Part 129
ယွမ်ရှသည် ဝမ်လေးက သူမပန်းတွေရောင်းလိုက်ကြောင်း စုန့်ထင်ရှန်းအားပြောပြီးသည်ကို မသိပေ။
ယခုလက်ရှိ၌ သူမအတွက် သွမ့်ချီက အရေးကြီးသော ပြဿနာတစ်ခု ဖြစ်နေလေသည်။ သူမ သွမ့်ချီ က်ိစ္စကို ဘယ်လ်ိုဖြေရှင်းရမလဲ မသိဖြစ်နေသည်။ သူမဆီကို နေ့တိုင်း သူက ပန်းစည်းတွေ ဆက်တိုက် ပို့နေလျှင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သူမ မသိပေ။ ပန်းများကို ပြန်ရောင်း၍ အပ်ိုဝင်ငွေ ရသည်က ကောင်းသော်လည်း သူမ အိမ်တွင် ယောကျာ်းရှိနေသည်။ သူ မရှိသလို ဟန်ဆောင်နေလို့လဲ မဖြစ်နိုင်ပေ။ သူမဆီက အခွင့်အရေးရဖို့ သွမ့်ချီက တစ်ခြား ဘာတွေလုပ်အုန်းမလဲဆိုတာ မည်သူမှ မသိနိုင်ပေ။ ထိုကဲ့သို့ သူမနောက် လိုက်နေခြင်းကိုလည်း သည်းမခံနိုင်ပေ။
သွမ့်ချီကို နားလည်အောင် ပြောမည်ဆိုလျှင်လည်း တကယ်တမ်းတွင် အသုံးမဝင်ပေ။ သူမသည် စကားများ ပြောခဲ့ပြီးပြီဖြစ်သော်လည်း သူက မကြားချင်ယောင်ဆောင်နေသည့်အပြင် ပိုဆိုးလာပြီး သူမအိမ်ထိတောင် ပန်းစည်းများ ပို့လာသည်။
ဘာပဲဖြစ်ဖြစ် သူမ သူ့ကိုသွားရှာမည် မဟုတ်ပေ။ သူမ ခုလိုလုပ်လျှင် သူဘာလုပ်မလဲဆ်ိုတာ ဘယ်သူမှ မသိပေ။ ထိုသွမ့်ချီ သူ့ကိုယ်သူအထင်ကြီးကာ ဘဝင့်မြင့်သွားပြီး သူမ ဒုက္ခပိုရောက်နိုင်ပေသည်။
သွမ့်ချီကို အကြပ်ကိုင်ပြီး အန်ိုင်ရရန် ရိုးရှင်းပြီး သူ့ကို အခက်တွေ့စေမည့် နည်းလမ်းက်ို ရွေးချယ်ချင်သည်။သို့သော် သူ့လို လူအတွက် သူမ အနိုင်ရနိုင်ဖို့ နည်းလမ်း ကျန်ပါ့မလား သူမ မသိပေ။
တစ်ခြား သူမ ဘာလုပ်နိုင်သေးလဲ။ ယွမ်ရှ ထပ်တလဲလဲ စဉ်းစားပြီး နောက်ဆုံးတွင် စုန့်ထင်ရှန်းနှင့် ဒီက်ိစ္စကို ပြောပြီး အကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။ သူက သူဌေးတစ်ဦးဖြစ်ပြီး လူနေမှု အသိုင်းအဝိုင်းမှာလည်း တော်သော သူတစ်ယောက်ဖြစ်သည်။ သူက သူမထက် နည်းလမ်းများ ပို၍ ရှိနိုင်သည်။ ထို့ပြင် သူ့ကို ကူညီဖို့ တောင်းဆိုလျှင် သူမ လိပ်ပြာသန့်ကြောင်း ပို၍ မြင်သာစေမည် ဖြစ်သည်။ သူလည်း သူ့အိမ်ကို နေ့တိုင်း ပန်းစည်းများ ပို့သည်ကို ကြိုက်မည်မဟုတ်ပေ။
သူမသည် ဒီအစီအစဉ်ကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ဝမ်လေးသည် သူ့အမေ ပျော်ရွှင်နေသည်ကို အလ်ိုလို သိနေသည်။ သူမ အပေါ်တွင် အိပ်လိုက်ပြီး မေးလိုက်သည်။ “မာမား..အဲ့ပန်းတွေက အရမ်းလှတယ်..ဘာလို့မကြိုက်တာလဲ”
ထိုကလေး၏ အကဲဖတ်နိုင်စွမ်းက လျင်မြန်ပေသည်။ သူမ ပန်းစည်းကို မကြိုက်လို့ဟု သူ့ကိုပြောလိုက်လျှင် စုန့်ထင်းရှန်းလည်း ထိုအကြောင်းကိုသိမည်ဖြစ်သည်။ ယွမ်ရှ စဉ်းစား၍ ဖြေလိုက်သည်။
“ ဘာလို့လဲဆ်ိုတော့ မာမားက ပန်းစည်းပို့တဲ့သူကို သဘောမကျလို့ပေါ့..အဲ့ပန်းတွေကို ကလေးလေး ဝမ်က
ပို့တယ်ဆိုရင် မာမားက အများကြီး သဘောကျမှာ...”
