အပိုင်း (၁၂၈)
Viewers 31k

Part 128


ယွမ်ရှက ပန်းစည်းပို့လိုက်သော သူသည် သွမ့်ချီ ဖြစ်ရမည်ဟု ခန့်မှန်းပြီး စုန့်ထင်ရှန်း၏ ခန့်မှန်းချက်ကလည်း အတူတူပင် ဖြစ်သည်။ 


လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ယွမ်ရှသည် မကြာခန အပြင်ထွက်လေ့ရှိသော်လည်း  သူမကို သဘောကျသူ ဘယ်သူကမှ အိမ်သို့ ပန်းစည်း မပို့ဖူးပေ။ လတ်တလောတွင် သူမသည် အပြင်မသွားသောအခါတစ်ယောက်ယောက်ကအိမ်သို့ ပန်းစည်းပို့လိုက်သည်။ ပန်းစည်းပို့သော လိပ်စာက မမှားလျှင် သူ၏ ရုံးခန်းသို့ လွန်ခဲ့သော ရက်အနည်းငယ်က ရောက်လာပြီး ယွမ်ရှနှင့် မကွာရှင်းသေးဘူးလားဟု မေးသော သွမ့်ချီဘဲ ဖြစ်မည်ဟု စန့်ထင်းရှန် သိလိုက်သည်။


ထိုကိစ္စသည် ယွမ်ရှ မပြောင်းလဲခင် အတိတ်က ဖြစ်ခဲ့မည်ဆိုလျှင် စုန့်ထင်းရှန်သည် ယွမ်ရှကိုဘဲ ဖြေရှင်းခိုင်းမည်သာ ဖြစ်သည်။ 


သို့သော် ယခုတွင် သူမကိုယ်တိုင် ဖြေရှင်းမည်ဆိုလျှင် သူမက သွမ့်ချီနှင့် ဆက်သွယ်ရမည် ဖြစ်သည်။ 


စုန့်ထင်ရှန်း ထိုကဲ့သို့ တွေးပြီး မကျေမနပ် ဖြစ်နေသည်။


သူ ယွမ်ရှကို ယုံကြည်သည်။ ယွမ်ရှနှင့် သွမ့်ချီ ကြားတွင်  မည်သည့် ကိစ္စမျှ မရှိပေ။ သူမသည် သွမ့်ချီကို မကြိုက်သည်ကိုလည်း ယုံကြည်သည်။


 ထိုအရာအားလုံးကို သိသော်လည်း မပျော်မရွှင် ခံစားနေရဆဲဖြစ်သည်။ စုန့်ထင်ရှန်း နောက်ဆုံးတွင် သူ၏ နှလုံးသား ခိုင်းစေသည့် အတိုင်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ ဖုန်းကို ကောက်ကိုင်၍ သူ့သူငယ်ချင်းကို ဖုန်းခေါ်လိုက်သည်။ 


“ငါ့ကို  လူတစ်ယောက်အကြောင်း စုံစမ်းပေးပါ..သူ့နာမည်က သွမ့်ချီ.. သွမ့် ကော်ပိုရေးရှင်းက အဖွဲ့ဝင် တစ်ယောက်ပဲ...”


“ဟမ်..မင်းက သွမ့်ကော်ပိုရေးရှင်း.ကို စိတ်ဝင်စားနေတာလား”


 သူ့ သူငယ်ချင်းက ပြုံးလိုက်သည်။


 “ သွမ့်ကော်ပိုရေးရှင်းက မဆုံးနိုင်တဲ့ ကိစ္စတွေရှိတာကို ဘယ်သူက မသ်ိဘဲ နေမှာလဲ..အဲ့မိသားစုက နေ့တိုင်း အတွင်းပဋိပက္ခတွေ နဲ့ အလုပ်များနေတာ..သွမ့်ထုတ်လုပ်ရေးပိုင်းကို စိတ်ဝင်စားတယ် ဆိုရင်တောင် သွမ့်ကော်ပိုရေးရှင်းကိုတော့ ထည့်စဉ်းစားလို့မရဘူး”


စုန့်ထင်ရှန်းက ပြန်ပြောလိုက်သည်။ 


“အလုပ်နဲ့မဆိုင်ပါဘူး”


သူ သွမ့်ချီကို ဘယ်လောက်မုန်းနေပါစေ အလုပ်နှင့် ကိုယ်ရေးကိုယ်တာ စည်းမျဉ်းရောမည်ကို မကြိုက်ပေ။ အလုပ်က အလုပ်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာက သပ်သပ်ဖြစ်သည်။  သွမ့်ချီကြောင့် သွမ့်ကော်ပိုရေးရှင်းကို ဒုက္ခမဖြစ်စေချင်ပါ။ သူ၏ အတိတ်က ပုံစံက ပြောင်းလဲသွားသည်။


