အပိုင်း (၁၃၄)
Viewers 31k

Part 134


ယွမ်ရှ ထိုစကားကို ရုတ်တရက် မတုံ့ပြန်နိုင်ဖြစ်သွားသည်။


 စုန့်ထင်ရှန်း အပေါ်တက်သွားသောအခါမှ သူမ ဝမ်လေးကို ကြည့်လိုက်သည်။ ဝမ်လေးက ဖျာပေါ်တွင် အိမ်ဆောက်တမ်း ကစားနေသည်ကိုကြည့်၍ သူမအနည်းငယ် စိတ်ညစ်သွားသည်။


သူမ ဘာလို့ မေ့ရတာလဲ။ ဝမ်လေးက အကင်းပါးသော ကလေးတစ်ယောက်ဖြစ်သည်။ သူမ programmerကို ပန်းစည်းရောင်းလိုက်တုန်းက ဝမ်လေးက ကြည့်နေခဲ့သည်။ သူမ ဘာကြောင့် ခုလိုလုပ်သည်ကိုလဲ မေးခဲ့သည်။ သူက အကွက်ဆင်၍ မေးသည်ဆိုတာ သိသာနေသည်။


စုန့်ထင်ရှန်း အပေါ်ထပ်တွင် အဝတ်အစားလှဲနေစဉ်တွင် ယွမ်ရှက ဝမ်လေးဆီ အမြန်သွားခဲ့သည်။ သူမသည် ခပ်တည်တည်ဖြင့် မေးလိုက်သည်။


 “မာမားက အဲ့ဦးလေးကို ပန်းတွေရောင်းလိုက်တာကို ပါပါးကို ပြောလိုက်တာလား”


စုန့်ထင်ရှန်း သူမကို ဘယ်လို ထင်လိမ့်မလဲ။ သူမကို ဘယ်လို ကြည့်လိမ့်မလဲ။ သူသည် သူမကို ပိုက်ဆံရှာနေသည်ဟု သေချာပေါက် ထင်လိမ့်မည်။ သူမကိုယ်သူမ မျက်နှာပူနေသည်။ 


ဝမ်လေးသည် ကြာပြီဖြစ်၍ အသေးစိတ်ကို မေ့သွားသည်။ သူက စဉ်းစား၍ ဖြေလိုက်သည်။ “ ပါပါးက နေ့လည်က ဖုန်းခေါ်ခဲ့တယ်..သား သူ့ကို အဲ့အကြောင်း ပြောမိလိုက်တယ် ထင်တယ်”


ကလေးလေး၏ စိတ်စွမ်းရည်သည် အလွန်မြင့်သည်။ အသေးစိတ်ကို မေ့သွားသည် ဆိုတာ မဖြစ်နိုင်ပေ။ သူ့အမေ သူ့ကို ဆူမလားဆိုတာကို သူမသိပေ။


ယွမ်ရှသည် ဝမ်လေးကို အနာဂတ်တွင် အရာရာတိုင်းကို သူ့အဖေကို မပြောသင့်ကြောင်း ပြောချင်သည်။ သို့သော် သေချာစဉ်းစားလိုက်သောအခါ ထိုသို့ပြော၍ ကောင်းမည် မဟုတ်ပေ။


ထိုသားအဖနှစ်ယောက်ကြားတွင် အလွန်ရင်းနှီးသည့် ဆက်ဆံရေးရှိသည်။ ထို့ပြင် အရာရာတိင်းကို အသေးစိတ် မိဘများကို ပြောပြချင်တာက ကလေးများ၏ သဘာဝဖြစ်သည်။ 


ယွမ်ရှ သက်ပြင်းချလိုက်သည်။ “စိတ်ထဲမထားနဲ့နော်..သား ပါပါးကို ပြောလိုက်ရင်လဲ ကိစ္စမရှိပါဘူး”


သူမ အမှားလုပ်ခဲ့သည်ဟု မခံစားရပေ။ အပြင်လူက ကြည့်မည်ဆိုလျှင် သူမဒေါသကို ဖြေလျှော့ရန် အကောင်းဆုံးသည် ထိုပန်းစည်းကို အမှိုက်ပုံးထဲ လွှင့်ပစ်ခြင်းသာ ဖြစ်သည်။ သို့သော် သူမ ပိုက်ဆံများကို ထိုကဲ့သို့ မဖြုန်းပစ်ချင်ပါ။ သူမသည် ထိုပန်းများကို ယွမ်၅၀၀ ဖြင့်ရောင်း၍ ရသည့် ပိုက်ဆံများကို တောရွာက ကလေးများအတွက် လှူလိုက်သည်က ကောင်းသော လုပ်ရပ်တစ်ခုဖြစ်သည်။ သွမ့်ချီက သူမကို မနက်ဖြန် ပန်းစည်းထပ်ပို့လာလျှင်လည်း ရောင်းအုန်းမည် ဖြစ်သည်။ တစ်ခြားသူ၏ ပိုက်ဆံနှင့် လှူတန်းမှု လုပ်ရတာ အလွန်ကောင်းသည်။


