Chapter 45
လီယန်က ထိုစာကို အကြိမ်အနည်းငယ်မျှ ကြည့်လိုက်ပြီး ပြုံးနေသော အီမိုဂျီလေးဖြင့် စာပြန်လိုက်သည်။
မကြာမီပင် ချန်းချင်းယန်၏စာ တဖန် ရောက်လာပြန်လေသည်။ "နင်ငါ့ကို ပျက်ရယ်ပြုနေတာပဲ"
လီယန်၏ လက်ချောင်းများက ဖုန်းမျက်နှာပြင်ပေါ်တွင် ခပ်မြန်မြန် လှုပ်ရှားသွားပြီး မက်ဆေချ့်အသစ်ဖြင့် စာပြန်လိုက်သည်။
"နောက်တစ်ခါ မလုပ်တော့ဘူး... နင့်ကို တည့်တည့်ပဲ လျစ်လျူရှုထားလိုက်တော့မယ်"
ချန်းချင်းယန်: “…”
လီယန်က ဖုန်းကို ဘေးသို့ ပစ်ထုတ်ကာ လက်ပေါ်သို့ မေးတင်၍ တွေးတောနေခဲ့ပြီး အဆုံးတွင် browser ဖွင့်ကာ ရှာဖွေသည့် နေရာကို နှိပ်၍ မော့ကျန်း ဟူသော စာလုံးများကို ရိုက်ထည့်လိုက်သည်။
ရလဒ်များ သန်းဆယ်ချီအထိ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လီယန်၏ မျက်လုံးများက ပထမဆုံးပေချ့်ပေါ် ဖြတ်ပြေးသွားကာ အဆုံးတွင် မော့ကျန်း၏ စွယ်စုံကျမ်းပေချ့်က်ု နှိပ်လိုက်သည်။
အပေါ်ဆုံးက အသေးစိတ်အချက်အလက်များမှာ မော့ကျန်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖြစ်သည်။ သို့သော်လည်း သူ့လိပ်စာ... ကိုယ်ပိုင် ဖုန်းနံပါတ် စသည်တို့ မပါရှိပါပေ။ ၎င်းက သူ၏ အတိုချုပ် မိတ်ဆက်ချက်နှင့် အဓိကအလုပ်များသာ ပါဝင်ပြီး သူ့ဝါသနာများကို ဖော်ပြထားသော်လည်း မည်မျှလောက်ကသာ စင်စစ် အမှန်တရားများ ဖြစ်သည်ကို မသိနိုင်ပေ။
လီယန်က ဝက်ဘ်ဆိုက်ကို ကြုံရာကျပန်း ဝင်နေပြီး သူ့ပညာရေးအကြောင်း ဖော်ပြထားသည့် စာပိုဒ်ကို ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများ ရပ်တန့်သွားခဲ့သည်။ Aမြို့ မူလတန်းကျောင်းက ရှန်းကော တက်ခဲ့သည့် ကျောင်းနှင့် အတူတူ ဖြစ်နိုင်သည်။
သူမက သူတက်ရောက်ခဲ့သော နှစ်၏ မှတ်စုကို ကြည့်လိုက်သောအခါ သူတို့က တစ်နှစ်တည်း ဖြစ်သည်ကို တွေ့လိုက်ရသည်။
သူတို့ တစ်ယောက်နဲ့ တစ်ယောက် သိလောက်ကြလား... လီယန်က ခေါင်းခါကာ စွယ်စုံကျမ်းမှ ထွက်၍ ရလဒ်များ၏ ပထမဆုံးပေ့ချ်ကို ဆက်ဝင်နေလိုက်သည်။
ဒုတိယ ပေါ်ပြူလာအဖြစ်ဆုံး ပေ့ချ်မှာ မော့ကျန်း၏ ဝေ့ပေါ် ဖြစ်သည်။
ပေချ့်က်ု မသိစိတ်အရ ဝင်ကြည့်မိလိုက်သောအခါ လီယန်က မိုးပျံပူဖောင်းတစ်ခု၏ ပုံများကို တင်ထားသော ပိုစ့်တစ်ခုကို တွေ့လိုက်ရသည်။ ပိုစ့်၏ ထိပ်ဆုံးကို ကြည့်လိုက်သောအခါ လီယန်က ရက်စွဲကို ကြည့်လိုက်သည်နှင့် ၎င်းကို လွန်ခဲ့သော လဝက်လောက်က တင်ထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိ့နောက်တွင် မော့ကျန်းက ပိုစ့်ထပ်တင်မလာခဲ့တော့။
