Part 132
လီယွန်ဟန့်က စကားဆက်မပြောခင် ခနရပ်လိုက်သည်။
“ဒါက မင်းနဲ့ ညှိနှိုင်းနေတာ မဟုတ်လို့ စဉ်းစားစရာမလိုဘူး..နှုတ်ထွက်လိုက်..စုန့်ကော်ပိုရေးရှင်းမှာ ကြာကြာမနေနဲ့တော့..မင်းကို တစ်လအချိန်ပေးမယ်..မင်း တစ်လအတွင်းမှာ စုန့်ကော်ပိုရေးရှင်းမှာ ရှိနေသေးတယ်ဆိုရင် ပါပါးနဲ့ မားမားကို ပြောဖို့ စဉ်းစားရလိမ့်မယ်…မင်း ငါ့စကားကို နားမထောင်ရင်တောင်မှ ပါပါးနဲ့ မာမား စကားကိုတော့ နားထောင်မယ်မလား..”
လီကျင်း ဘာမှမပြောဘဲ ဖျော်ရည် ဖန်ခွက်ကိုသာ စိုက်ကြည့်နေသည်။ သူမ၏ အမူအရာက အလွန်ကြည့်ရဆိုးနေလေသည်။
“ကောင်းပြီ..နင့်ရဲ့ အလုပ်အချိန်ကို မကုန်စေချင်ဘူး..”
လီယွမ်ဟန့် လက်ပင့်လိုက်ပြီး လက်က နာရီကို ကြည့်လိုက်သည်။ သူ သွားခါနီး ပြောသော စကားများက နူးညံ့နေသည်။
“ကျင်းလေး…နင် လမ်းမှားကို သွားမှာမဟုတ်ဘူးလို့ အကိုကြီး မျှော်လင့်တယ်..လူတစ်ယောက်ကို ဘယ်လောက် သဘောကျနေပါစေ မလုပ်သင့်တဲ့အရာတွေနဲ့ မဖြတ်သင့်တဲ့ မျဉ်းတွေ ရှိတယ်ဆ်ိုတာ အနာဂတ်မှာ နင်နားလည်လာလိမ့်မယ်..ပြီးတော့ သူက ကျင်း ကို သဘောမကျဘူး..”
သူ့အကြံပေးချက်များက ကြားရတာ မကောင်းသော်လည်း သူ့ညီမက သူပြောတာကို နားထောင်လိမ့်မည်ဟု ယုံကြည်နေသည်။
သူမကို ချစ်တဲ့သူတစ်ယောက် အနေနဲ့ ထိုစကားများကို ပြောရတာ သူမကို လမ်းမှန်ကို မြင်စေချင်သောကြောင့် ဖြစ်သည်။ သူမ စိတ်ဆိုးလျှင်လည်း ကိစ္စမရှိပေ။ သူလက်ခံနိုင်သည်။ သူမလမ်းမှားကို မရောက်သွားဖို့သာလျှင် သူ့မျှော်လင့်ချက်ဖြစ်သည်။
…
စုန့်ထင်ရှန်းက အလုပ်မှ အပြန်လမ်းတွင် ဒရိုက်ဘာကို ပြောလိုက်သည်။ “ ပန်းရောင်းတဲ့ ဆိုင်နားက ဖြတ်ရင် ခနရပ်ပေးပါ”
“ကောင်းပါပြီ CEO စုန့်”
စုန့်ကော်ပ်ိုရေးရှင်းသည် မြို့ထဲနှင့် နီးသောကြောင့် ပန်းဆိုင်များစွာရှိသည်။ ဒရိုက်ဘာက ကားရပ်ဖို့ အဆင်ပြေသည့် ဆိုင်တွင် ရပ်လိုက်ပြီး နောက် လှည့်၍ မေးလိုက်သည်။
“ CEOစုန့် ကျွန်တော်တို့ ပန်းဆိုင်ရောက်ပါပြီ..အပြင်မှာ ထွက်စောင့်နေစရာ လိုသေးလား”
“မလိုပါဘူး..” စုန့်ထင်ရှန်းက tabletကို ချလိုက်ပြီး ကားတံခါးဖွင့်လိုက်သည်။
အားလပ်ရက်မဟုတ်သောကြောင့် ပန်းဆိုင်များသည် အလုပ်မရှုပ်နေပေ။ သူဝင်ဝင်ချင်း ဆိုင်ဝန်ထမ်းက သူ့ကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။
“ဘယ်လို ပန်းအမျိုးအစားမျိုးကို လိုချင်လဲရှင့်..ကျွန်မတို့မှာ အလန်းဆုံး ပန်းတွေ ရှိပြီး တစ်ခြားဆိုင်တွေထက် ပိုစုံပါတယ်”
