အပိုင်း (၁၃၀)
Viewers 31k

part 130


လီယွမ်ဟန့်သည် ကောလိပ်မှ ဘွဲ့ရပြီးကတည်းကမိဘများအိမ်တွင် မနေတော့ပေ။ အခု လပ်ထပ်ပြီးချိန်၌လည်း သူ့မိသားစုနှင့် နေထိုင်သည်။ 


သူ အလုပ်အရမ်းများလွန်း၍ အိမ်ပြန်၍ မိဘများနှင့် အတူနေဖို့ အချိန်မရှိပေ။ ကံကောင်းစွာဖြင့် သူ၏ မိန်းမသည် ဇနီးကောင်းတစ်ယောက်ဖြစ်ပြီး သူတို့ မိဘအိမ်သို့ မကြာခဏသွား၍ ညစာအတူစားလေ့သည်။ 


လီယွမ်ဟန့်အနေဖြင့် စုန့်ထင်ရှန်း၏ အရိပ်အယောင်ကို နားလည်သည်။ 


ပထမ သူ့တွေးမိသည်က သူ့မိန်းမကို သူ့ညီမနှင့် အရင်ဆုံး ဒီကိစ္စက်ို ပြောစေချင်သည်။ မိန်းကလေးနှစ်ယောက်က သူတို့အမြင်များကို ပြောကြည့်လျှင် ပိုအဆင်ပြေသည်ဟု ထင်သောကြောင့်ဖြစ်သည်။ သို့သော် သူ့မိန်းမကို ပြောရမည့် အချိန်တွင် သူသည် ပြော၍ မထွက်ဖြစ်နေသည်။ သူဘာပြောရမလဲ။ သူ့ညီမက လက်ထပ်ပြီးသား လူတစ်ယောက်ကို လိုချင်နေသည်ဟု ပြောရမလား။ သူမသည် သူတစ်ပါး အိမ်ထောင်ရေးနှင့် မိသားစုကို ဖျက်ဆီးသလို ဖြစ်နေသည်။ 


သူ တွေးရုံနှင့်ပင် အလွန်မျက်နှာပူနေသည်။ 


လီယွမ်ဟန့်က သူ့ညီမကိုဘဲ ဖြေရှင်းခိုင်းမည်ဟု တွေးခဲ့သည်။ နေ့လည်ကထွက်လာပြီးနောက် သူသည် စုန့်ကော်ပိုရေးရှင်းဆီသို့ အထူးတလည်သွားဖို့စီစဉ်လိုက်သည်။ လီကျင်းကို ဖုန်းခေါ်၍ သူပြောစရာရှိကြောင်း ပြောခဲ့သည်။


လီကျင်းက ထိုအရာများကို မမျှော်မှန်းထားပေ။  အမျိုးသားနေ့ နီးလာ၍ ငွေကြေးဌာနက အလုပ်ရှုပ်နေသော်လည်း သူမက အသစ်ဝင်လာသူဖြစ်သည့်အတွက် အလုပ်သိပ်မရှိပေ။ သူမသည် လုပ်ဖော်ကိုင်ဖက်များအတွက် ကော်ဖီထွက်ဝယ်ရန် ခွင့်ပြုချက်ဖြင့် အလုပ်မှ လစ်ထွက်လာခဲ့သည်။ သူတို့နှစ်ဦးသည် အနီးနားက ကော်ဖီဆိုင်တွင် ချိန်းလိုက်သည်။ 


လီကျင်းက ထိုင်ပြီးနောက် မေးလိုက်သည်။ “အကိုကြီး..ဘာလို့ ရုံးမလာတာလဲ..အကိုစုန့်လဲ အဲ့မှာ ရှိတယ်..ငါအဲ့မှာ အလုပ်လုပ်နေတာ ကြာပြီ အကိုစုန့်ဆီ လာလည်တာ မတွေ့ဖူးသေးဘူး”


သူမ ဆုံးဖြတ်လိုက်သော အတွေးက တစ်ကိုယ်ကောင်းဆန်သည်။ အလုပ်က လူတိုင်းသည် သူမ CEOနှင့် ရင်းနှီးသည်ကို သိသော်လည်း သူမက သူ့အကိုအကြီးဆုံး ရုံးသို့ လာလည်မည်ကို မျှော်လင့်နေသည်။ ဒီနည်းလမ်းက သူမအကိုကလဲ စုန့်ထင်ရှန်းနှင့် ရင်းနှီးသည်ကို အလုပ်က လူတိုင်းက သိသွားမည် ဖြစ်သည်။ သူမသည် စုန့်ထင်ရှန်းနှင့် တွေ့ရရန် အခွင့်အရေးများ ယူမည်ဖြစ်သည်။