ပထမဆုံး ဝေ့ပေါ်ပိုစ့် အနည်းငယ်မှာ အားလုံးက ခရီးသွားစဥ်က ရိုက်ထားခဲ့ခြင်း ဖြစ်ပြီး လီယန်က သူ တူရကီ သွားခဲ့သည်ဟု ချန်းချင်းယန် ပြောခဲ့ဖူးသည်ကို အမှတ်ရမိသည်။ ကြည့်ရသည်မှာ ထိုပုံများ အားလုံးက ထိုခရီးစဥ်အတွင်း ရိုက်ကူးထားခဲ့ခြင်း ဖြစ်ဟန်ပင်။
နေ့ခင်းပိုင်းတွင် မီးပန်းများ ပွင့်နေသကဲ့သို့ ခမ်းနားထည်ဝါလှသော မီးပျံပူဖောင်းများကို ကြည့်နေရသည့် မြင်ကွင်းကျယ်ကြီးကို ဖွင့်ကြည့်ရန် ပြင်လိုက်သည်။ သူမက ပုံကို ကြည့်လိုက်သောအခါ နောက်ဆုံးသော နေရာတွင် ရှိနေသည်က ကိုယ်တိုင်ရိုက်ထားသည့် လူတစ်ယောက်ပုံ ဖြစ်နေသည်။
ဓါတ်ပုံထဲမှ ခန့်ညားချောမောလှသော ယောကျ်ားမှာ မိန်းကလေးများ ဖယ်ခွာ မသွားနိုင်ကြလောက်မည့်သူ ဖြစ်သည်။ နေကာမျက်မှန်က သူ့မျက်နှာ တစ်ဝက်လောက်ကို ဖုံးကွယ်ထားလျှင်တောင် လီယန်က သူ့အသွင်အပြင်ကို မှန်းဆ၍ ရနေဆဲ ဖြစ်သည်။
ဒီလူက မော့ကျန်း တဲ့လား...
သူမက ချန်းချင်းယန် ထိုသူကို သဘောကျနေခြင်းမှာ အလွန် ကျိုးကြောင်းညီလှသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူမ မော့ကျန်းကို ယခင်က တီဗီတွင် မြင်ဖူးသော်လည်း သူ ထိုမျှလောက်ထိ ချောမောလှသည်ကို မတိမပြုခဲ့ပေ။ လီယန်က ထိုပုံကို အချိန်အကြာကြီး ကြည့်ခဲ့ပြီးနောက် အဆုံးတွင် ပေချ့်၏ ထိပ်ဆုံးသို့ လှိမ့်၍ follow လုပ်မည့် ခလုတ်ကို နှိပ်လိုက်သည်။
မော့ကျန်းက သူ့လက်တော့ထဲမှ ပုံများကို လှန်လှော ကြည့်နေရင်းဖြင့် ဝေ့ပေါ်ကို ဖွင့်လိုက်သည်။ သူက အားယောင်အတွက် ဖိုင်တစ်ခုကို အထူးတလှယ် ဖန်တီးခဲ့ပြီး သူ အားယောင်ကို ရိုက်ပေးထားခဲ့သည့် ပုံများ အားလုံး ထည့်ထားခဲ့သည်။ လွန်ခဲ့သောလတွင် သူက နေတိုင်း အယ်လ်ဘမ် အသံသွင်းရင်းဖြင့် အလုပ်ရှုပ်နေခဲ့ပြီး အိမ်ပြန်လာသည့် အချိန်တွင်လည်း အချိန်အများစုကို သီချင်းရေးရာတွင် အသုံးပြုခဲ့ရသည်။
သို့သော်လည်း သူမအကြောင်းကို မတွေးမိဘဲ မနေနိုင်ခဲ့ပေ။
အားယောင် အခု အဆင်ပြေရဲ့လား... သူမရဲ့ ခန္ဓါကိုယ် ပြန်ကောင်းသွားပြီလား... သူမကို လှေကားပေါ်က တွန်းချတဲ့သူကိုရော ဖမ်းမိပြီလား...