စုန့်ထင်ရှန်းက အနီရောင် နှင်းဆီပန်းများကို ကြည့်လိုက်ပြီး အကြံတစ်ခု ရလိုက်သည်။ တစ်ယောက်ယောက်က သူမကို နှင်းဆီပန်းတွေ ပို့ပြီးပြီဆိုတော့ သူဝယ်သွားလျှင် အသစ်အဆန်းဖြစ်တော့မည် မဟုတ်ပေ။
ပန်းဆိုင်ကို ပတ်ကြည့်ပြီးနောက် သူ ဘာယူရမလဲ မသိသေးပေ။ သူတွင် ပန်းဝယ်ပေးသော အတွေ့အကြုံ မရှိဖူးပေ။ နောက်ဆုံးတွင် သူ့မျက်လုံးထဲမှာ အလှဆုံးဟု ထင်ရသော ပြင်သစ်နှင်းဆီပန်းများကိုသာ ရွေးချယ်လိုက်သည်။
အဖြူရောင် အပွင့်များနှင့် ဝါးဖြင့် အနားကွပ်ထားသော ပြင်သစ်နှင်းဆီပွင့် ၁၉ပွင့်ကို ဝယ်ခဲ့သည်။ ဆိုင်ဝန်ထမ်းက ပန်းစည်းကို လျင်မြန်စွာ ချည်ပေးလိုက်သည်။ ပန်းများကိုယူ၍ စုန့်ထင်ရှန်းသည် လက်ထဲတွင် ပန်းစည်းကိုင်ပြီး ဆိုင်ထဲမှ ထွက်လာသည်။
ဒရိုင်ဘာက ကားထဲမှထွက်လာပြီး အလောတကြီးနှင့် သူ့ကို ကားတံခါးဖွင့်ပေးလိုက်သည်။ သူ၏ သူဌေးသည် သူ့ကို ပန်းဆိုင်တွင် ကားရပ်ခိုင်းကတည်းက ပန်းဝယ်မည်ဆိုတာကို သိသော်လည်း သူ့သူဌေး ပန်းစည်းကိုင်ပြီး ထွက်လာတာကို မြင်ရသောအခါ အိမ်မက်ကဲ့သို့ ဖြစ်နေသည်။ နေ့လည် ခုလိုအချိန်မှာ CEOစုန့်က အိမ်ပြန်မည်ဖြစ်သည်။ ထို့ကြောင့် ဒီပန်းများသည် မစ္စစုန့်အတွက် ဖြစ်နိုင်သည်။
ယောကျာ်းတစ်ယောက်က သူ၏ ဇနီးကို ပန်းစည်းပေးတာ ပုံမှန်ပင်ဖြစ်သည်။သို့သော် CEOစုန့်က ခုလိုမျိုး လုပ်တာ သူ့အတွက် ဘာကြောင့် အထူးအဆန်းဖြစ်နေရသနည်း။
စုန့်ထင်ရှန်းကလည်း အနေခက်နေသည်။ တကယ်တော့ မိန်းမတစ်ယောက်ကို ပန်းစည်းပေးသည်က သူ့အတွက် ဒါပထမဆုံးဖြစ်သည်။ သူ ကားထဲသို့ အမြန်ဝင်လိုက်ပြီး တံခါးပိတ်၍ ဒရိုက်ဘာကို ပြောလိုက်သည်။
“ အိမ်သွားမယ်...”
ကားသည် ကျယ်ဝန်းသော အိမ်သို့ရောက်ပြီး ဝင်ပေါက်တွင် ရပ်လိုက်သောအခါ စုန့်ထင်ရှန်းက ပန်းစည်းကို ကြည့်၍ အနေခက်နေသည်။ ဒါက သင့်တော်ပါ့မလား.. ယွမ်ရှက ဒါကို မကြိုက်ရင်ရော..ဒါမှမဟုတ် ဒါကို လွှင့်ပစ်လိုက်ရင်ရော..ဒါကို ပေးရင် သူတို့ကြားမှာ အနေခက်နေမှာလား..ဟုတွေးနေသည်။
ဒရိုင်ဘာက စုန့်ထင်ရှန်းကို ကားပေါ်မှ ဆင်းရန် မပြောရဲပေ။
စုန့်ထင်ရှန်းက ရုတ်တရက်မေးလိုက်သည်။ “မင်း မင်းရဲ့ဇနီးကို ပန်းစည်းပေးမယ်ဆိုရင် သူပျော်မှာလား”
ထိုမေးခွန်းကြောင့် ကြောင်သွားပြီး ဒရိုက်ဘာက မဖြေခင် အချိန်အနည်းငယ် ရပ်တန့်နေသည်။
“သူမ ပျော်ရွှင်ပြီးတော့ ပိုက်ဆံဖြုန်းတဲ့ အတွက် ဆူခံရမှာပါ”
ထိုသို့ပြောပြီးနောက် ဒရိုင်ဘာက ထပ်ပြောလိုက်သည်။
“မိန်းမ တစ်ယောက်က ပန်းတွေရရင် သေချာပေါက် ပျော်ပါလိမ့်မယ်”
ဒါဆို သူမ ပျော်လောက်လား..