ဝမ်လေးက ဂရုတစ်ိုက်မေးလိုက်သည်။ “သား တစ်ခုခုမှားတာ လုပ်မိသွားတာလား”


ယွမ်ရှက သူ၏ ဆံပင်များကို ဖွလိုက်သည်။ “မလုပ်ပါဘူး..ကြည့် ပါပါး ဝယ်လာပေးတဲ့ ပန်းတွေက မလှဘူးလား”


ဝတကစ်ကစ် ကလေးလေး၏ အာရုံက လျင်မြန်စွာ ပြောင်းသွားသည်။ ဝမ်လေးသည် ငယ်သေးသည်။ သူနည်းနည်းကြီးလာလျှင် သူသည် ဒိုအီး ထက်ပို၍ မမျှမတ ခံစားရသည်ကို နားလည်လာလိမ့်မည်။ သူ့အမေက သူ့ကို ဉာဏ်ကောင်းသူတစ်ယောက်ဟုသာ အမည်တပ်ပြီး သူ့အဖေကတော့ သူ့အမေ၏ မျက်လုံးထဲတွင် တည်ငြိမ်အေးဆေးပြီး မြင့်မားသော ပန်းတစ်ပွင့်ဖြစ်သည်။ 


.....


စုန့်ထင်ရှန်း ဒီနေ့ အချိန်ပို အလုပ်ဆင်းမလားဆိုသည်ကို ယွမ်ရှ မသိပေ။ အမျိုးသားနေ့က နီးကပ်လာပြီး ဖြစ်သောကြောင့် ကုမ္ပဏီ၏ ပွဲများလည်း များလာသည်။ သူမက အလုပ်ကပြန်လာရန် သူ့ကို အချိန်မဆွဲစေချင်ပေ။ သူရောက်လာပြီးလျှင် ယွမ်ရှသည် အိမ်အကူအန်တီကို ဝမ်းလေး အပြင်ထွက် ကစားရန် ခေါ်သွားခိုင်းသည်။  ထိုအခါ သူမနှင့် စုန့်ထင်ရှန်း နှစ်ယောက်တည်းသာ အိမ်တွင် ကျန်ခဲ့သည်။ 


စုန့်ထင်ရှန်းက ညစာစားပြီးနောက် အပေါ်ထပ် တက်သွားသည်။ 


ယွမ်ရှ သူ့ကို အကူအညီတောင်းမည် ဖြစ်၍ အသီးများကို ဂရုတစ်ိုက် လှီးဖြတ်၍ လင်ဗန်းအပြည့် စီလိုက်သည်။ ရုံးခန်းသို့ မဝင်သွားဘဲ သူမ တံခါးခေါက်လိုက်သည်။ 


“ဝင်လာခဲ့ပါ” စုန့်ထင်ရှန်းက ကြည့်လိုက်ပြီးသူမကို မြင်သောအခါ အံ့ဩသွားသည်။


ဝမ်လေးကို အပြင်ခေါ်သွားသူက ယွမ်ရှဟု ထင်နေခြင်းဖြစ်သည်။


ယွမ်ရှက သစ်သီးလင်ဗန်းကို သူ့စားပွဲပေါ်တွင် ချလိုက်ပြီး ပြုံး၍ မေးလိုက်သည်။


 “ရှင် အခုတလော အလုပ်အရမ်းများနေတော့ ပင်ပန်းနေပြီလား”


စုန့်ထင်ရှန်းက အနားယူနေသည်ဟု သူမ ထင်သည်။ သူသည် အလုပ်မှ အိမ် အသွားအပြန် လုပ်နေရသည်။ သူက အလုပ်ကို စောစော သွားရသည်။ သူသည် အချိန်မှန် အလုပ်က ပြန်လာပြီး ညစာစားပြီးသည်နှင့် အလုပ်ဆက်လုပ်သည်။ သူသည် ည ၁၀နာရီထိ အလုပ်များနေသည်။ သူ၏ အားလပ်ချိန်တွက် ဝမ်လေးကို ဂရူစိုက်၍ ကုန်ဆုံးလေ့ရှိသည်။ စုန့်ထင်ရှန်း၏ ချစ်သူကို သူမပြောရမည် ဆိုလျှင် ထိုချစ်သူသည် သူ၏ အလုပ်ပင်ဖြစ်သည်။