အပိုင်း (၁၃၈)
Viewers 31k

part 138


သွမ့်မိသားစုတွင် သားယောကျာ်းလေးဖြစ်စေ သမီး မိန်းကလေးဖြစ်စေ မိသားစု အကျိုးအတွက်သာ လက်ထပ်ရသည်။


မိသားစု ပူးပေါင်းရေးအတွက် လက်မထပ်ချင်လျှင် မိသားစုထဲမှ ထွက်ရသည်။ စိတ်ပြင်းပြလျှင် မိသားစု၏ အဆင့်မြင့်သော ဘဝနေထိုင်မှုကို စွန့်လွှတ်ရသည်။


နောက်ဆုံးတွင် မိသားစုကို ဦးဆောင်သောသူက ချောင်းဟန့်လိုက်၏။ သူ ကြိမ်လုံးကို ကိုင်၍ သွမ့်ချီဆီသို့ လျှောက်လာခဲ့ပြီး စိတ်ရင်းနှင့် လေးလေးနက်နက် အကြံပေးလိုက်သည်။


 “ငါတို့က သက်တမ်းကြာတဲ့ မိသားစုဝင်ဖြစ်တယ်…ခုလို ရှက်စရာဖြစ်ရပ်မျိုး မရှိဖူးဘူး…မစ္စတာ စုန့်က ငါတို့မိသားစု မျက်နှာကို ထောက်လို့ ဒီအကြောင်းကို တစ်ယောက်ယောက်နဲ့ ပြောခိုင်းလိုက်တာ…ဘယ်သူကမှ လူတိုင်းရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးမယ့် ကိစ္စမျိုး မဖြစ်ချင်ဘူး…ချီ..မင်းမလုပ်နိုင်တဲ့ အရာအချို့နဲ့ မစဉ်းစားသင့်တဲ့ လူတွေရှိတယ်ဆိုတာ မင်းသိသင့်တယ်…လူကြီးလူကောင်းတစ်ယောက်အနေနဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားသိသင့်တယ်…”


သူ့အဖိုးသာ ဦးလေးအကြီးဆုံးနှင့် ဒုတိယဦးလေးလို ပြောမည်ဆိုလျှင် သွမ့်ချီ အဲ့လောက်ခံစားရမည် မဟုတ်ပေ။ သို့သော် သူ့အဖိုးစကားလုံးများက သူမသိနားမလည်ခဲ့သည်ကို တွေးမိစေသည်။


သွမ့်ချီက မျက်လုံးများကို ပိတ်လိုက်ပြီး ယွမ်ရှမျက်နှာကို တွေး၍ သူမ သူ့ကိုပြောခဲ့တာကို တွေးနေသည်။ မျက်လုံးဖွင့်လိုက်သောအခါ ဆံပင်ဖြူနေသော သူ၏အဖိုးကို တွေ့သည်။ နောက်ဆုံးတွင် အံကြိတ်၍ ကတိပေးလိုက်သည်။


 “ကုန်းကုန်း…စိတ်မပူပါနဲ့..နောက်ထပ် မိုက်မဲတဲ့ အရာတွေ ထပ်မလုပ်တော့ပါဘူး…”


သူ့လိုလူတစ်ယောက်အတွက် အချစ်က ဘာမှလုပ်လို့မရဘူးဆိုတာ သူအစောကတည်းက သိသင့်သည်။ သွမ့်မျိုးနွယ်မှာ မွေးဖွားလာသူတစ်ယောက်အနေနဲ့ မိသားစုအတွက် အကျိုးရှိစေမယ့် သူကိုသာ သူလက်ထပ်ရမည် ဖြစ်သည်။


ထိုစကားများကို ကြားပြီးနောက် အဖိုး သွမ့်က စိတ်ကျေနပ်မှုရှိသည့်ပုံဖြင့် ခေါင်းငြိမ့်လိုက်သည်။


 “ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဘဲ..မင်းလုပ်ခဲ့တဲ့ အမှားကို သိပြီး ပြန်ပြင်ချင်စိတ်ရှိတာ ကုန်းကုန်းရဲ့ တော်တဲ့ မြေးဘဲ…ဒါနဲ့ မင်ရွှယ် ဒီကိစ္စကို တာဝန်ယူလိုက်ပါ…စုန့်ထင်ရှန်းကို ကိုယ်တိုင် တောင်းပန်ဖို့ အချိန်ရှာထားလိုက်ပါ…ငါတို့မိသားစုက အမှားလုပ်ခဲ့တာမို့လို့…”


