည်။ သူက တကယ်ကြီးပျောက်သွားလိုက်သေးတာပေါ့...


“ငါ အမေရိကကို မသွားဖြစ်တော့ဘူး"


မော့ကျန်း၏ လက်များက ဖုန်းကိုင်ထားရင်းဖြင့် အနည်းငယ် တုန်ယင်သွားကာ မေးလိုက်သည်။


 "မင်းရဲ့ ကောင်မလေးကရော အခြေအနေ ဘယ်လိုရှိလဲ"


“ဒေါက်တာပြောတာကတော့ သူ နိုးလာတော့မှာတဲ့^ _ ^”


မော့ကျန်း တစ်ခဏမျှ အေးခဲသွားပြီးနောက် သူ့လက်များက ဖုန်းမျက်နှာပြင်ပေါ် ခပ်မြန်မြန် စာရိုက်နေလေသည်။


 "ဂုဏ်ယူပါတယ်ကွာ.. နောက်ဆုံးတော့ လရောင်ထွက်လာဖို့ တိမ်တွေ ကင်းစင်သွားပြီပေါ့"


ရှန်းယွမ်ဇယ်၏ နှုတ်ခမ်းထောင့်လေးများမှာ ကော့တက်လာရန် အချိန်မရလိုက်ပေ။ မော့ကျန်းက နောက်ထပ် မက်ဆေချ့်တစ်ခု ထပ်ပို့လာသည်။


 "ဒါပေမယ့် မင်းရဲ့ အဲ့ဒီအပြုံးကတော့ မြင်ရတာ တော်တော်လေး မသတီစရာ ကောင်းတယ်"


ရှန်းယွမ်ဇယ်: “…”


သူပြုံးကာ မက်ဆေချ့်ကို ပြန်ပြီး တည်းဖြတ်လိုက်လေသည်။ “^ _ ^ ^ _ ^ ^ _ ^ ပါဝါ သုံးဆ... မင်း အောင်အောင် မြင်မြင် စက်ဆုပ်သွားစေဖို့ မျှော်လင့်ရင်း...”


မော့ကျန်း: “…”


သူ့ကို ကလေးဆန်တယ်လို့ ပြောခဲ့တာ ဘယ်သူလဲ...


“ရှင့် သူငယ်ချင်းပဲလား"


 အားယောင်က မော့ကျန်းဆီသို့ တဖြည်းဖြည်း တိုးကပ်လာပြီး သူ့ဖုန်းမျက်နှာပြင်ပေါ်မှ မက်ဆေချ့်များကို ဖတ်ရန် ကြိုးစားလိုက်သည်။ 


မော့ကျန်းက ဖုန်းကို စားပွဲပေါ်သို့ ချထားလိုက်သည်။ သူ့ခေါင်းကို စောင်း၍ အားယောင်ကို ကြည့်လိုက်လေသည်။


 "အာ... သူက မင်းအတွက် ငါးကြော် ထည့်ပေးလိုက်တဲ့သူလေ"


အားယောင်: “…”


ဘာလို့များ ကမ္ဘာကြီးက အရမ်း ရက်စက်ရတာလဲလို့... သူမက ကြောင်ကိုယ်ထဲက မထွက်ခင် ချစ်စရာကောင်းတဲ့ ရွှေရောင်ငါးကြော်လေးကိုတောင် စားဖို့ အခွင့်အရေး မရှိလိုက်ဘူး... အခုတော့ သူမက လေလွင့်ဝိဥာဏ် ပြန်ဖြစ်သွားပြီဆိုတော့ ဘယ်လိုစားလို့ရတော့မှာလဲ... သူမ ဘာလုပ်ရမလဲ မသိတော့ဘူး... သောက်ကျိုးနဲ...


“ကျန်းကျန်း... ရှင့်ကိုယ်ထဲကို ဝင်ပူးဖို့ တကယ် ခွင့်မပြုဘူးလားဟင်"


 အားယောင်၏ မျက်နှာသေးသေးလေးက မော့ကျန်းကို စိုက်ကြည့်လိုက်သည်။ သူမမျက်နှာပေါ်က အပြုံးလေးက အန္တရာယ်ကင်းဟန် ပေါ်နေပေသည်။ 


မော့ကျန်း၏ မျက်ခုံးများ လှုပ်ရှားသွားသည်။ သူဒီစကားတွေ ကြားတိုင်း ဘာလို့များ နည်းနည်း ညစ်ညမ်းနေတယ်လို့ အမြဲတမ်း ခံစားနေရတာပါလိမ့်...


“ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"


 မော့ကျန်းက အိပ်ရာဆီသို့ သွားကာ လှဲချလိုက်သည်။ သူ မီးမှိတ်ကာ အိပ်ရန် ပြင်လိုက်သည်။


 "ဒါပေမယ့်... မင်း ကြောင်ရဲ့ ကိုယ်ထဲ ဝင်ပူးဖို့ စဥ်းစား ကြည့်လို့ရတယ်"


သို့သော်လည်း ၎င်းက ဖြစ်နိုင်ချေ မရှိပေ။ ကြောင်နက်လေးက ယခု အလွန်အားနည်းနေပြီး သူမသာ ထပ်ပူးလိုက်ပါက ထိုကြောင်လေးကို တမလွန်ဘဝသို့ပါ ပို့လိုက်မိမည်လား မသိနိုင်ပေ။


အကျိုးဆက်များကို စဥ်းစားကြည့်ပြီးနောက် အားယောင်က အဆုံးတွင် ငါးကြော်လေးကို လက်လျှော့လိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။


ခေါင်းအုံးပေါ်မှ မော့ကျန်း၏ အသံ ထွက်မလာခင်အထိ အခန်းက နှစ်မိနစ်မျှ တိတ်ဆိတ်သွားသည်။


 "ဘာလို့ ဒီနေရာမှာ ရှိနေသေးတာလဲ"


အားယောင်က သူ့ကို ဗလာအကြည့်များဖြင့် ကြည့်ကာ သူမမျက်နှာပေါ်မှ အမူအယာက အလွန် အပြစ်ကင်းနေပုံရသည်။ 


"ကျွန်မ အမြဲတမ်း ဒီနေရာမှာ နေတာပဲလေ... ရှင်မေ့သွားပြီလား... ကျွန်မတို့ အတူတူတောင် အိပ်ခဲ့ကြသေးတာကို" 


မော့ကျန်း: “…”


သူ တကယ်ပဲ ဒီသရဲမကို စာရွက်တစ်ရွက်လို လိပ်ပြီး စာရွက်ဖြတ်စက်ထဲ ပစ်ထည့်လိုက်ချင်တယ်နော်...


သူ့အိပ်ရာခင်းကို လှပ်ကာ ထရပ်လိုက်ပြီးနောက် မော့ကျန်းက သူ့ရှေ့မှ မျောလွင့်နေသော သရဲမကို ကြည့်ကာ သူ့ဒေါသကို ငြိမ်အောင် ထိန်းလိုက်ရသည်။ 


"အဲ့ဒါက အရင်တုန်းက မင်း ကြောင်ဖြစ်နေလို့လေ... အခု မင်းထွက်လာပြီ ဆိုတော့ အိပ်ဖို့ ဧည့်ခန်းထဲပဲ သွားလိုက်တော့" 


အရေထူသော အားယောင်က တည့်တည့်ပင် ပြန်ပြောလိုက်သည်။


 "ကျန်းကျန်း... ရှင်ရှက်နေဖို့ မလိုပါဘူး... ကျွန်မတို့က အနမ်းတောင် ပေးပြီးသွားပြီလေ... ဒါကြောင့်မို့ ရှင် တာဝန်ယူပေးရမယ်"


“ငါနမ်းခဲ့တာ ကြောင်နက်လေးပဲ... ငါ အခု သွားပြီး သူ့ကို တာဝန်ယူပေးလိုက်မယ်" 


မော့ကျန်းက ပြောပြီးနောက် အိပ်ရာမှ ခြေချကာ တံခါးဆီသို့ လမ်းလျှောက်သွားလိုက်သည်။ အားယောင်က သူ့နောက်မှ ခပ်မြန်မြန် မျောလွင့်လာသည်။


 "ရှင် ဘယ်သွားမလို့လဲ"


“ကြောင်လေးကို အပေါ်ထပ်ခေါ်သိပ်မလို့လေ"


အားယောင်: “…”


သူမ ဒီကြောင်လေးနဲ့ ဘာကိစ္စမှ မရှိတော့ဘူးလေ...