သူပို၍ စဥ်းစားမိလေလေ ပို၍ ဝမ်းနည်း အားငယ်လေပင်။ မော့ကျန်း တိတ်တဆိတ် သက်ပြင်းချမိသည်။ ဒီနေ့တွေထဲမှာ ထန်ချန်း သူ့ကို အချစ်နာကျနေပြီလို့ တွေးနေတာ အံ့သြစရာ မဟုတ်တော့ဘူး...
ဓါတ်ပုံထဲမှ ထွက်လိုက်သောအခါ ကွန်ပြူတာ၏ ညာဘက်ထောင့်လေးတွင် follower အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်ကို မော့ကျန်း တွေ့လိုက်ရသည်။
ဝေ့ပေါ်တွင် သူ့ဖန်များ နေ့တိုင်း တိုးလာသော်လည်း သူ့ဘာသာသူ ပေါ်လာတတ်သည်မျိုးက ရှားပါးလှသည်။
၎င်းက တလီမဟုတ်တဲ့တလီ ဖြစ်နေပေသည်။
မော့ကျန်း၏ မျက်ဆံများ လှုပ်ရှားသွားပြီး သူ့ဖန်အသစ်လေးကို မမှိတ်မသုန် စိုက်ကြည့်လ်ုက်မိသည်။
…
သောက်ကျိုးနဲ... အားယောင် သူ့ကို သတိပြုမိသွားပြီပေါ့...
ပျော်ရွှင်စရာများက ခပ်မြန်မြန် ရောက်ရှိလာပြီး ထိုလူသားကို အံ့အားသင့်မှုများ ပြည့်နှက်သွားစေသည်။ မော့ကျန်းမှာ သူ အိမ်မက်များ မက်နေသည်လားဟု တွေးမိနေသည်။ သူက ပထမဆုံးအနေဖြင့် အားယောင်၏ ဝေ့ပေါ် ဖြန့်ဖြူးပေးသူများကို ရှာခဲ့ရပြီးနောက်တွင် သူ့အရေးကိစ္စက သူ့ကိုယ်ပိုင် ဖြစ်လာခဲ့လေပြီ။
.......
မော့ကျန်းက ဂေါ်ဇီလာပုံ ပရိုဖိုင်ဓါတ်ပုံကို သုံးစက္ကန်မျှ ကြည့်လိုက်ပြီး တလီမဟုတ်တဲ့တလီ၏ ဝေ့ပေါ် အကောင့်ကို နှိပ်လိုက်သည်။ လီယန်၏ ဝေ့ပေါ်အကောင့်က အဆုံးတွင် update လုပ်ထားပြီး ယနေ့မှာပင် ပိုစ့်တစ်ခု တင်ထားသေးသည်။
“ဂရုစိုက်ပေးကြလို့ ကျေးဇူးပါ”
ဆေးရုံခန်းထဲမှ သူမ၏ ပုံကို ပိုစ့်တွင် တွဲတင်ထားခဲ့သည်။
ပုံထဲရှိ မိန်းကလေးမှာ အဖြူရောင် ဖျော့ဖျော့ ကုတ်အင်္ကျီကို ဝတ်ထားပြီးသူမ၏ လည်ပင်းတွင် အဖြူရောင် လည်စည်းလေး ပတ်ထားသည်။ သူမ၏ ဆံနွယ်များက ဆေးရုံတက်နေစဥ်အတောအတွင်း ညှပ်ထားခဲ့ပြီး ဆံနွယ်အဖျားရှိ လှိုင်းတွန့် အကောက်လေးများမှာ မရှိတော့ဘဲ ဖြောင့်စင်းနေသော အနက်ရောင် ဆံနွယ် စစ်စစ်လေး ဖြစ်လာသည်။ တောက်ပနေသော ဆောင်းရာသီ နေရောင်က ပြတင်းမှ ဖြတ်၍ သူမ၏ ခန္ဓါကိုယ်ပေါ်သို့ လင်းဖြာနေပြီး ပုံတစ်ခုလုံးကို နွေးထွေးသော ခံစားချက် ပေးနေခဲ့သည်။
၎င်းက လီယန်၏ အမြဲတမ်း မပြောင်းလဲသော Vပိုစ့်သာပင်။
မော့ကျန်းက မရယ်ဘဲ မနေနိုင်တော့။ ထို အူကြောင်ကြောင် ပုံစံလေးက အားယောင်နှင့် ထပ်တူကျနေခဲ့သည်။
သူမ၏ ဝေ့ပေါ်ပိုစ်တွင် ကွန်မန့်များ ဒါဇင်နီးပါးခန့် ရှိနေပြီး မော့ကျန်း ကွန်မန့်နေရာကို ကြည့်လိုက်သောအခါ ကွန်မန့်များ၏ တစ်ဝက်ကျော်မှာ သူမ၏ ယောကျ်ားလေး အတန်းဖော်များ ရေးထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဟဟ...
