Part 133
ယွမ်ရှ သူမအတွက် အံ့ဩစရာကောင်းတဲ့ အရာက စောင့်နေသည်ကို မသိပေ။
ဝမ်လေးက ကားရပ်သံကို ကြားသည်နှင့် သူ၏ ခြေထောက်တိုတိုလေးများနှင့် အရှေ့တံခါးသို့ ပြေးသွားပြီး သူ့အဖေကို စောင့်နေလေသည်။
စုန့်ထင်ရှန်း ကားထဲတွင် ကြာကြာမနေတော့ပေ။ ပန်းစည်း ဝယ်ခဲ့ပြီးပြီဆ်ိုတော့ ယွမ်ရှကို ပေးမည်ဟု ဆုံးဖြတ်ပြီးသား ဖြစ်သည်။ သူသည် ပန်းစည်းကို ကိုင်၍ ကားတံခါးဖွင့်ပြီး ကားထဲမှ ထွက်လိုက်သည်။
အရှေ့တံခါးသို့ရောက်သောအခါ စဉ်းစားရန် ခနရပ်လိုက်သည်။ လက်ဗွေရာဖြင့် တံခါးလော့ဖွင့်ပြီးနောက် တံခါးပွင့်လာသောအခါ ဝမ်လေးက သူ၏ ပေါင်ကို ပြေးဖက်လိုက်သည်။ ဝမ်လေးက မော့ကြည့်၍ ပြုံးပြလိုက်သည်။
“ပါပါး..”
စုန့်ထင်ရှန်းက သူ့ကို ကောက်ပွေ့နေကြဖြစ်သည်။ သူ့လက်ထဲတွင် ပန်းစည်းကိုင်ထားသောကြောင့် မပွေ့တော့ပေ။
ဝမ်လေးက စုန့်ထင်ရှန်း၏ လက်ထဲက ပန်းများကို ကြည့်နေသည်။ “ဝိုး..” ထို့နောက်သူသည် ခြေထောက်တိုတိုလေးများနှင့် လှေကားဆီသို့ ပြေးသွားပြီး အော်လိုက်သည်။
“မာမား..ပါပါးက ပန်းစည်းဝယ်လာတယ်”
လှေကားပေါ်မှ ဆင်းလာသည့် ယွမ်ရှက ဝမ်လေး ပြောသည်များကို ရုတ်တရက် နားမလည်၍ လမ်းဆက်လျှောက်လာသည်။ သူမ လှေကား အောက်သို့ရောက်သောအခါ လက်ထဲ၌ ပန်းစည်းကိုင်ထားသော စုန့်ထင်ရှန်းကို တွေ့သောအခါ အံ့ဩသွားသည်။
ဒါက ဘာကို ဆိုလိုတာလဲ…
ဒီပန်းတွေက သူမအတွက် ဖြစ်နိုင်လား..သူမ ၊ဝမ်လေးနှင့် အိမ်အကူ အန်တီမှလွှဲ၍ အိမ်တွင်တစ်ခြားသူ မရှိပေ။ စုန့်ထင်ရှန်းက သူတို့နှစ်ယောက်ထဲ တစ်ယောက်ကို မပေးနိုင်လောက်ပေ။ အဲ့ဒါဆ်ိုရင် သူမအတွက်သာ ဖြစ်သည်။ ဒါပေမယ် သူမကို သူက ဘာကြောင့် ပန်းစည်းပေးချင်ရတာလဲ။ ဒီမနက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်လား။ အဲ့ကိစ္စကြောင့်လဲ မဖြစ်နိုင်ဘူး။ သူက ဒီနေ့မနက်က အေးအေးဆေးဆေး ပါဘဲ။
ဝမ်လေးသည် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။
“ပါပါးက မားမားအတွက် ပန်းတွေဝယ်လာတယ်”
ပိုက်ဆံ ချမ်းသာရတာ အလွန်ကောင်းသည်။
“ ပါပါး ဝယ်ခဲ့တဲ့ ပန်းတွေက ဒီနေ့မနက်က ပန်းတွေထက် ပိုလှတယ်”
