အပိုင်း (၁၃၅)
Viewers 31k

Part 135


စုန့်ထင်ရှန်းသည် စည်းကမ်းကြီးသော လူတစ်ယောက်ဖြစ်သည်။ စွမ်းရည်ရှိသော သူလိုလူတစ်ယောက်သည် အောင်မြင်နေပြီး သူ၏ လုပ်နိုင်စွမ်းများက လူတွေယုံကြည်စေသည်။ 


စုန့်ထင်ရှန်းက ယွမ်ရှကို ထိုင်ရန် ပြောလိုက်သည်။


 “ကိုယ် နေသားကျနေပြီးသားပါ”


သူနေသားကျနေပြီးသားဆိုတာ နှစ်အတော်ကြာ သူ ဒီလိုမျိုးနေလာတာကို ပြောခြင်းဖြစ်သည်။


ဘဝကို ဦးစားပေးပြီး အလုပ်ကို ဒုတ်ိယနေရာတွင် ထားဖို့ ပြောလျှင် ယွမ်ရှအနေနဲ့  ကောင်းမည် မဟုတ်ပေ။ သူခုလို အလုပ်ကြိုးစားတာကလည်း သူမနှင့် ဝမ်လေး ကောင်းကောင်းမွန်မွန် နေနိုင်ရန်ဖြစ်သည်။ 


သူမခုလို တွေးမိလေလေ စုန့်ထင်ရှန်းကို လေးစားမိလေလေ ဖြစ်သည်။ စုန့်ထင်ရှန်းသည် အရင်က ထောက်ပံ့ပေးမည့် အသိုင်းအဝိုင်းမရှိသော ဆင်းရဲသော ကောင်လေးတစ်ယောက်ဖြစ်သည်။ သူ့အစွမ်းအစဖြင့် ခုလိုအောင်မြင်အောင် လုပ်နိုင်ခဲ့သည်။ သူ့ ဒုက္ခနှင့် တူသော သူသည် သူကလွှဲ၍ တစ်ခြားသူမရှိလောက်ဘူးဟု သူမထင်သည်။ 


“ရှင့်ကို အကူအညီတောင်းစရာ တစ်ခုရှိတယ်”  


ယွမ်ရှသည် စုန့်ထင်ရှန်းနှင့် လအနည်းငယ်သာ သိကျွမ်းသေးသည်။ သူမ သူ့ကြောင်းကို ကောင်းကောင်းမသိသော်လည်း သူနဲ့ စကားပြောလျှင် သွယ်ဝိုက်၍ ပြောသည်က မသင့်တော်သည်ကို သူမ သိသည်။ ဒီလိုလုပ်ခြင်းက သူ၏ အချိန်ကို ဖြုန်းသလ်ိုဖြစ်နေပြီး သူမ ဘာကိုဆိုလိုချင်သလဲ ဆိုတာကိုလည်း သူသိမည်မဟုတ်ပေ။ သူ့လ်ို ပွင့်လင်းသော လူတစ်ယောက်နဲ့ စကားပြောစဉ်တွင် ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ပြောသည်က အကောင်းဆုံးဖြစ်သည်။ 


စုန့်ထင်ရှန်းက ဖြေလိုက်သည်။ “ ပြောပါ..ကိုယ်ကူညီနိုင်တာရှိရင် ကူညီပေးလို့ရပါတယ်”


“ဒီနေ့ မနက်က ပန်းတွေက သွမ့်ချီ ဆီကပါ…သူ့ကို ရှင် နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်နေတယ် မဟုတ်လား”


စိတ်အနှောင့်အယှက်ဖြစ်တာသည် အနည်းငယ်ထက် ပိုသည်။ သွမ့်ချီအပေါ် သူ့အမြင်သည် အလွန် နက်နဲသည်။ သူ့အကြောင်းကို မေ့လိုက်ဖို့ရာ အလွန်ခက်ခဲသည်။ 


ဘယ်သူက တစ်ယောက်ယောက်ရဲ့ ယောကျာ်းကို ခုလို ချဉ်းကပ်ပြီး ကွာရှင်းဖို့ ပြောရဲမှာလဲ..ပြီးတော့ သူ့သားကို သူကိုယ်တိုင် စောင့်ရှောက်ဖို့ ပြောသွားသေးတယ်..


စုန့်ထင်ရှန်းက တည်ငြိမ်သော ပုံဖြင့် ခေါင်းငြိမ့်လိုက်သည်။ 


“အာ..ကိုယ် မှတ်မိပြီ..အဲ့တာဘာဖြစ်လို့လဲ”


“ကျွန်မ သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ..စကားတွေကို လွန်တဲ့ထိ ပြောခဲ့တယ်..အဲ့တာက ပြီးဆုံးသွားလိမ့်မယ်လို့ ထင်ခဲ့တယ်…သူဒီလို ပန်းစည်ပို့လိမ့်မယ်လို့ ကျွန်မ မသိခဲ့ဘူး..”