သူ အကောင့်တု တစ်ခု ဖွင့်လိုက်ပြီး လီယန်၏ တက္ကသိုလ် နံမည်နှင့်ပင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖြည့်လိုက်ပြီးနောက် သူမ၏ ပုံအောက်တွင် ကွန်မန့်ရေးလိုက်သည်။
“မင်းဆေးရုံက ဆင်းလာရတာ အရမ်းကောင်းတယ်... ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ :)”
လီယန်က ထွက်ပေါ်လာသော ကွန်မန့် အသစ်ကို ပဟေဠိ ဖြစ်စွာ စိုက်ကြည့်နေသည်။ ဒီ[သစ်တော်သီးတွေ စားနေတယ်] ဆိုတဲ့ IDက ဘယ်သူကြီးလဲ...
သူမတက်ခဲ့သော တက္ကသိုလ်အမည်ကို ကိုယ်ရေးကိုယ်တာ အချက်အလက်တွင် ဖြည့်ထားသော်လည်း ၎င်းက ရှင်းရှင်းလင်းလင်းပင် အသစ်ဖွင့်ထားသော အကောင့်တစ်ခု ဖြစ်ပေသည်။
“ကောင်းပြီလေ … …” လီယန်က ထိုအကြောင်းကို တစ်ခဏမျှ စဥ်းစားကြည့်လိုက်ပြီးနောက် မျက်နှာပြင်ပေါ်မှ စကားလုံးလေးများကို နှိပ်ကာ စာပြန် လိုက်သည်။ "ကျေးဇူးပါ [ရယ်နေတဲ့ပုံ.ဟဟ]”
ထိုIDက လူဆိုး ဖြစ်ပုံမရ။ အပြုံးမျက်နှာလေးကို ကော်ပီယူထားသည်က အူကြောင်ကြောင်ပုံလေးဖြင့် ချစ်ဖို့ကောင်းနေသည်။
ထိုအချိန်၌ ကွန်ပြူတာ တစ်ဖက်မှ ဧကရာဇ်မော့မှာ အပျော်လုံး ဆို့၍ သွားချေပြီ။
လီယန်၏ ပုံတွင် ကွန်မန့် ဒါဇင်မျှ ရှိသော်လည်း သူမက သူတစ်ယောက်တည်းကိုသာ စာပြန်ခဲ့ခြင်း ဖြစ်သည်။
သူက အလွန် ဆွဲဆောင်အားကောင်းသော လူတစ်ယောက် ဖြစ်သည်ဟု ခံစားရသည်။ အကောင့်တုကို သုံးသည်ကပင် သူ့အတွင်းမှ ဆွဲဆောင်မှုနှင့် ချောမောမှုကို မဖုံးကွယ်ထားနိုင်ပေ။ သူ ပေချ့်ကို refresh လုပ်လိုက်သောအခါ သူနှင့် အားယောင်တို့၏ ကွန်မန့်များထက်တွင် အခြား ကွန်မန့်တစ်ခု ပေါ်လာခဲ့သည်။
“ယန်ယန်... လူစိမ်းတွေကို စာမပြန်နဲ့လေ”
မော့ကျန်း၏ နှုတ်ခမ်း လှုပ်ရှားသွားသည်။ သူ ထိုဝေ့ပေါ်အကောင့်ကို မှတ်မိပါ၏။ ထိုသူက ရှန်းယွမ်ဇယ်ပင်။
သူ တကယ်ပဲ ရှန်းယွမ်ဇယ်ကို ရွှံ့တွင်းထဲ တွန်းချလိုက်ချင်တယ်... သူက ဘာများ ထူးဆန်းနေလို့လဲ... နည်းနည်းလောက် သံသယ ဖြစ်ဖို့ ကောင်းနေရုံလေးတင်... ဒီလောက်ပဲ...
