အပိုင်း (၁၃၇)
Viewers 31k

Part 137


ယခုလက်ရှိတွင် သွမ့်ချီ ဝရုန်းသုန်းကား အခြေအနေဖြစ်နေသည်ဆ်ိုလျင် ချဲ့ကားပြောခြင်း မဟုတ်ပေ။ 


လူတိုင်းသည် မိသားစု တန်ဖိုးအတွက် ကြိုးစားနေကြသည်။ ကြီးမားတဲ့ မိသားစုမှာ ပြဿနာများ သေချာပေါက် ရှိကြသည်။ သားနှင့် သမီးများ များစွာရှိခြင်းက ကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ လူတိုင်းသည် မိသားစု ပိုင်ဆိုင်မှုကို ခွဲဝေပေးခြင်းနှင့် ပက်သတ်၍ မျှတမှုမရှိဘူးဟု ခံစားနေရသည်။ သူတို့ တစ်ယောက်ဆီသည် သူကပိုရသင့်သည် သူမကပိုရသင့်သည်ဟု ထင်ကြသည်။ ထိုကဲ့သို့သော မိသားစုသည် တစ်ခြားမိသားစုများထက် စည်းလုံးသော်လည်း ခုလို ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်ရသောအခါ မိသားစုကို အလေးမထားတော့ပေ။


ဥပမာ မဟော်ဂနီ သစ်သား ဆိုဖာပေါ်တွင် ထိုင်နေသော သူများသည် သွမ့်ချီကို ပြင်းထန်စွာ ပြောဆိုနေကြသည်။


သွမ့်ချီ၏ ဦးလေး အကြီးဆုံးက ပြောလိုက်သည်။ 


“မိသားစု အကျိုးအတွက် မလုပ်ပေးလဲရတယ်…မင်းရဲ့ နေ့ရက်တွေကို ဖြုန်းတီးနေတာ ငါတို့ ဘာမှ မပြောပါဘူး…မင်းက ကောင်းတာ တစ်ခုမှ မလုပ်တဲ့အပြင် ကုမ္ပဏီထိခိုက်အောင်ပါ လုပ်နေတာလား… မင်းလို လူမျိုးရှိတာ သွမ့်မိသားစုအတွက် အရမ်းရှက်စရာ ကောင်းတယ်…မိန်းမ တစ်ယောက်ကို လှည့်စားတာ ဘယ်သူမှ ဂရုမစိုက်ဘူး…မိန်းမတစ်ယောက်အတွက် တိုက်ခိုက်ပြီး သေသွားရင် မင်းလုပ်ခဲ့တဲ့အရာအတွက် ခံစားရလိမ့်မယ်…လက်ထပ်ပြီးသား မိန်းမတစ်ယောက်ကို လိုက်ရမယ်လို့ မင်းကို ဘယ်သူသင်ထားလဲ…ငါ့မြေးကြောင့်သာ မဟုတ်ရင် ကုမ္ပဏီက မင်းကြောင့် ပြိုလဲလို့ ငါတို့ အမှောင်ထဲရောက်နေလောက်ပြီ…မင်းရဲ့ လုပ်နိုင်စွမ်းက အရမ်းတော်ပါတယ်…”


သွမ့်ချီ၏ ဒုတိယ ဦးလေးက ပြောသည်။


 “တတိယ ညီ..မင်းရဲ့သားကို ဘယ်လို ဆုံးမထားတာလဲ…စုန့်ထင်ရှန်းက အနီးအနား ပတ်ဝန်းကျင်ကို မစဉ်းစားနိုင်ပေမယ့် သူက တော်တဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ကုမ္ပဏီက ထုတ်လုပ်ရေးမှာ အကောင်းဆုံးတစ်ခု ဆိုတာ အရူးတောင် သိတယ်…ဝမ်မျိုးနွယ်ရဲ့ အဖွဲ့ဝင်တွေက သူ့ကို မျက်နှသာပေးလိမ့်မယ်…ငါတို့ မိသားစုက စုန့်ထင်ရှန်းနဲ့ နယ်ပယ်မတူပေမယ့် သူနဲ့ စီးပွါးရေးအရ ပက်သတ်မှုလည်း မရှိဘူး…မင်းရဲ့ သားကြောင့် သူ ငါတို့မိသားစုကို စိတ်အနှောက်အယှက်ဖြစ်ရတာ..ဒီမှာ ငါတို့ယောကျာ်းလေးတွေဘဲရှိတယ်…ယောကျာ်းတစ်ယောက်ရဲ့ သည်းမခံနိုင်ဆုံးအရာက သူ့မိန်းမကို ထိတာဘဲဆိုတာ မင်းရဲ့သား သိသင့်တယ်…မင်းရဲ့သားက ဘာဖြစ်နေတာလဲ…သူ စုန့်ထင်ရှန်း ကုမ္ပဏီကို သွားခဲ့ပြီး ဘာပြောခဲ့သလဲဆ်ိုတာ ဘယ်သူက သိမှာလဲ…အဲ့တာနဲ့ ပက်သတ်ပြီး ကောင်းတဲ့အရာမရှိဘူးဆိုတာ ငါသိတယ်”