လေးနှစ်အရွယ် ကလေးလေးသည် စိတ်လှုပ်ရှာနေသည်။ သူဘာကို စိတ်လှုပ်ရှားနေမှန်း ရေရေရာရာ မသ်ိသော်လည်း…
ယွမ်ရှသည် စုန့်ထင်ရှန်းဆီသို့ လမ်းလျှောက်သွားခဲ့သည်။ သူမ မျက်နှာ အမူအရာ ဘယ်လ်ိုထားရမလဲ မသိပေ။
စုန့်ထင်ရှန်း နေရခက်နေသော်လည်း သူ့ပုံစံအတ်ိုင်း တည်ငြိမ် အေးဆေးစွာနေနေသည်။ ပန်းစည်းကို သူမလက်ထဲ ထည့်ပေးလ်ိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ကလေးက သူ့အဖေမဟုတ်တဲ့ သူတစ်ယောက်ဆီကနေ သူ့အမေ ပန်းစည်းရတာကို ထူးဆန်းနေလိမ့်မယ်..ဝမ်လေးက မနေ့ညက မင်းကို ဘာလို့ ပန်းစည်းမပေးတာလဲလို့ မေးခဲ့တယ်…ပြီးတော့ မင်းကို ရှင်းရှင်းလင်းလင်း ပြောပြချင်တယ်..ဒီနေ့မနက်က ဖြစ်ခဲ့တာအတွက် မင်းကို စိတ်မဆ်ိုးပါဘူး..”
ယွမ်ရှက နားလည်သည်။
ဝမ်လေးက သူ့ကို ဖြေရခက်သော မေးခွန်း မေးမည်ကို စိုးရိမ်၍ ပန်းစည်းပေးခြင်း ဖြစ်သည်။ ဝမ်လေးက ဘာမှမမေးခင်မှာ သူက ပန်းစည်း ဝယ်ခဲ့ပေးခြင်းသာဖြစ်သည်။
သူဘာကြောင့် ခုလိုလုပ်လဲ ဆ်ိုတာကို ယွမ်ရှနားလည်သည်။ ဝမ်လေးက သူမကို ပန်းစည်းရစေချင်သည်ကိုလဲ သူမတွေးနေသည်။ ဝမ်လေးက ဒါတွေနဲ့ ပက်သက်ပြီး ခံစားချက်ရှိသည်။
စုန့်ထင်ရှန်း၏ နောက်ဆုံးပြောလိုက်သော စကားများက အသေချာဆုံးဖြစ်ပြီး ယွမ်ရှ စိတ်သက်သာရာ ရသွားသည်။ သူစိတ်မတိုတတ်တာက သူရဲ့ ပင်ကိုစရိုက်မှန်း သူမသိသော်လည်း သူတို့ကြားထဲမှာ ကြည်နူးစရာ အချစ်ခံစားချက်များ မရှိပေ။
သို့သော် စုန့်ထင်ရှန်း သူမအပေါ် စိတ်မဆိုးကြောင်းပြောသည်က သူမကို ဝမ်းမြောက်စေဆဲဖြစ်သည်။ သူက ထိုကဲ့သို့ ပြောသောကြောင့် ယွမ်ရှက သူ့ကို အကူအညီ တောင်းလျှင်လည်း ငြင်းမည်မဟုတ်ပေ။
ယွမ်ရှ၏ ပျော်ရွှင်မှုသည် မြင့်တက်လာပြီး စုန့်ထင်းရှန်ကို ပြုံး၍ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
စိတ်သဘောအရကြောင့်လား မသိပေ ထိုပန်းစည်းက နှင်းဆီ ၉၉ပွင့်ထက် ပိုလှသည်ဟု သူမ ခံစားရသည်။
စုန့်ထင်ရှန်း ထပ်တလဲလဲ တွေးပြီးနောက် အပေါ်သို့ မထပ်မီ ယွမ်ရှကို တိုးတိုးလေးပြောလိုက်သည်။
“ဒီပန်းတွေကို တစ်ခြားသူကို မရောင်းပါနဲ့..”