သူ ထပ်ပြီး refresh လုပ်လိုက်သောအခါ ရလဒ်မှာ မည်သူမှ စာမပြန်လာကြ။ အဆုံးတွင် ချန်းချန်းယန် ကွန်မန့် မန့်လာခဲ့သည်။ “:) ← ဒီအပြုံးကို သုံးထားတာ... သူတို့က ထူးဆန်းတဲ့ ဦးလေးကြီးတွေပဲ သုံးတတ်ကြတာ”
မော့ကျန်း: “…”
အရမ်း ကောင်းတယ်... လီမွန်ပြုတ်မှာ တစ်စုံတစ်ရာ ဖြေရှင်းချက်ပင် မလုပ်လိုက်ရပါဘဲနှင့် သူ့နှလုံးသားထဲတွင် blacklist သွင်းခံလိုက်ရပြီ ဖြစ်လေသည်။
သူမ၏ ကိုယ်ပိုင် ကမ္ဘာလေးထဲမှ ချန်းချင်းယန်မှာ သူမ၏ ကိုယ်ပိုင် အခြေအနေကို လုံးဝ သတိမပြုမိပါဘဲ သူမ နတ်ဘုရားလေးထံမှ ထာဝရ blacklist သွင်းခံလိုက်ရလေပြီ။
# # ပျားဖယောင်း #
မော့ကျန်းက လီယန်၏ ပြန်စာ မျက်နှာပြင်ပေါ်သို့ ခုန်ထွက် မလာခင်အထိ F5ကို ဆက်တိုက် နှိပ်နေခဲ့သည်။
တလီမဟုတ်တဲ့တလီက လီမွန်ပြုတ် Vကို စာပြန်လိုက်ပါတယ်: [ကိုးကွယ်ဆည်းကပ်ပါတယ်]
ပြုံးကာ လက်ယမ်းပြနေသော အမူအယာလေးကို ကြည့်ရင်းဖြင့် မော့ကျန်း၏ နှလုံးသားက အဆုံးတွင် သက်သာရာ ရသွားခဲ့သည်။
သူက ဒုတိယထပ်သို့ သွားကာ ပထမဆုံး ရေချိုးလိုက်ပြီး အဖြူရောင် ရှပ်အင်္ကျီအသစ်ကို ဝတ်လိုက်သည်။ ထို့နောက် သူ့ဆံပင်ကို ကျော့ရှင်းစွာဖြင့် လေမှုတ် အခြောက်ခံလိုက်ပြီး အိပ်ခန်းထဲမှ မှန်ဆီသို့ လျှောက်သွားကာ ကိုယ်ပိုင်ပုံတူ တစ်ခု ရိုက်ရန် ပြင်သည်။
ဆဲလ်ဖုန်း၏ ခလုတ်ကို နှိပ်ခါနီး အချိန်တွင် သူ ဖုန်းကို ချကာ အဝတ်ဗီရိုဆီသို့ လျှောက်သွားလိုက်ပြီး အနက်ရောင် လည်စီးကို ထုတ်ယူလိုက်သည်။ ၎င်းကို သူ့လည်ပင်းတွင် ခပ်လျော့လျော့ ချည်လိုက်ပြီး ရှပ်အင်္ကျီ ကော်လာမှ ကြယ်သီးအချို့ကို ဆက်ပြီး ဖြုတ်ထားလိုက်သည်။ မော့ကျန်းက မှန်ရှေ့တွင် ရပ်ကာ သူ့ကိုယ်သူ နှစ်ကြိမ်မျှ ကြည့်လိုက်ပြီးနောက် အဆုံးတွင် စိတ်ကျေနပ်သွားသဖြင့် ဖုန်းမှ ခလုတ်ကို နှိပ်လိုက်သည်။
မော့ကျန်းက သူ့ပုံများကို ပြန်ကြည့်ရင်းဖြင့် တစ်ခဏမျှ တလေးတနက် တွေးတောနေပြီးနောက် ထန်ချန်းကို ပို့လိုက်သည်။ "ငါမချောဘူးလား"
ထန်ချန်း: “…”
သောက်ကျိုးနဲ... ဒါကြီးက မြှူဆွယ်နေတာပဲကွ... အနီရောင် အဆင့် မြှူဆွယ်နေတာပဲ...