သွမ့်ချီ အဖေက စကားတစ်ခွန်းမျှ မပြောပေ။ သူ့နောက်မှ သူ့ကိုဆွဲထားတဲ့ သူသာမရှိလျှင် သူ့သားကို ခါးပတ်နှင့် သေအောင်ထိ ရိုက်ချင်နေသည်။


သွမ့်ချီ၏ အဒေါ်အကြီးဆုံးက သူ့ဆီလာပြီး ညင်သာသွာ မေးလိုက်သည်။ “အဲ့တာတွေက အမှန်တရားတွေလား..မင်းက အဲ့လိုလူမျိုး မဟုန်ဘူးဆိုတာ အန်တီ ယုံကြည်တယ်…အထင်လွှဲနေတာများလား…စုန့်ကော်ပိုရေးရှင်းက အရမ်းအောင်မြင်နေတော့ ငါတို့မျိုးနွယ်စု အပေါ်မှာ မကောင်းပြောတာ မဖြစ်နိုင်ဘူး..”


သွမ့်ချီ ဘာပြောရမှန်းမသိ ဖြစ်နေပြီး စကားများ ထစ်ငေါ့ထစ်ငေါ့ ဖြစ်သည်။ 


ယွမ်ရှ သူ့ကို အဲ့နေ့က အော်ခဲ့ပြီးနောက် သူလက်လွှတ်ချင်ခဲ့သည်။ တကယ်တော့ သူမက ပြောပြီးသားဖြစ်သည်..သို့သော်..


သူတကယ်ချစ်တဲ့ သူတစ်ယောက်ကို ရဖို့မလွယ်ဘူးလို့ တစ်ယောက်ယောက်က သူ့ကို ပြောဖူးသည်။ အခုချိန် မလုပ်ခဲ့လျှင် အသက်ကြီးလာလျှင် နောင်တရမည်ဖြစ်သည်။ ထိုရှားပါးသော အခွင့်အရေးအတွက် သူသတ္တိရှိရမည်။


သွမ့်ချီ၏ အမေသည် သူမသား ဘာကြောင့် အချစ်ကို ခုလို ရူးသွပ်နေလဲ မသိပေ။ သူ့ကို ခုလို မြင်ရတာ သူမ နှလုံးရောဂါ ဖြစ်ချင်နေသည်။ သူမ ရှင်းရှင်းလင်းလင်း မပြောပြနိုင်တာကိုလဲ သူမ ဒေါသထွက်နေသည်။ သူမသည် မူးလဲတော့မည့် အတိုင်း ရင်ဘတ်ကို ကျစ်ကျစ်ဆုပ်ထားသည်။


တစ်အချက်က သွမ့်မျိုးနွယ်သည် စုန့်ထင်ရှန်းကို စိတ်အနှောက်အယှက် မဖြစ်စေချင်ပေ။ ယခုခေတ်တွင် ဘယ်သူမှ အကြောင်းမရှိဘဲ ရန်သူမဖြစ်ချင်ပေ။ ဒါက ကြီးမားတဲ့ ရန်သူဖြစ်လိမ့်မည်။ ဒုတိယအချက်က သွမ့်ချီက လက်ထပ်ပြီးသား မိန်းမတစ်ယောက်ကို လိုက်နေသည်ဆိုသော သတင်းများ ပျံ့သွားလျှင် သူ၏ နာမည် ပျက်မည်ဖြစ်သည်။ ချမ်းသာသော အသိုင်းအဝိုင်းတွင် ထိုကိစ္စသည် အလွန်ဆ်ိုးသည်။


 နာမည်ကြီးတဲ့ ဘယ်ကုမ္ပဏီ မိသားစုက သူတို့ရဲ့သမီးကို သွမ့်ချီနဲ့ ပေးစားချင်တော့မှာလဲ..