အပိုင်း (၁၃၁)
Viewers 31k

Part 131


လီကျင်း သူ့အကိုကြီး ပြောသော စကားများကို ကြားကြားချင်းပင် ဆက်ခနဲ မော့ကြည့်လိုက်မျသော်လည်း မတုန်လှုပ်ချင်ယောင်ဆောင်၍ ပြုံးပြလိုက်သည်။


 “အကိုကြီး ဘာပြောနေတာလဲ..ငါနားမလည်ဘူး”


ပွင့်လင်းသောသူဖြစ်၍ လီယွမ်ဟန့်သည် သွယ်ဝိုက်ပြီး အရိပ်အမြွက်ဖြင့် မည်သို့ပြောရမည်ကို မသိပေ။ ခေါင်းမာစွာဖြင့် မသိချင်ယောင်ဆောင်နေသော သူမကို အနည်းငယ် ဒေါသထွက်နေမိသည်။ သူ မျက်နှာပေါ်က အပြုံးကို ဖယ်လိုက်ပြီး ပြောလိုက်သည်။ 


“ကျင်း..ငါတို့ လီမိသားစုက နောက်က ပံ့ပိုးပေးမယ့် အသိုင်းအဝိုင်း မရှိဘူးလို့ ပြောလို့ရတယ်..မင်းက အမြဲစကားနားထောင်ပြီး သိတတ်တယ်..မင်းက ပါး မားနဲ့ ငါ့ကို စိတ်ပူအောင် တစ်ခါမှ မလုပ်ဖူးဘူး”


“ဒါပေမယ့် ကျင်း..လူတစ်ယောက်က ဘယ်လောက်ကြည့်ကောင်းနေပါစေ ဘယ်လောက်ပိုက်ဆံရှာတော်နေပါစေ ဒါတွေက ဒုတိယ အရေးပါမှု တွေဘဲ..ဂုဏ်သိက္ခာက အရေးကြီးဆုံးဘဲ..လူတွေက အမှားအမှန် ခွဲခြားတတ်ရမယ်..အဲ့လိုမှမဟုတ်ရင် တိရစ္ဆာန်တွေနဲ့ ဘာမှ မကွာတော့ဘူး”


လီကျင်း၏ မျက်နှာသည် ဖျော့တော့သွားပြီး သူမ၏ လက်များလဲ တုန်ခါနေသည်။ သူမ၏ အကိုကို သေချာကြည့်၍ ပြောလိုက်သည်။


 “အကိုကြီး တစ်ယောက်ယောက်က တစ်ခုခုပြောလိုက်တာလား”


သူမ စုန့်ထင်ရှန်းကို တစ်ဖက်သတ် ကြိုက်နေတာ ပျံ့သွားလို့ သူ့အကိုဆီ ရောက်သွားတာ ဖြစ်နိုင်လား…ဒါပေမယ့် သူ့ကို ဘယ်သူက ပြောမှာလဲ..သူမရဲ့ ခဲအိုလား..မွေးစား ညီမလား..


“အပြင်က ကြားခဲ့တာ မဟုတ်ပါဘူး..လောင်စုန့်က ငါ့ကိုပြောပြတာ”


ထိုစကားလုံးများသည် လီကျင်းကို တုန်လှုပ်သွားစေသည်။ သူမသည် လီယွမ်ဟန့်ကို မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ မေးသောအခါ စကားများ ထစ်နေသည်။


 “သူက..သူကဘာပြောတာလဲ”


လီယွမ်ဟန့်က သက်ပြင်းချလိုက်သည်။ “သူက ငါ့မျက်နှာကို ထောက်ပြီး ရှင်းရှင်းလင်းလင်းတော့ မပြောဘူး..ဒါပေမယ့် ကျင်း မင်းသူ့ကို နားမလည်နိုင်ဘူး..သာမာန်အခြေအနေဆိုရင် လောင်စုန့်က ငါ့ကိုပြောမှာ မဟုတ်ဘူး..ဒီလိုပြောတာက မင်းလုပ်နေတာတွေက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေလို့ဘဲ..ပြောရရင် သူအဲ့တာတွေကို မကြိုက်လို့ဘဲ...”