“အလုပ်နဲ့ မပက်သက်ဘူး..ဒါဆို ကိုယ်ရေးကိုယ်တာ ကိစ္စလား..” သူ့သူငယ်ချင်းက အံ့ဩသွားသည်။ “ဘာဖြစ်တာလဲ..ငါသိတာက မင်းကုမ္ပဏီနဲ့ သွမ့်ကုပ္မဏီ စီးပွါးရေး ကိစ္စမှ မရှ်ိတာ”


စုန့်ထင်ရှန်းက အနည်းငယ် တွန့်ဆုတ်သွားသည်။ “တကယ်တော့ အဲ့လောက် အရေးမကြီးပါဘူး..အဲ့တာက စကားလုံးနည်းနည်းနဲ့ ရှင်းပြလို့မရဘူး..ဒီကိစ္စကို စုံစမ်းပေးဖို့ မင်းကိုတော့ ဒုက္ခပေးရလိမ့်မယ်”


သွမ့်ချီကို စုံစမ်းလျှင် သွမ့်မိသားစုကို သတိထားမိစေပြီး အခြေအနေများ ရှုပ်ထွေးကုန်မည်မှာ သေချာသည်။ သွမ့်ချီသည် ဆုံးဖြတ်ချက် အတွေးသိမ်သော လူတစ်ယောက်ဖြစ်သည်။ သူသည် အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်သော သူဖြစ်လျှင် ခုလို စုန့်ထင်ရှန်း၏ ရုံးခန်းသို့လာ၍ အဓိပ္ပာယ်မရှိသော စကားများကို ပြောမည် မဟုတ်ပေ။


သွမ့်မိသားစုထဲက လူတိုင်းသည် ငကြောင်များ မဖြစ်နိုင်ပါ။ စဉ်းစားတတ်သော လူများရှိရမည်။ တကယ်တမ်းတွင် သွမ့်မိသားစုသည် တစ်ချိန်က အရေးပါသော မိသားစု တစ်ခုဖြစ်ခဲ့သည်။ သွမ့်ချီ၏ ကိစ္စကို သူတို့ သိလျှင် ဖြေရှင်းကြမည်ဆိုသည်ကို စုန့်ထင်းရှန်သိသည်။


“ဒါဆို ငါမေးမယ်..သွမ့်ချီက မင်းကို စိတ်အနှောက်အယှက်ပေးတာလား..ငါ့မှာ သွမ့်မိသားစုနဲ့ အမျိုးတော်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရှိတယ်..ငါသူ့ကို တစ်ချက်မေးကြည့်မယ်”


“စိတ်အနှောက်အယှက် ဖြစ်တယ်လို့ ပြောရအောင်ထိတော့ အရေးမပါဘူး..”စုန့်ထင်ရှန်းက မပြတ်မသား ဖြေလိုက်သည်။ “လူငယ်တွေက တစ်ဇွတ်ထိုး လုပ်တတ်ကြတယ်..ဒါကလဲ ကိစ္စကြီး မဟုတ်ပါဘူး”


သူသည် ရှင်းလင်းစွာ မပြောသော်လည်း ပြောစရာလိုသည့် အရာအားလုံးကို ပြောပြီးသား ဖြစ်သည်။ 


“ငါနားလည်ပါတယ်..စိတ်ချပါ..ငါသူ့ကို မေးကြည့်လိုက်မယ်”


သူသည် စုန့်ထင်ရှန်း၏ အကျင့်ကို သဘောပေါက်သည်။ “စိတ်အနှောက်အယှက် ဖြစ်တယ်လို့ ပြောရအောင်ထိ အရေးမပါဘူး...” ဟု ဆိုလ်ိုသည်က ထိုအရာသည် ကြီးမားသောကိစ္စဖြစ်ကြောင်း သူသဘောပေါက်သည်။ ထို့နောက် သူသည် လူငယ်တွေက တစ်ဇွတ်ထိုး လုပ်တတ်ကြသည်ဟုပြောသည်။


စုန့်ထင်ရှန်းသည် ဆင်းရဲသော မိသားစုမှ လာ၍ နားလည်ရခက်သူ ဖြစ်ပြီး သူ၏ လမ်းကြောင်းကို သူ့ကိုယ်သူ တည်ဆောက်သည်။ ထိုအရာက သူသည် သာမာန်လူမဟုတ်သည်ကို ဆိုလိုသည်။ သူဒေါသထွက်သည်က ရှားပါးသော. အရာဖြစ်ပြီး ဒေါသထွက်လျှင်လည်း တစ်ခုခုလုပ်လိုက်ရမှ ကျေနပ်တတ်သူဖြစ်သည်။


“ကျေးဇူးပါ..”စုန့်ထင်ရှန်းက ပြောလိုက်သည်။


“မင်းက အရမ်းယဉ်ကျေးနေပါလား..ငါတို့က သူငယ်ချင်းတွေပါကွာ မလိုပါဘူး...”