သူက ပြုံးကာ လက်ဝှေ့ယမ်းနေသော အမူအယာလေးဖြင့် စာပြန်လိုက်ပြီး သူ့ဖုန်းကို ပြတ်ပြတ်သားသား ပိတ်ချထားလိုက်တော့သည်။
မော့ကျန်း၏ နှုတ်ခမ်းက ရွှင်မြူးမှုတို့ဖြင့် လှုပ်ရှားသွားသည်။ သူသိတာပေါ့... ထန်ချန်း သူ့ရဲ့ ချောမောခန့်ညားမှုတွေကို မနာလို ဖြစ်နေမယ် ဆိုတာကိုလေ...
သူဝေ့ပေါ်သို့ ထိုပုံ တင်လိုက်သည်နှင့် စာကြောင်းတစ်ခုကိုပါ တွဲတင်လိုက်သည်။ ["လတ်တလော အယ်လ်ဘမ် အသံသွင်းနေရင်း အလုပ်ရှုပ်နေတယ်... အဓိက သီချင်းလည်း ရေးပြီးသွားပြီ... ကျေးဇူးပြုပြီး စောင့်မျှော်ပေးကြပါအုံး :)”]
စာအဆုံးတွင် ထည့်ထားခဲ့သော အပြုံးလေးမှာ တမင်တကာ ထည့်ထားခဲ့ခြင်း ဖြစ်ကာ ထိုပြုံးနေသော မျက်နှာလေးက ထူးဆန်းသော ဦးလေးကြီးများသာ သုံးတတ်ခြင်း မဟုတ်ဘဲ ထိုမျှလောက် ချောမောလှပသော လူတစ်ယောက်လည်း သုံးနိုင်ကြောင်း သက်သေပြချင်ရုံသာ ဖြစ်သည်။
လတ်တလော အင်တာနက်ပေါ်တွင် အလုပ်အရှုပ်ဆုံး အချိန် ဖြစ်နေပြီး မော့ကျန်း၏ ဝေ့ပေါ်ပိုစ့်ကို လူထောင်ပေါင်းဆယ်ချီ၍ forward လုပ်လာကြပြီး မကြာမီပင် အာရုံစူးစိုက်မှုများစွာ၏ အချက်အချာ နေရာ ဖြစ်လာခဲ့သည်။
(“WTF... နတ်ဘုရားလေးက ချောလိုက်တာ... တစ်ယောက်ယောက် အကြောင်းကြား ပေးကြပါအုံး... ဘယ်သူကများ ငါ့ကို သွေးပြန်သွင်း ပေးနိုင်မလဲ QAQ" )
(“အရင်ဆုံး မင်းရဲ့ ကော်လာကို ကြယ်သီး ဖြုတ်မယ်... ပြီးရင် ချွတ်ပြလိုက်တော့")
(“ဒီလောက် ညဥ့်နက်နေတဲ့ အချိန် အရမ်းဆက်ဆီကျပြနေတာက ပြစ်မှုပဲနော်... ငါလျက်လိုက်ပါပြီ" )
(“မင်းတို့အားလုံး ဓါတ်ပုံကိုပဲ မြင်တယ်... ဒါပေမယ့် ငါကတော့ ဒီအပြုံးလေးကိုပဲ သတိထားမိတယ်... မန့်မန့်တ :)”)
(TN: မန့်မန့်တ = အရမ်း ချစ်စရာကောင်း)
သို့သော်လည်း ထိုအပြုံး မျက်နှာလေးကို သတိထားမိသူမှာ သူမ တစ်ယောက်တည်း မဟုတ်ပေ။ အကြောင်းမှာ ချန်းချင်းယန်သည်လည်း သတိထားမိသောကြောင့်ပင်။ သူမက မော့ကျန်း၏ ဝေ့ပေါ်ပိုစ့်ကို forward လုပ်ကာ သူမ၏ နှလုံးသားနက်နက်ထဲမှ လာသော ကွန်မန့်တစ်ခု ပေးခဲ့သည်။( "ကမ္ဘာပေါ်က ထူးဆန်းတဲ့ ဦးလေးကြီးတွေကို တောင်းပန်ချင်ပါတယ်... ငါမင်းတို့ကို အထင်လွဲမိသွားတယ် :)”