လီယွမ်ဟန့်က သူ့ညီမကို ကြည့်လိုက်သည်။ စားပွဲထိုးကို ခေါ်လိုက်ပြီး သူ့အတွက် ကော်ဖီတစ်ခွက်နှင့် သူ့ညီမအတွက် ဖျော်ရည်တစ်ခွက်မှာလိုက်၍ သူမကို ပြောသည်။ “ကျင်း..စုန့်ကော်ပိုရေးရှင်းက အိမ်နဲ့မနီးဘူး..အသွားအပြန်လုပ်ရတာ တစ်နေ့ကို နာရီအနည်းငယ် ကြာတယ်..မာမားကလဲ ဒီအကြောင်းကို ပြောတယ်..ငါလဲ စဉ်းစားနေတာ..စီးပွါးရေး ခုမှစလုပ်နေတဲ့ အထက်တန်းတုန်းက သူငယ်ချင်းတစ်ယောက် ငါ့မှာရှိတယ်..စီးပွါးရေးက အစဘဲရှိသေးပေမယ့် အလားအလာကောင်းတယ်..ရုံးကလဲ အိမ်နဲ့နီးတယ်..မင်းလမ်းလျှောက်သွားလို့ရတယ်..အဲ့ဒါကြောင့် အလုပ်ထွက်ပြီး အဲ့မှာအလုပ်လုပ်လိုက်..မင်းကငါ့ညီမဖြစ်တာကြောင့် သူက လစာကောင်းကောင်းနဲ့ အကျိုးအမြတ်တွေ ပေးမှာ သေချာတယ်..မင်း အဲ့အတွက် စိတ်ပူစရာမလိုဘူး”


“ငါအဲ့လို မလုပ်ချင်ဘူး” လီကျင်းသည် ဘာမှမတွေးတော့ဘဲ ခေါင်းရမ်းလိုက်သည်။ “ငါအခုလုပ်နေတဲ့ ကုမ္ပဏီကိုဘဲ သဘောကျတယ် အခြားတစ်ခု မပြောင်းချင်ဘူး”


“နင်က နဂိုကတည်းက ရုံးမှာ လုပ်ဖူးတော့ မင်းဘယ်မှာ လုပ်လုပ် ကိစ္စမရှိဘူး..အဲ့ကုမ္ပဏီက အိမ်နဲ့ နီးတယ်..နေ့လည်တွေမှာ အိမ်ပြန်လာပြီး နေ့လည်စာစား အနားယူလို့ရတယ်..."


လီယွမ့်ဟန်က အသံကို နိမ့်၍ပြောလိုက်သည်။


 “ အကိုကြီး စကားကို နားထောင်ပါ…နင်ဒုက္ခရောက်နေမယ့် အရာတွေ မလုပ်ခိုင်းဘူး..နင့် အလုပ်က အိမ်နဲ့ နီးတော့ ပါပါးနဲ့ မာမားကလဲ စိတ်ပူစရာမလိုတော့ဘူး..ဘယ်လိုလဲ..အချိန်ယူပြီး သေချာစဉ်းစားလိုက်..အကိုစုန့်ကို အခွင့်အရေးရရင် အဲ့အကြောင်းပြောပေးမယ် “


သူက အဲ့ဒါကို စဉ်းစားဖို့ပြောပေမယ့် တကယ်တမ်းတွင် သူမကို အသိပေးခြင်းသာဖြစ်သည်။ 


လီကျင်း ဒေါသထွက်လာလေသည်။ 


“ အကိုကြီး ငါကအရွယ်ရောက်ပြီးသားသူ တစ်ယောက်ပါ..ငါဘယ်မှာ လုပ်ချင်လဲတောင် ဆုံးဖြတ်လို့မရဘူးလား..ငါပြောပြီးပြီ အလုပ်မပြောင်းချင်ဘူး..ပြီးတော့ အခုကုမ္ပဏီကိုလဲ တကယ်ကြိုက်တယ်..ငါကညီမဆိုပြီး အမိန့်ပေးပြီး ဆုံးဖြတ်ချက်တွေ မချခိုင်းပါနဲ့..အဲ့လိုလုပ်တာ ငါမကြိုက်ဘူး”


သူမသည် စိတ်အနှောက်အယှက်ဖြစ်နေပြီး လီယွမ်ဟန့်က ကူညီရာမရ ဖြစ်နေသည်။


သူ ကော်ဖီကို တစ်ငုံသောက်ပြီး ကော်ဖီခွက်ကို ချလိုက်ပြီး သူမကို စိတ်မကောင်းစွာဖြင့် ကြည့်လိုက်သည်။


 “နင်က အဲ့ကုမ္ပဏီကို သဘောကျတာလား..ကုမ္ပဏီထဲက တစ်ယောက်ယောက်ကို သဘောကျတာလား...”