Part 136
စုန့်ထင်ရှန်းက ယွမ်ရှ ဆိုလိုသည်ကို နားလည်သည်။
“မင်းက ငါ့ကိုဖြေရှင်းစေချင်တာလား”
“…ဟုတ်ပါတယ်”
ယွမ်ရှ မဝံ့မရဲ ခေါင်းငြိမ့်လိုက်သည်။
“ကျွန်မ သူ့ကို သတိပေးပြီးပါပြီ ဒါမယ့် သူကနားမထောင်ဘူး…ကျွန်မနဲ့ သိတဲ့သူတွေကလည်း မယုံရဘူး…ပြီးတော့ ကျွန်မ သူနဲ့ ထပ်မတွေ့ချင်ဘူး…အဲ့ဒါကြောင့် ကျွန်မ ဘာလုပ်ရမလဲ မစဉ်းစားတတ်တော့ဘူး…ရှင် ကျွန်မကို ယုံကြည်ဖို့လိုတယ်…ရှင့်လိုဘဲ ကျွန်မ ဘဝထဲမှာ ခုလိုဖြစ်နေတာ မလိုချင်ဘူး..”
“ငါနားလည်ပါတယ်…သွမ့်မိသားစုကို သတိပေးဖို့ သူငယ်ချင်း တစ်ယောက်ကို ပြောထားပြီးပြီ..ငါမင်းကို အဲ့အကြောင်း ပြောမလို့ဘဲ…မင်းဘဝထဲကို ငါဝင်ပါမယ်ဆိုရင် မင်း စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်”
ယွမ်ရှ ထိုစကားများကို ကြားသောအခါ အလွန် သက်တောင့်သက်သာ ရှိသွားသည်ဟု ခံစားရသည်။ သစ်သီးဗန်းကို သူ့ဆီသို့ တိုးပေးလိုက်သည်။
“ဒီအသီးတွေက အရမ်းချိုတယ်…စားကြည့်ပါအုန်း…ရှင်ခုလို လုပ်ပေးတာ ကျွန်မ စိတ်မဆိုးပါဘူး…ကျေးဇူးတင်ပါတယ်…ရှင် သွမ့်ချီ ကိစ္စကို ကူညီမယ်ဆိုရင် ကျွန်မ ညစာဝယ်ကျွေးပါမယ်”
စုန့်ထင်ရှန်းက အချိုကြိုက်သော်လည်း အသီးများ သိပ်မစားပေ။ အထူးသဖြင့် ညစာစားပြီး ဗိုက်ပြည့်နေချိန်တွင် အသီးများ စားလေ့မရှိပေ။ သို့သော် ယွမ်ရှ ဂရုတစိုက် လုပ်ခဲ့တာကို ကြည့်ပြီး ခရင်းကိုင်၍ ဖရဲသီး တစ်စိတ်စားလိုက်သည်။ သူမ အာရုံစိုက်၍ ကြည့်နေသောကြောင့် ပန်းသီး တစ်စိတ်ကို ထပ်စားလိုက်သည်။
ယွမ်ရှ ပြုံးလိုက်သည်။
“ကျွန်မ ရှင့်အလုပ်ကို အချိန်ကြာကြာ မနှောက်ယှက်တော့ပါဘူး”
စုန့်ထင်ရှန်း၏ တုံ့ပြန်မှုသည် သူမ မျှော်လင့်ထားသလိုဘဲ ဖြစ်သည်။ သူက ခုလို ဘာမှလုပ်ဘဲ ထိုင်၍ စကားပြောတတ်သည့် လူမျိုး မဟုတ်ပေ။ သူ့အပြုအမူက သူမကို စိတ်သက်သာရာရစေသည်။ ဘာပြဿနာဘဲဖြစ်ဖြစ် သူဖြေရှင်းနိုင်လိမ့်မယ်ကို ယွမ်ရှ သိသည်။ သူမ စူန့်ထင်ရှန်းကို ယုံကြည်ခြင်းသည် သူ့အပေါ် အကောင်းမြင်စိတ် ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
စုန့်ထင်ရှန်းတစ်ယောက် သူမ ရုံးခန်းထဲမှ ထွက်သွားသည်ကို ကြည့်ပြီး စားပွဲခုံပေါ်က သစ်သီးဗန်းကို ကြည့်လိုက်သည်။ ထိုအသီးများသည် တကယ်ပင် ချိုနေသည်။
သူမ ဘာပြောခဲ့တာလဲ…သူ သွမ့်ချီကိစ္စကို ဖြေရှင်းပေးရင် သူမ ညစာဝယ်ကျွေးမယ်..