လီကျင်း သူမ အကိုပြောသည်များကို ကြားပြီး ငိုချင်လာသည်။


တစ်ယောက်ယောက်က သူမ အကြောင်း အတင်းပြောနေလျှင် သူမ သည်းခံနိုင်သည်။ သို့သော် သူ့အကိုပြောသည့် စုန့်ထင်ရှန်းက သူမ သူ့အပေါ် လုပ်ရပ်များကို မကြိုက်ဘူး ဆိုသည်က သူမ နှလုံးသားကို ဓားဖြင့် လှီးခံရသလို ခံစားရသည်။


လီကျင်း နာကျင်သွားသည်ကို မြင်ရသောအခါ လီယွမ်ဟန့်သည် ဆက်မပြောနိုင်တော့ပေ။ သို့သော် သူမကို ခုလို သတိမပေးလျှင် သူမသည် ဒီလမ်းကို ဆက်လျှောက်မည် ဖြစ်ပြီး သူမအတွက်ပို၍ ထိခိုက်မည်ကို သူသိသည်။ 


“ကျင်း..အကိုကြီးက မင်းကို အမှန်တရား တစ်ခုပြောမယ်..သူနဲ့ သူ့မိန်းမက အဆင်မပြေဘူးလို့ တစ်ခြားသူတွေ ပြောတဲ့အခါ မယုံပါနဲ့..သူတို့က လျှောက်ပြော နေကြတာ..သူတို့ ဘာမှမသိဘူး..လောင်စုန့်နဲ့ ငါက အရမ်း ရင်းနှီးတယ် ဒါမဲ့ သူနဲ့ သူ့မိန်းမ ဆက်ဆံရေးကို ငါမသိဘူး..ငါသိတာ တစ်ခုတော့ ရှိတယ်..စုန့်က သူ့မိန်းမကို ကွာရှင်းမှာ မဟုတ်ဘူး..လက်ထပ်တာက မင်းထင်သလို မရိုးရှင်းဘူး..သူတို့က ကလေးရှိတယ်..”


“ခုလိုပြောတာက ငါ့နားလည်မှုနဲ့ ပြောတာ လောင်စုန့်က မင်းကို ဘယ်လိုမှ သဘောမကျနိုင်ဘူး..တစ်အချက်က မင်းက ငါ့ညီမဖြစ်နေလို့..သူ အခုချိန်မှာ လူပျိုလူလွတ်ဖြစ်နေရင်တောင် ဒီအကြောင်းကြောင့် မင်းကို ပြန်ကြိုက်မှာ မဟူတ်ဘူး..ဒုတိယက သူက အရမ်း တာဝန်ကျေတဲ့သူ တစ်ယောက်ဖြစ်တယ်..သူ့မိန်းမအပေါ် ဘယ်လို ခံစားချက်ဘဲ ရှိနေ ရှိနေ သူတို့က လက်ထပ်ပြီးပြီ ကလေးလဲရှိတယ် သူက ကျင့်ဝတ် ဖောက်ဖျက်တဲ့ အရာတွေ လုပ်မှာ မဟုတ်ဘူး..သူ့လည်ပင်းကို ဓားထောက်ပြီး လုပ်ခိုင်းရင်တောင် လုပ်မှာမဟုတ်ဘူး..”


“မင်းက လက်ထပ်ပြီးသားလူ တစ်ယောက်ကို လိုချင်နေတယ်ဆိုတာ ပါပါးနဲ့ မာမားသိရင် သူတို့ မင်းအပေါ် ဒေါသထွက်လိမ့်မယ်..ဂုဏ်ယူစရာ တစ်ခုမှ မရှိဘူး..မင်းလုပ်ရပ်တွေနဲ့ အပြုအမူတွေက တစ်ခြားမိန်းမတစ်ယောက်နဲ့ ကလေးဖြစ်သူကို နာကျင်စေတယ်ဆ်ိုတာ မင်းတွေးမိလား..အချစ်နောက်လိုက်တာ မမှားဘူး..ဒါပေမယ့် အဲ့တာက တစ်ခြားသူတွေကို နာကျင်စေမယ်ဆိုရင်တော့ လက်ခံလို့မရဘူး..တစ်ခြားသူရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ဖျက်ဆီးတာနဲ့ ပက်သက်လာရင် တွေးကိုမတွေးသင့်ဘူး..မင်း အမှားအမှန်ကို ခွဲခြားတတ်ရမယ်”