မော့ကျန်းက သူ့ပိုစ့်တွင် တိုးလာသည့် ကွန်မန့်နှင့် forward လုပ်သူ အရေအတွက် ကို ကြည့်နေသော်လည်း သူပျော်ရွှင်မနေပေ။
အကြောင်းမှာ လီယန်၏ ဝေ့ပေါ် အကောင့်မှယခုထိ ကွန်မန့်လာမရေးသေး၍ ဖြစ်သည်။
ပေချ့်ကို ငါးခါထက်မနည်း refresh လုပ်ပြီးသောအခါမှ လီယန်၏ ဝေ့ပေါ်ပေချ့်ဆီမှ လှုပ်ရှားမှုတစ်ခု ရှိလာခဲ့သည်။
“ချောလိုက်တာ = 3 =”
မော့ကျန်း၏ နှုတ်ခမ်းထောင့်လေးများ မနေနိုင်တော့ဘဲ မြင့်တက်လာတော့သည်။
သူ့ရည်ရွယ်ချက်များ အောင်မြင်သွားလေပြီ... မာနခေါင်ခိုက်ပြီး ကြီးကြီးမားမား စိတ်ကျေနပ်သွားသော တစ်စုံတစ်ယောက်မှာ သီချင်းလေးငြီးကာ စားပွဲပေါ်မှ ဖုန်းကို ကောက်ယူလိုက်သည်။ သူ့ကိုယ်သူ ဓါတ်ပုံရိုက်ရင်းဖြင့် ပုံထဲတွင် ကွေးတက်နေသော သူ့နှုတ်ခမ်းကို ကြည့်၍ သူအတော်လေး မိုက်မဲနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
မော့ကျန်းက ဝေ့ပေါ်မှထွက်ကာ ဆိုဖာပေါ်တွင် ပစ်လဲချလိုက်ပြီး မျက်နှာကျက်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။
လီယန်က အင်တာနက်ပေါ် တက်နေဆဲ ဖြစ်ကာ မော့ကျန်း၏ ပိုစ့်ကို reply လုပ်ပြီး သုံးမိနစ်အကြာတွင် ဝေ့ပေါ်မှ ထွက်ကာ ဝတ်ရုံရှည် ဖိုရမ်ထဲသို့ ဝင်လိုက်သည်။ ၎င်းက မော့ကျန်း၏ အမည်ကို ရှာဖွေခဲ့စဥ်က ရရှိခဲ့သည့် ရလဒ်များထဲမှ တစ်ခု ဖြစ်သည်။
ဝတ်ရုံရှည် ဖိုရမ်က အမျိုးအစားမျိုးစုံ ခွဲထားပြီး လီယန်က လှည့်ပတ် ကြည့်ရှုလိုက်ရာ အဆုံးတွင် အင်တာတိန်းမန့် အတင်းအဖျင်းကို နှိပ်လိုက်သည်။
အဓိက စာမျက်နှာတွင် ဆောင်းပါး တစ်ဝက်ကျော်က မော့ကျန်း အကြောင်းသာ ဖြစ်နေသည်။ လီယန်၏ မျက်လုံးများက တစ်ခုပြီးတစ်ခု လိုက်ကြည့်လိုက်ပြီး "ဆာဒါကို ကို ရှာနေပါတယ်"ဟူသော ပိုစ့်ကို တွေ့လိုက်ရသည်။
ကျန်းဇီ ... မော့ကျန်း၏ ဖန်များက သူတို့ကို သူတို့ ထိုသို့ ခေါ်ဝေါ်ကြသည်ကို ကြားခဲ့ဖူးသော်လည်း ဆာဒါကို ဟူသော အမည်ကိုမူ... ဒီနာမည်က Ringထဲက ဇာတ်လိုက်ရဲ့ နာမည် မဟုတ်ဘူးလား...
သူမက သိလိုစိတ် အပြည့်ဖြင့် ပိုစ့်ကို ဝင်ကြည့်လိုက်သောအခါ အဓိကပေချ့်တွင် RTဟူသော စာလုံးနှစ်လုံးသာ ပါပြီး ပထမထပ်၏ အောက်ခြေမှာ သူငယ်ချင်းများကို အကူအညီ တောင်းခံထားသည့် မက်ဆေချ့် တစ်ခု ရှိနေသည်။
Xxxxx