စုန့်ထင်ရှန်း သူမခုလိုပြောသည့် အမူအရာနှင့် လေသံများကို တွေး၍ ရယ်လိုက်သည်။
…
ထိုညတွင် ယွမ်ရှသည် သူမကို ဖိစီးမှုပေးသော ကိစ္စကို ဖြေရှင်းပြီးနောက် ပေါ့ပါး ပျော်ရွှင်နေသည်။ သူမ အခန်းထဲတွင် စုန့်ထင်ရှန်း ဝယ်ခဲ့ပေးသော ပန်းများကို အလှဆင်ရန် ပြင်ဆင်နေသည်။ သူမ စိတ်ကြိုက် ပန်းအိုးတွေ့ရန် တစ်အိမ်လုံးကိုမွှေနှောက် ရှာဖွေလေိုက်ရည်။
သူမ တီဗီတွင် တွေ့ခဲ့သည့် အရာအတိုင်း သရုပ်ဆောင်၍ ပန်းများကို ဟိုနား ဒီနား ကပ်ကြေးဖြင့် ဖြတ်လိုက်ပြီး ပန်းအိုးထဲသို့ တစ်ပွင့်ပြီး တစ်ပွင့် ထည့်နေသည်။ သူမ လုပ်နေရင်း စကားများ တောင်စဉ်ရေမရ ပြောနေကို ကြည့်ခြင်းအားဖြင့် ဒီနေ့ညတွင် သူမ ပျော်ရွှင်နေသည်ကို သိနိုင်သည်။
ဝမ်လေးက ဝတ်စကုတ် နှင့် ဘောင်းဘီအတိုကို ဝတ်ထားပြီး ဆိုဖာပေါ်တွင် ထိုင်၍ သူ့အမေ ပန်းများ အလှဆင်နေသည်ကို ကြည့်နေရင်း မေးထောက်၍ မေးလိုက်သည်။
“မာမား ပါပါးဆီက ပန်းတွေရတာ ပျော်နေတာလား”
ယွမ်ရှသည် ပြုံးပြ၍ ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တာပေါ့…ဒီပန်းတွေကလှတယ်လို့ သားသားမထင်ဘူးလား”
ဝမ်လေး သူ့အမေကိုကြည့်၍ စားပွဲပေါ်ရှိ ပန်းများကို ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချ၍ ပြောလိုက်သည်။
“ မာမားက အရမ်းအတာဘဲ”
“မာမားက အတယ်လို့ ဘာလို့ပြောရတာလဲ” ယွမ်ရှသည် ကတ်ကြေးများကို ချလိုက်သည်။
“ပါပါးက မာမားကို သဘောကျလို့ ပန်းတွေ ပေးတာလေ”
“…” ယွမ်ရှ သူ့ကို ကြည့်လိုက်သည်။ “မာမားကို လန့်အောင်မလုပ်နဲ့”
စုန့်ထင်ရှန်းက သူမကို ဘာကြောင့်ပန်းစည်းပေးရသလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်သည်။ စုန့်ထင်ရှန်း သူမကို စိတ်ဝင်စားသည်ဟု တွေး၍ သူမ ဂုဏ်ယူနေမည် မဟုတ်ပေ။ အသက်နှစ်ဆယ်ကျော် မိန်းမ တစ်ယောက်အနေနဲ့ အသ်ိပညာရှိခြင်းက အကောင်းဆုံးဟု ယွမ်ရှ ထင်သည်။
ဝမ်လေးက ဆ်ိုဖာပေါ်မှ ဆင်းလာပြီး အိပ်ယာသို့ လာ၍ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သားကို မယုံချင်လဲ မယုံနဲ့ပေါ့..”
အိုးမိုင်..အခု ဒီဝဝကစ်ကစ် ကလေးလေးက စိတ်တိုနေတာလား..