ယွမ်ရှ ထိုကိစ္စကို တွေးရင်း ဒေါသအနည်းငယ် ထွက်နေသည်။ ဘာလို့ ဒုတိယမျိုးဆက် ချမ်းသာသူတွေက လူစကား နားမလည်ရတာလဲ…လေးစားမှုရှိတဲ့ သူတစ်ယောက်က ဒီလိုစကားတွေ ကြားပြီးရင် ရပ်သင့်တယ်..ဒါပေမယ့် သွမ့်ချီက ပိုပြီး နှောက်ယှက်လာတယ်..


“သူက ဦးနှောက် အထူးကုနဲ့ ပြသင့်တယ်လို့ ကျွန်မ ထင်တယ်” ယွမ်ရှက အဆုံးသတ်လိုက်သည်။ 


ယွမ်ရှ ဒေါသထွက်နေသည်ကို မြင်ပြီး စုန့်ထင်ရှန်း၏ ခံစားချက်က ပိုမိုမြင့်ထက်လာသည်။ သူမ တစ်ခြားယောကျာ်းအကြောင်း ရင်ဖွင့်နေတာကို စိတ်ရှည်စွာ နားထောင်ပေးနေသည်။


“ကျွန်မအခုတလော ဝမ်လေး ကစားချိန် အပြင်လိုက်မပို့တာ ရှင်သိမယ်ထင်တယ်..အရင်တုန်းက အပြင်ထွက်ရင်တောင် သွမ့်လိုလူနဲ့ မပက်သက်ဘူး..သူ့ကို ဖုန်းနံပါတောင် မပေးထားဘူး…သူက ကျွန်မခံစားချက်နဲ့ နေရာကို လုံးဝထည့်မတွက်ဘူး…ဘာဘဲဖြစ်ဖြစ် ကျွန်မက လက်ထပ်ပြီးသား လူတစ်ယောက်လေ”


ယွမ်ရှက ဂရုတစ်ိုက် စုန့်ထင်းရှန်ကို ကြည့်လိုက်သည်။


 “ ကျွန်မက ရိုးရာဓလေ့မှာ တော်တဲ့ မိခင် တစ်ယောက်မဟုတ်ပေမယ့် ဝမ်လေးအတွက် စံပြပုဂ္ဂိုလ် တစ်ယောက်ဖြစ်အောင် နေရမယ်ဆ်ိုတာ သိပါတယ်…ဝမ်လေးက ငယ်ပေမယ့် သူမသိတဲ့အရာ မရှိဘူး…အဲ့လူက ပန်းစည်းပို့တဲ့ ကိစ္စနဲ့ ဝမ်လေးကို အထင်မလွှဲစေချင်ဘူး…စုန့်ထင်ရှန်း..ကျွန်မ အရင်က သူငယ်ချင်းတွေကလဲ မကူညီနိုင်ဘူး…သူတို့က အရာရာတိုင်းကို အဆင်ပြေဖို့ ကိုယ့်ကျင့်တရားကိုတောင် စွန့်လွှတ်တဲ့ လူမျိုးပါ”


သူမ အရင်က သူငယ်ချင်းတွေကို ခုလ်ိုပြောတာ မမှားပါ။ သူမ သူတို့ကို အကူအညီတောင်းလျှင် 

သူတို့က သွမ့်ချီကို လက်ခံဖို့ စွဲဆောင်ကြမှာဖြစ်ပြီး သူမကလည်း သွမ့်ချီကို သူမဘေးတွင် မြေခွေးလေးတစ်ကောင်လို  ထားရမည်ဖြစ်သည်။ 


“ကျွန်မ သွမ့်ချီကို မပက်သတ်ချင်ဘူး ပြီးတော့ မြင်လည်းမမြင်ချင်ဘူး…သူ့စိတ်ကို နားမလည်ဘူး…ကျွန်မ သူ့ကို ဘယ်လောက်ပြောပြော အလကားဘဲ…ပြီးတော့ ကျွန်မ သူ့ကို မရပ်နိုင်ဘူး..”


ယွမ်ရှ ပြောသည်များက အမှန်တရားများ ဖြစ်သည်။ သွမ့်ချီကဲ့သို့ ချဉ်းကပ်သောသူနှင့် တွေ့လျှင် လုံးဝ ကြည်နူးစရာကောင်းမည် မဟုတ်ပေ။ သူ၏ အပြုအမူများက သင့်ကို အမှန်တကယ် ခေါင်းကိုက်စေလိမ့်မည်။