အားယောင်က အောက်ထပ်သို့ နာနာခံခံဖြင့် ဆင်းသွားသောကြောင့် အဆုံးတွင် မော့ကျန်းမှာ ထိုကြောင်လေးကို အပေါ်ထပ်သို့ ခေါ်မသိပ်လိုက်ရပေ။ အားယောင် ဆင်းသွားလျှင်တောင် မော့ကျန်း ဘယ်လိုများ ဆက်အိပ်နိုင်ပါ့မလဲ... ကြောင်လေးကို ပြန်တွေ့ပြီး အားယောင် ထွက်လာကာ အရာအားလုံး ပြေပြေလည်လည် ဖြေရှင်းနိုင်ခဲ့လျှင်တောင် သူ့နှလုံးသားထဲ တွဲလွဲခိုနေသည့် ကသိကအောက် ခံစားချက်တစ်ခု ရှိနေဆဲဖြစ်ပြီး သူ့ကို အနည်းငယ် မသက်မသာ ဖြစ်သွားစေရသည်။ 


အဆိုးဆုံးမှာ သူ့နှလုံးသားမှ မသက်မသာ ခံစားချက်က မည်ကဲ့သို့ ဖြစ်လာကြောင်းကိုပင် မသိချင်ခဲ့ပါပေ။


ထိုည၍ မော့ကျန်း ကောင်းကောင်း အိပ်မပျော်ခဲ့သော်လည်း ထန်ချန်း၏ ဖုန်းခေါ်ဆိုမှုက အမြဲတမ်းကဲ့သို့ပင် အချိန်မှန်  ရောက်လာခဲ့ပြီး သူ့ကို နိုးသွားစေခဲ့သည်။


“ဧကရာဇ်မော့ မင်း ဘာတွေ လုပ်ထားတာလဲ" ထန်ချန်း၏ အဖွင့် နှုတ်ဆက်သံက ပုံမှန်ကဲ့သို့ "ဂွတ်မောနင်း" မဟုတ်ဘဲ မေးခွန်းတစ်ခု ဖြစ်နေသည်က အတော် ရှားပေသည်။ မော့ကျန်းက ထန်ချန်း၏ ထိတ်လန့်အံ့သြနေသော အမူအယာကိုပင် စိတ်ကူး၍ ရနေသည်။


“ငါ ဘာလုပ်လို့လဲ" မော့ကျန်းက သူ့ဆံပင်များကို နွမ်းနွမ်းလျလျဖြင့် ပွတ်သပ်နေသည်။ သူ့ထံတွင် ကျန်ရှိနေသေးသော အိပ်ချင်စိတ်လေးက ထန်ချန်း၏ ဒေါသတကြီး အသံကျယ်ကြီးကြောင့် လွင့်ပါးသွားပြီ ဖြစ်သည်။


“ဒီနေ့ ရဲဌာနက ကုမ္ပဏီကို banner တစ်ခု ပို့ပေးလာပြီး မင်းအတွက်လို့ ပြောနေတယ်"


မော့ကျန်း: “…”


“ဘုရားရေ... မော့ကျန်း... မင်းက FBIရဲ့ အသွင်ယူ အေးဂျင့် တစ်ယောက်တော့ မဟုတ်လောက်ပါဘူးနော်"


မော့ကျန်း: “…” “ထန်ချန်း ထပ်အိပ်လိုက်အုံး"


ထန်ချန်း: “…”


မော့ကျန်း ပြင်ဆင်ပြီးသွားပြီးနောက် သူစတူဒီယိုသို့ တန်းမသွားတော့ဘဲ ထန်ချန်း၏ ဒေါသတကြီး ခေါ်ဆိုလာမှုကို ပြန်တုံ့ပြန်ရန်အတွက် သူကုမ္ပဏီကို အရင် ပြန်သွားလိုက်ရသည်။ ယခုတွင်မူ အားယောင်က အတားအဆီးများကို မတင်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် တံခါးဝမှ ထွက်ကာ မော့ကျန်းနောက်မှ တလျှောက်လုံး မျောလွင့်လျက် လိုက်လာခဲ့သည်။


Xxxx