ဝမ်လေးက အိတ်ကပ်ထဲကို နှိုက်ကြည့်လိုက်သည်။ အကြွေစေ့ တစ်စေ့မှ မတွေ့ပေ။ “ဒါပေမယ့် မာမားကို ဝယ်ပေးဖို့ သားမှာ ပိုက်ဆံ မရှိဘူး”
“ရပါတယ်..သား ကြီးလာတဲ့ အချိန်ကျရင် ပိုက်ဆံအများကြီးရလာပြီး မာမားကို ပန်းတွေ ဝယ်ပေးနိုင်လိမ့်မယ်..အဲ့တာက တူတူဘဲ”
ဝမ်လေးက သက်ပြင်းချလိူက်သည်။ “ဘာလို့ ကလေးတွေမှာ ပိုက်ဆံမရှိတာလဲ”
ဝမ်လေးသည် ဒီနှစ်တွင် လေးနှစ်ပြည့်မည်ဖြစ်သည်။ အနာဂတ်တွင် သူသည် CEO နေကို ခြယ်လှယ်ရမည်ဖြစ်သည်။ ယခုတော့ သူသည် အိတ်ကပ်ထဲတွင် လှန်လှောရှာဖွေတာတောင်မှ အကြွေစေ့ တစ်ပြားမှ မရှိပေ။
ယွမ်ရှ သူ၏ ဆံပင်လေးကို ဖွလိုက်သည်။ သူမပိုက်ဆံအိတ်ထဲက တစ်ဒေါ်လာထုတ်ပြီး သူ့ကိုပေးလိုက်သည်။
“ရော့ အခုသားမှာ. ပိုက်ဆံရှ်ိသွားပြီ…”
ဝမ်လေး စိတ်ကျေနပ်မှု ရသွားပြီး ဒေါ်လာစေ့ကို ကိုင်၍ သူသည် မမြင်ဖူးသကဲ့သို့ ဘယ်ကြည့်လိုက် ညာကြည့်လိုက်နှင့် ကြည့်နေသည်။
ယွမ်ရှ. သူ့ကို ကြည့်လိုက်ပြီး အခုမှ စုန့်ထင်းရှန်၏ ခံစားချက်ကို နားလည်တော့သည်။
သူမသည် ထို ဝကစ်သော ကလေးလေးနှင့် ဆက်ဆံရတာ လအနည်းငယ်ဘဲ ရှိသေးသည်။ သူမသည် သူ့ကိူ နာကျင်စေမည့်အရာ ဘာတစ်ခုမျှ မပြုလုပ်ခဲ့ပေ။ သူမသည် သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို အမြဲကျန်းမာ ပျော်ရွှင်နေအောင် လုပ်ပေးသည်။ သူမသည် ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းကို အတွေ့အကြုံမရှိသော်လည်း တစ်နှစ်ခွဲလောက် ထိုကလေးလေးနှင့် အတူတူနေမည်ဆိုလျှင် အမေတစ်ယောက်ကဲ့သို့ ဖြစ်လာနိုင်သည်။
သူတို့၏ ကလေးများကို ပျော်ရွှင်မှုနှင့် အေးချမ်းသောဘဝကို ရစေချင်လျှင် မိဘတွေကလဲ သူတို့ကို ကာကွယ်ပေးရမည်။
အတိတ်တွင် ဝမ်လေးကို ကာကွယ်ပေးမည့်သူက စုန့်ထင်ရှန်းသာ ရှိခဲ့သည်။ အနာဂတ်တွင်တော့ သူမလဲ ထိုနေရာမှာ ပါဝင်နိုင်လာမည် ဖြစ်သည်။