“ကောင်းပါပြီ..ပါပါး”


ပြဿနာ ပြေလည်သွားသောအခါ အားလုံး ပျော်ရွှင်သွားကြသည်။ ယခုတွင် သွမ့်ချီသည် မစ္စ စုန့်ကိုသာ တွေးနေသည်။ သူတို့နှစ်ယောက်ကြားတွင် ဘာကိစ္စမျှ မရှိခဲ့လို့တော်ပေသေးသည်။ ရှိခဲ့လျှင် တစ်ခြားသူတွေ သိသွားပြီး အရှက်ရစေမည် ဖြစ်သည်။


.......


အမျိုးသားနေ့ ကျရောက်လာပေပြီ ရာသီဥတုက အလွန်သာယာနေသည်။ လူအများစုကလည်း အားလပ်ရက် ၇ရက် ရကြပြီး ခရီးများ သွားကြသည်။ 


လက်ထောက်ချန်းတစ်ယောက် စုန့်မိသားစု ခရီးအတွက်  လေယာဉ်ကွင်းသို့ သွားရာလမ်းတွင် ထင်ထားတာထက် လူများပြည့်ကျပ်နေသည်။ 


ဝမ်လေးက အလွန်စိတ်လှုပ်ရှားနေသည်။ ကလေးများသည် အပြင်သွားရမည်ဆိုလျှင် ဘယ်နေရာဖြစ်ဖြစ် ပျော်ကြသည်။ 


ယွမ်ရှကတော့ ခရီးထွက်ရမှာ အေးဆေးတည်ငြိမ်နေသည်။ သူမသည် စုန့်ထင်ရှန်းကို လှည့်ကြည့်လိုက်သောအခါ သူက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေသည်။ သူ့အိမ်ကို မပြန်ရတာ နှစ်အတော်ကြာပြီဟု သူမကို ပြောဖူးသည်။ ယခုတွင် သူ၏ ကွယ်လွန်သွားသော မိဘနှစ်ပါးအတွက် အုတ်ဂူလုပ်ပေးရန် သွားမည်ဖြစ်ပြီး ဝမ်လေးကိုလဲ ဂါဝရပြုဖို့ရန် ခေါ်သွားမည်ဖြစ်သည်။


သူတို့နေသောနေရာနှင့် စုန့်ထင်ရှန်း၏ မွေးရပ်မြေ City Hသို့ လေယာဉ်ဖြင့် ၂နာရီကြာသည်။ အောက်တိုဘာလ ဖြစ်၍ ရာသီဥတုက  ပို၍ကောင်းနေပေသည်။ ရာသီဥတု ခန့်မှန်းချက်အရ အပူချိန် 17 Celsius ရှိပြီး အရမ်းလည်းမပူ အရမ်းလည်း မအေးပေ။


မိသားစု ၃ယောက် လေဆိပ်ကနေ ထွက်လာပြီး ယွမ်ရှက ဝမ်လေးကို လက်တွဲထားသည်။ စုန့်ထင်ရှန်းက ခရီးဆောင်အိတ်များကို ထုတ်ယူနေသည်။ စုန်ထင်ရှန်းက ဒေသစကားကို သုံး၍ တက်စီကို ရပ်ခိုင်းလိုက်သည်။ ဒီမြို့၏ ဘာသာစကားက နားလည်ရလွယ်ကူပြီး စုန့်ထင်ရှန်းက တက်စီသမားကို စျေးဆစ်နေသည်ကို ယွမ်ရှကြားရသည်။


 ယွမ်ရှ ဝမ်လေးကို သူမပေါ်တွင် မှီစေပြီး မေးလိုက်သည်။ “ကျွန်မတို့က ဘယ်သွားနေတာလဲ”


ဒီက ခရီးသွားလုပ်ငန်းများသည် တစ်ဖြည်းဖြည်း တိုးတက်နေဆဲဖြစ်သည်။ ဟိုတယ်များ အပါအဝင် မြို့ပြ၏ အဆောက်အဦးများသည် ဆောက်လုပ် ပြီးစီးနေပြီ ဖြစ်သည်။ လူများစွာက အောက်တိုဘာလရဲ့ ရွှေရောင်တစ်ပတ်တာ ကိုဒီနေရာသို့ လာကြလေသည်။